Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အမြင့် ၃ မိုင်ကျော်ရောက်ရှိခဲ့သည့် အီဝါယာကုမ္ပဏီ၏ အာကာသပူဖောင်း
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ စက်တင်ဘာ ၂၀၂၃) 
======================

အာဏာသိမ်းမှ နိုင်ငံသည် အလုံးစုံပျက်သုန်းသွားသော်လည်း မသိချင်ယောင်ဆောင်၍ NLD လက်ထက်က အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ငယ်သားများကို အရှက်မဲ့စွာလိုက်လံ ပြောဆိုနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​Stem ဆဲလ်များကို အသုံးပြုပြီး ဝက်များအတွင်း လူသားကျောက်ကပ်များအား ဖန်တီး
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ဖျက်ဆီး
======================

MTO
(မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အညာဒေသက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာတော့ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ကျေးရွာပေါင်း ၇၉ ရွာက အိမ်ခြေပေါင်း ၆,၀၅၀ လောက်အထိမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ကိုယ့်အိုးကိုယ့်အိမ်တွေကို ပစ်ပြီး အမြဲတမ်းစစ်ရှောင်အဖြစ်နေနေကြတဲ့ ပြည်သူ ၅,၀၀၀ ကျော်ရှိနေပါတယ်။

တည်းဖြတ် ၊ တင်ဆက် -- MTO

https://youtu.be/nKt-njCj5dA?si=_IEt2lGc8cvkDIRJ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍3🔥1
​​Dum Laga Ke Haisha (အိန္ဒိယရုပ်ရှင်)
==================

ဇာတ်ကားလေးကတော့ Romatic-Comedy-Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ ဘာတွေအဓိကလိုအပ်လဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး
Ayushmann Khurrana and Bhumi Pednekar, Sanjay Mishra ,Seema Pahwa တို့က အဓိကပါ၀င်သရုပ်ဆောင်ထားကြပါတယ်

Prem (Ayushmann Khurrana) ဟာ သူ့အဖေရဲ့ဆုံးဖြတ်ချက်အရ Sandhya (Bhumi Pednekar) ဆိုတဲ့ ခပ်၀၀ကောင်မလေးကို လက်ထပ်ယူခဲ့တယ်

Prem က ဘွဲ့မရဘူး အထက်တန်းကျောင်းထွက်တစ်ယောက် ဒါကြောင့်လည်း သူ့အဖေက ပညာတက်လစာရှိတဲ့ကောင်မလေးနဲ့လက်ထပ်ပေးခဲ့တာ

Prem က Sandhya ကို မချစ်ဘဲယူခဲ့ရတဲ့အတွက် ကိုယ့်ဘာသာ သတ်သေဖို့လည်း ကြိုးစားဖူးသလို ဖခင်ဖြစ်သူကိုလည်း မကျေနပ်ဘူး

တစ်နေ့တော့ သူ့သူငယ်ချင်းမဂ်လာဆောင်မှာ အရက်မူးပြီး သူ့ဇနီးအကြောင်းဖောက်သည်ချနေရာကနေ
မထင်မှတ်ဘဲ Sandhya ရောက်လာပြီး ပြဿနာတွေတက်ရာကနေ အိမ်ထောင်ကွဲဖို့အထိ ဖြစ်လာတဲ့အခါမှာတော့.......................

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၁.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၂.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍9🔥1
Media is too big
VIEW IN TELEGRAM
Sep - 11 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7🖕1
​​ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ပေါက်ကြားမှုနောက်ကွယ်က ဟက်ကာကို တရားရုံးက စီရင်ချက်ချမည်
====================

By PKThawn
"Football Leaks" ဝက်ဘ်ဆိုက်မှာ နိုင်ငံတကာဘောလုံးလောကမှာ ဥပဒေနဲ့ ငြိစွန်းမှုရှိတဲ့ ညစ်ညမ်းတဲ့ အပေးအယူတွေကို ဖော်ထုတ်ခဲ့တဲ့ ဟက်ကာ ရူလ် ပင်တိုကို ပေါ်တူဂီတရားရုံးတစ်ရုံးက တနင်္လာနေ့မှာ စီရင်ချက်ချမှာဖြစ်ပါတယ်။

အားကစားသမိုင်းမှာ အကြီးမားဆုံးသော သတင်းအချက်အလက် ပေါက်ကြားမှုဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်နဲ့ ဆွစ်ဇာလန်တို့မှာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့တဲ့ စီရင်ချက်ကို လစ္စဘွန်းမှာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် (၁၃၃၀ ဂရင်းနစ်စံတော်ချိန်)မှာ စတင်ကြားနာမှုမှာ စီရင်ချက်ချမှာဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိ ပင်တိုဟာ ဟက်ကာပြစ်မှု ၈၉ မှုနဲ့အတူ ငွေညှစ်ရန် ကြိုးပမ်းမှု၊ ပေါ်တူဂီမှာ ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတို့နဲ့ပါ စွဲချက်တင်ခံထားရတာပါ။

သူဟာ ထိပ်တန်းဘောလုံးကြယ်ပွင့်တွေ၊ ကလပ်တွေနဲ့ အေးဂျင့်တွေပါဝင်ပတ်သက်တဲ့ လက်လှမ်းမမီတဲ့ အပေးအယူတွေကို ဖော်ထုတ်ပြတဲ့ လုပ်ရပ်တွေကို သတင်းပေးသူတစ်ဦးဖြစ်ကြောင်း သူက စောဒကတက်ပါတယ်။

၂၀၁၅ ကနေ ၂၀၁၈ အတွင်း သူဟာ အင်တာနက်ပေါ်မှာ စာရွက်စာတမ်းပေါင်း ၁၈.၆ သန်းကို မျှဝေခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဝေပုံနှိပ်တဲ့ ဥရောပသတင်းစာလုပ်ငန်းစုတစ်ခုနဲ့လည်း မျှဝေခဲ့ပါတယ်။

ဖော်ထုတ်မှုတွေဟာ ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပါတယ်။
ယင်းတို့ထဲမှာ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ရဲ့ လစာတွေ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မုဒိမ်းမှုနဲ့ စွပ်စွဲမှု၊ မန်ချက်စတာစီးတီးမှာ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ပဲရစ်စိန့်ဂျာမိန်းမှာ ethnic profiling တွေ ပါဝင်ခဲ့ပါတယ်။

(AFP)
#FootballLeaks #RuiPinto #hackers
👍7🔥1
သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် Our Ambassador – Our Voice စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံ များဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အစိုးရ(NUG)နှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို မြေပြင်နှင့်အွန်လိုင်းမှာပါ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများဖြင့် ဝိုင်းဝင်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၂ ရက် မြောက်ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
👍15🔥1
စက်တင်ဘာလ (၁၁) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================

- ဒေါ်လာဝယ်ယူခွင့်လိုင်စင် ထုတ်ပေးသူ စစ်ဗိုလ်ချုပ်ရန်နောင်စိုး အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော် စစ်ကောင်စီ ဖမ်းဆီးတဲ့သတင်း

- တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချတဲ့သတင်း

- “စစ်သားတွေလာပြီ၊ ပြေးကြ” လို့ လှမ်းအော်တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်တဲ့သတင်း

- မိုးနှောင်းမိုးကြောင့် ရေထပ်ကြီးနိင်ကြောင်း NUG သတိပေးတဲ့ သတင်း

- ရေတာရှည်မှာ ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင်လာပြီးနောက် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းနဲ့

- တရားဝင်ငွေလွှဲခြင်းမရှိတဲ့ အလုပ်သမားကို ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်မည်လို့ စစ်ကောင်စီပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/5KkL-vrUpgc?si=Jg9Z7l_eua4O84Om

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🍌1
စက်တင်ဘာလ (၁၁) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်လာတယ်ဆိုတဲ့ အကြောင်းနဲ့အတူ မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မဟာဗျူဟာမြောက် မိတ်ဖက်အဆင့် တိုးမြှင့်လိုက်တဲ့ အကြောင်းနဲ့အတူ US OPEN အမျိုးသားတင်းနစ်ဗိုလ်လုပွဲစဉ်မှာ ဆာဘီးယားနိုင်ငံသား ဂျိုကိုးဗစ် အနိုင်ရရှိသွားတယ်ဆိုတဲ့ အားကစားသတင်းတွေကိုလည်းကြားကြရမှာပါ။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ “ Mizzima Editorial Talk” အစီအစဉ်ကိုနားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/juUvuIpvzpw?si=VFnwxv-wgYgAfDqD

#Mizzimaradio
#eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
“စစ်သားတွေလာပြီ၊ ပြေးကြ” ဟု လှမ်းအော်သည့် လူငယ် ၂ ဦး ပစ်သတ်ခံရ
❤3👍2
“စစ်သားတွေလာပြီ၊ ပြေးကြ” ဟု လှမ်းအော်သည့် လူငယ် ၂ ဦး ပစ်သတ်ခံရ
=====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာတွင် ကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာစဉ် “စစ်သားတွေလာပြီ၊ ပြေးကြ” ဟု လှမ်းအော်် သတိပေးသည့် လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း ဆိပ်သာဒေသခံများက မဇ္ဈိမကို အတည်ပြုသည်။

မတ္တရာမြို့နယ် အရှေ့ပိုင်းကျေးရွာများသို့ အင်အား ၃၀၀ ခန့်ဖြင့် ၀င်ရောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းတခုသည် အင်အား ၈၀ ခန့်ဖြင့် စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၁ ခန့်တွင် ဆိပ်သာကျေးရွာသို့ ဝင်လာစဉ် အဆိုပါ လူငယ်နှစ်ဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဆိပ်သာကျေးရွားသား အသက် (၂၆) နှစ်အရွယ် ကိုဝေဖြိုးနှင့် အမည်မသိရသေးသော အသက် (၂၀) အရွယ် အခြားတဦးတို့ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ညီအစ်ကိုများ ဖြစ်ကြကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသော ဆိပ်သာကျေးရွာ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

"စကစတွေ ရွာထဲ၀င်လာချိန်မှာ၊ အဲဒီကောင်လေးနှစ်ယောက်က ရွာထဲလှမ်းအော် သတိပေးတာပေါ့နော်၊ စစ်သားတွေလာပြီ၊ ပြေးကြ လို့ အော်လိုက်ရုံရှိသေး၊ စစ်သား နှစ်ယောက်၊ သုံးယောက်လောက်က ကားပေါ်ကဆင်းလာပြီး၊ သေနတ်နဲ့လှမ်းပစ်တာ၊ နှစ်ယောက်စလုံးပွဲချင်းပြီး သေတယ်၊ ညီအစ်ကို နှစ်ယောက်ပေါ့” ဟု ဒေသခံက ပြောသည်။

၎င်းတို့ နှစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၀ ရက်၊ ယမန်နေ့တွင် ရွာသူ၊ ရွာသားများက သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ထိုစစ်ကောင်စီတပ် စစ်ကြောင်းသည် လူငယ်နှစ်ဦးကို ပစ်သတ်ပြီး ဆိပ်သာရွာမှာ မွှေနှောက် တပ်စွဲလိုက်ကာ ယင်းစက်တင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင်ပင် အနီးအနားရှိ ဇီးဖြူကုန်းကျေးရွာသို့ သွားရောက်မီးရှို့မှုများ ပြုလုပ်ခဲ့သည်။

ယင်းဇီးဖြူကုန်း ကျေးရွာသို့ စစ်ကြောင်းထိုး ၀င်ရောက်စဉ် ကျေးရွာအတွင်း ဦးတည်ရာမဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာနေ ပြည်သူနှစ်ဦး သေဆုံးခဲ့သည်ဟု နောက်ထပ် ဒေသခံတဦးကလည်း ပြောသည်။
"ဇီးဖြူကုန်းအဝင်မှာ ရွာသူရွာသားတွေက ကြောက်လို့ အိမ်ထဲဝင်ပုန်းကြတယ်၊ အဲဒါကို ခြောက်လှန့်ပြီး သေနတ်တွေနဲ့ ရွာထဲရမ်းပစ်တာ ရွာသားနှစ်ယောက် ထိပြီးသေတယ်၊ အဲဒီနှစ်ယောက်အကြောင်းတော့ ထပ်မသိရသေးဘူး၊ အခု အဲဒီဘက်ကရွာတွေ အိမ်တွေမီးရှို့ခံနေရလို့ အကုန်ထွက်ပြေးနေရတယ်” ဟု ဒေသခံတဦးက ပြောသည်။

တကျော့ပြန်စစ်ရေးတင်းမာလာသည့် မတ္တရာမြို့နယ် ဒေသတွင်း အရှေ့ပိုင်း ကျေးရွာများ ဖြစ်ကြသည့် ဆိပ်သာ၊ ကွေ့ကြီး၊ ဖြူကုန်း၊ ကျောင်းကုန်း၊ ကျွဲကျ၊ အုတ်တိုက်၊ ကရမတ်နှင့် ချောင်းတော်၀ စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း သုံးကြောင်းဖြင့် ၀င်ထွက်သွားလာနေသဖြင့် ဒေသခံ ၄,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရသည်။

စာတည်း။ ။ နောင်နောင်

#ဆိပ်သာကျေးရွာ
#လူငယ်နှစ်ဦးပစ်သတ်ခံရ
#Mizzima
#hardnews

ပုံညွှန်း = မတ္တရာမြို့အရှေ့ပိုင်းကျေးရွာအချို့ စက်တင်ဘာလ ၈ ရက်နေ့က မီးရှို့ခံရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍2❤1
“စစ်တိုက်ရင် ရှေ့နောက်ကြည့်ရုံနဲ့ မရတော့ဘူး အပေါ်ကိုပါ မော့ကြည့်နေရပြီ” (Editorial Talk)
========================

ဒီတပတ် Editorial Talk အစီအစဉ်မှာ “ဒရုန်းစစ်ဆင်ရေးတွေက စစ်ကောင်စီကို ဘယ်လောက်အတိုင်းအတာအထိ ခြိမ်းခြောက်နေပြီလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီး မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။

https://youtu.be/LvjLrbQsK5s?si=A_TphoivkyaToSRu

#Editorialtalk
#Drone
#တိုက်ပွဲ
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥1