ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်ကို ဟန့်တားတိုက်ခိုက်စဉ် ကာကွယ်ရေးရဲဘော် ၁ဦးကျဆုံး၊ ၂ဦး ဒဏ်ရာရ
====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ကနီမြို့နယ်၊ အုန်းပင်ဆိပ်ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီရေယာဉ် အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်စဉ် လက်နက်ကြီးကျည်ထိမှန်ပြီးဒေသကာကွယ်ရေး ရဲဘော်တဦး ကျဆုံးသွားခဲ့သည်။
စစ်ကောင်စီတပ်ရေယာဉ် အုပ်စုကို ယမန်နေ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီအချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့ထံမှ သိရသည်။
ဗိုလ်နှုတ်ခမ်းမွှေးက “ ရှေ့ထွက်ပြောင်းတိုက်တွေ ၊ လက်နက်ငယ်တွေနဲ့ စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က လေပေါ်ကွဲ လက်နက်အမျိုးအစားတွေသုံးပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်" ဟု ပြောသည်။
စစ်ကောင်စီတပ်က ပစ်သည့်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ထက်ဝေနိုင်ဆိုသူ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသနေစဉ်ကျဆုံးခဲ့ကြောင်း၊ ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း အသေးစားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဗိုလ်နှုတ်ခမ်းမွှေးက ဆိုသည်။ ရဲဘော်ထက်ဝေနိုင်သည် အသက် ၂၀ ခန့်သာရှိသေးပြီး ၎င်း၏ဈာပနကိုယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
စစ်ရေယာဉ်အုပ်စုတွင် စစ်သင်္ဘောနှစ်စီး၊ဖလပ်ခွံလေးစီး နှင့် အမြန်ရေယာဉ်တစီးပါဝင်သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်နေပြီး မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့ နေ့လယ်တွင် ကနီမြို့ပေါ် ဆိပ်ကမ်းသို့ ရောက်ရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါစစ်ရေယာဉ်အုပ်စုသည် ကနီမြို့သို့ မရောက်ခင် ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်မြို့နယ်တို့တွင်လည်း မြစ်ဘေးတလျှောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
စာတည်း - အေးချမ်း
#mizzima
#ကနီမြို့နယ်
#ချင်းတွင်းမြစ်ကြောင်း
#စစ်ရေယာဉ်အုပ်စု
#တိုက်ခိုက်
ရဲဘော်ထက်ဝေနိုင်၏ ဈာပနမြင်ကွင်း (Photo-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢19👍6🔥2😁1
KNLA တပ်မဟာမှူးနှင့်ဗျူဟာမှူး အပြောင်းအလဲများသည် နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြော
========================
YT
(မဇ္ဈိမ)။ ။ခြောက်လတကြိမ်ကျင်းပသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး များအစည်းအဝေးတွင် ခရိုင်သုံးခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးများ ပြောင်းလဲခန့်အပ်လိုက်ခြင်းသည် ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာသက်ရောက်မှုမရှိကြောင်း KNU ဗဟိုမှ ပြော ရေးဆိုခွင့်ရှိသူများဖြစ်သည့် ဒိုစောကလယ်စေးနှင့် ပဒိုစောတောနီးတို့က မဇ္ဈိမကို ပြောသည်။
“တပ်မဟာမှူးတွေရဲ့ အပြောင်းအလဲကို စက်တင်ဘာလ ၆၊ ၇၊ ၈ မှာ ပြုလုပ်တဲ့ တပ်မှူးအစည်းအဝေးမှာ လုပ်ခဲ့တယ်ပေါ့နော်။ များသောအားဖြင့် လိုအပ်ရင်လိုအပ်သလို အပြောင်းအလဲလုပ်လေ့ရှိတယ်။ အခု ပြောင်းလဲလိုက်တဲ့ခေါင်းဆောင်တွေက အသက်အရွယ်အပိုင်းအခြားအရနဲ့ တချို့ကတော့ အခြားသော တာဝန်တွေ ဆက်ယူဖို့ရှိတဲ့အပေါ်မှာ အခုလို အပြောင်းအလဲလုပ်တာဖြစ်တယ်” ဟု KNU ဗဟို ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့သော ခြောက်လပတ် KNLA တပ်မှူးများအစည်းအဝေး တွင် KNU တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ(၇) ဖားအံခရိုင် စသည့် ခရိုင်သုံးခုမှ တပ်မဟာမှူးများနှင့် ဗျူဟာမှူးများအား ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။
KNU တပ်မဟာ(၄) ထားဝယ်ခရိုင် တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ်စောလေးမူနေရာတွင် ဒုတိယ ဗိုလ်မှူးကြီး စောဖိုးလေး၊ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးနေရာတွင် ဗိုလ်မှူးကြီးစောကို့ထူး၊ KNU တပ်မဟာ(၇) ဖားအံခရိုင်တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ်စောဖောဒိုနေရာတွင် ဗိုလ်မှူးကြီး စောဒိကွယ်ထူးတို့အား ပြောင်းလဲခန့်အပ်ခဲ့သည်။
ထို့ပြင် တပ်မဟာ (၄) ထားဝယ်ခရိုင် ဗျူဟာမှူးအဖြစ် စောလေးသေ့၊ တပ်မဟာ (၆) ဒူးပလာယာခရိုင် ဗျူဟာမှူးအဖြစ် စောနယ်ဒါးထူး၊ တပ်မဟာ (၇) ဗျူဟာမှူးအဖြစ် စောဖိုးဒူတို့ကို ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။
တပ်မဟာမှူးသည် တပ်မဟာတစ်ခု၏ အလုံးစုံသောကိစ္စရပ်များအား စီမံကွပ်ကဲရပြီး ဗျူဟာမှူးမှာ တပ်မဟာ၏ စစ်ရေးကိစ္စများအား စီမံကွပ်ကဲရသည့် စစ်ရေး ဒုတိယအဆင့် တာဝန်ရှိသူများဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ KNLA တပ်မဟာမှူးများ၊ ဗျူဟာမှူးများ အပြောင်းအလဲဖြစ်ခြင်းသည် KNU ၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ဗဟိုပြောခွင့်ရ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။
“စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်မဆို တိုက်ဖျက်ရေးဆိုတာ ကျွန်တော်တို့ နဂိုကတည်းကရှိခဲ့တဲ့ မူဝါဒတွေဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့မရတဲ့ဟာတွေဖြစ်တဲ့အပေါ်မှာ အဲ့ဒီမူဝါဒအတိုင်း ပဲ တပ်တွေက အကောင်အထည်ဖော်တာပဲလေ” ဟု ပြောသည်။
“တပ်မှူးတွေအပြောင်းအလဲကြောင့် နိုင်ငံရေးနဲ့စစ်ရေးအပေါ်သက်ရောက်မှုကတော့ အထွေအထူးတော့ မရှိပါဘူး။ ကျွန်တော်တို့ KNU က ချမှတ်ထားတဲ့ နိုင်ငံရေးအရ သွားရမယ့်လမ်းကြောင်းတွေအပေါ် တပ် ကနေ အထောက်အကူပြုစေတဲ့စစ်ရေးစီမံချက်တွေကို အကောင်အထည်ဖော်မယ့် တပ်မှူးတွေရဲ့ တာဝန် ဝတ္တရားပဲဖြစ်တယ်လို့ ပြောပါရစေ" ဟု ပဒိုကလယ်စေးကလည်း ဆိုသည်။
ခြောက်လပတ် KNLA တပ်မှူးများအစည်းအဝေးတွင် ရာထူး၊ တာဝန် ပြောင်းလဲသွားခြင်းမရှိသည်မှာ တပ်မဟာ(၁) သထုံခရိုင်တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၊ တပ်မဟာ(၂) တောင်ငူခရိုင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂတ်စတင်း၊ တပ်မဟာ (၃) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးတြော်၊ တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂေနွီးတို့ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဟူ၍ လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ရှိပြီး နယ်မြေတပ်မဟာ ခုနစ်ခုရှိသည်။
KNU တပ်မဟ ခုနစ်ခုမှာ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင် လေးပင်ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင် နှင့် တပ်မဟာ(၇) ဘားအံခရိုင်တို့ဖြစ်ပြီး ဘားအံခရိုင်မှလွဲ၍ ကျန်တပ်မဟာခြောက်ခုအတွင်း၌ KNU လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
စာတည်း။ ။စောဖေ
#ကရင်အမျိုးသားအစည်းအရုံး(KNU)
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)
#တပ်မှူးများအစည်းအဝေး
ပုံအညွှန်း- တပ်မဟာ (၇) တပ်မဟာမှူးအသစ် ဗိုလ်မှူးကြီး စောဒိကွယ်ထူး (ဓါတ်ပုံ- ပေးပို့)

👍21🔥1😁1
တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံး
=========================
ဓါတု
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် တက်ကြွလှုပ်ရှားသူများ အပါအဝင် စစ်တပ်က ဖမ်းဆီးသွားသော ဒေသခံ ၁၀ ဦးကျော်နှင့် လပေါင်းများစွာ ကြာသည့်တိုင် အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်နေကြောင်း မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
အရပ်ဝတ်များ ပါဝင်သော စစ်ကောင်စီတပ်သည် အသက် ၆၀ အရွယ် တက်ကြွလှုပ်ရှားသူ ဦးမောင်ထီကို ၂၀၂၂ ခုနှစ် မတ်လဆန်းပိုင်းတွင် ငါန်းဇွန်မြို့နယ်အစပ် တံတားဦးမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် သေနတ်ပစ်ဖောက်ကာ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
သို့သော် ၎င်းအား ရှာမတွေ့သဖြင့် သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ပြီး နောက်မကြာမီ ရက်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်မီးရှို့သွားကြောင်း မျက်မြင်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ဦးမောင်ထီ၏ သားဖြစ်သူနှင့် သားမက်ဖြစ်သူကိုမူ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။
ထို့နောက် ယခုနှစ် မေလ ၁ ရက်နေ့တွင် ငါန်းဇွန်နယ်စပ်ရှိ တောထဲတနေရာတွင် ယာယီတဲထိုးကာ တိမ်းရှောင်နေသော ဦးမောင်ထီအား စစ်ကောင်စီသတင်းပေးမှ လမ်းပြခေါ်၍ ဖမ်းဆီးခဲ့ရာ ၎င်းနှင့်အတူ ယာယီတဲဘေးရှိ နွားကျောင်းသား၊ တောင်သူအချို့နှင့် လှေအငှားဆွဲသူတဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
" ဦးမောင်ထီကို ဖမ်းချင်တော့ သူ့မတွေ့လို့ဆိုပြီး မနှစ်က သူနဲ့ ဆက်စပ်တဲ့ သူတွေကို ဖမ်းတယ်၊ အခု မေလမှာသူ့ကို ငါးဇွန်းအစပ်နားက ကျွန်းနားမှာတွေ့လို့ ဒလန်(စကစသတင်းပေး)လိုက်ပြလို့ မျက်လုံးအဝတ်စည်းပြီး ဖိနပ်တောင်မပါဘူး ဆွဲခေါ်သွားတာ၊ သူနဲ့ပတ်သက်တဲ့ လှေအငှားလိုက်ပေးတဲ့သူကအစ သူ့ဘေးနားက နွားကျောင်းနေတဲ့ ကောင်လေးတွေကိုပါ ခေါ်သွားတာ၊ သူတို့ကို လေးလကျော်ပြီ၊ အခုထိ မိသားစုဝင်နဲ့ အဆက်သွယ်မရဘူးတဲ့"ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
၎င်းတို့အားဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် ဦးမောင်ထီနှင့် ဆွေမျိူးတော်စပ်သည့် ဆိုင်ကယ်ဝပ်ရှော့ပိုင်ရှင် ကိုမျိုးမင်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
အဆိုပါဖမ်းဆီးခံရသူများနှင့် ထိုအချိန်မှစ၍ ယနေ့အထိ မိသားစုများမှ အဆက်သွယ်မရဘဲ သတင်းအစအနပျောက်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။
ဖမ်းဆီးခံထားရသူများကို မြို့နယ်ရဲစခန်းများနှင့် အကျဥ်းထောင်တို့တွင် ရှိ၊ မရှိ စုံစမ်းသော်လည်း ၎င်းတို့နှင့်ပတ်သက်ပြီး အမှုဖွင့်ထားခြင်း မရှိသကဲ့သို့ မည်သည့်စစ်ကြောရေးတွင် ပို့ဆောင်ထားသည်ကိုလည်း မသိရကြောင်း ဆိုသည်။
"ဘယ်စစ်ကြောရေးမှာ ရှိတယ်ဆိုတာလည်း မသိရဘူး၊ ရဲစခန်းဘက်တွေကို လိုက်မေးတော့လည်း အဲဒီမှာ အဲ့ဒီနာမည်နဲ့ လူတွေမရှိဘူး၊ အမှုဖွင့်ထားတာမျိုးလည်း မရှိဘူး၊ ထောင်လည်းမချသေးဘူး၊ ဖမ်းသွားပြီး မိသားစုဝင်တွေကိုလည်း မဆက်သွယ်တော့ တော်တော်စိတ်ပူနေကြတယ်၊ လပေါင်းများစွာ ကြာနေပြီဆိုတော့" ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
၎င်းတို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်လည်း ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ရွာခံ ၂၀ ကျော်လည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
“သူတို့ရဲ့ သတင်းအစအန ပျောက်နေတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါငါန်းဇွန်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က ယခုနှစ်အစပိုင်းမှစ၍ ဖမ်းဆီးစစ်ဆေးမှုများ၊ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် နေအိမ်အတွင်းရှိ အရပ်သားပိုင် အသုံးအဆောင် ပစ္စည်းများကို ရှာဖွေယူဆောင်မှုများ လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ငါန်းဇွန်
#လူ၁၀ကျော်
#သတင်းအစအနပျောက်
#Mizzima
ဓာတ်ပုံ- တက်ကြွလှုပ်ရှားသူ ဦးမောင်ထီ

❤6👍1😁1
ဗိုလ်နဂါးပြောသလို BNRA ဖွဲ့တာ NUG ရဲ့ သဘောတူညီချက်ရခဲ့လား
=====================
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ဗိုလ်နဂါးနှင့် ဘာတွေဆွေးနွေးခဲ့ပါသလဲ၊ ဗိုလ်နဂါးပြောသလို BNRA ဖွဲ့တာ NUG ရဲ့ သဘောတူညီချက်ရခဲ့တာလားတို့ကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောနှင့် မဇ္ဈိမသတင်းဌာနစီမံခန့်ခွဲသူ ဦးစိန်ဝင်း၏ Mizzima Exclusive Interview တွင် ကြည့်ရှု့နိုင်ပါသည်။
https://youtu.be/wyPhZudst0g?si=f16bMme419fMh3xO
#Mizzima Exclusive Interview
#ဒူဝါလရှီးလ
#ဦးရည်မွန်
#ဗိုလ်နဂါး
#BNRA
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဗိုလ်နဂါးပြောသလို BNRA ဖွဲ့တာ NUG ရဲ့ သဘောတူညီချက်ရခဲ့လား
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ဗိုလ်နဂါးနှင့် ဘာတွေဆွေးနွေးခဲ့ပါသလဲ၊ ဗိုလ်နဂါးပြောသလို BNRA ဖွဲ့တာ NUG ရဲ့ သဘောတူညီချက်ရခဲ့တာလားတို့ကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောနှင့် မဇ္ဈိမသတင်းဌာနစီမံခန့်ခွဲသူ…
👍11😁2
English Venglish
==============
သာမန်ရိုးရှင်းတဲ့ အိမ်ထောင်ရေးဘဝလေးကိုပိုင်ဆိုင်ထားတဲ့ “ရှာရှီ”
သားနဲ့သမီးက ပညာရေးမှာထူးချွန်ကြပြီး မိခင်ဖြစ်သူ”ရှာရှီ”ရဲ့ အင်္ဂလိပ်စာမှာ အားနည်းတာကို ပျက်ရယ်ပြုလှောင်ပြောင်ကြတဲ့အခါ….
အင်္ဂလိပ်စာအားနည်းတဲ့ “ရှာရှီ”တစ်ယောက် နယူးယောက်စ်မြို့မှာ အစ်မဖြစ်သူရဲ့သမီး မင်္ဂလာပွဲကို ကူညီစီစဉ်ပေးဖို့သွားရတော့မယ့်အချိန်မှာတော့….
အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလိုမျိုးပြောတတ်ကြတဲ့လူစိမ်းတွေကြားမှာ “ရှာရှီ”တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ?
သူမရဲ့အကြီးအမားဆုံးအခက်အခဲတစ်ခုဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ၄ပတ်အတွင်းမှာ ဘယ်လိုတက်အောင်သင်ယူမှာလဲ ?
ပတ်၀န်းကျင်ရဲ့ ထိုးနှက်မှုတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ဖြတ်ကျော်ရင်း “ရှာရှီ”ရဲ့ချစ်စရာကောင်းတဲ့ အလွဲလေးတွေကိုလည်း ဟာသဆန်ဆန် မြင်တွေ့ရမှာပါ ..
ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်အပိုင်းအခြားက အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြပေးခဲ့တဲ့ “English Venglish” ရုပ်ရှင်ဇာတ်ကားကို Mizzima+ Channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
ဒီဇာတ်ကားလေးကို Mizzima + HD Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 12.9.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 13.9.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍9🔥1😁1🖕1
တရုတ်အိမ်ခြံမြေဈေးကွက် ပြိုလဲတော့မည်လား
=====================
မကြာသေးမီက အခြားတရုတ်အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်သည့် Country Garden က အကြွေးစီမံခန့်ခွဲမှု အစီ အမံအမျိုးမျိုးကို ချမှတ်ရန် စီစဉ်နေကြောင်း သတိပေးခဲ့ခြင်းက ကုမ္ပဏီက ရန်ပုံငွေရှာရန် ရုန်းကန်နေရသည့် အတွက် ယင်း၏ကြွေးမြီကို ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြသည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
မကြာသေးမီက အခြားတရုတ်အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်သည့် Country Garden က အကြွေးစီမံခန့်ခွဲမှု အစီ အမံအမျိုးမျိုးကို ချမှတ်ရန် စီစဉ်နေကြောင်း သတိပေးခဲ့ခြင်းက ကုမ္ပဏီက ရန်ပုံငွေရှာရန် ရုန်းကန်နေရသည့် အတွက် ယင်း၏ကြွေးမြီကို ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြသည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
စက်တင်ဘာလ (၁၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================
00:56 - ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်းတဲ့သတင်း
03:55 - မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်သတင်း
06:52 - ဒရုန်းပစ် လက်နက်တွေ လိုအပ်နေတယ်လို့ တမူး PDF ပြော တဲ့ သတင်နဲ့
11:42 - ပူတင်နဲ့တွေ့ဆုံဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ရုရှားသို့သွားရောက်
တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/vfefX4eCMms?si=0FnRd-4xVtIGb88d
#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
00:56 - ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်းတဲ့သတင်း
03:55 - မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်သတင်း
06:52 - ဒရုန်းပစ် လက်နက်တွေ လိုအပ်နေတယ်လို့ တမူး PDF ပြော တဲ့ သတင်နဲ့
11:42 - ပူတင်နဲ့တွေ့ဆုံဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ရုရှားသို့သွားရောက်
တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/vfefX4eCMms?si=0FnRd-4xVtIGb88d
#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၁၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:56 - ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်းတဲ့သတင်း
03:55 - မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်သတင်း
06:52 - ဒရုန်းပစ် လက်နက်တွေ…

👍7🔥1😁1
ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောကို ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်
=====================
ပါခွီး
(မဇ္စျိမ) ။ ။ ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army က စက်တင်ဘာလ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။
ဆန်တက်လာသည့် စစ်သင်္ဘောကို စက်တင်ဘာလ ၁၀ရက် ညနေ ၅နာရီ ၃၀မိနစ်တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း မြစ်ကြောင်းတနေရာတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ေ-ွး(စစ်ကောင်စီတပ်) သင်္ဘောဆန်တက်လာတယ်လို့ ခိုင်လုံတဲ့သတင်းပေးချက်အရ ကျနော်တို့ စောင့်ပြီးတိုက်ခဲ့တာပါ ၊ သေဆုံးထိခိုက်တဲ့စာရင်းကိုတော့ စုံးစမ်းနေဆဲပါ” ဟု Brave Heart Army တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။
အဆိုပါ စစ်သင်္ဘောအား ရှေ့ထွက်ပြောင်းတိုက် ကိုးလုံးကို နေရာ သုံးနေရာမှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ငါးမိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်သော်လည်း အရေအတွက်ကိုမူ မသိရှိရကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၁၀) တပ်ခွဲ(၂) Chindwin Fighter Group (CFG) အဖွဲ့မှ ဦးဆောင်ပြီး မုံရွာခရိုင်တပ်ရင်း(၉) တပ်ခွဲ(၃) ၊ ဗန္ဓုလနှင့်အဖွဲ့သားများ နှင့် Brave Heart Army (BHA) တို့မှပူးပေါင်းခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။
အလားတူ အဆိုပါ စစ်သင်္ဘောကိုပင် မုံရွာမြို့နယ်အတွင်းရောက်ချိန် ကာကွယ်ရေး တပ်ဖွဲ့များမှ စုပေါင်း၍ စက်တင်ဘာလ ၁၀ရက် ည ၇နာရီ ၁၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း chindwin Attack Force ကလည်း ထုတ်ပြန်ထားသည်။
ချင်းတွင်းမြစ်ကြောင်း မုံရွာမြို့နယ်တနေရာတွင် ရှေ့ထွက်ပြောင်းများ လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာသဖြင့် အနီးရှိကင်းစခန်းကို မီးကျည်ဖြင့် နှစ်ကြိမ်ပြပြီး ပစ်ကူတောင်းခဲ့ကြောင်းဆိုသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (chindwin Attack Force) တပ်ရင်း(၄) 5/Teachers People Defense Force ၊ Fight For Freedom ၊ chindwin Defense Force (CDF) နှင့် ချင်းတွင်းတိုးနယားတပ်ဖွဲ့တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်သင်္ဘောသည် မုံရွာဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး အထက်သို့ ဆက်လက် ဆန်တက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
https://youtu.be/xmpoqtWUlQU?si=HMiJogzNFDPt33Gp
#mizzima
#ဧရာဝတီမြစ်
#ချင်းတွင်းမြစ်
#စစ်သင်္ဘော
#ဆားလင်းကြီးမြို့နယ်

ပါခွီး (မဇ္စျိမ) ။ ။ ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army က စက်တင်ဘာလ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။
ဆန်တက်လာသည့် စစ်သင်္ဘောကို စက်တင်ဘာလ ၁၀ရက် ညနေ ၅နာရီ ၃၀မိနစ်တွင် စစ်ကိုင်းတိုင်း…

👍10🔥1😁1
Media is too big
VIEW IN TELEGRAM
ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ် ရပ်တည်
Watch more detail - https://youtu.be/VqM8I-OVuhc
#reels
#shorts
#politicalnews

👍11🤮2❤1
'Football Leaks' ဟက်ကာကို ပေါ်တူဂီတရားရုံးက ပြစ်ဒဏ်ချမှတ်
=====================
By PKThawn
"Football Leaks" ဝက်ဘ်ဆိုက်နောက်ကွယ်မှ ပေါ်တူဂီနိုင်ငံသား ရူလ် ပင်တိုကို ငွေညှစ်ရန် ကြိုးပမ်းမှု၊ ဒေတာတရားမဝင် ဝင်ရောက်မှုနဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်ခြင်း ဒါမှမဟုတ် လျှို့ဝှက်ချက်ကို ချိုးဖောက်ခြင်းတို့အတွက် တနင်္လာနေ့က လစ္စဘွန်းတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့ကြောင်း တရားသူကြီး မာဂရီဒါ အဲလ်ဗက်စ်က ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ် သမိုင်းကျောင်းသားဟောင်းနဲ့ ကွန်ပျူတာကို ကိုယ်ကိုတိုင်သင်ကြားတတ်မြောက် ကျွမ်းကျင်သူဟာ ပြောင်းရွှေ့ကြေး ဒါမှဟုတ် အားကစားအဖွဲ့တွေကြား သဘောတူညီချက်တွေလိုမျိုး လျှို့ဝှက်စာရွက်စာတမ်းတွေ မျှဝေဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ဝဘ်ဆိုက်ကို တည်ထောင်ခဲ့ပါတယ်။
ပင်တိုဟာ ၂၀၁၉ ဇန်နဝါရီလမှာ ဟန်ဂေရီမှာ ဖမ်းဆီးခံခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး သက်သေ အကာအကွယ်အောက်မှာ ရှိနေခဲ့ပါတယ်။ အမှုကြားနာစစ်ဆေးမှုကို ၂၀၂၀ စက်တင်ဘာလမှာ စတင်ခဲ့ပါတယ်။
"တရားရုံးက ရူလ် ပင်တိုကို လေးနှစ် ပြစ်ဒဏ် တစ်ခုတည်း ချမှတ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ... ဒါပေမယ့် ထောင်ဒဏ်ကျခံဖို့ မလိုအပ်ပါဘူး"လို့ တရားသူကြီးက ပြောပါတယ်။ "တရားရုံးမှာ နောင်တရမှု (ပင်တို တရားရုံးမှာ ပြသခဲ့) ဟာ လေးနက်တယ်လို့ မျှော်လင့်ရပြီး အခုချိန်ကစပြီး သူ ဒီမှာ ဖော်ပြထားတဲ့အတိုင်း ပြုမူတာတွေကို ရှောင်ကြဉ်ဖို့ မျှော်လင့်ပါတယ်။"
“လွတ်လပ်စွာ သတင်းပေးခွင့်က ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုတွေကို တရားမျှတမှု မပြုပါဘူး” လို့ သူမက ပြောပြီး “သူဟာ ငွေရဖို့ မျှော်လင့်နေခဲ့တာဖြစ်ကြောင်း ဒါကို ရှင်းရှင်းလင်းလင်း သိထားပြီးသားဖြစ်ပါတယ်။”လို့ ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။
တရားခွင် ဆိုင်းငံ့ထားခံထားရတဲ့ ပင်တိုဟာ ခွဲစိတ်ခန်းသုံး နှာခေါင်းစီး၊ ဂျင်းဘောင်းဘီနဲ့ နက်ပြာရောင် ရှပ်အင်္ကျီတို့ကို ဝတ်ဆင်ထားပြီး တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
သူဟာ ဟက်ကာပြစ်မှု ၈၉ မှုနဲ့အတူ ငွေညှစ်ရန် ကြိုးပမ်းမှု၊ ပေါ်တူဂီမှာ ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတို့နဲ့ပါ စွဲချက်တင်ခံထားရတာပါ။
သူဟာ ထိပ်တန်းဘောလုံးကြယ်ပွင့်တွေ၊ ကလပ်တွေနဲ့ အေးဂျင့်တွေပါဝင်ပတ်သက်တဲ့ လက်လှမ်းမမီတဲ့ အပေးအယူတွေကို ဖော်ထုတ်ပြတဲ့ လုပ်ရပ်တွေကို သတင်းပေးသူတစ်ဦးဖြစ်ကြောင်း သူက စောဒကတက်ပါတယ်။
၂၀၁၅ ကနေ ၂၀၁၈ အတွင်း သူဟာ အင်တာနက်ပေါ်မှာ စာရွက်စာတမ်းပေါင်း ၁၈.၆ သန်းကို မျှဝေခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဝေပုံနှိပ်တဲ့ ဥရောပသတင်းစာလုပ်ငန်းစုတစ်ခုနဲ့လည်း မျှဝေခဲ့ပါတယ်။
ဖော်ထုတ်မှုတွေဟာ ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပါတယ်။
ယင်းတို့ထဲမှာ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ရဲ့ လစာတွေ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မုဒိမ်းမှုနဲ့ စွပ်စွဲမှု၊ မန်ချက်စတာစီးတီးမှာ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ပဲရစ်စိန့်ဂျာမိန်းမှာ လူမျိုးရေး ခွဲခြားတာတွေ ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ပင်တိုရဲ့ ပစ်မှတ်တွေဟာ Sporting ဘောလုံးအသင်း၊ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်၊ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ Doyen Sports နဲ့ ဥပဒေကုမ္ပဏီ PLMJ တို့လည်း ပါဝင်ပါတယ်။
ပင်တိုနဲ့ ရှေ့နေ အာနီဘယ်လ် ပင်တိုတို့ဟာ Doyen ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အချက်အလက်တွေကို လူသိရှင်ကြား မထုတ်ဖော်တဲ့အတွက် Doyen ထံကနေ ယူရို ၅၀၀,၀၀၀ နဲ့ ၁ သန်းကြား ငွေညှစ်ရန် ကြိုးပမ်းမှု ပြစ်မှုကျူးလွန်ခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။
ပင်တိုရဲ့ ရှေ့နေ ဖရန်စစ္စကို တီဇယ်ရာဒါ မိုတာက ပင်တိုဝန်ခံပြီးနောက် ဆိုင်းငံ့ပြစ်ဒဏ်ကို ရုပ်သိမ်းဖို့ မဖြစ်နိုင်တာကြောင့် ခုခံကာကွယ်မှုကို ကျေနပ်မိကြောင်း သတင်းထောက်တေုကို ပြောခဲ့ပါတယ်။
“အစစ်အမှန် စီရင်ချက်ချရမယ့် အန္တရာယ်က အမြဲတမ်းရှိခဲ့ပါတယ်… အာဏာပိုင်တွေနဲ့ သူရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ကျနော် ထင်ပါတယ်။”လို့ ရှေ့နေက ပြောပါတယ်။ "တရားလိုတွေဟာ "အတုအယောင် ကွဲလွဲသွား"တဲ့ အခြားသော စွဲချက်တွေကို စွဲချက်တင်ချင်သေးတယ်"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဒါက စိုးရိမ်စရာအပိုင်း၊ စွပ်စွဲခံရသူဟာ တူညီတဲ့အချက်အပေါ် တပြိုင်နက်တည်း တရားစွဲမှု (၃) ခု ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲခြင်းရဲ့ လောဂျစ်ပါပဲ”လို့ ၎င်းက အသေးစိတ်ဖော်ပြခြင်းမရှိဘဲ ထပ်လောင်းပြောသွားခဲ့ပါတယ်။
Ref; AFP, Reuters
File Photo: EPA
#footballlleaks #RuiPinto

👍9🔥1😁1
Media is too big
VIEW IN TELEGRAM
ဂျီ-၂၀ ထိပ်သီးအစည်အဝေးကို ပူတင်တက်ရောက်ခဲ့ရင် ဖမ်းဆီးမှာမဟုတ်ကြောင်း ဘရာဇီးသမ္မတပြော
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

😁9👍2
ထိုင်းတွင် ဒဏ်ရာရ မြန်မာလုပ်သားကို သူဌေးမှ ဆေးကုမပေးဘဲ မြောင်းထဲပစ်ချရာ သေဆုံး
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ကံဖယ်ဖစ်မြို့နယ်တွင် ဂိုဒေါင်ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ခေါင်မိုးပေါ်မှ ပြုတ်ကျ၍ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသား ပန်းရံလုပ်သားကို အလုပ်သမားခေါင်းဆောင် ထိုင်းသူဌေးမှ ဆေးရုံသို့ ပို့ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ရေမြောင်းထဲ ပစ်ချခဲ့သည့်အတွက် သေဆုံးသွားသည်ဟု လက်တွဲကူညီ AAC အဖွဲ့က မဇ္ဈိမကို ပြောသည်။
ထိုမြန်မာနိုင်ငံသား ပန်းရံလုပ်သားသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ကံဖယ်ဖစ်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမြင့်ပေ ၇၀ ခန့်ရှိသည့် ဂိုဒေါင်ခေါင်မိုးပေါ်မှ ပြုတ်ကျသွားခြင်း ဖြစ်သည်။
ပြင်းထန်ဒဏ်ရာဖြင့် သတိလစ်မေ့မျောနေသည့် ပန်းရံလုပ်သား ကိုဇော်မင်းဦးကို ၎င်း၏ အလုပ်သမားခေါင်းဆောင်ဖြစ်သူ ထိုင်းလူမျိုး ကန်ထရိုက်သူဌေးမှ ဆေးရုံသို့ပို့ဆောင်ပေးမည်ဟုဆိုကာ အတူလုပ်ကိုင်သူ မြန်မာလူမျိုးများနှင့်အတူ ကားဖြင့်ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ဆေးရုံသို့ မောင်းနှင်မသွားဘဲ ၎င်း၏နေအိမ်သို့ မောင်းနှင်ကာ အတူလိုက်ပါလာသူ မြန်မာလုပ်သားများအား ၎င်း၏ နေအိမ်တွင် ကျန်နေခဲ့ရန် ပြောဆိုသည်။
မြန်မာလုပ်သားများမှ ၎င်းတို့လည်း “ဆေးရုံသို့ လိုက်ပါပို့ဆောင်ချင်ပါသည်” ဟု ပြောဆိုသော်လည်း ထိုင်းသူဌေးက လက်မခံဘဲ လူနာကိုသာ ကားဖြင့် ခေါ်ဆောင်သွားကြောင်း ဆိုသည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ထိုင်းသူဌေးပြန်လည်ရောက်ရှိလာစဉ်တွင် ကိုဇော်မင်းဦးအား မည်သည့်ဆေးရုံ၌ ပို့ဆောင်ခဲ့သည်ကို မေးမြန်း၍ မရဘဲ ကားတွင်လည်း သွေးကွက်များ မကျန်အောင် ရေဆေးထားပြီး ဖြစ်နေသည့်အတွက် မြန်မာလုပ်သားများမှာ သင်္ကာမကင်းဖြစ်ခဲ့ကြောင်း လက်တွဲကူညီ AAC အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။
"သူတို့ လမ်းမှာလာရတဲ့အချိန်လည်းရှိတော့ ကြားထဲမှာသုံးရက်လောက်တော့ ကြာသွားတယ်၊ ကျွန်တော်တို့ ဖြစ်စဉ်ကိုသိသိချင်း အခင်းဖြစ်ပွားရာဒေသက အာဏာပိုင်တွေကို တိုင်ကြားရှာဖွေခိုင်းခဲ့ပါတယ်" ဟု AAC ၏ ဒါရိုက်တာ ဦးခိုင်ကြီးက မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် အလောင်းအား ကံဖယ်ဖစ်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်အဟောင်းတခု၏နံဘေး ရေမြောင်းအတွင်းတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်။
“ပြင်းထန်ဒဏ်ရာရခဲ့ပေမယ့် ခေါ်ဆောင်သွားချိန်မှာ အသက်ရှိသေးတယ်လို့ အတူလုပ်ကိုင်သူတွေကပြောပါတယ်၊ ရေမြောင်းထဲစွန့်ပစ်ခဲ့ချိန်မှာ အသက်ရှိနေ သေးတယ်ပေါ့” ဟု ဦးခိုင်ကြီးက ပြောသည်။
ရုပ်အလောင်းရှာဖွေ့တွေ့ ရှိချိန်တွင် အခင်းဖြစ်ပွားသည့်နေ့က ကိုဇော်မင်းဦး ဝတ်ဆင်ထားသည့် အဝတ်အစားများဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များမှ အတည်ပြုသကဲ့သို့ ၎င်း၏ ဇနီးဖြစ်သူမှလည်း လက်တွင်ရှိသည့် တက်တူးအမှတ်အသားကြောင့် ကိုဇော်မင်းဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သို့သော်လည်း လုပ်ထုံးလုပ်နည်းများအရ DNA အတည်ပြုချက်ရယူရန် လိုအပ်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များမှ DNA အတည်ပြုချက်ရယူနေဆဲဖြစ်ပြီး ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အတည်ပြုချက်အဖြေရရှိမည် ဖြစ်ကြောင်း သိရသည်။
"လက်ရှိမှာ ကျူးလွန်သူရဲ့ ကားနံပါတ်လည်း သိတော့ သူနေထိုင်ရာနေရာမှာတော့ ရဲတွေက အဆင်သင့်ရှိနေပါတယ်၊ DNA အဖြေရပြီး အတည်ပြုပြီးတာနဲ့ သူ့ကိုဖမ်းဆီးပေးမယ် ပြောပါတယ်" ဟု AAC ၏ ဒါရိုက်တာ ဦးခိုင်ကြီးမှ ပြောသည်။
သေဆုံးသူ ကိုဇော်မင်းဦးသည် အဆိုပါ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းတွင် ပန်းရံလုပ်သားအဖြစ် လုပ်ကိုင်နေသည်မှာ တနှစ်ကျော် ရှိပြီဟု သိရသည်။
၎င်းသည် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့၊ ညောင်ဝိုင်းကျေးရွာ ဇာတိဖြစ်ကြောင်း လုပ်ဖောက်ကိုင်ဖက် မြန်မာလုပ်သားများထံမှ သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သား ငါးသိန်းခန့်ရှိကြောင်း အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်ပေးနေသူများက ခန့်မှန်းထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြန်မာလုပ်သား
#ရေမြောင်းထဲပစ်ချ
#သေဆုံး
#Mizzima
ဓာတ်ပုံ- ရုပ်အလောင်းအား ရှာဖွေတွေ့ရှိစဉ်

👍14😢5🤬4❤1😁1
နိုဘယ်လ်ဆုရှင် ဖိလစ်ပိုင်ဂျာနယ်လစ်ကို အခွန်တိမ်းရှောင်မှုမှ တရားသေလွှတ်ပေး
=========================
၂၀၂၁ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရခဲ့သည့် အသက် ၅၉ နှစ်ရှိ ရက်ဆာသည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်က အမှုဖွင့်ခံခဲ့ရသည့် စွဲချက်အများအပြားကို ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် အမှုနှစ်ခုကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
၂၀၂၁ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရခဲ့သည့် အသက် ၅၉ နှစ်ရှိ ရက်ဆာသည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်က အမှုဖွင့်ခံခဲ့ရသည့် စွဲချက်အများအပြားကို ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် အမှုနှစ်ခုကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁1
နယ်စပ်မှ ပုံမှန် ဆန်တင်ပို့မှု အောက်တိုဘာတွင် ပြန်စမည် မျှော်လင့်
==========================
မြန်မာဆန်နှင့် ဆန်ကွဲ တင်ပို့ဈေးနှုန်းသည် နိုင်ငံတကာ ဝယ်လက်များသို့ တင်ပို့ရာ၌ ဈေးမြင့်တက်လျက် ရှိသည်ဟု မြန်မာ့ဆန်စပါးအသင်းချုပ် ထုတ်ပြန်သည့် ကုန်သွယ်ရေး အချက်အလက်များက ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
မြန်မာဆန်နှင့် ဆန်ကွဲ တင်ပို့ဈေးနှုန်းသည် နိုင်ငံတကာ ဝယ်လက်များသို့ တင်ပို့ရာ၌ ဈေးမြင့်တက်လျက် ရှိသည်ဟု မြန်မာ့ဆန်စပါးအသင်းချုပ် ထုတ်ပြန်သည့် ကုန်သွယ်ရေး အချက်အလက်များက ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3😁2
This media is not supported in your browser
VIEW IN TELEGRAM
မော်ရိုကိုငလျင်က အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်ဖို့ အချိန်နဲ့တပြေးညီ ကြိုးပမ်းနေ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1😁1
နှစ်ဖက်ဆွေးနွေးမှုအပေါ် NUG ၏ ထုတ်ပြန်မှုအား ဘာမှမပြောလိုကြောင်း ဗိုလ်နဂါး မှတ်ချက်ပြု
=====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့်ပတ်သက်ပြီး NUG မှအသေးစိတ်ထုတ်ပြန်လာမှုအပေါ် ယခင် မြန်မာ့တော်ဝင်နဂါးတပ်တော်၏ခေါင်းဆောင် ဗိုလ်နဂါးက ဘာမှမပြောလိုတော့ကြောင်း မှတ် ချက်ပြုသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့မိန့်ခွန်းတွင် ဗိုလ်နဂါးကထည့်သွင်းပြောကြား ပြီးနောက် NUG က ၎င်းတို့နှင့် ဗိုလ်နဂါးအကြား ဆွေးနွေးမှုအသေးစိတ်ကို ယနေ့ စက်တင်ဘာလ ၁၂ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဗိုလ်နဂါးတို့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင်တွေ့ဆုံခဲ့သည်ဟုအတည်ပြုထားပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသ အလိုက်တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသား ညီညွတ်ရေးအစိုးရက မြေပြင်တွင်တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာယန္တရား များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန်ကာလတွင်အကောင်အထည်ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီအစဉ်များတွင် လက်ခံပါဝင်ဆောင်ရွက်ရန်တို့ကိုသာ ဆွေးနွေးခဲ့သည်ဟု NUG သမ္မတရုံးဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ NUG သမ္မတရုံး၏ထုတ်ပြန်မှုအပေါ်တွင် “ကျနော်တို့အနေနဲ့ အငြင်းအခုံသဘောမျိုး သက် ရောက်သွားမှာစိုးတဲ့အတွက် ဘာမှမပြောလိုတော့ပါဘူး၊ ပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်စရာမျိုး တွေ ထပ်မပေါ်စေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူနဲ့တော်လှန်ရေးအတွက်ပဲ ကြိုးစားသွားမှာမို့ စိတ်အေးအေးနဲ့ ရှေ့ဆက်နိုင်ဖို့ပဲ ကြိုးစားသွားမှာပါ” ဟု ဗိုလ်နဂါးကပြောသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တည်ထောင်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့တွင် လူထုအား အသိပေးခဲ့သည်။ အဆိုပါတပ်မတော်ကို ဗိုလ်နဂါးကဦးဆောင်ခြင်းဖြစ်ပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်းမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ COC အောက်သို့ အကြောင်းအမျိုးမျိုး ကြောင့် ဝင်ရောက်ခွင့်မရသည့် အဖွဲ့အစည်းများ စုစည်းပြီး တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ကပြောသည့် ဗိုလ်နဂါး၏မိန့်ခွန်းတွင် ဗမာအမျိုးသားတော်လှန်ရေးတပ် မတော်ကို ဖွဲ့စည်းတည်ထောင်ခြင်းမှာ တစင်ထောင်ခြင်းမဟုတ်ဘဲ တော်လှန်ရေးကို အထောက်အကူ ပြုနိုင်ရန် NUG အစိုးရအဖွဲ့နှင့်တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ပြောဆိုပြီး သုံးရက်အကြာတွင် NUG သမ္မတရုံးက ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက “အပြင်မှာပြောနေကြသလို့ BNRA ဖွဲ့ဖို့အတွက် သမ္မတကြီးနဲ့ တိုင်ပင်တယ်ဆွေးနွေးတယ်ဆိုတာ ဒီဆွေးနွေးပွဲမှာမရှိဘူးဆိုတာပြောချင်လို့ ရှင်းသွား အောင် ဒီသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှု၊ အကြမ်းဖက်သတ် ဖြတ်မှုများကြောင့် လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲခဲ့ကြပြီး တော်လှန်ရေးအဖွဲ့များ အသီးသီး ပေါ်ပေါက်လာခဲ့သည်။ ခုခံတော်လှန်စစ်နှင့်အတူ လက်နက်ကိုင်အဖွဲ့များ များပြားလာသည်နှင့်အမျှ အဖွဲ့ အချင်းချင်းကြား ပြဿနာများ၊ လက်နက်ကိုင်အဖွဲ့များနှင့်လူထုအကြား ပြဿနာများကို ခပ်စိပ်စိပ်မြင် တွေ့လာကြရခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)

👍14🔥2😁1
'Football Leaks' ဟက်ကာကို ပေါ်တူဂီတရားရုံးက ပြစ်ဒဏ်ချမှတ်
========================
"Football Leaks" ဝက်ဘ်ဆိုက်နောက်ကွယ်မှ ပေါ်တူဂီနိုင်ငံသား ရူလ် ပင်တိုကို ငွေညှစ်ရန် ကြိုးပမ်းမှု၊ ဒေတာတရားမဝင် ဝင်ရောက်မှုနဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်ခြင်း ဒါမဟုတ် လျှို့ဝှက်ချက်ကို ချိုးဖောက်ခြင်းတို့အတွက် တနင်္လာနေ့က လစ္စဘွန်းတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့ကြောင်း တရားသူကြီး မာဂရီဒါ အဲလ်ဗက်စ်က ပြောပါတယ်။

🔥3😁1
ယင်းမာပင်တွင် စစ်ကောင်စီထောက်လှမ်းရေးတပ်သား ပစ်ခတ်ခံရပြီး သေဆုံး
=========================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းအနီးတွင် စစ်ကောင်စီတပ်မှထောက်လှမ်းရေးတပ်သားတဦးကို ဒေသကာကွယ်ရေးရဲဘော်များက စစ်ဆေးမေးမြန်းစဉ် ထွက်ပြေးသွားသော ကြောင့် ပစ်ခတ်ရာသေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)ထံမှ သိရသည်။
ယမန်နေ့(စက်တင်ဘာလ ၁၁ရက်) နံနက် ၁၀ နာရီခန့်က ULF၊ ချိုမိုင်မိုင်နှင့် Peacock Brother Local PDF တို့ပူးပေါင်းပြီး စည်သူသစ်ကွင်းအနီး ကင်းထောက်နေစဉ် စစ်ကောင်စီထောက်လှမ်းရေးတပ်သားတဦးကို တွေ့ရှိခဲ့ခြင်းဟု သိရသည်။
“ထောက်လှမ်းရေးတပ်သားက အရပ်ဝတ်၊အရပ်စားနဲ့ ပြည်သူအယောင်ဆောင်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘက်က မယုံသင်္ကာဖြစ်တာနဲ့ စစ်ဆေးဖို့ လုပ်တဲ့ အချိန်မှာ ထွက်ပြေးတာဖြစ်ပါတယ်။ ကျနော်တို့ နောက်ကနေလိုက်ပြီး ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟုချိုမိုင်မိုင်တပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သည် အသက် ၂၀ ကျော်အရွယ်ရှိပြီး ၎င်း၏ ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သင်္ဂြုလ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ယခုဖြစ်ရပ်ဖြစ်ပွားသော စည်သူသစ်ကွင်းအနီး၌စက်တင်ဘာလ ၆ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ များနှင့်စစ်ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ULFက သတင်းထုတ်ပြန်ထားသည်။
ယင်းမာပင်နှင့်ကနီမြို့နယ်စပ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တလကျော်အကြာ နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။
စာတည်း - အေးချမ်း
#mizzima
#ယင်းမာပင်
#စစ်တပ်ထောက်လှမ်းရေး
#သေဆုံး
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား (Photo - ULF)

👍13👎1🔥1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
=====================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် Our Ambassador – Our Voice စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံ များ ဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုကာ ကြွေးကြော်သံများ ဖြင့် ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၃ ရက် မြောက် ချီတက်ခြင်းဖြစ်ကြောင်းသိ ရသည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
Website Link - https://www.mizzimaburmese.com/article/133253

👍10❤2😁1🤮1