နယ်စပ်မှ ပုံမှန် ဆန်တင်ပို့မှု အောက်တိုဘာတွင် ပြန်စမည် မျှော်လင့်
==========================
မြန်မာဆန်နှင့် ဆန်ကွဲ တင်ပို့ဈေးနှုန်းသည် နိုင်ငံတကာ ဝယ်လက်များသို့ တင်ပို့ရာ၌ ဈေးမြင့်တက်လျက် ရှိသည်ဟု မြန်မာ့ဆန်စပါးအသင်းချုပ် ထုတ်ပြန်သည့် ကုန်သွယ်ရေး အချက်အလက်များက ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥3😁2
This media is not supported in your browser
VIEW IN TELEGRAM
မော်ရိုကိုငလျင်က အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်ဖို့ အချိန်နဲ့တပြေးညီ ကြိုးပမ်းနေ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5🔥1😁1
နှစ်ဖက်ဆွေးနွေးမှုအပေါ် NUG ၏ ထုတ်ပြန်မှုအား ဘာမှမပြောလိုကြောင်း ဗိုလ်နဂါး မှတ်ချက်ပြု
=====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့်ပတ်သက်ပြီး NUG မှအသေးစိတ်ထုတ်ပြန်လာမှုအပေါ် ယခင် မြန်မာ့တော်ဝင်နဂါးတပ်တော်၏ခေါင်းဆောင် ဗိုလ်နဂါးက ဘာမှမပြောလိုတော့ကြောင်း မှတ် ချက်ပြုသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့မိန့်ခွန်းတွင် ဗိုလ်နဂါးကထည့်သွင်းပြောကြား ပြီးနောက် NUG က ၎င်းတို့နှင့် ဗိုလ်နဂါးအကြား ဆွေးနွေးမှုအသေးစိတ်ကို ယနေ့ စက်တင်ဘာလ ၁၂ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဗိုလ်နဂါးတို့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင်တွေ့ဆုံခဲ့သည်ဟုအတည်ပြုထားပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသ အလိုက်တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသား ညီညွတ်ရေးအစိုးရက မြေပြင်တွင်တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာယန္တရား များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန်ကာလတွင်အကောင်အထည်ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီအစဉ်များတွင် လက်ခံပါဝင်ဆောင်ရွက်ရန်တို့ကိုသာ ဆွေးနွေးခဲ့သည်ဟု NUG သမ္မတရုံးဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ NUG သမ္မတရုံး၏ထုတ်ပြန်မှုအပေါ်တွင် “ကျနော်တို့အနေနဲ့ အငြင်းအခုံသဘောမျိုး သက် ရောက်သွားမှာစိုးတဲ့အတွက် ဘာမှမပြောလိုတော့ပါဘူး၊ ပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်စရာမျိုး တွေ ထပ်မပေါ်စေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူနဲ့တော်လှန်ရေးအတွက်ပဲ ကြိုးစားသွားမှာမို့ စိတ်အေးအေးနဲ့ ရှေ့ဆက်နိုင်ဖို့ပဲ ကြိုးစားသွားမှာပါ” ဟု ဗိုလ်နဂါးကပြောသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တည်ထောင်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့တွင် လူထုအား အသိပေးခဲ့သည်။ အဆိုပါတပ်မတော်ကို ဗိုလ်နဂါးကဦးဆောင်ခြင်းဖြစ်ပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်းမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ COC အောက်သို့ အကြောင်းအမျိုးမျိုး ကြောင့် ဝင်ရောက်ခွင့်မရသည့် အဖွဲ့အစည်းများ စုစည်းပြီး တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ကပြောသည့် ဗိုလ်နဂါး၏မိန့်ခွန်းတွင် ဗမာအမျိုးသားတော်လှန်ရေးတပ် မတော်ကို ဖွဲ့စည်းတည်ထောင်ခြင်းမှာ တစင်ထောင်ခြင်းမဟုတ်ဘဲ တော်လှန်ရေးကို အထောက်အကူ ပြုနိုင်ရန် NUG အစိုးရအဖွဲ့နှင့်တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ပြောဆိုပြီး သုံးရက်အကြာတွင် NUG သမ္မတရုံးက ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက “အပြင်မှာပြောနေကြသလို့ BNRA ဖွဲ့ဖို့အတွက် သမ္မတကြီးနဲ့ တိုင်ပင်တယ်ဆွေးနွေးတယ်ဆိုတာ ဒီဆွေးနွေးပွဲမှာမရှိဘူးဆိုတာပြောချင်လို့ ရှင်းသွား အောင် ဒီသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှု၊ အကြမ်းဖက်သတ် ဖြတ်မှုများကြောင့် လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲခဲ့ကြပြီး တော်လှန်ရေးအဖွဲ့များ အသီးသီး ပေါ်ပေါက်လာခဲ့သည်။ ခုခံတော်လှန်စစ်နှင့်အတူ လက်နက်ကိုင်အဖွဲ့များ များပြားလာသည်နှင့်အမျှ အဖွဲ့ အချင်းချင်းကြား ပြဿနာများ၊ လက်နက်ကိုင်အဖွဲ့များနှင့်လူထုအကြား ပြဿနာများကို ခပ်စိပ်စိပ်မြင် တွေ့လာကြရခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)
#ဗိုလ်နဂါး

👍14🔥2😁1
'Football Leaks' ဟက်ကာကို ပေါ်တူဂီတရားရုံးက ပြစ်ဒဏ်ချမှတ်
========================
"Football Leaks" ဝက်ဘ်ဆိုက်နောက်ကွယ်မှ ပေါ်တူဂီနိုင်ငံသား ရူလ် ပင်တိုကို ငွေညှစ်ရန် ကြိုးပမ်းမှု၊ ဒေတာတရားမဝင် ဝင်ရောက်မှုနဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်ခြင်း ဒါမဟုတ် လျှို့ဝှက်ချက်ကို ချိုးဖောက်ခြင်းတို့အတွက် တနင်္လာနေ့က လစ္စဘွန်းတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့ကြောင်း တရားသူကြီး မာဂရီဒါ အဲလ်ဗက်စ်က ပြောပါတယ်။

🔥3😁1
ယင်းမာပင်တွင် စစ်ကောင်စီထောက်လှမ်းရေးတပ်သား ပစ်ခတ်ခံရပြီး သေဆုံး
=========================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းအနီးတွင် စစ်ကောင်စီတပ်မှထောက်လှမ်းရေးတပ်သားတဦးကို ဒေသကာကွယ်ရေးရဲဘော်များက စစ်ဆေးမေးမြန်းစဉ် ထွက်ပြေးသွားသော ကြောင့် ပစ်ခတ်ရာသေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)ထံမှ သိရသည်။
ယမန်နေ့(စက်တင်ဘာလ ၁၁ရက်) နံနက် ၁၀ နာရီခန့်က ULF၊ ချိုမိုင်မိုင်နှင့် Peacock Brother Local PDF တို့ပူးပေါင်းပြီး စည်သူသစ်ကွင်းအနီး ကင်းထောက်နေစဉ် စစ်ကောင်စီထောက်လှမ်းရေးတပ်သားတဦးကို တွေ့ရှိခဲ့ခြင်းဟု သိရသည်။
“ထောက်လှမ်းရေးတပ်သားက အရပ်ဝတ်၊အရပ်စားနဲ့ ပြည်သူအယောင်ဆောင်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘက်က မယုံသင်္ကာဖြစ်တာနဲ့ စစ်ဆေးဖို့ လုပ်တဲ့ အချိန်မှာ ထွက်ပြေးတာဖြစ်ပါတယ်။ ကျနော်တို့ နောက်ကနေလိုက်ပြီး ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟုချိုမိုင်မိုင်တပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သည် အသက် ၂၀ ကျော်အရွယ်ရှိပြီး ၎င်း၏ ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သင်္ဂြုလ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ယခုဖြစ်ရပ်ဖြစ်ပွားသော စည်သူသစ်ကွင်းအနီး၌စက်တင်ဘာလ ၆ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ များနှင့်စစ်ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ULFက သတင်းထုတ်ပြန်ထားသည်။
ယင်းမာပင်နှင့်ကနီမြို့နယ်စပ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တလကျော်အကြာ နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။
စာတည်း - အေးချမ်း
#mizzima
#ယင်းမာပင်
#စစ်တပ်ထောက်လှမ်းရေး
#သေဆုံး
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား (Photo - ULF)

👍13👎1🔥1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
=====================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် Our Ambassador – Our Voice စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံ များ ဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုကာ ကြွေးကြော်သံများ ဖြင့် ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၃ ရက် မြောက် ချီတက်ခြင်းဖြစ်ကြောင်းသိ ရသည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
Website Link - https://www.mizzimaburmese.com/article/133253

👍10❤2😁1🤮1
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်ကစားသမား နေမာ ‘ခြေစွမ်းမပြနိုင်အောင်’ ပီရူးနတ်ဆရာတွေ အစီအရင် လုပ်

=======================
By AFP
အရောင်စုံ ခေါင်းစွပ်ဝတ်ရုံတွေ ဝတ်ဆင်ထားကြတဲ့ ပီရူး နတ်ဆရာ တစုဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပီရူး-ဘရာဇီးလ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် မတိုင်ခင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာရဲ့ ပုံစံရုပ်တခုကို ချည်တုပ်ကြရင်းနဲ့ ပွဲစဉ်မှာ နေမာ ခြေစွမ်းမပြနိုင်အောင် ရည်ရွယ်ပြီး မှော်အစီအရင်တွေ လုပ်ကြပါတယ်။
တောတောင်တွေနဲ့ ကမ်းခြေဧရိယာတွေက လာတဲ့ ရိုးရာနတ်ဆရာ အုပ်စုဟာ ကမ္ဘာ့ဖလား ငါးကြိမ် ဆွတ်ခူးထားတဲ့ ဘရာဇီးလ်အသင်းနဲ့ တွေ့ရမယ့် ပွဲစဉ်မှာ ပီရူးအသင်းကို ကူညီ ‘မ’စပေးဖို့ “Tayta Inti” နေနတ်ဘုရားကိုလည်း တိုင်တည်ပန်ကြားကြပါတယ်။
“နေမာကို ခြေချုပ်အစီအရင်လုပ်ထားပြီးတော့ ပွဲမှာ သူ ခြေစွမ်းမပြနိုင်အောင် ကျုပ်တို့ လုပ်ထားတယ်။ ကျုပ်တို့ သူ့ကို ခုလို ချည်တုပ်ထားတာကြောင့် သူ ပုံစံကောင်း ရမှာမဟုတ်သလို ကောင်းကောင်းလည်း ပြေးလွှားကစားနိုင်မှာ မဟုတ်ပါဘူး” လို့ နတ်ဆရာ ဖီးလစ် ရွန်ဒန်က ပြောပါတယ်။
ပီရူးနတ်ဆရာတွေဟာ ပီရူးအမျိုးသားအားကစားကွင်းကြီးရဲ့ အပြင်ဘက်မှာ အဲဒီ အစီအရင်ပြုလုပ်တဲ့ ရိုးရာဓလေ့ပွဲတခုကို လုပ်ခဲ့ကြတာဖြစ်ပြီး အဲဒီမှာ ဓားရှည်တွေ၊ အဆောင်လက်ဖွဲ့တွေ၊ အလံတွေနဲ့ နှစ်ဘက်အသင်းတွေက ကစားသမားတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ အရောင်စုံ ယဇ်ပလ္လင်တခုကို လုပ်ခဲ့ကြပြီး ခရုသင်းတွေ မှုတ်ခဲ့ကြပါတယ်။
အစောပိုင်းတုန်းက သူတို့ဟာ ဝိညာဉ်ကမ္ဘာဆီ တံခါးဖွင့်ဖို့ ဆိုတဲ့ အစွမ်းထက် စိတ်ချောက်ချားစေတယ်ဆိုတဲ့ အစီအရင်ကိုလည်း ယူဆောင်ခဲ့ကြပါတယ်။
ဒီအစီအရင်လုပ်တဲ့ ပွဲဟာ နေမာရဲ့ စိတ်တွေကို နောက်ကျိနေစေအောင် ရည်ရွယ်တာဖြစ်ပြီး ဒါမှလည်း သူဟာ လိုချင်တဲ့ ဂိုးတွေ သွင်းနိုင်မှာ မဟုတ်တော့ဘူးလို့ နတ်ဆရာ ဝေါ်လ်တာ အလာကွန်းက ပြောပါတယ်။
ဒီပွဲစဉ်ဟာ ခက်ခဲမှာဖြစ်ပြီး သရေကျလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။
Photos: AFP
#neymar #shaman #peru #worldcup #နေမာ

👍7🔥1
ပေါလ်ပေါ့ဂ်ဘာ - ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပြစ်မှုအတွက် ယာယီပိတ်ပင်ထား
===================
By PKThawn
ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာဟာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရာဇဝတ်မှုဖြင့် ကစားခွင့် ယာယီ ပိတ်ပင်ထားကြောင်း သိရပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့က ဂျူဗင်တပ်စ်က ၃-၀ ဂိုးနဲ့ အူဒီးနီးစ်ကို အနိုင်ရရှိပြီးနောက် ပေါ့ဂ်ဘာဟာ တက်စတိုစတီရုန်း မြင့်မားတဲ့ အဆင့်တွေ ဆေးစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အီတလီအမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်ရေးခုံရုံး (Nado)က ပြောပါတယ်။
အသက် ၃၀ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ အဲဒီပွဲမှာ ပါဝင်ကစားခွင့်မရဘဲ အရန်ခုံသာ ထိုင်ခံရပေမယ့်လည်း ဆေးစစ်မှုကျကြောင်း အဖြေထွက်ခဲ့ပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး တားမြစ်ဆေး သုံးစွဲကြောင်း ပြစ်မှုထင်ရှားပါက ၂ နှစ်မှ လေးနှစ်အထိ ပိတ်ပင်ခံရနိုင်ပါတယ်။
ဂျူဗင်တပ်စ်အသင်း၏ ထုတ်ပြန်ချက်တစ်ခုမှာ "ဘောလုံးသမား ပေါလ် လီဘိုင် ပေါ့ဂ်ဘာဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေအပြီး အမျိုးသား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခုံရုံးမှ ကြိုတင်ကာကွယ်မှု ဆိုင်းငံ့ရန် အမိန့်ကို ဂျူဗင်တပ်စ်ဘောလုံးအသင်းက ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။
"ကလပ်ဟာ နောက်ထပ်လုပ်ထုံးလုပ်နည်းအဆင့်တွေကို စဉ်းစားပိုင်ခွင့်ရှိပါတယ်။"
ပေါ့ဂ်ဘာဟာ တားမြစ်ထားတဲ့ ပစ္စည်း "Non-endogenous Testosterone metabolites"ကို အဖွဲ့က တွေ့ရှိချိန် ရလဒ်တွေဟာ တားမြစ်ထားတဲ့ ဓာတုဒြပ်ပေါင်းတွေရဲ့ မူလဇစ်မြစ်နဲ့ ကိုက်ညီကြောင်း Nado က ပြောပါတယ်။
တက်စတိုစတီရုန်းဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်ကို တိုးမြင့်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ Nadoအတွက် ရလဒ်အပေါ် တန်ပြန်သုံးသပ်ချက်ထုတ်ဖို့ သုံးရက်ရှိပါတယ်။
ပေါ့ဂ်ဘာဟာ ၂၀၂၂၊ ဇူလိုင်လမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အလွတ်အေးဂျင့်အဖြစ်နဲ့ ထွက်ခွာသွားခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက ၄ နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေါ့ဂ်ဘာဟာ တူရင်ကို ပြန်လာရာမှာ မနှစ်က ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ရှိနေလို့ ရုန်းကန်နေရပါတယ်။
ပေါ့ဂ်ဘာဟာ ဒီနှစ်ရာသီမှာ ဘိုလော့ဂ်နာနဲ့ အမ်ပိုလီအသင်းတို့ ကစားတဲ့ပွဲတွေမှာ လူစားလဲအဖြစ် စုစုပေါင်း ၅၁ မိနစ်အထိသာ ပါဝင်ကစားခဲ့ပါတယ်။
Ref; BBC
Photo: EPA
#Pogba #Juventus #testosterone #ပေါ့ဂ်ဘာ

❤5👍2🔥1
ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅)ဖေ့စ်ဘုတ် စာမျက်နှာအတုဖြင့် အလှူငွေလိမ်လည်ကောက်ခံ
=============================
JC
မဇ္ဈိမ။ ။ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅) ““Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့ဘုတ် စာမျက်နှာသည် အခြားကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား၏ဓာတ်ပုံဖြင့် အလှုငွေ လိမ်လည်ကောက်ခံလျက် ရှိသည်။
“Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုတွင် ကျားဖြူစစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်ပုံများဖြင့် အလှူငွေကောက်ခံနေသည်။ ထိုစာမျက်နှာသည် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ ပြီး ကြိုက်နှစ်သက်သူ ၁,၇၀၀ ကျော်နှင့် စောင့်ကြည့်သူ ၁,၈၀၀ ကျော်ရှိသည်။
ထိုစာမျက်နှာတွင် စက်တင်ဘာ ၆ ရက်နေ့၌ “အရေးပေါ် ရဲဘော်လေးအတွက် ဆေးဖိုးလေးလိုအပ်နေလို့ ပါ တတ်နိုင်သလောက် လှူပေးကြပါအုံးခင်ဗျာ။ အလှူရှင်များ ဘဏ်နံပါတ်လာတောင်းပေးပါခင်ဗျာ” ဟု ဆိုကာ ဒဏ်ရာရ ရဲဘော်တဦး၏ဓါတ်ပုံငါးပုံဖြင့် ဖြန့်ဝေထားသည်။ ယင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၂၅၃ ဦးရှိပြီး ပြန်လည်မျှဝေမှု ၁၁၆ ခုရှိသည်။
မဇ္ဈိမက အဆိုပါအကြောင်းအရာအားစစ်ဆေးခဲ့ရာတွင် ဒဏ်ရာရရဲဘော်မှာ ပဲခူးတိုင်းမှ မဟုတ်သကဲ့သို့ ထိုစာမျက်နှာသည်လည်း စာမျက်နှာအတုဖြစ်ကြောင်း တွေ့ရသည်။
“Bago Region PDF တပ်ခွဲ 5” စာမျက်နှာ၌ဖော်ပြထားသည့် ဒဏ်ရာရရဲဘော်၏ပုံသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှရဲဘော်ကောင်းကောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလက ဒဏ်ရာရခဲ့သည့်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။
အဆိုပါဓါတ်ပုံကို ရဲဘော်ကောင်းကောင်းက ၎င်း၏လူမှုကွန်ရက်တွင် ဇွန်လ ၂၉ ရက်နေ့က တင်ထား သည်။
လင့် - t.ly/yvZlD
မဇ္ဈိမအနေဖြင့် ကာယကံရှင် ရဲဘော်ကောင်းကောင်းကို မေးမြန်းခဲ့ရာတွင်လည်း ၎င်းသည် ပဲခူး PDF မှ မဟုတ်ဘဲ ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် မေလဆန်းက မွန်ပြည်နယ်၊ ရေးမြို့ နယ်၌ မတော်တဆမှုတခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် ဒဏ်ရာအကြောင်းပြ ကာ အလှုခံခြင်းမရှိကြောင်း ပြောသည်။
“ကျွန်တော် ရေးမှာ (ဒဏ်ရာ)ရခဲ့တာပါဗျ။ ဘယ်မီဒီယာမှ မတင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် မှာပဲတင်တာပါ။ ဆေးရုံဆင်းမှတင်ဖြစ်တာပါဗျ။ ပုံပြပြီးအလှူလည်းမခံပါဘူး” ဟု ရဲဘော်ကောင်းကောင်း ကမဇ္ဈိမကိုပြောသည်။
ထို့ပြင် “Bago Region PDF တပ်ခွဲ 5” ဟူသော စာမျက်နှာသည် တရားဝင်စာမျက်နှာမဟုတ်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈၀၂) တာဝန်ရှိသူတို့မှ မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။
“ကျွန်တော်တို့က Bago Region PDF ဆိုတာ ပဲခူးတိုင်းထဲက လှုပ်ရှားနေတဲ့အဖွဲ့တွေကို ဒီ region ထဲကပါလို့ပြောတဲ့သဘောပါ။ ဒါပေမယ့် Bago Region PDF ဆိုပြီး တပ်ရင်းနာမည်မျိုးတော့မဟုတ်ဘူး။ တပ်ရင်းတွေက တပ်ရင်းနံပတ်ဘယ်လောက် တပ်ခွဲဘယ်လောက်ဆိုတာမျိုးပေါ့နော်။ ဒီ Page အတုပေါ် လာတော့ ဒိုက်ဦးဘက်ကလို့ကြားတဲ့အတွက် ဒိုက်ဦးဘက်ကအဖွဲ့တွေကိုလည်း မေးကြည့်ပြီးပါပြီ၊ မဟုတ် ပါဘူး။ ဒါက အတုပါ” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တာဝန်ရှိသူကပြော သည်။
ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တောင်ငူခရိုင်၌ PDF တပ်ရင်း (၃၅၀၁)၊ (၃၅၀၂) ၊ ပဲခူးခရိုင် တွင် PDF တပ်ရင်း (၃၇၀၁)၊ (၃၇၀၂)၊ ပြည်ခရိုင်တွင် PDF တပ်ရင်း (၃၆၀၁)၊ (၃၆၀၂) နှင့် သာယာဝတီ ခရိုင်တွင် PDF တပ်ရင်း (၃၈၀၁)၊ (၃၈၀၂)ဆိုသော တပ်ရင်းရှစ်ရင်းဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။ ထို အထဲတွင် Bago Region PDF တပ်ခွဲ(၅)ဟူသော တပ်ရင်းအမည်မရှိကြောင်း ပဲခူးတိုင်းကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။
အလားတူ ယင်း “Bago Region PDF တပ်ခွဲ 5” စာမျက်နှာသည် ပြည်သူများအား လိမ်လည်အလှူခံနေ သည့် စာမျက်နှာအတုဖြစ်ကြောင်း NUG-MOD လက်အောက်ခံ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင် ဖော်ပြထားသည်။
လင့် - t.ly/M2bQS
ထို့ကြောင့် “Bago Region PDF တပ်ခွဲ 5” ဟူသော ဖေ့စ်ဘုတ်စာမျက်နှာသည် မြေပြင်တွင် အမှန် တကယ်မရှိဘဲ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်၏ ပုံများဖြင့် အလှူငွေလိမ်လည် ကောက်ခံနေသည့် စာမျက်နှာအတုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Bago_PDF
#Fake_Page

👍6🔥2😁2🤬1
စက်တင်ဘာလ (၁၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================
00:59 − စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာနေတဲ့ မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကို ကုလသမဂ္ဂ တိုက်တွန်းတဲ့သတင်း
04:19 − KNLA တပ်မဟာမှူးနဲ့ဗျူဟာမှူး အပြောင်းအလဲတွေဟာ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြောတဲ့သတင်း
06:50 − တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံးနေတဲ့ သတင်းနဲ့
11:30 − ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ တရုတ်နိုင်ငံကို ကမ္ဘောဒီးယားဝန်ကြီးချုပ်သွားရောက် တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/aSX4Js1Nfvc?si=niTQh1pu4A2W9bEs
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၁၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာနေတဲ့ မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကို ကုလသမဂ္ဂ တိုက်တွန်းတဲ့သတင်း
04:19 − KNLA တပ်မဟာမှူးနဲ့ဗျူဟာမှူး အပြောင်းအလဲတွေဟာ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြောတဲ့သတင်း…

👍5🖕1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ရဲ့ နျူကလီးယားအစီအစဉ် တိုးမြင့်လာနေမှုအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားမှာကို စိုးရိမ်ကြောင်း IAEA အကြီးအကဲပြောကြား

👍4😁2