Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် Our Ambassador – Our Voice စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံ များ ဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုကာ ကြွေးကြော်သံများ ဖြင့် ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၃ ရက် မြောက် ချီတက်ခြင်းဖြစ်ကြောင်းသိ ရသည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

Website Link - https://www.mizzimaburmese.com/article/133253
👍10❤2😁1🤮1
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်ကစားသမား နေမာ ‘ခြေစွမ်းမပြနိုင်အောင်’ ပီရူးနတ်ဆရာတွေ အစီအရင် လုပ်
🔥3😁1
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်ကစားသမား နေမာ ‘ခြေစွမ်းမပြနိုင်အောင်’ ပီရူးနတ်ဆရာတွေ အစီအရင် လုပ်
=======================

By AFP
အရောင်စုံ ခေါင်းစွပ်ဝတ်ရုံတွေ ဝတ်ဆင်ထားကြတဲ့ ပီရူး နတ်ဆရာ တစုဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပီရူး-ဘရာဇီးလ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် မတိုင်ခင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာရဲ့ ပုံစံရုပ်တခုကို ချည်တုပ်ကြရင်းနဲ့ ပွဲစဉ်မှာ နေမာ ခြေစွမ်းမပြနိုင်အောင် ရည်ရွယ်ပြီး မှော်အစီအရင်တွေ လုပ်ကြပါတယ်။

တောတောင်တွေနဲ့ ကမ်းခြေဧရိယာတွေက လာတဲ့ ရိုးရာနတ်ဆရာ အုပ်စုဟာ ကမ္ဘာ့ဖလား ငါးကြိမ် ဆွတ်ခူးထားတဲ့ ဘရာဇီးလ်အသင်းနဲ့ တွေ့ရမယ့် ပွဲစဉ်မှာ ပီရူးအသင်းကို ကူညီ ‘မ’စပေးဖို့ “Tayta Inti” နေနတ်ဘုရားကိုလည်း တိုင်တည်ပန်ကြားကြပါတယ်။

“နေမာကို ခြေချုပ်အစီအရင်လုပ်ထားပြီးတော့ ပွဲမှာ သူ ခြေစွမ်းမပြနိုင်အောင် ကျုပ်တို့ လုပ်ထားတယ်။ ကျုပ်တို့ သူ့ကို ခုလို ချည်တုပ်ထားတာကြောင့် သူ ပုံစံကောင်း ရမှာမဟုတ်သလို ကောင်းကောင်းလည်း ပြေးလွှားကစားနိုင်မှာ မဟုတ်ပါဘူး” လို့ နတ်ဆရာ ဖီးလစ် ရွန်ဒန်က ပြောပါတယ်။

ပီရူးနတ်ဆရာတွေဟာ ပီရူးအမျိုးသားအားကစားကွင်းကြီးရဲ့ အပြင်ဘက်မှာ အဲဒီ အစီအရင်ပြုလုပ်တဲ့ ရိုးရာဓလေ့ပွဲတခုကို လုပ်ခဲ့ကြတာဖြစ်ပြီး အဲဒီမှာ ဓားရှည်တွေ၊ အဆောင်လက်ဖွဲ့တွေ၊ အလံတွေနဲ့ နှစ်ဘက်အသင်းတွေက ကစားသမားတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ အရောင်စုံ ယဇ်ပလ္လင်တခုကို လုပ်ခဲ့ကြပြီး ခရုသင်းတွေ မှုတ်ခဲ့ကြပါတယ်။

အစောပိုင်းတုန်းက သူတို့ဟာ ဝိညာဉ်ကမ္ဘာဆီ တံခါးဖွင့်ဖို့ ဆိုတဲ့ အစွမ်းထက် စိတ်ချောက်ချားစေတယ်ဆိုတဲ့ အစီအရင်ကိုလည်း ယူဆောင်ခဲ့ကြပါတယ်။

ဒီအစီအရင်လုပ်တဲ့ ပွဲဟာ နေမာရဲ့ စိတ်တွေကို နောက်ကျိနေစေအောင် ရည်ရွယ်တာဖြစ်ပြီး ဒါမှလည်း သူဟာ လိုချင်တဲ့ ဂိုးတွေ သွင်းနိုင်မှာ မဟုတ်တော့ဘူးလို့ နတ်ဆရာ ဝေါ်လ်တာ အလာကွန်းက ပြောပါတယ်။

ဒီပွဲစဉ်ဟာ ခက်ခဲမှာဖြစ်ပြီး သရေကျလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။

Photos: AFP
#neymar #shaman #peru #worldcup #နေမာ
👍7🔥1
​​ပေါလ်ပေါ့ဂ်ဘာ - ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပြစ်မှုအတွက် ယာယီပိတ်ပင်ထား
===================

By PKThawn
ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာဟာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရာဇဝတ်မှုဖြင့် ကစားခွင့် ယာယီ ပိတ်ပင်ထားကြောင်း သိရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က ဂျူဗင်တပ်စ်က ၃-၀ ဂိုးနဲ့ အူဒီးနီးစ်ကို အနိုင်ရရှိပြီးနောက် ပေါ့ဂ်ဘာဟာ တက်စတိုစတီရုန်း မြင့်မားတဲ့ အဆင့်တွေ ဆေးစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အီတလီအမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်ရေးခုံရုံး (Nado)က ပြောပါတယ်။

အသက် ၃၀ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ အဲဒီပွဲမှာ ပါဝင်ကစားခွင့်မရဘဲ အရန်ခုံသာ ထိုင်ခံရပေမယ့်လည်း ဆေးစစ်မှုကျကြောင်း အဖြေထွက်ခဲ့ပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး တားမြစ်ဆေး သုံးစွဲကြောင်း ပြစ်မှုထင်ရှားပါက ၂ နှစ်မှ လေးနှစ်အထိ ပိတ်ပင်ခံရနိုင်ပါတယ်။

ဂျူဗင်တပ်စ်အသင်း၏ ထုတ်ပြန်ချက်တစ်ခုမှာ "ဘောလုံးသမား ပေါလ် လီဘိုင် ပေါ့ဂ်ဘာဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေအပြီး အမျိုးသား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခုံရုံးမှ ကြိုတင်ကာကွယ်မှု ဆိုင်းငံ့ရန် အမိန့်ကို ဂျူဗင်တပ်စ်ဘောလုံးအသင်းက ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။

"ကလပ်ဟာ နောက်ထပ်လုပ်ထုံးလုပ်နည်းအဆင့်တွေကို စဉ်းစားပိုင်ခွင့်ရှိပါတယ်။"

ပေါ့ဂ်ဘာဟာ တားမြစ်ထားတဲ့ ပစ္စည်း "Non-endogenous Testosterone metabolites"ကို အဖွဲ့က တွေ့ရှိချိန် ရလဒ်တွေဟာ တားမြစ်ထားတဲ့ ဓာတုဒြပ်ပေါင်းတွေရဲ့ မူလဇစ်မြစ်နဲ့ ကိုက်ညီကြောင်း Nado က ပြောပါတယ်။

တက်စတိုစတီရုန်းဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်ကို တိုးမြင့်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ Nadoအတွက် ရလဒ်အပေါ် တန်ပြန်သုံးသပ်ချက်ထုတ်ဖို့ သုံးရက်ရှိပါတယ်။

ပေါ့ဂ်ဘာဟာ ၂၀၂၂၊ ဇူလိုင်လမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အလွတ်အေးဂျင့်အဖြစ်နဲ့ ထွက်ခွာသွားခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက ၄ နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာဟာ တူရင်ကို ပြန်လာရာမှာ မနှစ်က ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ရှိနေလို့ ရုန်းကန်နေရပါတယ်။
ပေါ့ဂ်ဘာဟာ ဒီနှစ်ရာသီမှာ ဘိုလော့ဂ်နာနဲ့ အမ်ပိုလီအသင်းတို့ ကစားတဲ့ပွဲတွေမှာ လူစားလဲအဖြစ် စုစုပေါင်း ၅၁ မိနစ်အထိသာ ပါဝင်ကစားခဲ့ပါတယ်။

Ref; BBC
Photo: EPA

#Pogba #Juventus #testosterone #ပေါ့ဂ်ဘာ
❤5👍2🔥1
​​ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅)ဖေ့စ်ဘုတ် စာမျက်နှာအတုဖြင့် အလှူငွေလိမ်လည်ကောက်ခံ
=============================

JC
မဇ္ဈိမ။ ။ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅) ““Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့ဘုတ် စာမျက်နှာသည် အခြားကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား၏ဓာတ်ပုံဖြင့် အလှုငွေ လိမ်လည်ကောက်ခံလျက် ရှိသည်။

“Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုတွင် ကျားဖြူစစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်ပုံများဖြင့် အလှူငွေကောက်ခံနေသည်။ ထိုစာမျက်နှာသည် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ ပြီး ကြိုက်နှစ်သက်သူ ၁,၇၀၀ ကျော်နှင့် စောင့်ကြည့်သူ ၁,၈၀၀ ကျော်ရှိသည်။

ထိုစာမျက်နှာတွင် စက်တင်ဘာ ၆ ရက်နေ့၌ “အရေးပေါ် ရဲဘော်လေးအတွက် ဆေးဖိုးလေးလိုအပ်နေလို့ ပါ တတ်နိုင်သလောက် လှူပေးကြပါအုံးခင်ဗျာ။ အလှူရှင်များ ဘဏ်နံပါတ်လာတောင်းပေးပါခင်ဗျာ” ဟု ဆိုကာ ဒဏ်ရာရ ရဲဘော်တဦး၏ဓါတ်ပုံငါးပုံဖြင့် ဖြန့်ဝေထားသည်။ ယင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၂၅၃ ဦးရှိပြီး ပြန်လည်မျှဝေမှု ၁၁၆ ခုရှိသည်။

မဇ္ဈိမက အဆိုပါအကြောင်းအရာအားစစ်ဆေးခဲ့ရာတွင် ဒဏ်ရာရရဲဘော်မှာ ပဲခူးတိုင်းမှ မဟုတ်သကဲ့သို့ ထိုစာမျက်နှာသည်လည်း စာမျက်နှာအတုဖြစ်ကြောင်း တွေ့ရသည်။

“Bago Region PDF တပ်ခွဲ 5” စာမျက်နှာ၌ဖော်ပြထားသည့် ဒဏ်ရာရရဲဘော်၏ပုံသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှရဲဘော်ကောင်းကောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလက ဒဏ်ရာရခဲ့သည့်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။
အဆိုပါဓါတ်ပုံကို ရဲဘော်ကောင်းကောင်းက ၎င်း၏လူမှုကွန်ရက်တွင် ဇွန်လ ၂၉ ရက်နေ့က တင်ထား သည်။
လင့် - t.ly/yvZlD

မဇ္ဈိမအနေဖြင့် ကာယကံရှင် ရဲဘော်ကောင်းကောင်းကို မေးမြန်းခဲ့ရာတွင်လည်း ၎င်းသည် ပဲခူး PDF မှ မဟုတ်ဘဲ ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် မေလဆန်းက မွန်ပြည်နယ်၊ ရေးမြို့ နယ်၌ မတော်တဆမှုတခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် ဒဏ်ရာအကြောင်းပြ ကာ အလှုခံခြင်းမရှိကြောင်း ပြောသည်။

“ကျွန်တော် ရေးမှာ (ဒဏ်ရာ)ရခဲ့တာပါဗျ။ ဘယ်မီဒီယာမှ မတင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် မှာပဲတင်တာပါ။ ဆေးရုံဆင်းမှတင်ဖြစ်တာပါဗျ။ ပုံပြပြီးအလှူလည်းမခံပါဘူး” ဟု ရဲဘော်ကောင်းကောင်း ကမဇ္ဈိမကိုပြောသည်။

ထို့ပြင် “Bago Region PDF တပ်ခွဲ 5” ဟူသော စာမျက်နှာသည် တရားဝင်စာမျက်နှာမဟုတ်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈၀၂) တာဝန်ရှိသူတို့မှ မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။

“ကျွန်တော်တို့က Bago Region PDF ဆိုတာ ပဲခူးတိုင်းထဲက လှုပ်ရှားနေတဲ့အဖွဲ့တွေကို ဒီ region ထဲကပါလို့ပြောတဲ့သဘောပါ။ ဒါပေမယ့် Bago Region PDF ဆိုပြီး တပ်ရင်းနာမည်မျိုးတော့မဟုတ်ဘူး။ တပ်ရင်းတွေက တပ်ရင်းနံပတ်ဘယ်လောက် တပ်ခွဲဘယ်လောက်ဆိုတာမျိုးပေါ့နော်။ ဒီ Page အတုပေါ် လာတော့ ဒိုက်ဦးဘက်ကလို့ကြားတဲ့အတွက် ဒိုက်ဦးဘက်ကအဖွဲ့တွေကိုလည်း မေးကြည့်ပြီးပါပြီ၊ မဟုတ် ပါဘူး။ ဒါက အတုပါ” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တာဝန်ရှိသူကပြော သည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တောင်ငူခရိုင်၌ PDF တပ်ရင်း (၃၅၀၁)၊ (၃၅၀၂) ၊ ပဲခူးခရိုင် တွင် PDF တပ်ရင်း (၃၇၀၁)၊ (၃၇၀၂)၊ ပြည်ခရိုင်တွင် PDF တပ်ရင်း (၃၆၀၁)၊ (၃၆၀၂) နှင့် သာယာဝတီ ခရိုင်တွင် PDF တပ်ရင်း (၃၈၀၁)၊ (၃၈၀၂)ဆိုသော တပ်ရင်းရှစ်ရင်းဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။ ထို အထဲတွင် Bago Region PDF တပ်ခွဲ(၅)ဟူသော တပ်ရင်းအမည်မရှိကြောင်း ပဲခူးတိုင်းကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။

အလားတူ ယင်း “Bago Region PDF တပ်ခွဲ 5” စာမျက်နှာသည် ပြည်သူများအား လိမ်လည်အလှူခံနေ သည့် စာမျက်နှာအတုဖြစ်ကြောင်း NUG-MOD လက်အောက်ခံ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင် ဖော်ပြထားသည်။
လင့် - t.ly/M2bQS

ထို့ကြောင့် “Bago Region PDF တပ်ခွဲ 5” ဟူသော ဖေ့စ်ဘုတ်စာမျက်နှာသည် မြေပြင်တွင် အမှန် တကယ်မရှိဘဲ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်၏ ပုံများဖြင့် အလှူငွေလိမ်လည် ကောက်ခံနေသည့် စာမျက်နှာအတုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Bago_PDF
#Fake_Page
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁2🤬1
စက်တင်ဘာလ (၁၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================

00:59 − စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာနေတဲ့ မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကို ကုလသမဂ္ဂ တိုက်တွန်းတဲ့သတင်း

04:19 − KNLA တပ်မဟာမှူးနဲ့ဗျူဟာမှူး အပြောင်းအလဲတွေဟာ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြောတဲ့သတင်း

06:50 − တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံးနေတဲ့ သတင်းနဲ့

11:30 − ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ တရုတ်နိုင်ငံကို ကမ္ဘောဒီးယားဝန်ကြီးချုပ်သွားရောက် တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/aSX4Js1Nfvc?si=niTQh1pu4A2W9bEs

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🖕1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ရဲ့ နျူကလီးယားအစီအစဉ် တိုးမြင့်လာနေမှုအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားမှာကို စိုးရိမ်ကြောင်း IAEA အကြီးအကဲပြောကြား

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁2
မြိုင်တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးလာသူကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းကို မီးရှို့ ဖျက်ဆီး
🔥3🤬3👍1😁1
မြိုင်တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းဆီးလာသူကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းကို မီးရှို့ ဖျက်ဆီး
=====================

KMN
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်၌ စက်တင်လာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အရပ်သားတဦးကိုသတ်ဖြတ်ပြီး ကာကွယ်ရေးစခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာမှ ဖမ်းဆီးခဲ့သော အရပ်သားတဦးကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ညောင်ညိုတောကျေးရွာအရှေ့ဘက်အရောက်တွင် သတ်ဖြတ်သွား ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ ကန်ကြီးရိုးကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးသိန်းလွင်ဖြစ်ကာ စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စဉ် အခြားအမျိုးသား ခုနှစ်ဦးနှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ ဖြစ်သည်။
“နားထင်ကိုသေနတ်နဲ့တေ့ပြီ ပစ်သတ်သွားတာပါ။ ကျန်တဲ့သူတွေက အခုထိ စစ်ကြောင်းမှာ ပါသွားတုန်း လို့ သိရတယ်” ဟု Myaing Intelligent Group အဖွဲ့ဝင် ကိုမိုးမှောင်က မဇ္ဈိမကို ပြောကြားသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၁၁ ရက်နေ့တွင် သင်းပေါင်းကန်ရွာသို့ဝင်ရောက်စဉ်ဒေသကာ ကွယ်ရေးစခန်းတခုဖြစ်သော Anyar Myay Guerrilla Force Myaing တပ်ဖွဲ့၏ စခန်းကိုစီးနင်းပြီး ကား တစီး၊ ဆိုင်ကယ်ငါးစီးနှင့် လက်နက်ခဲယမ်း၊ စုစုပေါင်း ကျပ်သိန်း ၁ဝဝ ကျော်တန်ဖိုးရှိ ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် စစ်ကြောင်းသတင်းများအဖွဲ့မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် သင်းပေါင်းကန်ရွာသို့ဝင်ရောက်စဉ် နေအိမ်များအတွင်းမှ ကြက်၊ ဝက်၊ နွား စသည့် တိရစ္ဆာန်များကိုဖမ်းဆီးသတ်ဖြတ်ကာ ဆန်၊ ကြက်ဥ စသောစားသောက်ကုန်များကို အဓ္မမစားသောက် ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီ၏ တပ်မ(၁၀၁)စစ်ကြောင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ဝန်းကျင်တွင် မြိုင်မြို့နယ် အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ် ကံရာကောင်း ကျေးရွာမှတဆင့် မြိုင်မြို့အနီးရှိ စက်မှု(၂) ကပစစက်ရုံအတွင်း ရောက်ရှိနေကြောင်း သိရသည်။

ပုံအညွန်း - စက်တင်ဘာလ ၁၁ ရက်နေ့တွင် သင်းပေါင်းကန်ရွာ ဒေသခံကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်မှ မီးရိူ့ဖျက်ဆီးမှုမြင်ကွင်း။ (Photo - mygtroopnews)

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#မြိုင်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ဓားစာခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😢2❤1
​​ထားဝယ်မြို့ ဘုရားမဲ စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ နည်းပညာတက္ကသိုလ် အနီးရှိ ဘုရားမဲ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force (DGRF) တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စနိုက်ပါဖြင့် နှစ်ချက် ပစ်ခတ်ပြီးနောက် လက်နက်ကြီးနှင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

"အဲဒီဂိတ်မှာ ကင်းလှည့်ပြီး သွားနေတဲ့ စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခဲ့တယ်၊ ပြီးမှ ၇၉ ၊ ၈၀ မမ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်"ဟု DGRF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး စနိုက်ပါ ထိမှန်ပြီး သေဆုံးသွားကြောင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဆိုသည်။

ဂိတ်တိုက်ခိုက်ခံရပြီးနောက် ဂိတ်စောင့်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပြည်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရှိ‌သော ဘုရားမဲစစ်ဆေးရေးဂိတ်သည် ထားဝယ်- ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိပြီး ပြည်သူ့ ကာကွယ်ရေး တပ်များ၏ မကြာခဏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့၊ ၇ ရက်နေ့နှင့် ၁၁ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဘုရားမဲ
#ထားဝယ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏2👎1🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့ ဗီယက်နမ်ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ နှစ်ဘက် သဘောတူခဲ့ကြ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7🔥1👏1
ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်း
🤬8🔥1