Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

Watch more detail - https://youtu.be/urSRtGWNpV0

#reels
#shorts
#BusinessRoundUp
#MizzimaTV
😁6❤1👍1
​​ER GMLRS ဒုံးကျည်သစ် စမ်းသပ်မှုနှင့်အတူ စံချိန်တင်ခဲ့သည့် Lockheed Martin ကုမ္ပဏီ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို|Business Round Up(12.9.2023)
====================

- စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

- ယာဉ်မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်တဲ့ ဝန်ဆောင်ခကြေးနှုန်းထးာများ သုံးဆတိုးမြှင့် ကောက်ခံ

- မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို

- ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊‌ သင်္ဘောများ သတိပြုကြဖို့ ထုတ်ပြန်

https://youtu.be/urSRtGWNpV0?si=KtpNDeYZBiE5IUTp
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
Media is too big
VIEW IN TELEGRAM
ယာဉ်မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်တဲ့ ဝန်ဆောင်ခကြေးနှုန်းထားများ သုံးဆတိုးမြှင့် ကောက်ခံ

Watch more detail - https://youtu.be/urSRtGWNpV0

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤3👎1
ပုလဲမြို့နယ်အတွင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးဟုဆို
=======================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ကိုးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၁ရက် နေ့လယ်က ပုလဲမြို့မှ အင်အား ၈၅ဦးခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ကျွန်းဘိုကုန်းကျေးရွာနှင့် နွယ်ရှောက်ကျေးရွာအကြားတွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ခြောက်ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA)က စက်တင် ဘာလ ၁၂ရက်နေ့ ယနေ့တွင်ထုတ်ပြန်သည်။

အထိနာသွားသည့်စစ်ကောင်စီတပ်သည် ထိုနေ့ မွန်းလွဲ ၁နာရီ ၃၇မိနစ်မှ ၂နာရီ ၅၀မိနစ်အချိန်အထိ Mi35 စစ်ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာသွားသည့်နေရာသို့ စစ်ကောင်စီတပ်သားများက ရဟတ်ယာဥ်မှ ပစ်ခတ်စဥ် မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းကို အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းBNRAက ထုတ်ပြန်ထားသည်။ ယင်းအချက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

တိုက်ပွဲတွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့အပါအဝင် ယင်းနေရာတဝိုက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယ‌နေ့ စက်တင်ဘာလ ၁၂ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပုလဲမြို့နယ်၊ လှော်ကားကျေးရွာ ရေကာတာပေါ်သို့ ရောက်ရှိလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ် အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေတွင် အင်မထီးပျူရွာသို့ ဝင်ရောက်သွားကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၂) ထံမှ သတင်းရရှိသည်။

စာတည်း - အေးချမ်း

https://youtu.be/ti_LAzLGrdc?si=3PjkCx5oiC2MnOxo

#mizzima
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁2👏1
​​လစ်ဗျား ရေကြီးမှု လူ ၂,၀၀၀ ထက်မနည်း သေဆုံး
====================

လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒန်နီရယ် မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၂,၀၀၀ ခန့် သေဆုံးပြီး အခြားလူထောင်ချီ ပျောက်ဆုံးနေကြောင်း နိုင်ငံအရှေ့ပိုင်းအစိုးရထံမှ သိရသည်။ ဆည်နှစ်ခု ပြိုကျမှုကြောင့်လည်း ရေလွှမ်းမိုးနေသည့် ဧရိယာများတွင် ရေကြီးမှုတို့ကို ပိုဆိုးစေခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို

Watch more detail - https://youtu.be/urSRtGWNpV0

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍5🔥1
​​အစိုးရမူဝါဒများကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူအားလုံးအား ကမ္ဘောဒီးယားဝန်ကြီးချုပ် တိုက်တွန်း 
=====================

မ္ဘောဒီးယား၏ ရည်မှန်းချက်များနှင့် အမြော်အမြင်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ မူဝါဒများကို ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်ကြရန် အဆင့်အသီးသီးက တာဝန်ရှိသူများအား ဝန်ကြီးချုပ် ဟွန်မာနက်က တိုက်တွန်းသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
Media is too big
VIEW IN TELEGRAM
ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊သင်္ဘောများ သတိပြုကြဖို့ ထုတ်ပြန်

Watch more detail - https://youtu.be/urSRtGWNpV0

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍7🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ စက်တင်ဘာ ၂၀၂၃) 
=======================

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့သည် ၎င်းတို့ကိုယ်တိုင် ထိပ်ပိုင်ခေါင်းဆောင် တချို့ နှင့် မိသားစုဝင်များ၏ အကျိုးကိုသာကြည့်ပြီး တိုင်းပြည်ကို ချောက်ထဲဆွဲချနေပြီး တိုင်းရင်းသားများအဖွဲ့အစည်းများနှင့် ပြည်သူ့အစိုးရကို အပြစ်ဖို့ကာ အောက်ခြေတပ်သား များနှင့် ပြည်သူ့စစ်များကို လိုက်လံစည်းရုံးနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
Media is too big
VIEW IN TELEGRAM
Sep - 12 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7🍌2
​​ယာဉ်မှတ်ပုံတင်ဆိုင်ရာ နှုန်းထား ၃ ဆ တိုးကောက်ရန် စစ်ကောင်စီလျာထား
==============

001

(မဇ္စျိမ) ။   ။ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် နှုန်းထားများကို သုံးဆတိုးကောက်ရန် ပြင်ဆင်လျာထားလျက်ရှိကြောင်း နေပြည်တော် က.ည.န အကျိုးဆောင်အသိုင်းအဝိုင်းထံမှ သိရသည်။

“လျာထားတုန်းပဲ၊ အတည်မပြုသေးဘူး၊ စာထွက်နေတာကတော့ အစစ်လား၊ အတုလားမသိဘူး။ ဒါပေမဲ့ လျာထားတယ်လို့ပြောတယ်။ (သုံးဆတိုးကောက်မယ့်ကိစ္စ) ဒီက ရုံးဘက်က ဟုတ်တယ်လို့တော့ ပြောတယ်။ သူတို့အစည်းအဝေးတွေလည်း လုပ်နေတယ်”ဟု အမည်မဖော်လိုသည့် နေပြည်တော် က.ည.န အကျိုးဆောင်တဦးကပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် က.ည.န ၏စာတွင်လည်း ယာဉ်မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ကောက်ခံလျက်ရှိသည့် အခငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံရန် ဖော်ပြထားသည်။

အခြေခံလစာနှုန်းများ ယခင်ကထက် တိုးမြှင့်လာခြင်း၊ ယာဉ်အစီးရေနှင့် ယာဉ်တန်ဖိုးများ မြင့်တက်လာခြင်းနှင့် ယာဉ်မောင်းလိုင်စင်အခငွေနှုန်းထားများကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက ပြောင်းလဲသတ်မှတ်ခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားများကိုလည်း ထပ်မံတိုးမြှင့် ကောက်ခံသွားရမည်ဖြစ်ကြောင်း ပါရှိသည်။

လက်ရှိ လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသည့် ကာလတွင် စစ်ကောင်စီက သတ်မှတ်နှုန်းထားများ တိုးမြှင့်ကောက်ခံရန် လုပ်ဆောင်ခြင်းမှာ အခက်အခဲဖြစ်စေကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

မွန်ပြည်နယ်ရှိ ကုန်တင်ကားပိုင်ရှင်တဦးက “တခြားနယ်ကတော့ မသိဘူး။ မွန်ပြည်နယ်က ကားတွေကတော့ ရပ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆို မွန်ပြည်နယ်ဘက်ကို တော်ရုံတန်ရုံကား မလာချင်ကြဘူး။ ပြန်လို့ရှိရင် ကုန်မရှိလို့။ ဒီလိုတိုးကောက်ရင်တော့ ကားအုံနာတွေ ပိုက်ဆံပိုကုန်တာပေါ့။ အလုပ်က နဂိုကတည်းက အဆင်မပြေတဲ့ကြားထဲ”ဟု ပြောသည်။

နေပြည်တော်တွင် သုံးဘီးဆိုင်ကယ်( အိုးဝေ) ပြေးဆွဲနေသည့် အမျိုးသားတဦးကလည်း “အဲ့ဒီတိုင်းဆိုရင်တော့ ဘယ်အဆင်ပြေမလဲ။ မဆိုင်တာကြီးကို၊ သဘောက ၁၀၀,၀၀၀ ကျမယ့်ဟာကို ၃၀၀,၀၀၀ ဆိုရင်တော့ ဘယ်လိုလုပ်အဆင်ပြေမလဲ။ အခု ဆီဈေးနဲ့ EV ကားတွေနဲ့ ဆိုတော့ အရင်လောက်တော့ မကိုက်တော့ဘူး။ အခုဆီဈေးက ၂,၃၀၀ ကျော်တယ်လေ”ဟု ဆိုသည်။

ယာဉ်မှတ်ပုံတင်ဆိုင်ရာ နှုန်းထားများကို သုံးဆခန့်တိုးမြှင့် သတ်မှတ်ရန် အခြေခံလျာထားတွက်ချက်ပြီးဖြစ်ကာ စက်တင်ဘာလ ၁၃ ရက်နေ့ အကြံပြုပြန်ကြားပေးရန် က.ည.နက သက်ဆိုင်ရာဌာနများကို အကြောင်းကြားထားကြောင်း ပျံ့နှံ့နေသည့် ညွှန်ကြားစာအရ သိရသည်။

ယင်းကိစ္စကို စစ်​ကောင်စီ၏ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၏ websiteတွင် တရားဝင်ထုတ်ပြန်ထားခြင်း မရှိ​သေး​ပေ။

ထို့​ကြောင့် သီးခြားအတည်ပြုနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အစည်းအဝေးလုပ်နေသည့်အတွက် ပြန်ကြားရေးတာဝန်ခံထံ ဆက်သွယ်ရန် ပြောဆိုသဖြင့် တာဝန်ခံထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
#website
#ယာဉ်မှတ်ပုံတင်
#EV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2❤1😱1
​​ရက်ပေါင်း ၇၀ ကျော် ပိတ်ဆို့ထားသည့် ကလေး-တမူးလမ်း ပြန်ပွင့်
================

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး-တမူးလမ်းကို စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ရက် ၇၀ ကျော်ပိတ်ဆို့ထားခဲ့ရာမှ ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ် ပန်းသာကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ လက်နက် ကိုင်တပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များမှ ဇွန်လ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် ကလေး - တမူးလမ်း ပိတ်ဆို့သွားခြင်းဖြစ်သည်။

လမ်းပိတ်ချိန်တွင် ကလေးမြို့မှ ဘုတ်ကန်အထိသွားလာနိုင်ခဲ့ပြီး ယင်းမှတဆင့် အိန္ဒိယနိုင်ငံအတွင်းမှ ဖြတ်ကာ တမူးမြို့သို့ စားသောက်ကုန်နှင့် ကုန်စည်များသယ်ယူခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“တမူး-ကလေးလမ်း ပွင့်သွားပါပြီ၊ အခု ကားတွေသွားလာနေပါတယ်။ စစ်ကောင်စီတပ်က လမ်းကို သူတို့ ဖွင့်ပေးတာဆိုတဲ့သဘောနဲ့ အမှတ်ယူနေတယ်” ဟု တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် တမူး-ကလေးလမ်း သွားလာနိုင်ရေးလုပ်ဆောင်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က သုံး သပ်ပြောဆိုသည်။

စစ်ကောင်စီက ၎င်းတို့ပြုလုပ်ရန်ရည်ရွယ်ထားသောရွေးကောက်ပွဲအတွက် ပြည်သူလူထုကို စည်းရုံးရာ တွင် စားဝတ်နေရေးပြေလည်စေရန် ၎င်းတို့မှဖြေရှင်းပေးသည့်ပုံစံမျိုး ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်များကို သတိဖြင့်စောင့်ကြည့်ပြီး သွားလာနေထိုင်ကြရန် လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က သတိပေးသည်။

တမူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များအင်အားကောင်းသကဲ့သို့ တော်လှန်ရေးအဖွဲ့ အစည်းအများအပြားရှိကာ ၎င်းတို့အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေး-တမူးလမ်း
#နယ်စပ်ကုန်သွယ်ရေး 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
စက်တင်ဘာလ (၁၂) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 
=================

- နှစ်ဖက်ဆွေးနွေးမှုအပေါ် NUG ရဲ့ ထုတ်ပြန်မှုကို ဘာမှမပြောလိုကြောင်း ဗိုလ်နဂါး မှတ်ချက်ပြုတဲ့ သတင်း 

- မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ့်တဲ့ သတင်း 

- စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်တဲ့ သတင်း

- KNLA တပ်မဟာမှူးနဲ့ ဗျူဟာမှူး အပြောင်းအလဲတွေဟာ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြောတဲ့သတင်း 

- တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံးတဲ့ သတင်းနဲ့ 

-တရုတ်ကိုစိုးရိမ်မှုတွေကြီးထွားလာတာနဲ့အတူ အမေရိကန်နဲ့ဗီယက်နမ်ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ နှစ်ဘက်သဘောတူခဲ့ကြ တဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/4B1lyPiQPQI?si=UInMxbcLSz0h1jQs

#7pmnews 
#themizzimaprimetime 
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
ကနောင်စစ်ဆင်ရေး"အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် ၇၀ ကျော် သေဆုံးဟု ထုတ်ပြန်
👍13👏2❤1🔥1😁1