Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လစ်ဗျား ရေကြီးမှု လူ ၂,၀၀၀ ထက်မနည်း သေဆုံး
====================

လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒန်နီရယ် မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၂,၀၀၀ ခန့် သေဆုံးပြီး အခြားလူထောင်ချီ ပျောက်ဆုံးနေကြောင်း နိုင်ငံအရှေ့ပိုင်းအစိုးရထံမှ သိရသည်။ ဆည်နှစ်ခု ပြိုကျမှုကြောင့်လည်း ရေလွှမ်းမိုးနေသည့် ဧရိယာများတွင် ရေကြီးမှုတို့ကို ပိုဆိုးစေခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်မားနေဆဲလို့ ကုလဆို

Watch more detail - https://youtu.be/urSRtGWNpV0

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍5🔥1
​​အစိုးရမူဝါဒများကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူအားလုံးအား ကမ္ဘောဒီးယားဝန်ကြီးချုပ် တိုက်တွန်း 
=====================

မ္ဘောဒီးယား၏ ရည်မှန်းချက်များနှင့် အမြော်အမြင်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ မူဝါဒများကို ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်ကြရန် အဆင့်အသီးသီးက တာဝန်ရှိသူများအား ဝန်ကြီးချုပ် ဟွန်မာနက်က တိုက်တွန်းသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
Media is too big
VIEW IN TELEGRAM
ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊သင်္ဘောများ သတိပြုကြဖို့ ထုတ်ပြန်

Watch more detail - https://youtu.be/urSRtGWNpV0

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍7🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ စက်တင်ဘာ ၂၀၂၃) 
=======================

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့သည် ၎င်းတို့ကိုယ်တိုင် ထိပ်ပိုင်ခေါင်းဆောင် တချို့ နှင့် မိသားစုဝင်များ၏ အကျိုးကိုသာကြည့်ပြီး တိုင်းပြည်ကို ချောက်ထဲဆွဲချနေပြီး တိုင်းရင်းသားများအဖွဲ့အစည်းများနှင့် ပြည်သူ့အစိုးရကို အပြစ်ဖို့ကာ အောက်ခြေတပ်သား များနှင့် ပြည်သူ့စစ်များကို လိုက်လံစည်းရုံးနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
Media is too big
VIEW IN TELEGRAM
Sep - 12 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7🍌2
​​ယာဉ်မှတ်ပုံတင်ဆိုင်ရာ နှုန်းထား ၃ ဆ တိုးကောက်ရန် စစ်ကောင်စီလျာထား
==============

001

(မဇ္စျိမ) ။   ။ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် နှုန်းထားများကို သုံးဆတိုးကောက်ရန် ပြင်ဆင်လျာထားလျက်ရှိကြောင်း နေပြည်တော် က.ည.န အကျိုးဆောင်အသိုင်းအဝိုင်းထံမှ သိရသည်။

“လျာထားတုန်းပဲ၊ အတည်မပြုသေးဘူး၊ စာထွက်နေတာကတော့ အစစ်လား၊ အတုလားမသိဘူး။ ဒါပေမဲ့ လျာထားတယ်လို့ပြောတယ်။ (သုံးဆတိုးကောက်မယ့်ကိစ္စ) ဒီက ရုံးဘက်က ဟုတ်တယ်လို့တော့ ပြောတယ်။ သူတို့အစည်းအဝေးတွေလည်း လုပ်နေတယ်”ဟု အမည်မဖော်လိုသည့် နေပြည်တော် က.ည.န အကျိုးဆောင်တဦးကပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် က.ည.န ၏စာတွင်လည်း ယာဉ်မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ကောက်ခံလျက်ရှိသည့် အခငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံရန် ဖော်ပြထားသည်။

အခြေခံလစာနှုန်းများ ယခင်ကထက် တိုးမြှင့်လာခြင်း၊ ယာဉ်အစီးရေနှင့် ယာဉ်တန်ဖိုးများ မြင့်တက်လာခြင်းနှင့် ယာဉ်မောင်းလိုင်စင်အခငွေနှုန်းထားများကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက ပြောင်းလဲသတ်မှတ်ခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားများကိုလည်း ထပ်မံတိုးမြှင့် ကောက်ခံသွားရမည်ဖြစ်ကြောင်း ပါရှိသည်။

လက်ရှိ လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသည့် ကာလတွင် စစ်ကောင်စီက သတ်မှတ်နှုန်းထားများ တိုးမြှင့်ကောက်ခံရန် လုပ်ဆောင်ခြင်းမှာ အခက်အခဲဖြစ်စေကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

မွန်ပြည်နယ်ရှိ ကုန်တင်ကားပိုင်ရှင်တဦးက “တခြားနယ်ကတော့ မသိဘူး။ မွန်ပြည်နယ်က ကားတွေကတော့ ရပ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆို မွန်ပြည်နယ်ဘက်ကို တော်ရုံတန်ရုံကား မလာချင်ကြဘူး။ ပြန်လို့ရှိရင် ကုန်မရှိလို့။ ဒီလိုတိုးကောက်ရင်တော့ ကားအုံနာတွေ ပိုက်ဆံပိုကုန်တာပေါ့။ အလုပ်က နဂိုကတည်းက အဆင်မပြေတဲ့ကြားထဲ”ဟု ပြောသည်။

နေပြည်တော်တွင် သုံးဘီးဆိုင်ကယ်( အိုးဝေ) ပြေးဆွဲနေသည့် အမျိုးသားတဦးကလည်း “အဲ့ဒီတိုင်းဆိုရင်တော့ ဘယ်အဆင်ပြေမလဲ။ မဆိုင်တာကြီးကို၊ သဘောက ၁၀၀,၀၀၀ ကျမယ့်ဟာကို ၃၀၀,၀၀၀ ဆိုရင်တော့ ဘယ်လိုလုပ်အဆင်ပြေမလဲ။ အခု ဆီဈေးနဲ့ EV ကားတွေနဲ့ ဆိုတော့ အရင်လောက်တော့ မကိုက်တော့ဘူး။ အခုဆီဈေးက ၂,၃၀၀ ကျော်တယ်လေ”ဟု ဆိုသည်။

ယာဉ်မှတ်ပုံတင်ဆိုင်ရာ နှုန်းထားများကို သုံးဆခန့်တိုးမြှင့် သတ်မှတ်ရန် အခြေခံလျာထားတွက်ချက်ပြီးဖြစ်ကာ စက်တင်ဘာလ ၁၃ ရက်နေ့ အကြံပြုပြန်ကြားပေးရန် က.ည.နက သက်ဆိုင်ရာဌာနများကို အကြောင်းကြားထားကြောင်း ပျံ့နှံ့နေသည့် ညွှန်ကြားစာအရ သိရသည်။

ယင်းကိစ္စကို စစ်​ကောင်စီ၏ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၏ websiteတွင် တရားဝင်ထုတ်ပြန်ထားခြင်း မရှိ​သေး​ပေ။

ထို့​ကြောင့် သီးခြားအတည်ပြုနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အစည်းအဝေးလုပ်နေသည့်အတွက် ပြန်ကြားရေးတာဝန်ခံထံ ဆက်သွယ်ရန် ပြောဆိုသဖြင့် တာဝန်ခံထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
#website
#ယာဉ်မှတ်ပုံတင်
#EV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2❤1😱1
​​ရက်ပေါင်း ၇၀ ကျော် ပိတ်ဆို့ထားသည့် ကလေး-တမူးလမ်း ပြန်ပွင့်
================

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး-တမူးလမ်းကို စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ရက် ၇၀ ကျော်ပိတ်ဆို့ထားခဲ့ရာမှ ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ် ပန်းသာကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ လက်နက် ကိုင်တပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များမှ ဇွန်လ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် ကလေး - တမူးလမ်း ပိတ်ဆို့သွားခြင်းဖြစ်သည်။

လမ်းပိတ်ချိန်တွင် ကလေးမြို့မှ ဘုတ်ကန်အထိသွားလာနိုင်ခဲ့ပြီး ယင်းမှတဆင့် အိန္ဒိယနိုင်ငံအတွင်းမှ ဖြတ်ကာ တမူးမြို့သို့ စားသောက်ကုန်နှင့် ကုန်စည်များသယ်ယူခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“တမူး-ကလေးလမ်း ပွင့်သွားပါပြီ၊ အခု ကားတွေသွားလာနေပါတယ်။ စစ်ကောင်စီတပ်က လမ်းကို သူတို့ ဖွင့်ပေးတာဆိုတဲ့သဘောနဲ့ အမှတ်ယူနေတယ်” ဟု တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် တမူး-ကလေးလမ်း သွားလာနိုင်ရေးလုပ်ဆောင်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က သုံး သပ်ပြောဆိုသည်။

စစ်ကောင်စီက ၎င်းတို့ပြုလုပ်ရန်ရည်ရွယ်ထားသောရွေးကောက်ပွဲအတွက် ပြည်သူလူထုကို စည်းရုံးရာ တွင် စားဝတ်နေရေးပြေလည်စေရန် ၎င်းတို့မှဖြေရှင်းပေးသည့်ပုံစံမျိုး ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်များကို သတိဖြင့်စောင့်ကြည့်ပြီး သွားလာနေထိုင်ကြရန် လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က သတိပေးသည်။

တမူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များအင်အားကောင်းသကဲ့သို့ တော်လှန်ရေးအဖွဲ့ အစည်းအများအပြားရှိကာ ၎င်းတို့အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေး-တမူးလမ်း
#နယ်စပ်ကုန်သွယ်ရေး 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
စက်တင်ဘာလ (၁၂) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 
=================

- နှစ်ဖက်ဆွေးနွေးမှုအပေါ် NUG ရဲ့ ထုတ်ပြန်မှုကို ဘာမှမပြောလိုကြောင်း ဗိုလ်နဂါး မှတ်ချက်ပြုတဲ့ သတင်း 

- မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ့်တဲ့ သတင်း 

- စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်တဲ့ သတင်း

- KNLA တပ်မဟာမှူးနဲ့ ဗျူဟာမှူး အပြောင်းအလဲတွေဟာ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြောတဲ့သတင်း 

- တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံးတဲ့ သတင်းနဲ့ 

-တရုတ်ကိုစိုးရိမ်မှုတွေကြီးထွားလာတာနဲ့အတူ အမေရိကန်နဲ့ဗီယက်နမ်ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ နှစ်ဘက်သဘောတူခဲ့ကြ တဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/4B1lyPiQPQI?si=UInMxbcLSz0h1jQs

#7pmnews 
#themizzimaprimetime 
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
ကနောင်စစ်ဆင်ရေး"အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် ၇၀ ကျော် သေဆုံးဟု ထုတ်ပြန်
👍13👏2❤1🔥1😁1
"ကနောင်စစ်ဆင်ရေး"အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် ၇၀ ကျော် သေဆုံးဟု ထုတ်ပြန်
===================

001

(မဇ္စျိမ) ။   ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မန္တလေး PDF တို့ ပူးပေါင်းဆင်နွှဲနေသည့် “ ကနောင်စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တဦးအပါအဝင် ၇၀ ကျော်သေဆုံးခဲ့ကြောင်း Mandalay People’s Defence Force က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးစတင်သည့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ယခု စက်တင်ဘာလအထိ သုံးလဆက်တိုက် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နှင့် ပြင်ဦးလွင် - မိုးကုတ်လမ်းပိုင်းတို့တွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လအတွင်း မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်(၁၀၁၄) ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ပြီး ကာကင်းစခန်းတခုကို ဝင်ရောက်စီးနင်းခြင်း၊ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Mandalay PDF က ထုတ်ပြန်သည်။

ဩဂုတ်လအတွင်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီးတနေရာတွင် စစ်ကောင်စီယာဉ်တန်းအား ချုံခိုတိုက်ခိုက်ခြင်း၊ TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များဆုတ်ခွာရာလမ်းကြောင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

ယခု စက်တင်ဘာလအတွင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ပစ်ကူများစွာဖြင့် တိုက်ခိုက်ပြီး PDF ပူးပေါင်းအဖွဲ့ဘက်မှလည်း ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပြင်ဦးလွင် - မိုးကုတ်လမ်းပိုင်းပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းတိုက်ပွဲတွင်မူ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြီး စွန့်ခွာထွက်ပြေးသွားသည့်အတွက် တာဝါတိုင်ကုန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း Mandalay PDF ကဆိုထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တဦး၊ အရာရှိ တဦး၊ စစ်ကြောင်းမှူး တဦး၊ ဒု- စစ်ကြောင်းမှူးတဦးအပါအဝင် ၇၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အ​မြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ကာ TNLA နှင့် PDF ပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုများအပေါ် မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

TNLAနှင့် ပူးပေါင်းဆင်နွှဲနေသည့် “ကနောင်စစ်ဆင်ရေး”သည် ပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိတွင်လည်း စစ်ကောင်စီ၏ တပ်မ (၉၉)၊ တပ်မ (၁၀၁) လက်အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇)နှင့် စကခ(၁) လက်အောက်ခံ ခမရ( ၅၀၂ )တို့မှ အင်အား ၄၀၀ ဝန်းကျင်ခန့်နှင့် ထိပ်တိုက်ဆိုင်ထားကာ စစ်ရေးတင်းမာလျက်ရှိကြောင်း Mandalay PDF က အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#TNLA 
#PDF 
#ပူးပေါင်းအဖွဲ့
#Mandalay 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥5❤2😁2👏1
စက်တင်ဘာလ (၁၂) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

 KNLA တပ်မဟာမှူးနဲ့ ဗျူဟာမှူး အပြောင်းအလဲတွေကို နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးထူးခြားခြားသက်ရောက်မှုမရှိဘူလို့ KNU ပြောတဲ့သတင်းတွေနဲ့အတူ ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်တယ်ဆိုတဲ့ အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ရုရှားကိုရောက်နေပြီဆိုတဲ့ အကြောင်းနဲ့အတူ လစ်ဗျား ရေကြီးမှုမှာ လူထောင်နဲ့ချီပြီးသေဆုံးထားတယ်ဆိုတဲ့ အကြောင်း တွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်ကို နားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/8GryWuIu0eI?si=VHshqAS5DEt_fl80

#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1👌1
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်း ဖက်မှု ဆန့်ကျင်ဆန္ဒပြ
=================

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီး‌များအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ” စာတန်းဆောင် ချီတက်ခဲ့ခြင်းဖြစ်ပြီး ‌ဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

https://youtu.be/9S0sWLwkw4o?si=tyfPJ8lEdYChbSW9


#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1
​​၁၅ မိနစ်အားသွင်းရုံဖြင့် ၂၄၈ မိုင်အထိ သွားလာနိုင်သည့် မာစီးဒီးစ်ကုမ္ပဏီထုတ် လျှပ်စစ်ကားများ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2😁2👍1
လောင်းလုံးတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်း ဖက်မှု ဆန့်ကျင်ဆန္ဒပြ
================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီး‌များအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ” စာတန်းဆောင် ချီတက်ခဲ့ခြင်းဖြစ်ပြီး ‌ဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ
👍13🤮1