စက်တင်ဘာလ (၁၂) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
KNLA တပ်မဟာမှူးနဲ့ ဗျူဟာမှူး အပြောင်းအလဲတွေကို နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးထူးခြားခြားသက်ရောက်မှုမရှိဘူလို့ KNU ပြောတဲ့သတင်းတွေနဲ့အတူ ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်တယ်ဆိုတဲ့ အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ရုရှားကိုရောက်နေပြီဆိုတဲ့ အကြောင်းနဲ့အတူ လစ်ဗျား ရေကြီးမှုမှာ လူထောင်နဲ့ချီပြီးသေဆုံးထားတယ်ဆိုတဲ့ အကြောင်း တွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်ကို နားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/8GryWuIu0eI?si=VHshqAS5DEt_fl80
#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၁၂) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
KNLA တပ်မဟာမှူးနဲ့ ဗျူဟာမှူး အပြောင်းအလဲတွေကို နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေအပေါ် ထူးထူးခြားခြားသက်ရောက်မှုမရှိဘူလို့ KNU ပြောတဲ့သတင်းတွေနဲ့အတူ ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်တယ်ဆိုတဲ့ အကြောင်းတွေ ပါဝင်တဲ့…
👍11🔥1👌1
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်း ဖက်မှု ဆန့်ကျင်ဆန္ဒပြ
=================
ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ” စာတန်းဆောင် ချီတက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
https://youtu.be/9S0sWLwkw4o?si=tyfPJ8lEdYChbSW9
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့…
👍11🤮1
၁၅ မိနစ်အားသွင်းရုံဖြင့် ၂၄၈ မိုင်အထိ သွားလာနိုင်သည့် မာစီးဒီးစ်ကုမ္ပဏီထုတ် လျှပ်စစ်ကားများ
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2😁2👍1
လောင်းလုံးတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်း ဖက်မှု ဆန့်ကျင်ဆန္ဒပြ
================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ” စာတန်းဆောင် ချီတက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ
================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ” စာတန်းဆောင် ချီတက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ
👍13🤮1
ပဟေဠိဆန်သည့် အဲလစ်ကွင်းများအား ပထမဆုံးအကြိမ် စောင့်ကြည့်လေ့လာ
=======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
မိုးကြောင့် ပင်လည်ဘူး- ဖောင်းပြင်ကားလမ်းပျက်စီးပြီး ကုန်တင်ကားအစီး ၃၀၀ကျော် ပိတ်မိနေ
🔥4👍3

========================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်း မိုးရွာသွန်းမှုကြောင့် ပင်လည်ဘူး-ဖောင်းပြင်ကားလမ်းပိုင်းပျက်စီးပြီး ကုန်တင်ကား အစီးရေ ၃၀၀ကျော် ပိတ်မိနေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပင်လည်ဘူး- ဖောင်းပြင်ကားလမ်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပေကုန်းကျေးရွာအနီးတွင် ရွံ့ဖွက်များထပြီး လမ်းချော်နေ၍ ကားများ မောင်းနှင်မရတော့ကြောင်းသိရသည်။ ပိတ်ဆို့နေသည့် ရက်ပေါင်း ၂၀ ကျော်လာ၍ အခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသခံများကပြောသည်။
“မုံရွာ-ပင်လည်ဘူး-ဖောင်းပြင်-ခန္တီးတို့ကို လာတဲ့ ကုန်စည်ကားတွေပိတ်မိတာဖြစ်တယ်။ အဲဒီမှာ ပိတ်နေတဲ့အတွက် ကျွန်တော်တို့ ဒီအထက်ပိုင်းက ကုန်စည်စီးဆင်းမှုအရ နှောင့်နှေးကြန့်ကြာမှုဖြစ်တယ်။ အထက်ပိုင်းခန္တီးမှာကျတော့ ကုန်ဈေးနှုန်းတွေမြင့်တက်သွားတယ်” ဟု ခန္တီးဒေသခံ ကိုအောင်ဆန်းက ပြောသည်။
ပင်လည်ဘူးမြို့နယ်တွင် မြို့ပေါ်မှလွဲ၍ ကျန်ဒေသများ၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမရှိတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နယ်မြေစိုးမိုးထားနနိုင်သည်ဟု ဒေသခံများကပြောသည်။
လမ်းပိတ်ဆို့နေမှုကို ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ကိုင်တွယ်ဖြေရှင်းနေသော်လည်း နှောင့်နှေးနေသလို ကားများထံမှ ငွေတောင်းခံမှုများရှိနေကြောင်း ခရီးသွားအချို့ကပြောသည်။
" NUG အစိုးရအတွက်အခွန်က ဆောင်တယ်။ ဒါပေမယ့် အဲ့အခွန်အပြင် ထပ်တောင်းနေတယ်။ ဒါတွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့လိုတယ်" ဟု ကိုအောင်ဆန်းက ဆက်ပြောသည်။
ပင်လည်ဘူး-ဖောင်းပြင်ကားလမ်းပိုင်းသည် ဖောင်းပြင်-မော်လိုက်-ဟုမ္မလင်း-ခန္တီး စသည့်မြို့များ၏ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကလမ်းကြောင်းဖြစ်သည်။ လမ်းပြုပြင်နိုင်ရန် ကြိုးစားနေသည်ဟု ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က မဇ္စျိမအားပြောသည်။
“လမ်းပြုပြင်ထိန်းသိမ်းဖို့ အတွက် ငွေကြေးကောက်ခံပါတယ်။ ဒီလိုကောက်ခံမှုမရှိရင် ပြုပြင်နိုင်မှာမဟုတ်ဘူး။ ဒေသခံတွေကိုပြောပေးစေချင်တာကတော့ဒီလိုအခက်အခဲကာလမှာ ပူးပေါင်းဆောင်ရွက်ပေးကြပါ။ မရှင်းတာရှိရင်ပွင့်လင်းစွာလာရောက်ဆွေးနွေးနိုင်ပါတယ်။ အကြံပြုပေးကြဖို့ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကားလမ်းပိုင်းပျက်စီးနေသည့်နေရာအား လူအင်အား ၇၀၊ ဘက်ဟိုးတစီး၊ လယ်ထွန်စက်နှစ်စီးဖြင့် နေ့ညအချိန်ယူပြုပြင်နေသည်ဟု
ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။
ကားလမ်းပျက်စီးမှုကြောင့် ကုန်စည်စီးဆင်းမှုမရှိ၍ အခြေခံစားသောက်ကုန်များ ဈေးတက်နေ သောကြောင့် ဒေသခံများအတွက် စားဝတ်နေရေး အကျပ်အတည်းကြုံတွေ့နေသည်ဟု ကိုအောင်ဆန်းကပြောသည်။
“လမ်းမပိတ်ခင်စက်သုံးဆီ ခုနစ်သိန်း။ အခုလမ်းပိတ်တော့ ၁၁သိန်း၊ ဆန်တအိတ် အရင် တသိန်းနှစ်သောင်း အခု နှစ်သိန်းရှိနေပြီ” ဟု ၎င်းကဆိုသည်။
လတ်တလောတွင် စစ်ကိုင်းတိုင်း မြို့နယ်အချို့၌ မိုးရွာသွန်းမှုများရှိနေသည်။ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေလည်း ပြန်လည်မြင့်တက်လာသည်။
မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလအတွင်း မုတ်သုံလေအားကောင်းကာ ဒေသအများစု မိုးကြီးနိုင်ကြောင်း NUGအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။
စာတည်း - အေးချမ်း
#mizzima
#စစ်ကိုင်းတိုင်း
#ပင်လည်ဘူး-ဖောင်းပြင်ကားလမ်း
#ပျက်စီး

👍6🔥4
ယာဉ်လိုင်စင်သက်တမ်းတိုးရာ၌ အခွန်တိုးကောက်မည်ကို သတိပေးသည့်အနေဖြင့် အခွန်ရုံးကို ဗုံးဖြင့် တိုက်ခိုက်ဟုဆို
=====================
007
(မဇ္ဈိမ)။ ။မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀ နှင့် ၁၀၂ လမ်းထောင့်ရှိ မြို့နယ် ပြည်တွင်းအခွန် များဦးစီးဌာနရုံးကို စက်တင်ဘာလ ၁၁ ရက်နေ့မွန်းလွဲပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော No More Dictatorship People’s Defence Force-NMD အဖွဲ့ က သတင်းထုတ်ပြန်သည်။
ကားနှင့်ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် ကုန်လမ်းပို့ဆောင်ရေးနှင့်ဆိုင်သော အခွန်အခအား သုံးဆတိုးကောက်ခံရန် ဆောင်ရွက်နေခြင်းကြောင့် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“ပြည်သူတွေရဲ့အိုးအိမ်တွေ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းတွေအပြင် အခွန်ဘဏ္ဍာဆိုင်ရာတွေနဲ့လည်း မျိုးစုံ ဒုက္ခပေးနေတယ်။ ပြည်သူတွေကို မလွှဲသာမရှောင်သာ ဆိုင်ကယ်၊ ကားလိုင်စင်အခွန်ဆောင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ကိုယ်စား ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်” ဟု NMD အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုတစုံတရာမရှိ ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကဆိုသည်။
“လက်ပစ်ဗုံးနဲ့ ပစ်သွားတာပါ၊ ရုံးထဲ အထိအခိုက် မရှိပါဘူး” ဟု ၎င်းက ပြောသည်။ NMD အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း၊ ၁၀၁ လမ်းနှင့် ၁၀၂ လမ်းကြားရှိ ရသုံးမှန်းခြေ ငွေစာရင်းရုံးအား ဒုတိယအကြိမ် ဗုံးဖြင့်တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တရား လည်ပတ်စေရန် အလုပ်လုပ်ပေးနေသောရုံးဖြစ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် မော်တော်ယာဉ်မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အခွန်ငွေများ တိုးမြှင့် ကောက်ခံရန်ပြင်ဆင်နေပြီး လတ်တလောထုတ်ပြန်ထားသော ညွှန်ကြားစာများအရ လက်ရှိထက် သုံးဆ တိုးမြှင့်ကောက်ခံသွားရန် လျာထားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#မန္တလေးမြို့
#အခွန်ရုံး
#ဗုံးဖြင့်တိုက်ခိုက်

👍8🔥2👏2🤬1🤮1