Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လောင်းလုံးတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်း ဖက်မှု ဆန့်ကျင်ဆန္ဒပြ
================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ပိုင်းက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး မဟာဖိုဝါဒနှင့် အမျိုးသမီး‌များအပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို “မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သင်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ” စာတန်းဆောင် ချီတက်ခဲ့ခြင်းဖြစ်ပြီး ‌ဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ
👍13🤮1
​​ပဟေဠိဆန်သည့် အဲလစ်ကွင်းများအား ပထမဆုံးအကြိမ် စောင့်ကြည့်လေ့လာ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
မိုးကြောင့် ပင်လည်ဘူး- ဖောင်းပြင်ကားလမ်းပျက်စီးပြီး ကုန်တင်ကားအစီး ၃၀၀ကျော် ပိတ်မိနေ
🔥4👍3
မိုးကြောင့် ပင်လည်ဘူး- ဖောင်းပြင်ကားလမ်းပျက်စီးပြီး ကုန်တင်ကားအစီး ၃၀၀ကျော် ပိတ်မိနေ
========================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်း မိုးရွာသွန်းမှုကြောင့် ပင်လည်ဘူး-ဖောင်းပြင်ကားလမ်းပိုင်းပျက်စီးပြီး ကုန်တင်ကား အစီးရေ ၃၀၀ကျော် ပိတ်မိနေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပင်လည်ဘူး- ဖောင်းပြင်ကားလမ်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပေကုန်းကျေးရွာအနီးတွင် ရွံ့ဖွက်များထပြီး လမ်းချော်နေ၍ ကားများ မောင်းနှင်မရတော့ကြောင်းသိရသည်။ ပိတ်ဆို့နေသည့် ရက်ပေါင်း ၂၀ ကျော်လာ၍ အခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသခံများကပြောသည်။

“မုံရွာ-ပင်လည်ဘူး-ဖောင်းပြင်-ခန္တီးတို့ကို လာတဲ့ ကုန်စည်ကားတွေပိတ်မိတာဖြစ်တယ်။ အဲဒီမှာ ပိတ်နေတဲ့အတွက် ကျွန်တော်တို့ ဒီအထက်ပိုင်းက ကုန်စည်စီးဆင်းမှုအရ နှောင့်နှေးကြန့်ကြာမှုဖြစ်တယ်။ အထက်ပိုင်းခန္တီးမှာကျတော့ ကုန်ဈေးနှုန်းတွေမြင့်တက်သွားတယ်” ဟု ခန္တီးဒေသခံ ကိုအောင်ဆန်းက ပြောသည်။
ပင်လည်ဘူးမြို့နယ်တွင် မြို့ပေါ်မှလွဲ၍ ကျန်ဒေသများ၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမရှိတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နယ်မြေစိုးမိုးထားနနိုင်သည်ဟု ဒေသခံများကပြောသည်။

လမ်းပိတ်ဆို့နေမှုကို ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ကိုင်တွယ်ဖြေရှင်းနေသော်လည်း နှောင့်နှေးနေသလို ကားများထံမှ ငွေတောင်းခံမှုများရှိနေကြောင်း ခရီးသွားအချို့ကပြောသည်။
" NUG အစိုးရအတွက်အခွန်က ဆောင်တယ်။ ဒါပေမယ့် အဲ့အခွန်အပြင် ထပ်တောင်းနေတယ်။ ဒါတွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့လိုတယ်" ဟု ကိုအောင်ဆန်းက ဆက်ပြောသည်။

ပင်လည်ဘူး-ဖောင်းပြင်ကားလမ်းပိုင်းသည် ဖောင်းပြင်-မော်လိုက်-ဟုမ္မလင်း-ခန္တီး စသည့်မြို့များ၏ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကလမ်းကြောင်းဖြစ်သည်။ လမ်းပြုပြင်နိုင်ရန် ကြိုးစားနေသည်ဟု ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က မဇ္စျိမအားပြောသည်။

“လမ်းပြုပြင်ထိန်းသိမ်းဖို့ အတွက် ငွေကြေးကောက်ခံပါတယ်။ ဒီလိုကောက်ခံမှုမရှိရင် ပြုပြင်နိုင်မှာမဟုတ်ဘူး။ ဒေသခံတွေကိုပြောပေးစေချင်တာကတော့ဒီလိုအခက်အခဲကာလမှာ ပူးပေါင်းဆောင်ရွက်ပေးကြပါ။ မရှင်းတာရှိရင်ပွင့်လင်းစွာလာရောက်ဆွေးနွေးနိုင်ပါတယ်။ အကြံပြုပေးကြဖို့ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကားလမ်းပိုင်းပျက်စီးနေသည့်နေရာအား လူအင်အား ၇၀၊ ဘက်ဟိုးတစီး၊ လယ်ထွန်စက်နှစ်စီးဖြင့် နေ့ညအချိန်ယူပြုပြင်နေသည်ဟု
ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။
ကားလမ်းပျက်စီးမှုကြောင့် ကုန်စည်စီးဆင်းမှုမရှိ၍ အခြေခံစားသောက်ကုန်များ ဈေးတက်နေ‌ သောကြောင့် ဒေသခံများအတွက် စားဝတ်နေရေး အကျပ်အတည်းကြုံတွေ့နေသည်ဟု ကိုအောင်ဆန်းကပြောသည်။

“လမ်းမပိတ်ခင်စက်သုံးဆီ ခုနစ်သိန်း။ အခုလမ်းပိတ်တော့ ၁၁သိန်း၊ ဆန်တအိတ် အရင် တသိန်းနှစ်သောင်း အခု နှစ်သိန်းရှိနေပြီ” ဟု ၎င်းကဆိုသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်း မြို့နယ်အချို့၌ မိုးရွာသွန်းမှုများရှိနေသည်။ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေလည်း ပြန်လည်မြင့်တက်လာသည်။

မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလအတွင်း မုတ်သုံလေအားကောင်းကာ ဒေသအများစု မိုးကြီးနိုင်ကြောင်း NUGအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။

စာတည်း - အေးချမ်း

#mizzima
#စစ်ကိုင်းတိုင်း
#ပင်လည်ဘူး-ဖောင်းပြင်ကားလမ်း
#ပျက်စီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4
​​ယာဉ်လိုင်စင်သက်တမ်းတိုးရာ၌ အခွန်တိုးကောက်မည်ကို သတိပေးသည့်အနေဖြင့် အခွန်ရုံးကို ဗုံးဖြင့် တိုက်ခိုက်ဟုဆို
=====================

007
(မဇ္ဈိမ)။ ။မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀ နှင့် ၁၀၂ လမ်းထောင့်ရှိ မြို့နယ် ပြည်တွင်းအခွန် များဦးစီးဌာနရုံးကို စက်တင်ဘာလ ၁၁ ရက်နေ့မွန်းလွဲပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော No More Dictatorship People’s Defence Force-NMD အဖွဲ့ က သတင်းထုတ်ပြန်သည်။

ကားနှင့်ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် ကုန်လမ်းပို့ဆောင်ရေးနှင့်ဆိုင်သော အခွန်အခအား သုံးဆတိုးကောက်ခံရန် ဆောင်ရွက်နေခြင်းကြောင့် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“ပြည်သူတွေရဲ့အိုးအိမ်တွေ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းတွေအပြင် အခွန်ဘဏ္ဍာဆိုင်ရာတွေနဲ့လည်း မျိုးစုံ ဒုက္ခပေးနေတယ်။ ပြည်သူတွေကို မလွှဲသာမရှောင်သာ ဆိုင်ကယ်၊ ကားလိုင်စင်အခွန်ဆောင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ကိုယ်စား ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်” ဟု NMD အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုတစုံတရာမရှိ ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကဆိုသည်။

“လက်ပစ်ဗုံးနဲ့ ပစ်သွားတာပါ၊ ရုံးထဲ အထိအခိုက် မရှိပါဘူး” ဟု ၎င်းက ပြောသည်။ NMD အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း၊ ၁၀၁ လမ်းနှင့် ၁၀၂ လမ်းကြားရှိ ရသုံးမှန်းခြေ ငွေစာရင်းရုံးအား ဒုတိယအကြိမ် ဗုံးဖြင့်တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တရား လည်ပတ်စေရန် အလုပ်လုပ်ပေးနေသောရုံးဖြစ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မော်တော်ယာဉ်မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အခွန်ငွေများ တိုးမြှင့် ကောက်ခံရန်ပြင်ဆင်နေပြီး လတ်တလောထုတ်ပြန်ထားသော ညွှန်ကြားစာများအရ လက်ရှိထက် သုံးဆ တိုးမြှင့်ကောက်ခံသွားရန် လျာထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မန္တလေးမြို့
#အခွန်ရုံး
#ဗုံးဖြင့်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2👏2🤬1🤮1
မန္တလေးတွင် ဆေးနှင့် ဆေးပစ္စည်းအချို့ ဈေးကွက်တွင်ပြတ်လပ်
🔥5😢1
မန္တလေးတွင် ဆေးနှင့် ဆေးပစ္စည်းအချို့ ဈေးကွက်တွင်ပြတ်လပ်
=====================

007
(မဇ္စျိမ) ။ ။မန္တလေးမြို့တွင် ယခုလပထမပတ်မှစ၍ ဆေးနှင့်ဆေးပစ္စည်းအချို့ ၀ယ်မရတော့သည့်အခြေ အနေနှင့်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

မြန်မာငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံခြားမှတင်သွင်းရသည့် ဆေးနှင့်ဆေး ပစ္စည်းအချို့သည် ပြီးခဲ့သည့်ဩဂုတ်လအတွင်းက စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ၀ယ်မရ တော့သည့် အခြေအနေအထိပါဖြစ်လာကြောင်း သိရသည်။

“အထူးသဖြင့် ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ဆေးတွေ၀ယ်မရတော့ဘူး။ ဈေးတက်ရာကနေ ၀ယ်မရတော့ တဲ့အခြေအနေအထိရောက်သွားတာ။ ဆီးချိုသမားတွေမဖြစ်မနေသုံးရတဲ့ အင်ဆူလင် (Insulin Injection BP) လည်း ပစ္စည်းပြတ်နေတယ်၊ ဘယ်ဆိုင်မေးမေး မရှိတာကများတယ်” ဟု နာတာရှည် ဆီးချိုရောဂါ သည်တဦး၏ မိသားစု၀င်ကပြောသည်။

လတ်တလော ၀ယ်ယူ၍မရတော့သည့်ဆေးဝါးများတွင် ဆီးချိုရောဂါသည်များအသုံးပြုရသည့် ဆေးဝါး များ၊ ကျောက်ကပ်ရောဂါသည်များ အသုံးပြုရသည့်ဆေးဝါးများပါ၀င်ပြီး အားဖြည့်ဓာတ်စာအချို့လည်း အဆမတန် ဈေးနှုန်းမြင့်တက်ရာမှ ဈေးကွက်ထဲတွင်ပစ္စည်းပြတ်လပ်သည်အထိဖြစ်နေကြောင်း ၀ယ်ယူ သုံးစွဲနေရသည့်ဒေသခံများက ပြောသည်။

“ကျောက်ကပ်သမားတွေ မဖြစ်မနေသုံးရတဲ့ အားဖြည့်ဓာတ်စာတွေဆိုရင် ဈေးကွက်ထဲမှာ မရှိတော့ဘူး။ တချို့ဆိုင်တွေမှာတော့ အနည်းအကျဉ်းရှိသေးပေမယ့် သက်တမ်းကုန်ကာနီးတွေဖြစ်နေတယ်။ ပစ္စည်းက ထပ်မ၀င်တော့တာလား၊ ဒေါ်လာမရှိလို့ မသွင်းနိုင်တာလားတော့ ကုမ္ပဏီတွေပဲသိမယ်” ဟု အမည်မဖော် လိုသူ ဒေသခံတဦးကပြောသည်။

ပစ္စည်း လိုသလောက်၀ယ်မရခြင်းနှင့်ပတ်သက်၍ ဆေးဆိုင်နှင့်ဆေးကုမ္ပဏီအချို့က ဈေးဆက်တိုက်မြင့် တက်နေချိန်ဖြစ်၍ ထုတ်မရောင်းခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသူများရှိသော်လည်း ၎င်းတို့က ငြင်း ဆိုသည်။

“တချို့က ပေါ်တင်ကိုလာပြောကြတယ်၊ ဈေးတက်လို့မရောင်းတာလားပေ့ါ။ တကယ်က ကျွန်တော်တို့မှာ လည်း ရောင်းစရာမရှိလို့ မရောင်းပေးနိုင်တာပါ။ ကုမ္ပဏီတွေကိုက ပစ္စည်းထပ်မသွင်းနိုင်တော့တဲ့အခြေ အနေလေဗျာ၊ ဒေါ်လာပြဿနာပေါ့” ဟု မန္တလေးဆေးရုံကြီးအနီးမှ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်း ဆိုင်တခုက ၀န်ထမ်းတဦးကပြောသည်။

ပြည်တွင်း၌သုံးစွဲနေသည့် ဆေးနှင့်ဆေးပစ္စည်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယ၊ တရုတ်နှင့် ထိုင်းစသည့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်လာဈေးကွက်ကို ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်ခဲ့ပြီး နောက် ဆေးဝါးတင်သွင်းမှုအပေါ် များစွာရိုက်ခတ်ခဲ့သည်။

စာတည်း။ ။စောဖေ

#မန္တလေးမြို့
#ဆေးနှင့်ဆေးပစ္စည်းပြတ်လပ်
#ဒေါ်လာဈေးကွက်

ပုံညွှန်း - ဆေးနှင့်ဆေးပစ္စည်းစျေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိဖြစ်နေသော
ကျောက်ကပ်ဆေး၊ ရောဂါသည်များအတွက် မရှိမဖြစ် အားဖြည့်ဆေးဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2😢1
​​Battleship Island
=============

ဒီကားကိုတော့ ၂၀၁၇မှာရိုက်ကူးခဲ့တာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ခဲ့ပါတယ်

ဒီကားဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုလိုနီခေတ် ကျောက်မီးသွေးတွင်းတွေမှာ မတရားခိုင်းစေခံခဲ့ရတဲ့ ကိုးရီးယားလုပ်သားတွေအကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာပါ။

ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ပုံဖော်နိုင်စွမ်းကောင်းတဲ့အတွက် ကြည့်ရင်းနဲ့ ကိုယ်ပါမွန်းကျပ်လာသလိုခံစားလာရတဲ့အထိ ပရိသတ်ကိုဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်

ရုပ်ရှင်ကြည့်ရင်းအပန်းဖြေရာရောက်တဲ့အပြင် သမိုင်းကိုပါလေ့လာနိုင်တဲ့ကားကောင်းလေးဖြစ်တာမို့ အားလုံးပဲကြည့်ရှုခံစားလိုက်ပါဦး...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 12.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11❤2🔥2🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၂ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/1qrwXB9ayUs?si=TCi-wDIfRE1DfwpF

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍24❤3🔥2🤮1
စက်တင်ဘာလ (၁၃) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===============

မန္တလေးမှာ ဆေးနဲ့ ဆေးပစ္စည်းအချို့ ပြတ်လပ်နေတဲ့အကြောင်းနဲ့အတူ ဒေါက်တာ ဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/JRoOEY3GI30?si=pDQ8R8RFMzR70Vs7

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁4❤1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
====================

ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ အပူချိန်ပြင်းထန်မှုကြောင့် သီးနှံလေလွင့်မှု တိုး၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/e-tuTfWqU3E?si=No2FfA9DBsBLyeRo

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👏1🍌1
လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ
===================

ကာ/လုံမှာ အာဏာသိမ်းသက်တမ်း ၄ ကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။

နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲကမူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/SDWUQz4IDP8?si=P4d_zMyI2vaJJupF

#politics
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍6
ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ | VOA On Mizzima
=======================

ကိုဗစ်ကပ်ရောဂါဆိုးကြီး မဖြစ်ခင်တုန်းက တရုတ် ရင်းနှီးမြုပ်နှံသူတွေ ကမ္ဘောဒီးယားနိုင်ငံ ကိုလာရောက်ပြီး လူသိပ်မသိသေး၊ မစည်ကားသေးတဲ့ပင်လယ်ကမ်းခြေက Sihanoukville မြို့ကို အချိန်ပြည့်ဖွင့်ထားတဲ့ လောင်းကစားရုံမြို့အဖြစ် ပြောင်းလည်းနိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းလာခဲ့တဲ့အတွက် အဲဒီ တရုတ် ရင်းနှီးမြုပ်နှံသူတွေလည်း ကမ္ဘောဒီးယားကနေ ပြန်သွားပြီး ပြီးစီးခါနီး အဆောက်အဦးတွေကိုလည်း ဒီအတိုင်း စွန့်ပစ် ချန်ထားရစ်ခဲ့ကြပါတယ်။ အဲဒီအတွက် မြို့ထဲမှာ ကြည့်ရမြင်ရ အကျည်းတန် ရုပ်ဆိုးနေတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Hul Reaksmey ကမ္ဘောဒီးယားနိုင်ငံကနေ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။

https://youtu.be/rb9WSSoYbSs?si=bC6ormoRRB12Rf-s

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8
​​Burning
============

“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေခြင်း” ဘဝရဲ့အဓိပွါယ်က ဘာများလဲ??
ဒီမေးခွန်းဟာ လူတစ်ဦးတစ်ယောက်ချင်းအပေါ်မူတည်ပြီးအမျိုးမျိုးသောအဖြေရရှိနိုင်တဲ့ မေးခွန်းပါပဲဒီအကြောင်းကို လေးလေးနက်နက်တွေးဖူးတဲ့လူတွေရှိသလို တစ်ခါမှ မစဉ်းစားဖူးဘဲ လောကကြီးထဲကနေနှုတ်ဆက်သွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ..

ဒီဇာတ်ကားရဲ့ အနှစ်ချုပ်ကို ပြောရရင်တော့“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေကြသူများ”ပေါ့

ရှာဖွေပုံရှာဖွေနည်းတွေသာ ကွဲပြားသွားပေမဲ့သူတို့တွေကတော့ တွေ့ရှိသွားကြတဲ့ပုံပါပဲ

Haruki Murakami ရဲ့ Barn Burning ဝတ္ထုကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပါတော့တစ်ကားလုံး အငြိမ်ပုံစံမျိုးသွားပေမဲ့လွမ်းဆွေးပြီး ပဟေဠိဆန်တဲ့အငွေ့အသက်ကို ခံစားရစေမယ့်ကားပါ...

Drama/Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.5 နဲ့ Rotten Tomatoes မှာ 95% တောင်ရရှိထားတာမလို့စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၃.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥1