စက်တင်ဘာလ (၁၃) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===============
မန္တလေးမှာ ဆေးနဲ့ ဆေးပစ္စည်းအချို့ ပြတ်လပ်နေတဲ့အကြောင်းနဲ့အတူ ဒေါက်တာ ဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/JRoOEY3GI30?si=pDQ8R8RFMzR70Vs7
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၁၃) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
မန္တလေးမှာ ဆေးနဲ့ ဆေးပစ္စည်းအချို့ ပြတ်လပ်နေတဲ့အကြောင်းနဲ့အတူ ဒေါက်တာ ဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို…
👍17😁4❤1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
====================
ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ အပူချိန်ပြင်းထန်မှုကြောင့် သီးနှံလေလွင့်မှု တိုး၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/e-tuTfWqU3E?si=No2FfA9DBsBLyeRo
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ အပူချိန်ပြင်းထန်မှုကြောင့် သီးနှံလေလွင့်မှု တိုး၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/e-tuTfWqU3E?si=No2FfA9DBsBLyeRo
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ အပူချိန်ပြင်းထန်မှုကြောင့် သီးနှံလေလွင့်မှု တိုး၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ…
👍5👏1🍌1
လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ
===================
ကာ/လုံမှာ အာဏာသိမ်းသက်တမ်း ၄ ကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲကမူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
https://youtu.be/SDWUQz4IDP8?si=P4d_zMyI2vaJJupF
#politics
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ကာ/လုံမှာ အာဏာသိမ်းသက်တမ်း ၄ ကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲကမူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
https://youtu.be/SDWUQz4IDP8?si=P4d_zMyI2vaJJupF
#politics
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ
ကာ/လုံမှာ အာဏာသိမ်းသက်တမ်း ၄ ကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ
သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့…

😁7👍6
ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ | VOA On Mizzima
=======================
ကိုဗစ်ကပ်ရောဂါဆိုးကြီး မဖြစ်ခင်တုန်းက တရုတ် ရင်းနှီးမြုပ်နှံသူတွေ ကမ္ဘောဒီးယားနိုင်ငံ ကိုလာရောက်ပြီး လူသိပ်မသိသေး၊ မစည်ကားသေးတဲ့ပင်လယ်ကမ်းခြေက Sihanoukville မြို့ကို အချိန်ပြည့်ဖွင့်ထားတဲ့ လောင်းကစားရုံမြို့အဖြစ် ပြောင်းလည်းနိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းလာခဲ့တဲ့အတွက် အဲဒီ တရုတ် ရင်းနှီးမြုပ်နှံသူတွေလည်း ကမ္ဘောဒီးယားကနေ ပြန်သွားပြီး ပြီးစီးခါနီး အဆောက်အဦးတွေကိုလည်း ဒီအတိုင်း စွန့်ပစ် ချန်ထားရစ်ခဲ့ကြပါတယ်။ အဲဒီအတွက် မြို့ထဲမှာ ကြည့်ရမြင်ရ အကျည်းတန် ရုပ်ဆိုးနေတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Hul Reaksmey ကမ္ဘောဒီးယားနိုင်ငံကနေ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
https://youtu.be/rb9WSSoYbSs?si=bC6ormoRRB12Rf-s
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ကိုဗစ်ကပ်ရောဂါဆိုးကြီး မဖြစ်ခင်တုန်းက တရုတ် ရင်းနှီးမြုပ်နှံသူတွေ ကမ္ဘောဒီးယားနိုင်ငံ ကိုလာရောက်ပြီး လူသိပ်မသိသေး၊ မစည်ကားသေးတဲ့ပင်လယ်ကမ်းခြေက Sihanoukville မြို့ကို အချိန်ပြည့်ဖွင့်ထားတဲ့ လောင်းကစားရုံမြို့အဖြစ် ပြောင်းလည်းနိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။…
👍8
Burning
============
“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေခြင်း” ဘဝရဲ့အဓိပွါယ်က ဘာများလဲ??
ဒီမေးခွန်းဟာ လူတစ်ဦးတစ်ယောက်ချင်းအပေါ်မူတည်ပြီးအမျိုးမျိုးသောအဖြေရရှိနိုင်တဲ့ မေးခွန်းပါပဲဒီအကြောင်းကို လေးလေးနက်နက်တွေးဖူးတဲ့လူတွေရှိသလို တစ်ခါမှ မစဉ်းစားဖူးဘဲ လောကကြီးထဲကနေနှုတ်ဆက်သွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ..
ဒီဇာတ်ကားရဲ့ အနှစ်ချုပ်ကို ပြောရရင်တော့“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေကြသူများ”ပေါ့
ရှာဖွေပုံရှာဖွေနည်းတွေသာ ကွဲပြားသွားပေမဲ့သူတို့တွေကတော့ တွေ့ရှိသွားကြတဲ့ပုံပါပဲ
Haruki Murakami ရဲ့ Barn Burning ဝတ္ထုကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပါတော့တစ်ကားလုံး အငြိမ်ပုံစံမျိုးသွားပေမဲ့လွမ်းဆွေးပြီး ပဟေဠိဆန်တဲ့အငွေ့အသက်ကို ခံစားရစေမယ့်ကားပါ...
Drama/Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.5 နဲ့ Rotten Tomatoes မှာ 95% တောင်ရရှိထားတာမလို့စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၁၃.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍8🔥1
13.9.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================
Highlight
အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
ရင်ခုန်သံထပ်တူ (ညနေ- ၇ နာရီ)
India Movie - The attacks of 26/11 (ည- ၈ နာရီ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

👍2🔥2
ဟယ်ရီ မက်ဂွိုင်းယားအပေါ် 'အဓိပ္ပါယ်မဲ့တဲ့' ဝေဖန်မှုကို ဂါရတ် ဆောက်ဂိတ် ရှုတ်ချ
======================
အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က ဟယ်ရီ မက်ဂွိုင်းယားအပေါ် 'အဓိပ္ပါယ်မရှိတဲ့ ဆက်ဆံမှု"ကို ရှုတ်ချခဲ့ပြီး နောက်ခံကစားသမား ရင်ဆိုင်နေရတဲ့ ဝေဖန်မှုဟာ "ပြက်ရယ်စရာ တစ်ခု" ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၃၀ နှစ်ရှိ မက်ဂွိုင်းယားဟာ သူ့ရဲ ၅၉ ပွဲမြောက်အဖြစ် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း အင်္ဂါနေ့က စကော့တလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ အဝေးကွင်းခြေစမ်းပွဲမှာ ကိုယ့်ဂိုးကို သွင်းမိခဲ့ပါတယ်။
သူဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ၂၀၂၀ ယူရို ဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ပထမအသင်းအတွက် ရုန်းကန်ခဲ့ရပါတယ်။
“ကစားသမားတစ်ယောက်ဟာ သူ့ပုံစံအတိုင်း ဆက်ဆံခံရတာကို ကျနော် တစ်ခါမှ မသိဖူးပါဘူး။"လို့ ဆောက်ဂိတ်က ပြောပါတယ်။
“ဆယ်စုနှစ်တွေကြာအောင် ဒုတိယအအောင်မြင်ဆုံးအင်္ဂလန်အသင်းမှာ ကျနော်တို့အတွက် သူဟာလုံးဝကို အားကိုးထိုက်သူ၊ သစ္စာစောင့်သိသူတစ်ဦးပါ။ သူက အဲဒါရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။
"ကျနော်တို့ရဲ့ စီနီယာကစားသမားတွေရဲ့ အရေးပါပုံကို ကျနော်ပြောခဲ့ပြီးပါပြီ၊ သူဟာ အဲ့ဒီအထဲမှာမှ တော်တော်အရေးပါပါတယ်။
"သူကွင်းထဲဝင်တိုင်း သူပြသခဲ့တဲ့ ခံနိုင်ရည်ဟာ မယုံနိုင်စရာပါပဲ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး ကျနော်တို့အားလုံး သူနဲ့အတူရှိနေသလို ကျနော်တို့ရဲ့ ပရိသတ်တွေကလည်း သူနဲ့အတူ အခိုင်အမာရှိနေခဲ့ပါတယ်။"
မက်ဂွိုင်းယားဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးကနေ အချခံခဲ့ရပြီး အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့်လည်း တခြားနောက်ခံလူတွေ ဒဏ်ရာရရှိသွားတဲ့နောက် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေခဲ့တာပါ။
သူဟာ ယူနိုက်တက်က အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ လူစားထိုးအနေနဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ဒီရာသီ သူ့ရဲ့ပထမဆုံးပွဲကို ကစားခဲ့ပါတယ်။
စကော့တလန်နဲ့ပွဲမှာတော့ မက်ဂွိုင်းယားဟာ ပွဲချိန်ဝက်မှာ လူစားဝင်ခဲ့ပြီး ၆၇ မိနစ်မှာ ကိုယ့်ဂိုးကို မသွင်းမိခင် အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။
"စကော့တလန်ပရိသတ်တွေရဲ့ အမြင်ကနေ ကျနော် နားလည်ပေးနိုင်ပါတယ်။ သူတို့လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော် လုံးဝ ညည်းညူစရာမရှိပါဘူး"လို့ ဆောက်ဂိတ်က ထပ်ပြောခဲ့ပါတယ်။
“ဒါပေမယ့် ဒါဟာ အချိန်ကာလကြာ သူ့အပေါ် အဓိပ္ပါယ်မရှိတဲ့ ဆက်ဆံမှုရဲ့ အကျိုးဆက်ပါပဲ။
"ဒါဟာ ပြက်ရယ်စရာ တစ်ခုပါပဲ။ စကော့တလန်ပရိသတ်တွေမှ မဟုတ်ဘဲ၊ ကျနော်တို့ရဲ့ မှတ်ချက်ပေးသူတွေ၊ ဝေဖန်သုံးသပ်သူတွေ ဒါမှမဟုတ် ဘာတွေပဲဖြစ်ဖြစ်ပေါ့။ ကျနော် မြင်ဖူးသမျှထက်ကျော်လွန်တဲ့ အရာတစ်ခုကို သူတို့တွေ ဖန်တီးခဲ့ကြတာပါ။
"ကျနော်တို့ရဲ့ပရိသတ်တွေကတော့ သူ့ကို အသိမှတ်ပြုခဲ့တယ်လို့ ထင်တယ်၊ 'အိုကေ ကျနော် ပရိသတ်တွေကနေ နွေးထွေးပေးနေနိုင်တယ်၊ ဒါပေမယ့် ကျနော်တို့က ပြင်ပလွှမ်းမိုးမှုတွေကနေ သူ့ကို ကာကွယ်ပေးသွားမှာပါ။"
Ref; BBC
Photo: AFP
#maguire
#southgate
#မက်ဂွိုင်းယား

👍11🔥1
စက်တင်ဘာလ ၁၃ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=====================
https://youtu.be/mBE2feB8QxU?si=URuYXaoyqMGZUPk6

စက်တင်ဘာလ ၁၃ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
စက်တင်ဘာလ ၁၃ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍5❤1🔥1
ရိုဟင်ဂျာများအတွက် ရန်ပုံငွေသစ် ပေါင် ၃ သန်းအား ဗြိတိန် ကြေညာ
====================
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရန်ပုံငွေသစ် ပေါင် သုံးသန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း) ကို ဗြိတိန်က အင်္ဂါနေ့တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရန်ပုံငွေသစ် ပေါင် သုံးသန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း) ကို ဗြိတိန်က အင်္ဂါနေ့တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
စစ်ကောင်စီစစ်သားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကိစ္စ စုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမတ် တောင်းဆို
===================
လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် မြန်မာစစ်ကောင်စီ စစ်သားများ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲ ဝင်ရောက်မှု သတင်းများကို စုံစမ်းစစ်ဆေးရန် ထိုင်း Fair Party မှ လွှတ်တော်အမတ် ကန်နဗီး ဆူးဘ်ဆန်းက ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် မြန်မာစစ်ကောင်စီ စစ်သားများ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲ ဝင်ရောက်မှု သတင်းများကို စုံစမ်းစစ်ဆေးရန် ထိုင်း Fair Party မှ လွှတ်တော်အမတ် ကန်နဗီး ဆူးဘ်ဆန်းက ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2
အပူချိန်ပြင်းထန်မှုကြောင့် သီးနှံလေလွင့်မှု တိုး | VOA On Mizzima
======================
ကင်ညာနိုင်ငံက တောင်သူတွေဟာ ပြင်းထန်လှတဲ့နေ့အပူချိန်ကြောင့် သီးနှံတွေ ပျက်စီးနေရတဲ့အတွက် နေရောင်ခြည် စွမ်းအင်သုံး အအေးခန်းတွေနဲ့ သယ်ယူပို့ဆောင်ရင်း သီးနှံအလေအလွင့်နည်းအောင်ကြိုးပမ်းလာကြပါတယ်။ ဆာယာရ သဲကန္တာရပ်ဝန်းဒေသက ကောက်ပဲသီးနှံ ၃၀ % ကနေ ၄၀ % လောက်ဟာ စိတ်မချရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကြောင့် ဈေးကွက်မရောက်ခင် ပျက်စီးနေရတယ်လို့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO ကပြောပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
https://youtu.be/2EIJtfslNH8?si=ilXE1fkl0A3tFIZc
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ကင်ညာနိုင်ငံက တောင်သူတွေဟာ ပြင်းထန်လှတဲ့နေ့အပူချိန်ကြောင့် သီးနှံတွေ ပျက်စီးနေရတဲ့အတွက် နေရောင်ခြည် စွမ်းအင်သုံး အအေးခန်းတွေနဲ့ သယ်ယူပို့ဆောင်ရင်း သီးနှံအလေအလွင့်နည်းအောင်ကြိုးပမ်းလာကြပါတယ်။ ဆာယာရ သဲကန္တာရပ်ဝန်းဒေသက ကောက်ပဲသီးနှံ ၃၀ % ကနေ ၄၀ % လောက်ဟာ စိတ်မချရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကြောင့် ဈေးကွက်မရောက်ခင် ပျက်စီးနေရတယ်လို့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO ကပြောပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
https://youtu.be/2EIJtfslNH8?si=ilXE1fkl0A3tFIZc
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အပူချိန်ပြင်းထန်မှုကြောင့် သီးနှံလေလွင့်မှု တိုး | VOA On Mizzima
ကင်ညာနိုင်ငံက တောင်သူတွေဟာ ပြင်းထန်လှတဲ့နေ့အပူချိန်ကြောင့် သီးနှံတွေ ပျက်စီးနေရတဲ့အတွက် နေရောင်ခြည် စွမ်းအင်သုံး အအေးခန်းတွေနဲ့ သယ်ယူပို့ဆောင်ရင်း သီးနှံအလေအလွင့်နည်းအောင်ကြိုးပမ်းလာကြပါတယ်။ ဆာယာရ သဲကန္တာရပ်ဝန်းဒေသက ကောက်ပဲသီးနှံ ၃၀ % ကနေ ၄၀ % လောက်ဟာ စိတ်မချရတဲ့…
👍5😁3
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား သားဖြစ်သူ ‘အလွန်အမင်း စိုးရိမ်’
==========================
မြန်မာနိုင်ငံ၏ ဖမ်းဆီးခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက သူအနေဖြင့် သူ့မိခင်၏ ကျန်းမာရေးအပေါ် “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း” ပြောပြီး သူမိခင်သည် အစာစားရန် ခက်ခဲနေပြီး ပြင်ပဆရာဝန်နှင့် ပြသခွင့်ကိုလည်း ငြင်းပယ်ခံထားရကြောင်း ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
မြန်မာနိုင်ငံ၏ ဖမ်းဆီးခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက သူအနေဖြင့် သူ့မိခင်၏ ကျန်းမာရေးအပေါ် “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း” ပြောပြီး သူမိခင်သည် အစာစားရန် ခက်ခဲနေပြီး ပြင်ပဆရာဝန်နှင့် ပြသခွင့်ကိုလည်း ငြင်းပယ်ခံထားရကြောင်း ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢24😁2
ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို
=====================
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို လက်နက်အင်အား အများအပြားနဲ့ ဝင်ရောက်လာတဲ့ မြန်မာစစ်သားများကို ပြန်လွှတ်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး တာဝန်ယူဖြေရှင်းရမယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ကန်နာဝီ ဆစ်ဘ်ဆန်က (Kanwee Suebsaeng) ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့က မြန်မာစစ်သား အယောက်တစ်ရာနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတယ်ဆိုတာ နယ်စပ်ရေးရာ ပြဿနာမဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စဖြစ်တယ်လို့ Fair Party မှ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းသာ မှန်ကန်ခဲ့ရင် ဘာတွေဖြစ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပြည်သူကို ရှင်းပြရမယ်လို့လည်း သူက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မြန်မာ့ အာဏာသိမ်း စစ်အုပ်စု တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ဖြစ်တာကြောင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူတွေဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်တွေလို့ ဒေသခံတွေက ယူဆသွား နိုင်တာကြောင့် ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ကန်နာဝီက ဆိုပါတယ်။
ဒီကိစ္စကြောင့် ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်က ရပ်တည်နေတယ်ဆိုပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ယူဆသွားနိုင်တယ်လို့လည်း ဆိုပါတယ်။
ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေနဲ့လည်း အဆိုပါ ကိစ္စရပ်မျိုးကို အလေးအနက် စုံစမ်းစစ်ဆေးသင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဆက်နွယ်တဲ့ အရေးကိစ္စ တစ်ခုအနေနဲ့ ကိုင်တွယ်သင့်လို့ အကြံပြုထားပါတယ်။
ထိုင်းဒေသခံတွေက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနီးအနားက ထိုင်းစစ်သားတွေကို အကြောင်းကြားခဲ့ပေမဲ့ တစ်စုံတရာမဆောင်ရွက်ပေးခဲ့ကြောင်း၊ အဲဒီနောက် စက်တင်ဘာလ ၅ ရက်နေ့မှာ ဒီကိစ္စကို လူမှုကွန်ရက်မှာ တင်တော့မှ ထိုင်းစစ်တပ်က မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ကြား ညှိနှိုင်းပေးခဲ့ကြောင်း သိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနယ်စပ် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာထဲကိုလည်း မြန်မာစစ်သား အယောက် ၂ဝ နီးပါး ထပ်မံရောက်ရှိလာပြီး ဈေးဝင်ဝယ်ပြီးနောက် ပြန်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိတယ်လို့ ပြောပါတယ်။
ကန်နာဝီ ဆစ်ဘ်ဆန်(Kannavee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။
ကန်နာဝီ ဟာ အတိုက်အခံအမတ်လည်းဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်း တွေတည် ထောင် ထားသူလည်းဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် မှုတွေ၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်း- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှု စင်္ကြံ ဖွင့် လှစ်နိုင်ရေးထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ သူလည်းဖြစ်ပါတယ်။
https://youtu.be/Bm63uJeehZg?si=BtuV-LVgwbmxwj2p
#PoliticalNews
#Mizzima

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို လက်နက်အင်အား အများအပြားနဲ့ ဝင်ရောက်လာတဲ့ မြန်မာစစ်သားများကို ပြန်လွှတ်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး တာဝန်ယူဖြေရှင်းရမယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ကန်နာဝီ ဆစ်ဘ်ဆန်က (Kanwee Suebsaeng) ထိုင်းအစိုးရကို…
👍12🔥1😁1
လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
=====================
လက်ကိုင်အိတ်လို အလှကိုင်တယ်လီဖုံးတွေကိုတော့ ဂျာမနီလျှပ်စစ်ပစ္စည်းပြပွဲမှာ တွေ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ အလယ်တန်းကျောင်းသားလေးတွေ ဘောလုံးအကျော်အမော် မက်ဆီရဲ့ပုံတူကို ပုလင်းဖုံးတွေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
https://youtu.be/3RJEnUf5SUQ?si=YwG_hcTtxdR7l6Qu
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
လက်ကိုင်အိတ်လို အလှကိုင်တယ်လီဖုံးတွေကိုတော့ ဂျာမနီလျှပ်စစ်ပစ္စည်းပြပွဲမှာ တွေ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ အလယ်တန်းကျောင်းသားလေးတွေ ဘောလုံးအကျော်အမော် မက်ဆီရဲ့ပုံတူကို ပုလင်းဖုံးတွေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
https://youtu.be/3RJEnUf5SUQ?si=YwG_hcTtxdR7l6Qu
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
လက်ကိုင်အိတ်လို အလှကိုင်တယ်လီဖုံးတွေကိုတော့ ဂျာမနီလျှပ်စစ်ပစ္စည်းပြပွဲမှာ တွေ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ အလယ်တန်းကျောင်းသားလေးတွေ ဘောလုံးအကျော်အမော် မက်ဆီရဲ့ပုံတူကို ပုလင်းဖုံးတွေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတမိနစ် သတင်းတိုလေးတွေကို…
👍7🤮1
Media is too big
VIEW IN TELEGRAM
ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို
Watch more detail - https://youtu.be/Bm63uJeehZg
#PoliticalNews
#reels
#shorts
#MizzimaTV

👍11😁2
စက်တင်ဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================
01:02-ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆိုတဲ့သတင်း
03:46-ဒေါက်တာ ဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်ကို စစ်ကောင်စီ ပိတ်သိမ်းတဲ့သတင်း
04:42- “ကနောင်စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် ၇၀ ကျော် သေဆုံးတဲ့သတင်း
06:32-ယာဉ်မှတ်ပုံတင်ဆိုင်ရာ နှုန်းထား ၃ ဆ တိုးကောက်ဖို့ စစ်ကောင်စီလျာထားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
https://youtu.be/Mc2tn_uC-EA?si=vN50Nl2aYvlgWojx
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
01:02-ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆိုတဲ့သတင်း
03:46-ဒေါက်တာ ဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်ကို စစ်ကောင်စီ ပိတ်သိမ်းတဲ့သတင်း
04:42- “ကနောင်စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် ၇၀ ကျော် သေဆုံးတဲ့သတင်း
06:32-ယာဉ်မှတ်ပုံတင်ဆိုင်ရာ နှုန်းထား ၃ ဆ တိုးကောက်ဖို့ စစ်ကောင်စီလျာထားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
https://youtu.be/Mc2tn_uC-EA?si=vN50Nl2aYvlgWojx
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆိုတဲ့သတင်း
03:46-ဒေါက်တာ ဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်ကို စစ်ကောင်စီ ပိတ်သိမ်းတဲ့သတင်း
04:42- “ကနောင်စစ်ဆင်ရေး” အတွင်း စစ…

👍7🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်
Watch more detail - https://youtu.be/BWGKEBfH3wY
#PoliticalNews
#reels
#shorts
#MizzimaTV
Watch more detail - https://youtu.be/BWGKEBfH3wY
#PoliticalNews
#reels
#shorts
#MizzimaTV
😁5❤3🤬1
အာရှအားကစားပြိုင်ပွဲမှာ တရုတ်အားကစားသမားတွေ 'နိုင်ငံရေးအသိအမြင်ကို မြှင့်တင်'ရမည်
=================
By PKThawn
တရုတ်အားကစားသမားတွေဟာ ဟန်ကျိုးမှာ လာမယ့် သီတင်းပတ် အာရှအားကစားပြိုင်ပွဲ စတင်တဲ့အခါ "သူတို့ရဲ့ နိုင်ငံရေးအသိအမြင်ကို မြှင့်တင်ရမည်"ဖြစ်ပြီး “အိမ်ရှင်ကောင်းတွေ” ဖြစ်လာစေရမှာဖြစ်ကြောင်း နိုင်ငံရဲ့ ထိပ်တန်းအားကစားအရာရှိတစ်ဦးက ပြောပါတယ်။
ကိုဗစ်ကြောင့် တစ်နှစ်တာ ကြန့်ကြာပြီးနောက် ပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှာ စတင်ဖွင့်လှစ်ပြီး အိမ်ရှင်ဟာ ၁၉၈၂ ကစလို့ ဒီပြိုင်ပွဲတိုင်းမှာ ဇယားထိပ်က ရပ်တည်ကာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
တရုတ်နိုင်ငံရဲ့ အာဏာရကွန်မြူနစ်ပါတီအတွက် ဒါဟာ ကပ်ရောဂါကာလအတွင်း ကျယ်ပြန့်စွာ ပိတ်ခံထားရတဲ့ နိုင်ငံရဲ့ အားကစား၊ အဖွဲ့အစည်းနဲ့ နည်းပညာဆိုင်ရာစွမ်းရည်တွေကို ပြသဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
မိခင်နိုင်ငံဟာ ပြိုင်ပွဲဝင် အားကစားသမား ၈၈၆ ဦးရှိမှဖြစ်ပြီး အဲဒီတို့အနက် အိုလံပစ်ချန်ပီယံ ၃၆ ဦးပါရှိပါတယ်။
"ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံးဟာ သူတို့ရဲ့ နိုင်ငံရေးအသိအမြင်ကို မြှင့်တင်ရမယ်။ တိုင်းပြည်ရဲ့ ကြီးမြတ်တဲ့ အကြောင်းတရားတွေကို မြဲမြံစွာ မှတ်သားထားရမယ်"လို့ အားကစားအထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာ Gao Zhidan က ဘေဂျင်းမှာ အင်္ဂါနေ့က အားကစားသမားတွေကို ပြောခဲ့ပါတယ်။
Gao က သူတို့ကို "စိတ်ဓာတ်ကောင်းနဲ့ အားကစားကျင့်ဝတ်တွေ" ပြသဖို့နဲ့ "တိုင်းပြည်အတွက် ဂုဏ်ဆောင်"ဖို့ တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
"အိမ်ရှင်ကောင်းတွေ ဖြစ်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုတွေ ပြုလုပ်ပြီး ကျုပ်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပွင့်လင်းမြင်သာမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အာရှနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများအတွက် လူမှုရေးတိုးတက်မှုတို့ကို သရုပ်ပြကြပါ"လို့ Gao က ပြောပါတယ်။
အိုလံပစ်ပွဲတော်ထက် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမား ၁၂,၅၀၀ စံချိန်တင် ပြိုင်ပွဲကို ဒီနှစ်အတွင်း ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
အာရှနဲ့ အရှေ့အလယ်ပိုင်းမှ အသင်းတွေဟာ ပြေးခုန်ပစ်နဲ့ ရေကူးမှစလို့ eSports နဲ့ breakdancing အထိ အားကစား ၄၀ မှာ ဆုတံဆိပ်တွေရရှိဖို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Source and Photo: AFP
#AsianGames #chineseathletes #အာရှအားကစားပြိုင်ပွဲ

👍6😁1
This media is not supported in your browser
VIEW IN TELEGRAM
September - 13 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #reels #shorts

👍8🍌1
စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်
====================
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို စက် တင်ဘာလ ၁၃ ရက်နေ့မှာ နေပြည်တော်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ မြို့အနှံ့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။
အဲဒီညီလာခံကို နိုင်ငံတော်အဆင့် အခမ်းအနားတွေကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) အဆောက်အအုံမှာ ကျင်းပမှာဖြစ်ပြီး အဲဒီအနီးတစ်ဝိုက် အပါအဝင် နေပြည်တော်လေဆိပ်တစ်လျှောက်နဲ့ လမ်းဆုံ၊ လမ်းခွတိုင်းမှာ လုံခြုံရေး တင်းကျပ်ထားတာလို့ သိရပါတယ်။
ဒီလေတပ်ညီလာခံကို အမေရိကန်နဲ့ ဗြိတိန်က ပိတ်ဆို့အရေးယူဒဏ်ခတ်ထားတဲ့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်က အိမ်ရှင်အဖြစ် ဦးစီးကျင်းပမှာပါ။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံတို့ကတော့ လေတပ်ဦးစီးချုပ်များအစည်း အဝေးကို မြန်မာနိုင်ငံသို့ လာရောက်ကာ တက်ရောက်မှာ မဟုတ်ပဲ video စနစ်နဲ့ အစည်းအဝေးတက်မယ်လို့ သိရပါတယ်။
၂၀၂၆ မှာ မြန်မာအစား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းယူမယ့် ဖိလစ်ပိုင်ကတော့ ဒီညီလာခံကို လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကား ပေးပို့သွားမယ်လို့သိရပါတယ်။
စစ်ကောင်စီနဲ့ ဆက်ဆံရေးပြေလည်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လူကိုယ်တိုင် တက်ရောက်မယ်လို့ ဆိုပါတယ်။ကျန်အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်တို့ကတော့ လေတပ်ဦးစီးချုပ်တွေရဲ့ ဒီညီလာခံကို လာတက်၊ မတက် အတိအကျ မသိရသေးပါဘူး။
ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ သဘာဝဘေးဒဏ် တုံ့ပြန်ရေးပိုင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို အာဆီယံ လေတပ်ဦးစီးချုပ်များရဲ့ နှစ်ပတ်လည် စည်းဝေးပွဲမှာ ဆွေးနွေးကြဖို့ စီစဉ်ထားတာပါ။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ပြန်မထွန်းကားမချင်း အာဆီယံ အရာရှိတွေရဲ့ ဘယ်လို အစည်းအဝေးမျိုးကိုမဆို မြန်မာနိုင်ငံအတွင်းမှာ မကျင်းပသင့်ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ပြောကြားထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကလည်း မြန်မာနိုင်ငံက အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေးကို လက်ခံကျင်းပတဲ့ကိစ္စကို အံ့အားသင့်မိကြောင်းနဲ့ မြန်မာလေတပ်ဟာ ကိုယ့်ရဲ့ ပြည်သူတွေကို နှစ်နှစ်ကြာ ရက်ရက်စက်စက် သိမ်းကျုံးဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဘယ်အာဆီယံ အစည်းအဝေးကိုမှ မြန်မာစစ်တပ်ကိုရော၊ သူ့ကို ကိုယ်စားပြုသူတွေကိုပါ ဖိတ်ကြားဖို့ မသင့်ဘူးလို့ အင်တာဗျူးတစ်ခုအတွင်း ပြောကြားထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က ဩဂုတ်လ ၃၁ ရက်ကစလို့ အကြိမ်ကြိမ် တိုက်တွန်းထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ပြီး ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သား ရာနဲ့ချီ သေဆုံးနေတာကြောင့် ဒီညီလာခံကို မတက်ရောက်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
https://youtu.be/BWGKEBfH3wY?si=qjW-tRKwOPrFRZvP

ဒါကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ မြို့အနှံ့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ နေပြည်တော်မြို့ခံတွေက…

👍16🤮4👏3🖕1