စက်တင်ဘာလ ( ၁၃ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:02-ကရင်နီ စစ်ရှောင် ၆၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့တဲ့သတင်း
03:19- "ကနောင်စစ်ဆင်ရေး" တိုက်ပွဲရုပ်သံဖိုင် NUG-MOD ထုတ်ပြန်တဲ့သတင်း
05:18-ကမ်းနီးမှာ ငါးခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေတွေ ပုလော PDF က ဖမ်းဆီးအရေးယူတဲ့သတင်း
07:00-အမေရိကန်ချစ်ပ်ကုမ္ပဏီကြီး ဂလိုဘယ်ဖောင်ဒရီက စင်ကာပူမှာ ဒေါ်လာ ၄ဘီလီယံတန် စက်ရုံဖွင့်လှစ်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့
စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/axkKqoJwIZU?si=mSkjuqY2K6cezu5i
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ ( ၁၃ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-ကရင်နီ စစ်ရှောင် ၆၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့တဲ့သတင်း
03:19- "ကနောင်စစ်ဆင်ရေး" တိုက်ပွဲရုပ်သံဖိုင် NUG-MOD ထုတ်ပြန်တဲ့သတင်း
05:18-ကမ်းနီးမှာ ငါးခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေတွေ ပုလော PDF က ဖမ်းဆီးအရေးယူတဲ့သတင်း
07:00-အမေရိကန်ချစ်ပ်ကုမ္ပဏီကြီး…

👍3🔥3😁1
မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှု ငါးလအတွင်း ဒေါ်လာ သန်း ၇၂၈ ကျော်ဖြစ်ပေါ်| Business Round Up(13.9.2023)
====================
- စစ်အာဏာရှင် ဆန့်ကျင်ရေးအားကောင်းတဲ့ စစ်ကိုင်းမှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူဖို့စီစဉ်
- လျှပ်စစ်လိုအပ်ချက်ကိုအကြောင်းပြကာ နျူကလီးယားစွမ်းအင် အသုံးချရေး စစ်ကောင်စီ ကြိုးပမ်း
- မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှု ငါးလအတွင်း ဒေါ်လာ သန်း ၇၂၈ ကျော်ဖြစ်ပေါ်
- အယ်နီညို အပြင်းထန်ဆုံးဖြစ်လာနိုင်တာကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ကြိုတင်ပြင်ထားဖို့ အသိပေး
https://youtu.be/FqWO50rqD-I?si=UJ-bP3dumTs7vFjw
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
- စစ်အာဏာရှင် ဆန့်ကျင်ရေးအားကောင်းတဲ့ စစ်ကိုင်းမှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူဖို့စီစဉ်
- လျှပ်စစ်လိုအပ်ချက်ကိုအကြောင်းပြကာ နျူကလီးယားစွမ်းအင် အသုံးချရေး စစ်ကောင်စီ ကြိုးပမ်း
- မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှု ငါးလအတွင်း ဒေါ်လာ သန်း ၇၂၈ ကျော်ဖြစ်ပေါ်
- အယ်နီညို အပြင်းထန်ဆုံးဖြစ်လာနိုင်တာကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ကြိုတင်ပြင်ထားဖို့ အသိပေး
https://youtu.be/FqWO50rqD-I?si=UJ-bP3dumTs7vFjw
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှု ငါးလအတွင်း ဒေါ်လာ သန်း ၇၂၈ ကျော်ဖြစ်ပေါ်|Business Round Up(13.9.2023)
- စစ်အာဏာရှင် ဆန့်ကျင်ရေးအားကောင်းတဲ့ စစ်ကိုင်းမှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူဖို့စီစဉ်
- လျှပ်စစ်လိုအပ်ချက်ကိုအကြောင်းပြကာ နျူကလီးယားစွမ်းအင် အသုံးချရေး စစ်ကောင်စီ ကြိုးပမ်း
- မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှု ငါးလအတွင်း ဒေါ်လာ သန်း ၇၂၈ ကျော်ဖြစ်ပေါ်
…

😁5👍1
This media is not supported in your browser
VIEW IN TELEGRAM
September - 13 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #reels #shorts

🍌2
ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား သဘောတူ
======================
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားရေး မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားအကြား နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ထိုးခဲ့ကြောင်း စစ်အုပ်စုထိန်းချုပ်သည့် မီဒီယာက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤮7😁5👍2🖕2❤1
This media is not supported in your browser
VIEW IN TELEGRAM
ဟောင်ကောင်မှာ နှစ်ပေါင်း ၁၄၀ အတွင်း မိုးရေချိန်အများဆုံးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥4
ထိုင်းက စီးပွားရေး မြှင့်တင်ရန် တရုတ်နှင့် ကာဇက်စတန် ဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့် ပေးမည်
=========================
ပို့ကုန် အားနည်းခြင်းကြောင့် နှေးကွေးနေသော စီးပွားရေးအား စေ့ဆော်နိုင်ရန်အတွက် ထိုင်းနိုင်ငံသည် နှစ်ကုန် ရာသီကောင်း၌ ခရီးသွားဧည့်သည် ပိုမို ဆွဲဆောင်နိုင်ပြီး အသုံးစရိတ်များ ရှိလာရန် ကြိုးစားခြင်းအဖြစ် တရုတ်နှင့် ကာဇက်စတန်မှ လာရောက်သူများအတွက် ခရီးသွားဗီဇာ လိုအပ်ချက်များကို ယာယီကင်းလွတ်ခွင့် ပေးတော့မည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ပို့ကုန် အားနည်းခြင်းကြောင့် နှေးကွေးနေသော စီးပွားရေးအား စေ့ဆော်နိုင်ရန်အတွက် ထိုင်းနိုင်ငံသည် နှစ်ကုန် ရာသီကောင်း၌ ခရီးသွားဧည့်သည် ပိုမို ဆွဲဆောင်နိုင်ပြီး အသုံးစရိတ်များ ရှိလာရန် ကြိုးစားခြင်းအဖြစ် တရုတ်နှင့် ကာဇက်စတန်မှ လာရောက်သူများအတွက် ခရီးသွားဗီဇာ လိုအပ်ချက်များကို ယာယီကင်းလွတ်ခွင့် ပေးတော့မည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2😁1
နွေဦးခေါ်သံ
============
မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို တင်ဆက်ထားတာ နားဆင်ကြရအောင်ပါရှင်။
ဒီတစ်ပတ်မှာတော့
- ဆောင်းပါးရှင် ကဗျာဆရာ ”နှင်းခါးမိုး"ရဲ့ “၂၀၂၁ခုနှစ် ဇန်နဝါရီလ သစ်ရွက်များမကြွေခင်” ဆိုတဲ့ အက်ဆေး
- ဆောင်းပါးရှင် ကဗျာဆရာ ”မောင်မိုးအေး” ရဲ့ “Bad Raomances” ဆိုတဲ့ ကဗျာ
- ကွယ်လွန်သူ စာရေးဆရာ ညီပုလေး (ကလောင်အမည်” စကောလယ်တော”) ရဲ့ “နှမ်းစေ့တစေ့” ဆိုတဲ့ ဝတ္ထုတို တွေကိုနားဆင်ကြရမှာပါ။
https://youtu.be/cpFR60PUsyg?si=0VjI9zyWOX4eEP8e

မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို…
❤5👍1🔥1
စက်တင်ဘာလ ၁၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/U1qJF5hgoFo?si=P9C-TLcrc9PM5PX1
===================
https://youtu.be/U1qJF5hgoFo?si=P9C-TLcrc9PM5PX1
YouTube
စက်တင်ဘာလ ၁၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၁၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်နိုင်ငံက နိုဗယ်ဆုရှင်ဝါရင့်သတင်းစာဆရာ မာရီယာရက်ဆာ က သတင်းလွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်နေ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍2🔥2
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
=======================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် တောင်ခြမ်းတွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ကာ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ရှောင်များသည် မိုးထဲရေထဲ စစ်ရှောင်နေရသည့်အတွက် အခက်အခဲများရှိနေကြောင်း ဒေသခံတဦးက မဇ္ဈိမကို ယခုလိုပြောသည်။
“ စစ်ရှောင်အများစုက တောထဲမှာ နွားတွေ ၊ လှည်းတွေနဲ့ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။ မိုးက မပြတ်ဘူး ရွာနေတာ ဆိုတော့ နေဖို့ထိုင်ဖို့ အတွက် မိုးကာတွေတော့ တော်တော်များများ လိုအပ်နေတာဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ချုံခို တိုက်ခိုက်ခြင်းကို ခံနေရပြီး ၊ ညပိုင်းအချိန်တွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်နေရကြောင်း သိရသည်။
“ စစ်ကြောင်းက ရွာတွေထဲကို ဝင်တော့မယ်ဆို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီးမှ ဝင်တာဖြစ်တယ်ဗျ။ ညပိုင်း အချိန်တွေဆိုလည်း အကြိမ်ရေများစွာ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ လက်နက်ကြီးရန်ကို ကြောက်နေရတဲ့အတွက် ဝေးနိုင်သမျှ အန္တရာယ်ကင်းတဲ့နေရာတွေကို ရှောင်နေရတယ်” ဟု အခြား ဒေသခံစစ်ရှောင် တဦးက ဆိုသည်။
၎င်း စစ်ကြောင်းသည် ခန့်မှန်း စစ်အင်အား ၁၀၀ ခန့်ရှိပြီး ယခုအချိန်တွင် ဆူးပုတ်ကုန်းကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ အင်ကြင်းစု ၊ နွယ်ရှောက် ၊ မန်ကျည်းခွ ၊ ညောင်ကုန်း ၊ ဖိုလ်ကုန်း ၊ လှော်ကား စတဲ့ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပုလဲမြို့နယ်
#စစ်ကြောင်းထိုး
#ဒေသကာကွယ်ရေးတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် တောင်ခြမ်းတွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ကာ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ရှောင်များသည် မိုးထဲရေထဲ စစ်ရှောင်နေရသည့်အတွက် အခက်အခဲများရှိနေကြောင်း ဒေသခံတဦးက မဇ္ဈိမကို ယခုလိုပြောသည်။
“ စစ်ရှောင်အများစုက တောထဲမှာ နွားတွေ ၊ လှည်းတွေနဲ့ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။ မိုးက မပြတ်ဘူး ရွာနေတာ ဆိုတော့ နေဖို့ထိုင်ဖို့ အတွက် မိုးကာတွေတော့ တော်တော်များများ လိုအပ်နေတာဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ချုံခို တိုက်ခိုက်ခြင်းကို ခံနေရပြီး ၊ ညပိုင်းအချိန်တွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်နေရကြောင်း သိရသည်။
“ စစ်ကြောင်းက ရွာတွေထဲကို ဝင်တော့မယ်ဆို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီးမှ ဝင်တာဖြစ်တယ်ဗျ။ ညပိုင်း အချိန်တွေဆိုလည်း အကြိမ်ရေများစွာ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ လက်နက်ကြီးရန်ကို ကြောက်နေရတဲ့အတွက် ဝေးနိုင်သမျှ အန္တရာယ်ကင်းတဲ့နေရာတွေကို ရှောင်နေရတယ်” ဟု အခြား ဒေသခံစစ်ရှောင် တဦးက ဆိုသည်။
၎င်း စစ်ကြောင်းသည် ခန့်မှန်း စစ်အင်အား ၁၀၀ ခန့်ရှိပြီး ယခုအချိန်တွင် ဆူးပုတ်ကုန်းကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ အင်ကြင်းစု ၊ နွယ်ရှောက် ၊ မန်ကျည်းခွ ၊ ညောင်ကုန်း ၊ ဖိုလ်ကုန်း ၊ လှော်ကား စတဲ့ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပုလဲမြို့နယ်
#စစ်ကြောင်းထိုး
#ဒေသကာကွယ်ရေးတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4🔥2😢1
နိုင်ကျဉ်းများ၏ အစာငတ်ခံဆန္ဒပြခြင်း ပြီးဆုံးပြီဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်ရန်လိုအပ်
========================
YT
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး၏ အစာငတ်ခံဆန္ဒပြခြင်း ခြောက်ရက်မြောက်နေ့တွင် အောင်မြင်စွာပြီးဆုံးပြီဖြစ်သော်လည်း အခြေအနေအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ မီးသတ်ဌာနတို့က မုံရွာထောင်တွင်း အထူးရှာဖွေရေး စတင်ပြီး ခွင့်ပြုချက်ဖြင့် သွင်းယူထားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းသွားကြသဖြင့် စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံ ဆန္ဒပြခြင်း စတင်ခဲ့သည်။
ထို့နောက် မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီ သပိတ်ခေါင်းဆောင် တဦးဖြစ်သည့် ကိုဝေမိုးနိုင်အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသား ၃၆ ဦးကပါ ပူးပေါင်းပါဝင်ခဲ့သဖြင့် မုံရွာထောင်တွင် အစာငတ်ခံ ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအထိ ရှိလာခဲ့သည်။
(၁) အကျဉ်းသားတဦးချင်းဆီထံမှ သိမ်းဆည်းသွားသော စာအုပ်သုံးအုပ်စီအား ပြန်ပေးရန်၊ (၂)အကျဥ်းသားတဦးလျှင် ပုံစံ သုံးစုံစီ ခွင့်ပြုထားပါလျက် သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ (၃) သိမ်းဆည်းသွားသော စားအိုးစားခွက်များ၊ အစားအသောက်နှင့်ဟင်းများ ပြန်ပေးရန်၊ (၄) အကျဥ်းသားတဦးလျှင် စာ ၁ဝ စောင်၊ ပုံ ၁၀ ပုံ ခွင့်ပြုထားသော်လည်း သိမ်းဆည်းသွားသော စာများ၊ ပုံများကို ပြန်ပေးရန် စသည့် အချက်လေးချက်ကို တောင်းဆို ဆန္ဒပြကြခြင်းဖြစ်သည်။
ဆန္ဒပြကာလအတွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးသည် အာဟာရချို့တဲ့မှုကြောင့် သတိလစ်မေ့မျောသည့် အခြေအနေထိ ရောက်ခဲ့သော်လည်း အကျဉ်းဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု တစုံတရာ မပေးခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ အစာငတ်ခံ ဆန္ဒပြခြင်း ခြောက်ရက်မြောက်နေ့ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၊ နေ့လယ် ၁၁ နာရီတွင် မုံရွာအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၅၀ ဦး၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုချက်များအား ထောင်အာဏာပိုင်များက လိုက်လျောလိုက်သဖြင့် ဆန္ဒပြခြင်းအောင်မြင်စွာပြီးဆုံးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
သို့ရာတွင် အခြေအနေအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။
" ကျွန်တော်တို့ကတော့ ဆက်လက်စောင့်ကြည့်ဖို့လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ ဒီမုံရွာထောင်မှာဖြစ်နေတဲ့ ဆန္ဒပြမှုက ပြည်သူတွေကြားမှာရော မီဒီယာလောကမှာပါ သတင်းကပြန့်နေတဲ့အတွက်ကြောင့်မို့ ဒီအာဏာပိုင်အဖွဲ့အစည်းတွေကြားမှာလည်း လှုပ်လှုပ်ခတ်ခတ်ရှိလိမ့်မယ်။ အဲ့ဒီဖိအားနဲ့ အလျော့ပေးလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ တဖက်မှာလည်း အဲ့ဒီလိုအလျော့ပေးပြီးတော့မှ စိတ်ထဲမှာ တခုခုတေးထားပြီးတော့မှ နောက်ဆက်တွဲဖိနှိပ်မှုတွေ ရှိလာနိုင်မလား၊ ဘယ်လိုမျိုး ထပ်ပြီးတော့မှ ဆောင်ရွက်ကြမလဲတော့ စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်" ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။
ထို့အပြင် အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေများကိုလည်း မသိရသေးကြောင်း၊ တောင်းဆိုချက်များအား လိုက်လျောပြီးဖြစ်၍ ဆန္ဒပြစဉ်အတွင်း မေ့မျောခဲ့သည့် နိုင်ငံရေးအကျဉ်းသား သုံးဦးအပြင် အခြားသော ဆန္ဒပြ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပြန်ပေးရန်သာ ယူဆကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉,၄၆၅ ဦးထက်မနည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မုံရွာအကျဉ်းထောင်
#နိုင်ကျဉ်းများ
#အစာငတ်ခံဆန္ဒပြ
ဓါတ်ပုံ- မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

👍14❤1😁1
MIZZIMA JOB ANNOUNCEMENT
"Breaking Boundaries with words: Join Mizzima as an Experienced Journalist"
Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!
How to Apply:
Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].

အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ထုတ်ပြန်
====================
ဓါတု
(မဇ္ဈိမ)။ ။ အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ကို စစ်တင်ဘာလ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
စာမျက်နှာပေါင်း ၈၆ မျက်နှာပါဝင်သည့် E-Commerce လမ်းညွှန်ချက်များအရ အွန်လိုင်းမှ စီးပွားရေးလုပ်ငန်းလုပ်သူများသည် အခွန်ပေးဆောင်ရမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြုလုပ်ခဲ့သည့် အရောင်းအဝယ်ဆိုင်ရာ ဒေတာများကို စစ်ကောင်စီက တောင်းခံလာလျှင် ပေးအပ်ရမည်ဖြစ်သည်။
ထိုလမ်းညွှန်ချက်ပါ ” အပိုင်း (၁၄ ) အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် အနိမ့်ဆုံးတန်ဖိုး သတ်မှတ်ခြင်း “တွင် တည်ဆဲဥပဒေများအရ အခွန်အခများကို ပေးဆောင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အခွန်သက်သာခွင့် ရရှိခံစားရမည်ဟု ဖော်ပြထားသည်။
"အဓိက လုပ်ချင်တာကုန်သွယ် အခွန်။ ကုန်သွင်းခွင့် လိုင်စင်နဲ့ အခွန်။ ရောင်းဝယ် ဒေတာ။ တကိုယ်ရေ ဖုန်း၊ အိမ်လိပ်စာ၊ အချက်အလက် ၊ သူတို့ အတွက် အခွန်ငွေနဲ့ ရနိုင်မယ့် သတင်းအချက်အလက်ကိုပဲ မျှော်ကိုးပြီး ထုတ်ပြန်တဲ့ ဥပဒေသီးသန့်ပါပဲ ။နောက်ပြီး ဒီကာလ ဒီနိုင်ငံ ဒီလူတွေ အုပ်ချုပ်နေစဥ် ကာလမှာတော့ National Security အမည်ခံပြီး သူတို့ မလိုတဲ့သူ သူတို့အတွက် အနှောင့်အယှက်လို့ ယူဆတဲ့သူတွေရဲ့ အချက်အလက်ကို ရယူဖို့ အသုံးချဖို့ သက်သက်ပဲ ဖြစ်လိမ့်မယ်။အရင်က အွန်လိုင်းရှော့(OS)က ဒေတာနာမည် ဖုန်းနဲ့ ဆန္ဒပြတဲ့သူ ဘာညာ လိုက်ဖမ်းဖူးတယ်။ နာမည်ပြောင်းပေမယ့် နံပါတ် မပြောင်းတော့ လိပ်စာကို လိုက်တာ။ ပါဆယ်ပို့တဲ့နေရာကို လိုက်တာ။ အေတီအမ်က ငွေထုတ်တာကော ဘဏ်ကနေ ရီပို့တက်ခိုင်း အဲ့တာ စောင့်ကြည့်ပြီး အဲ့အနီးတဝိုက်က စောင့်ဖမ်းတာ လုပ်သေးတယ်"ဟု Open Data Initiative နည်းပညာရှင်ကိုကိုရဲက မဇ္စျိမကိုပြောသည်။
စားသုံးသူကာကွယ်ရေးထက် ကုန်စည်နှင့်ငွေကြေးစီးဆင်းရန်၊ အမျိူးသားလုံခြုံရေးအမည်ခံ၍ ၎င်းတို့လိုအပ်သည့်အချက်အလက်များ ရယူအသုံးချရန် ရေးဆွဲခြင်းဟု ယူဆကြောင်းပညာရှင်များကသုံးသပ်သည်။
E-commerce လုပ်ကိုင်သူများ၏ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် အရောင်းအဝယ်ဆိုင်ရာ ဒေတာ အချက်အလက်များကိုလည်း အနည်းဆုံး သုံးနှစ် ထိန်းသိမ်းထားရမည်ဖြစ်ပြီးသက်ဆိုင်ရာ တရားရုံး ဖြစ်စေ အာဏာပိုင် အဖွဲ့အစည်းများက ဖြစ်စေ တောင်းခံလာလျှင် အခမဲ့ ပေးရမည်ဟု သတ်မှတ်ထားသည်။
ယင်းလမ်းညွှန်ချက်ထဲတွင်ပါသည့် အခန်း ၁၁ အရ ပုဂ္ဂိုလ်တစ်ဦးခြင်းဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက် ကာကွယ်ခြင်း ဆိုသည့် အပိုဒ်မှာအရေးကြီးသော်လည်း စာသုံးသူဘက်ကို မည်ကဲ့သို့ ကာကွယ်ပေးမည်ဆိုသည့် တိကျသည့်အချက် မပါဝင်ပေ။
အပိုင်း ၁၅ တွင်အရ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်တို့အပေါ် ငွေကြေး အကျိုးအမြတ်နှင့် အခြား အချက်အလက်များရယူရန် လိုချင်သည့်ရှူထောင့်မှ ရည်ရွယ်ပြီးရေးဆွဲထားခြင်းဖြစ်ကြောင်း နည်းပညာရှင်များက ဆိုသည်။
အတင်းအကျပ်ထိန်းချုပ်လိုသည့် သဘောမျိူး အသွင်ဆောင်သဖြင့် ယင်းစနစ်မှာ လုပ်ငန်းလုပ်ကိုင်သူများနှင့် စားသုံးသူများအကြား ကမောက်ကမ အခြေအနေများသာ ဖြစ်ပေါ်လာနိုင်ကြောင်းပြည်တွင်းရှိ အမည်မဖော်လိုသူ ဥပဒေပညာရှင်တဦးက ပြောသည်။
"နိုင်ငံသားတွေအကြား အလုပ်ဖြစ်နေတဲ့ ဒါကို မဖြစ်မနေမှတ်ပုံတင်ရမယ်လို့ ပြဌာန်းလိုက်ခြင်းက ဒီစနစ်ကိုအားနည်းသွားနိုင်တယ်။
တကယ်တန်းပြောရရင် စျေးကွက်စီးပွားရေးစနစ်ဆိုတဲ့ သဘောတရားအရ စားသုံးသူ၊ ဝယ်ယူသူနဲ့ ထုတ်လုပ်ရောင်းချသူတွေအကြား ယုံကြည်မှုအရ သွားနေတာ ဥပဒေအရထိန်းချုပ်လို့မရဘူး။ နိုင်ငံရဲ့အရေးပေါ်အခြေအနေအရ ဥပဒေရေးရာအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေပေါ် အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အွန်လိုင်းနဲ့မှတ်ပုံမတင်ရင်အရေးယူမယ်လို့ အတင်းအကြပ်လုပ်တာ နိုင်ငံသားတွေရဲ့သဘောဆန္ဒမပါဘဲ ထိန်းချုပ်ဖို့ ကြိုးစားနေတာ လက်ခံနိုင်စရာမရှိဘူး"ဟု ၎င်း၏အမြင်ကိုဆိုသည်။
အွန်လိုင်းမှ ကုန်စည်ပစ္စည်းများကို ရောင်းချသူများ ၊ ဝန်ဆောင်မှုပေးသူများမှာ စီမံသတ်မှတ်ထားသည့် မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည် ဖြစ်ကြောင်း၊လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများဖြင့်အရေးယူမည်ဖြစ်ကြောင်း ထိုလမ်းညွှန်ချက်တွင် ဖော်ပြထားသည်။
" စားသုံးသူနဲ့ ရောင်းချသူတွေကို ကာကွယ်ပေး ညှိနှိုင်းပေးဖို့ ဥပဒေထုတ်တာထက် အခွန်ကောက် ပိုက်ဆံ ရှာဖို့နဲ့ နောက်ထပ် ဒီထက် ပိုတင်းကျပ်ပြီး သူတို့ဆီကနေ မဖြစ်မနေ ကုန်စည်နဲ့ ငွေ စီးဆင်းတာမျိုးကိုပဲ သူတို့လုပ်လာကြမှာပါ။ဖတ်ကြည့်တော့လည်း နိုင်ငံတကာမှာ ရှိတဲ့ ဥပဒေတွေကို သေချာ မှီငြမ်းထားတာမျိုး အချိန်သေချာပေးပြီး ကျကျနန စီစဥ်ခဲ့တာမျိုး မရှိလောက်ဘူးလို့ မြင်တယ်"ဟု Open Data Initiative နည်းပညာရှင်ကိုကိုရဲကသုံးသပ်သည်။

👍9😁3❤2🤮1