Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နိုင်ကျဉ်းများ​၏ အစာငတ်ခံဆန္ဒပြခြင်း ပြီးဆုံးပြီဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်ရန်လိုအပ်
========================

YT
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး​၏ အစာငတ်ခံဆန္ဒပြခြင်း ခြောက်ရက်မြောက်နေ့တွင် အောင်မြင်စွာပြီးဆုံးပြီဖြစ်သော်လည်း အခြေအနေအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ မီးသတ်ဌာနတို့က မုံရွာထောင်တွင်း အထူးရှာဖွေရေး စတင်ပြီး ခွင့်ပြုချက်ဖြင့် သွင်းယူထားသည့် နိုင်ငံရေးအကျဉ်းသားများ​၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းသွားကြသဖြင့် စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံ ဆန္ဒပြခြင်း စတင်ခဲ့သည်။

ထို့နောက် မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီ သပိတ်ခေါင်းဆောင် တဦးဖြစ်သည့် ကိုဝေမိုးနိုင်အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသား ၃၆ ဦးကပါ ပူးပေါင်းပါဝင်ခဲ့သဖြင့် မုံရွာထောင်တွင် အစာငတ်ခံ ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအထိ ရှိလာခဲ့သည်။

(၁) အကျဉ်းသားတဦးချင်းဆီထံမှ သိမ်းဆည်းသွားသော စာအုပ်သုံးအုပ်စီအား ပြန်ပေးရန်၊ (၂)အကျဥ်းသားတဦးလျှင် ပုံစံ သုံးစုံစီ ခွင့်ပြုထားပါလျက် သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ (၃) သိမ်းဆည်းသွားသော စားအိုးစားခွက်များ၊ အစားအသောက်နှင့်ဟင်းများ ပြန်ပေးရန်၊ (၄) အကျဥ်းသားတဦးလျှင် စာ ၁ဝ စောင်၊ ပုံ ၁၀ ပုံ ခွင့်ပြုထားသော်လည်း သိမ်းဆည်းသွားသော စာများ၊ ပုံများကို ပြန်ပေးရန် စသည့် အချက်လေးချက်ကို တောင်းဆို ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြကာလအတွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးသည် အာဟာရချို့တဲ့မှုကြောင့် သတိလစ်မေ့မျောသည့် အခြေအနေထိ ရောက်ခဲ့သော်လည်း အကျဉ်းဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု တစုံတရာ မပေးခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ အစာငတ်ခံ ဆန္ဒပြခြင်း ခြောက်ရက်မြောက်နေ့ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၊ နေ့လယ် ၁၁ နာရီတွင် မုံရွာအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၅၀ ဦး​၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုချက်များအား ထောင်အာဏာပိုင်များက လိုက်လျောလိုက်သဖြင့် ဆန္ဒပြခြင်းအောင်မြင်စွာပြီးဆုံးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
သို့ရာတွင် အခြေအနေအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

" ကျွန်တော်တို့ကတော့ ဆက်လက်စောင့်ကြည့်ဖို့လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ ဒီမုံရွာထောင်မှာဖြစ်နေတဲ့ ဆန္ဒပြမှုက ပြည်သူတွေကြားမှာရော မီဒီယာလောကမှာပါ သတင်းကပြန့်နေတဲ့အတွက်ကြောင့်မို့ ဒီအာဏာပိုင်အဖွဲ့အစည်းတွေကြားမှာလည်း လှုပ်လှုပ်ခတ်ခတ်ရှိလိမ့်မယ်။ အဲ့ဒီဖိအားနဲ့ အလျော့ပေးလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ တဖက်မှာလည်း အဲ့ဒီလိုအလျော့ပေးပြီးတော့မှ စိတ်ထဲမှာ တခုခုတေးထားပြီးတော့မှ နောက်ဆက်တွဲဖိနှိပ်မှုတွေ ရှိလာနိုင်မလား၊ ဘယ်လိုမျိုး ထပ်ပြီးတော့မှ ဆောင်ရွက်ကြမလဲတော့ စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်" ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

ထို့အပြင် အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ​၏ လက်ရှိ ကျန်းမာရေးအခြေအနေများကိုလည်း မသိရသေးကြောင်း၊ တောင်းဆိုချက်များအား လိုက်လျောပြီးဖြစ်၍ ‌ဆန္ဒပြစဉ်အတွင်း မေ့မျောခဲ့သည့် နိုင်ငံရေးအကျဉ်းသား သုံးဦးအပြင် အခြားသော ဆန္ဒပြ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပြန်ပေးရန်သာ ယူဆကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉,၄၆၅ ဦးထက်မနည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ​၏ စက်တင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မုံရွာအကျဉ်းထောင်
#နိုင်ကျဉ်းများ​
#အစာငတ်ခံဆန္ဒပြ

ဓါတ်ပုံ- မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤1😁1
​​MIZZIMA JOB ANNOUNCEMENT

"Breaking Boundaries with words: Join Mizzima as an Experienced Journalist"

Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!
How to Apply:

Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].
🔥3
​​အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ထုတ်ပြန်
====================

ဓါတု
(မဇ္ဈိမ)။ ။ အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ကို စစ်တင်ဘာလ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

စာမျက်နှာပေါင်း ၈၆ မျက်နှာပါဝင်သည့် E-Commerce လမ်းညွှန်ချက်များအရ အွန်လိုင်းမှ စီးပွားရေးလုပ်ငန်းလုပ်သူများသည် အခွန်ပေးဆောင်ရမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြုလုပ်ခဲ့သည့် အရောင်းအဝယ်ဆိုင်ရာ ဒေတာများကို စစ်ကောင်စီက တောင်းခံလာလျှင် ပေးအပ်ရမည်ဖြစ်သည်။

ထိုလမ်းညွှန်ချက်ပါ ” အပိုင်း (၁၄ ) အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် အနိမ့်ဆုံးတန်ဖိုး သတ်မှတ်ခြင်း “တွင် တည်ဆဲဥပဒေများအရ အခွန်အခများကို ပေးဆောင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အခွန်သက်သာခွင့် ရရှိခံစားရမည်ဟု ဖော်ပြထားသည်။

"အဓိက လုပ်ချင်တာကုန်သွယ် အခွန်။ ကုန်သွင်းခွင့် လိုင်စင်နဲ့ အခွန်။ ရောင်းဝယ် ဒေတာ။ တကိုယ်ရေ ဖုန်း၊ အိမ်လိပ်စာ၊ အချက်အလက် ၊ သူတို့ အတွက် အခွန်ငွေနဲ့ ရနိုင်မယ့် သတင်းအချက်အလက်ကိုပဲ မျှော်ကိုးပြီး ထုတ်ပြန်တဲ့ ဥပဒေသီးသန့်ပါပဲ ။နောက်ပြီး ဒီကာလ ဒီနိုင်ငံ ဒီလူတွေ အုပ်ချုပ်နေစဥ် ကာလမှာတော့ National Security အမည်ခံပြီး သူတို့ မလိုတဲ့သူ သူတို့အတွက် အနှောင့်အယှက်လို့ ယူဆတဲ့သူတွေရဲ့ အချက်အလက်ကို ရယူဖို့ အသုံးချဖို့ သက်သက်ပဲ ဖြစ်လိမ့်မယ်။အရင်က အွန်လိုင်းရှော့(OS)က ဒေတာနာမည် ဖုန်းနဲ့ ဆန္ဒပြတဲ့သူ ဘာညာ လိုက်ဖမ်းဖူးတယ်။ နာမည်ပြောင်းပေမယ့် နံပါတ် မပြောင်းတော့ လိပ်စာကို လိုက်တာ။ ပါဆယ်ပို့တဲ့နေရာကို လိုက်တာ။ အေတီအမ်က ငွေထုတ်တာကော ဘဏ်ကနေ ရီပို့တက်ခိုင်း အဲ့တာ စောင့်ကြည့်ပြီး အဲ့အနီးတဝိုက်က စောင့်ဖမ်းတာ လုပ်သေးတယ်"ဟု Open Data Initiative နည်းပညာရှင်ကိုကိုရဲက မဇ္စျိမကိုပြောသည်။

စားသုံးသူကာကွယ်ရေးထက် ကုန်စည်နှင့်ငွေကြေးစီးဆင်းရန်၊ အမျိူးသားလုံခြုံရေးအမည်ခံ၍ ၎င်းတို့လိုအပ်သည့်အချက်အလက်များ ရယူအသုံးချရန် ရေးဆွဲခြင်းဟု ယူဆကြောင်းပညာရှင်များကသုံးသပ်သည်။

E-commerce လုပ်ကိုင်သူများ၏ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် အရောင်းအဝယ်ဆိုင်ရာ ဒေတာ အချက်အလက်များကိုလည်း အနည်းဆုံး သုံးနှစ် ထိန်းသိမ်းထားရမည်ဖြစ်ပြီးသက်ဆိုင်ရာ တရားရုံး ဖြစ်စေ အာဏာပိုင် အဖွဲ့အစည်းများက ဖြစ်စေ တောင်းခံလာလျှင် အခမဲ့ ပေးရမည်ဟု သတ်မှတ်ထားသည်။

ယင်းလမ်းညွှန်ချက်ထဲတွင်ပါသည့် အခန်း ၁၁ အရ ပုဂ္ဂိုလ်တစ်ဦးခြင်းဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက် ကာကွယ်ခြင်း ဆိုသည့် အပိုဒ်မှာအရေးကြီးသော်လည်း စာသုံးသူဘက်ကို မည်ကဲ့သို့ ကာကွယ်ပေးမည်ဆိုသည့် တိကျသည့်အချက် မပါဝင်ပေ။

အပိုင်း ၁၅ တွင်အရ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်တို့အပေါ် ငွေကြေး အကျိုးအမြတ်နှင့် အခြား အချက်အလက်များရယူရန် လိုချင်သည့်ရှူထောင့်မှ ရည်ရွယ်ပြီးရေးဆွဲထားခြင်းဖြစ်ကြောင်း နည်းပညာရှင်များက ဆိုသည်။

အတင်းအကျပ်ထိန်းချုပ်လိုသည့် သဘောမျိူး အသွင်ဆောင်သဖြင့် ယင်းစနစ်မှာ လုပ်ငန်းလုပ်ကိုင်သူများနှင့် စားသုံးသူများအကြား ကမောက်ကမ အခြေအနေများသာ ဖြစ်ပေါ်လာနိုင်ကြောင်းပြည်တွင်းရှိ အမည်မဖော်လိုသူ ဥပ​ဒေပညာရှင်တဦးက ပြောသည်။
"နိုင်ငံသားတွေအကြား အလုပ်ဖြစ်နေတဲ့ ဒါကို မဖြစ်မနေမှတ်ပုံတင်ရမယ်လို့ ပြဌာန်းလိုက်ခြင်းက ဒီစနစ်ကိုအားနည်းသွားနိုင်တယ်။

တကယ်တန်းပြောရရင် စျေးကွက်စီးပွားရေးစနစ်ဆိုတဲ့ သဘောတရားအရ စားသုံးသူ၊ ဝယ်ယူသူနဲ့ ထုတ်လုပ်ရောင်းချသူတွေအကြား ယုံကြည်မှုအရ သွားနေတာ ဥပဒေအရထိန်းချုပ်လို့မရဘူး။ နိုင်ငံရဲ့အရေးပေါ်အခြေအနေအရ ဥပဒေရေးရာအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေပေါ် အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အွန်လိုင်းနဲ့မှတ်ပုံမတင်ရင်အရေးယူမယ်လို့ အတင်းအကြပ်လုပ်တာ နိုင်ငံသားတွေရဲ့သဘောဆန္ဒမပါဘဲ ထိန်းချုပ်ဖို့ ကြိုးစားနေတာ လက်ခံနိုင်စရာမရှိဘူး"ဟု ၎င်း၏အမြင်ကိုဆိုသည်။

အွန်လိုင်းမှ ကုန်စည်ပစ္စည်းများကို ရောင်းချသူများ ၊ ဝန်ဆောင်မှုပေးသူများမှာ စီမံသတ်မှတ်ထားသည့် မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည် ဖြစ်ကြောင်း၊လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများဖြင့်အရေးယူမည်ဖြစ်ကြောင်း ထိုလမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

" စားသုံးသူနဲ့ ရောင်းချသူတွေကို ကာကွယ်ပေး ညှိနှိုင်းပေးဖို့ ဥပဒေထုတ်တာထက် အခွန်ကောက် ပိုက်ဆံ ရှာဖို့နဲ့ နောက်ထပ် ဒီထက် ပိုတင်းကျပ်ပြီး သူတို့ဆီကနေ မဖြစ်မနေ ကုန်စည်နဲ့ ငွေ စီးဆင်းတာမျိုးကိုပဲ သူတို့လုပ်လာကြမှာပါ။ဖတ်ကြည့်တော့လည်း နိုင်ငံတကာမှာ ရှိတဲ့ ဥပဒေတွေကို သေချာ မှီငြမ်းထားတာမျိုး အချိန်သေချာပေးပြီး ကျကျနန စီစဥ်ခဲ့တာမျိုး မရှိလောက်ဘူးလို့ မြင်တယ်"ဟု Open Data Initiative နည်းပညာရှင်ကိုကိုရဲကသုံးသပ်သည်။
👍9😁3❤2🤮1
ကနီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ADRPA တိုက်ခိုက်
👍11❤3🔥1
ကနီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ADRPA တိုက်ခိုက်
=====================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်( ADPRA) ၏တာဝန်ခံ ကိုလင်းနွေက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က ချင်းတွင်းမြစ် အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်သည် ကနီမြို့တွင် ရောက်ရှိတပ်စွဲနေသည်ဟု သတင်းရရှိသည့်အတွက် သွားရောက်ပစ်ခတ်ခဲ့တာဟု ၎င်းက ဆိုသည်။

“အဲ့မှာ စစ်သားနဲ့ ရဲရောပြီးတပ်စွဲတာ၊ အင်အားကတော့ ၇၀ ကျော်တယ်။ မနက် ၁၁ နာရီမှ တိုက်ပွဲစတယ်။ တနာရီ ကြာမြင့်တယ်”ဟု ADPRA ၏တာဝန်ခံ ကိုလင်းနွေကဆိုသည်။

၎င်းစစ်ရေယာဉ်အုပ်စုတွင် ဖလက်ခွံလေးစီး၊ စစ်သင်္ဘောနှစ်စီးနှင့် အမြန်ရေယာဉ်တစီးပါဝင်ပြီး ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်ကာ ကနီမြို့ ရပ်ကွက်( ၂) နှင့် ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသည်ဟု သိရသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုရှိပြီး အရေအတွက် အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ ထိုအသေးစိတ်အခြေအနေကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထိုတိုက်ပွဲကို ယင်းမာပင်ခရိုင်တပ်ရင်း၃၀(ADPRA)တပ်ခွဲ(၁၊၂)၊ ဒေါင်းမင်းစစ်ကြောင်းအညာတခွင်၊ FBGA နှင့် AKပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ချင်းတွင်းမြစ်ကြောင်းမှဆန်တတ်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုသည် စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီခန့်တွင် ကမ်းနံဘေးကျေးရွာများအား ရမ်းသန်းပစ်ခတ်ခဲ့၍ နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်များ၏ ရန်ကြောင့် ကနီမြို့နယ်အတွင်းရှိ မုဠော၊ ငါးဖျတ်၊ ညောင်ပင်ဝန်း၊ မင်း ကုန်း၊ ပန်းဆိုင်း၊ တဇယ်ချောင်းကျေးရွာများမှ ဒေသခံ ဦးရေ ၇,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ADPRA
#ကနီမြို့

ပုံအညွှန်း - ကနီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ADRPA စစ်မေများ တိုက်ခိုက် နေသည့်မြင်ကွင်း (ဓာတ်ပုံ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADPRA)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
Media is too big
VIEW IN TELEGRAM
ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဗင်နီဇွဲလားသမ္မတ ဘေဂျင်းသို့ ရောက်ရှိ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁5
အသုဘ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၇၀)
====================

“အရင်ကဆို 'စစ်သားက စစ်တိုက်ရင်းသေရင်'သတင်းတွေထဲမှာ ‘ကျဆုံး’တယ်ပြောတယ်။ အဖိုးတန်တဲ့ အသက်တစ်ချောင်း ဆုံးရှုံးသွားရတယ်ပေါ့။

နာရေးကြော်ငြာတို့၊ ရက်လည်ဆွမ်းသွပ်ဆိုင်းဘုတ်တို့ဆို— ‘တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူ’ တယ်ပေါ့။
အခုတော့ အဲ့ဒီလို ဂုဏ်ယူစွာ မရေးနိုင်ကြတော့၊ လိပ်ပြာ မသန့်နိုင်ကြတော့ဘူး။

... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/pz_5qIYkRyU?si=ANDXp-41gLOR79QP

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12❤1🖕1
Media is too big
VIEW IN TELEGRAM
September - 13 [7 Pm] Mizzima News Hour

Mizzima Headline News

#7pmnews #mizzimanewshour #reels #shorts
👍7🍌1
​​အမေရိကန်ကုမ္ပဏီ Qualcomm နဲ့ ရှပ်အင်္ကျီစာချုပ်သစ်ကို ယူနိုက်တက် ကြေညာ
====================

By PKThawn
Snapdragon အမှတ်တံဆိပ်ဟာ လာမယ့် ရာသီမှစလို့ အသင်းရဲ့ အင်္ကျီပေါ်ရှိ TeamViewer လိုဂိုကို အစားထိုးဝင်ရောက်လာမှာဖြစ် ၎င်းရဲ့ အမေရိကန်အခြေစိုက် Qualcomm Technologies နဲ့ ဘမ်ပါစပွန်ဆာစာချုပ်တစ်ရပ်ကို မန်ချက်စတာယူနိုက်တက်က ကြေညာလိုက်ပါတယ်။

စာချုပ်ပါ ငွေကြေးအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဟာ တစ်နှစ်လျှင် ပေါင် သန်း ၆၀ (ဒေါ်လာ ၇၅ သန်း) တန်ကြေးရှိတဲ့ သဘောတူညီချက်ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ဒီကိန်းဂဏန်းဟာ ဘောလုံးသမိုင်းမှာ အရင်က ဈေးအကြီးဆုံး ရှပ်အင်္ကျီ စပွန်ဆာစာချုပ်နဲ့ တူညီ ဒါမှမဟုတ် သာလွန်များပြားတယ်လို့ နားလည်ထားပါတယ်။

Qualcomm ဟာ အရင်နှစ်ကတည်းက ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။

"မန်ချက်စတာယူနိုက်တက် plc ဟာ Qualcomm Technologies, Inc နဲ့အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို တိုးချဲ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဒါက ကလပ်ရဲ့ နာမည်ကြီးအင်္ကျီရှေ့ရင်ဘတ်မှာ ပြသမယ့် Snapdragon အမှတ်တံဆိပ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်"လို့ ကလပ်အသင်းက သဘောတူညီချက်ကို အတည်ပြုရင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"တိုးချဲ့သဘောတူညီချက်အရ Snapdragon ဟာ အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတွေရဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယမြောက်ဝတ်စုံတွေမှာ ၂၀၂၄-၂၅ ရာသီက စတင်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ရှေ့ဖက်အင်္ကျီမှာ ပါလာမှာဖြစ်ပါတယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ မှာ မန်နေဂျာဟောင်း အဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

အဲရစ်တန်ဟက်ဂ်ရဲ့ အသင်းဟာ အခုနှစ်ရာသီမှာ သူတို့ရဲ့ ပထမဆုံးလိဂ် ၄ ပွဲအနက် ၂ ပွဲသာအနိုင်ရရှိထားပြီး ပရိသတ်တွေက မလိုလားတဲ့ ဂလေဇာ ပိုင်ရှင်တွေကို သူတို့ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုကို အော်ဟစ်ခဲ့ကြပါတယ်။

ဂလေဇာတွေဟာ ကလပ်ကို ရောင်းချဖို့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် ယူနိုက်တက်ရဲ့ ရှယ်ယာဈေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျဆင်းသွားခဲ့ပါတယ်။
Snapdragon ပရိုဆက်ဆာတွေဟာ စမတ်ဖုန်းတွေ၊ PC တွေ၊ virtual reality စနစ်တွေနဲ့ ဂိမ်းစက်တွေမှာ ပါရှိပါတယ်။

(AFP)
Photo: Twitter

#manchesterunited #Qualcomm #Snapdragon
👍9🔥1
စက်တင်ဘာလ (၁၃) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================

- မုံရွာထောင်တွင်း အစာငတ်ခံ သပိတ်တိုက်ပွဲ အောင်မြင်စွာပြီးဆုံးတဲ့သတင်း

- စစ်ကောင်စီစစ်သားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကိစ္စ စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမတ် တောင်းဆိုတဲ့အကြောင်း

- ကရင်နီပြည် စစ်ရှောင်စခန်း တချို့ ဆန်ပြတ်လပ်နေတဲ့သတင်း

- ကမ်းနီးမှာ ငါးခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ပုလော PDF က ဖမ်းဆီးအရေးယူလိုက်တဲ့အကြောင်း

- စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်တဲ့သတင်းနဲ့

- ဟောင်ကောင်မှာ နှစ်ပေါင်း ၁၄၀ အတွင်း မိုးရေချိန်အများဆုံးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်တဲ့ အကြောင်းတွေ အပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/MR3_LuXxEGo?si=v-AkfDeQTQ4uPux_

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤3🔥1
​​The Attack of 26/11 (2013)
===============

2008 ခုနှစ်တွင် အကြမ်းဖက်သမားများ မိုဘိုင်းမြို့တိုက်ခိုက်ခဲ့ပုံကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ အန္ဒိယ ဟိန္ဒီ အက်ရှင် သည်းထိတ်ရင်ဖို ရုပ်သံဇာတ်လမ်းလေးဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံးနဲ့ အဆိုးရွားဆုံး အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်ရှ်ကာအီတိုင်ဘာ အဖွဲ့အစည်းက အန္ဒိယကို စစ်ခင်းနေတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ.. နည်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ခဲ့ရုံသာမက 2008 ခုနှစ် နိုဝင်ဘာလ 26 ရက်နေ့တွင် ပင်လယ်ထဲမှတစ်ဆင့် လူ ၁၀ ယောက်ကို စေလွှတ်ခဲ့ပြီး အန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ မွမ်းဘိုင်းမြို့တွင် တစ်ခါမျှ မကြားဘူးသည့် မတူညီတဲ့ နည်းဗျူဟာများကိုသုံးပြီး တိုက်ခိုက်ခဲ့ကြပုံကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၃.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၄.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥2