Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အသုဘ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၇၀)
====================

“အရင်ကဆို 'စစ်သားက စစ်တိုက်ရင်းသေရင်'သတင်းတွေထဲမှာ ‘ကျဆုံး’တယ်ပြောတယ်။ အဖိုးတန်တဲ့ အသက်တစ်ချောင်း ဆုံးရှုံးသွားရတယ်ပေါ့။

နာရေးကြော်ငြာတို့၊ ရက်လည်ဆွမ်းသွပ်ဆိုင်းဘုတ်တို့ဆို— ‘တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူ’ တယ်ပေါ့။
အခုတော့ အဲ့ဒီလို ဂုဏ်ယူစွာ မရေးနိုင်ကြတော့၊ လိပ်ပြာ မသန့်နိုင်ကြတော့ဘူး။

... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/pz_5qIYkRyU?si=ANDXp-41gLOR79QP

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12❤1🖕1
Media is too big
VIEW IN TELEGRAM
September - 13 [7 Pm] Mizzima News Hour

Mizzima Headline News

#7pmnews #mizzimanewshour #reels #shorts
👍7🍌1
​​အမေရိကန်ကုမ္ပဏီ Qualcomm နဲ့ ရှပ်အင်္ကျီစာချုပ်သစ်ကို ယူနိုက်တက် ကြေညာ
====================

By PKThawn
Snapdragon အမှတ်တံဆိပ်ဟာ လာမယ့် ရာသီမှစလို့ အသင်းရဲ့ အင်္ကျီပေါ်ရှိ TeamViewer လိုဂိုကို အစားထိုးဝင်ရောက်လာမှာဖြစ် ၎င်းရဲ့ အမေရိကန်အခြေစိုက် Qualcomm Technologies နဲ့ ဘမ်ပါစပွန်ဆာစာချုပ်တစ်ရပ်ကို မန်ချက်စတာယူနိုက်တက်က ကြေညာလိုက်ပါတယ်။

စာချုပ်ပါ ငွေကြေးအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဟာ တစ်နှစ်လျှင် ပေါင် သန်း ၆၀ (ဒေါ်လာ ၇၅ သန်း) တန်ကြေးရှိတဲ့ သဘောတူညီချက်ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ဒီကိန်းဂဏန်းဟာ ဘောလုံးသမိုင်းမှာ အရင်က ဈေးအကြီးဆုံး ရှပ်အင်္ကျီ စပွန်ဆာစာချုပ်နဲ့ တူညီ ဒါမှမဟုတ် သာလွန်များပြားတယ်လို့ နားလည်ထားပါတယ်။

Qualcomm ဟာ အရင်နှစ်ကတည်းက ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။

"မန်ချက်စတာယူနိုက်တက် plc ဟာ Qualcomm Technologies, Inc နဲ့အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို တိုးချဲ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဒါက ကလပ်ရဲ့ နာမည်ကြီးအင်္ကျီရှေ့ရင်ဘတ်မှာ ပြသမယ့် Snapdragon အမှတ်တံဆိပ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်"လို့ ကလပ်အသင်းက သဘောတူညီချက်ကို အတည်ပြုရင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"တိုးချဲ့သဘောတူညီချက်အရ Snapdragon ဟာ အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတွေရဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယမြောက်ဝတ်စုံတွေမှာ ၂၀၂၄-၂၅ ရာသီက စတင်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ရှေ့ဖက်အင်္ကျီမှာ ပါလာမှာဖြစ်ပါတယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ မှာ မန်နေဂျာဟောင်း အဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

အဲရစ်တန်ဟက်ဂ်ရဲ့ အသင်းဟာ အခုနှစ်ရာသီမှာ သူတို့ရဲ့ ပထမဆုံးလိဂ် ၄ ပွဲအနက် ၂ ပွဲသာအနိုင်ရရှိထားပြီး ပရိသတ်တွေက မလိုလားတဲ့ ဂလေဇာ ပိုင်ရှင်တွေကို သူတို့ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုကို အော်ဟစ်ခဲ့ကြပါတယ်။

ဂလေဇာတွေဟာ ကလပ်ကို ရောင်းချဖို့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် ယူနိုက်တက်ရဲ့ ရှယ်ယာဈေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျဆင်းသွားခဲ့ပါတယ်။
Snapdragon ပရိုဆက်ဆာတွေဟာ စမတ်ဖုန်းတွေ၊ PC တွေ၊ virtual reality စနစ်တွေနဲ့ ဂိမ်းစက်တွေမှာ ပါရှိပါတယ်။

(AFP)
Photo: Twitter

#manchesterunited #Qualcomm #Snapdragon
👍9🔥1
စက်တင်ဘာလ (၁၃) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================

- မုံရွာထောင်တွင်း အစာငတ်ခံ သပိတ်တိုက်ပွဲ အောင်မြင်စွာပြီးဆုံးတဲ့သတင်း

- စစ်ကောင်စီစစ်သားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကိစ္စ စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမတ် တောင်းဆိုတဲ့အကြောင်း

- ကရင်နီပြည် စစ်ရှောင်စခန်း တချို့ ဆန်ပြတ်လပ်နေတဲ့သတင်း

- ကမ်းနီးမှာ ငါးခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ပုလော PDF က ဖမ်းဆီးအရေးယူလိုက်တဲ့အကြောင်း

- စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်တဲ့သတင်းနဲ့

- ဟောင်ကောင်မှာ နှစ်ပေါင်း ၁၄၀ အတွင်း မိုးရေချိန်အများဆုံးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်တဲ့ အကြောင်းတွေ အပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/MR3_LuXxEGo?si=v-AkfDeQTQ4uPux_

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤3🔥1
​​The Attack of 26/11 (2013)
===============

2008 ခုနှစ်တွင် အကြမ်းဖက်သမားများ မိုဘိုင်းမြို့တိုက်ခိုက်ခဲ့ပုံကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ အန္ဒိယ ဟိန္ဒီ အက်ရှင် သည်းထိတ်ရင်ဖို ရုပ်သံဇာတ်လမ်းလေးဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံးနဲ့ အဆိုးရွားဆုံး အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်ရှ်ကာအီတိုင်ဘာ အဖွဲ့အစည်းက အန္ဒိယကို စစ်ခင်းနေတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ.. နည်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ခဲ့ရုံသာမက 2008 ခုနှစ် နိုဝင်ဘာလ 26 ရက်နေ့တွင် ပင်လယ်ထဲမှတစ်ဆင့် လူ ၁၀ ယောက်ကို စေလွှတ်ခဲ့ပြီး အန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ မွမ်းဘိုင်းမြို့တွင် တစ်ခါမျှ မကြားဘူးသည့် မတူညီတဲ့ နည်းဗျူဟာများကိုသုံးပြီး တိုက်ခိုက်ခဲ့ကြပုံကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၃.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၄.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥2
ကနေဒါနိုင်ငံရဲ့ မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ | Beyond Panglong Oath Ep 20
======================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။
Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/_fZeKpAfO8E?si=sohyVhGTlgWqqD6A

#ပင်လုံသစ္စာ
#ဖက်ဒရယ်
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍4🔥2
​​Burning
=============

“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေခြင်း” ဘဝရဲ့အဓိပွါယ်က ဘာများလဲ??
ဒီမေးခွန်းဟာ လူတစ်ဦးတစ်ယောက်ချင်းအပေါ်မူတည်ပြီးအမျိုးမျိုးသောအဖြေရရှိနိုင်တဲ့ မေးခွန်းပါပဲဒီအကြောင်းကို လေးလေးနက်နက်တွေးဖူးတဲ့လူတွေရှိသလို တစ်ခါမှ မစဉ်းစားဖူးဘဲ လောကကြီးထဲကနေနှုတ်ဆက်သွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ..

ဒီဇာတ်ကားရဲ့ အနှစ်ချုပ်ကို ပြောရရင်တော့“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေကြသူများ”ပေါ့ ရှာဖွေပုံရှာဖွေနည်းတွေသာ ကွဲပြားသွားပေမဲ့သူတို့တွေကတော့ တွေ့ရှိသွားကြတဲ့ပုံပါပဲ

Haruki Murakami ရဲ့ Barn Burning ဝတ္ထုကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပါတော့တစ်ကားလုံး အငြိမ်ပုံစံမျိုးသွားပေမဲ့လွမ်းဆွေးပြီး ပဟေဠိဆန်တဲ့အငွေ့အသက်ကို ခံစားရစေမယ့်ကားပါ...

Drama/Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.5 နဲ့ Rotten Tomatoes မှာ 95% တောင်ရရှိထားတာမလို့စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်

Mizzima + တွင် ပြသနေသည့် အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

ပြသမည့်ရက်။ ။ ၁၈၊၉၊၂၀၂၂
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
စက်တင်ဘာလ (၁၃) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထဋ်ရဲ့ မိသားစု စီးပွားရေးလုပ်ငန်းတွေ တိုင်ကြားခံထားရယ်ဆိုတဲ့ အကြောင်း နဲ့အတူ ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားတွေ ဝင်ရောက်တာနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းဖို့ ထိုင်းလွှတ်တော်အမတ် တောင်းဆို လိုက်တဲ့ အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ ရုရှားနိုင်ငံ အရှေ့ဖျားက ဗော့စတော့ချ်ညီ ဒုံးပျံလွှတ်တင်စခန်းမှာ တွေ့ဆုံနေကြပြီဆိုတဲ့ အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရ သတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/tl8yc-qHlFg?si=5Vb0566Mt-o79TWj

#Mizzimaradio
#Morningradio
👍11🔥1
​​တရုတ်၏ ရန်လိုမှုများကြား မဟာဗျူဟာ ပြောင်းရန် ဖိလစ်ပိုင် စဉ်းစား 
========================

တရုတ်ကမ်းခြေစောင့်သင်္ဘောနှင့် တရုတ်ရေပြင်ပြည်သူ့စစ် သင်္ဘောများက အန္တရာယ်များသော အပြုအမူများဖြင့် ရန်လိုမှုကို ဖော်ပြပြီး ဖိလစ်ပိုင် ရေယာဉ်များကို ဆက်လက်နှောင့်ယှက်နေခဲ့ကြောင်း အနောက်ဖိလစ်ပိုင်ပင်လယ် အမျိုးသား လုပ်ငန်းစဉ်တပ်ဖွဲ့က ပြောခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👎1🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ စက်တင်ဘာ ၂၀၂၃) 
====================

အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထု လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ပြည်ပ အားကိုးဖြင့် ရွေးကောက်ပွဲပြုလုပ်ကာ ၎င်းတို့၏ လက်ရှိအကျပ်အတည်းမှ လွတ်အောင် လုပ်ဆောင်လာဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6🔥2😁2
​​14.9.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
ရင်ခုန်သံထပ်တူ (ည- ၇ နာရီ)
India Movie - Punjab 1984 ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍5🔥2😁1
​​Love, so divine
==========

ခရစ်ယာန်စာသင်ကိုယ်တော်တစ်ပါးဖြစ်တဲ့ ဂျူရှစ်ဟာ မကြာခင် ဘုန်းကြီးတစ်ပါးအဖြစ် ခံယူရမှာဖြစ်ပြီး သင်တန်းကာလအနေနဲ့ နယ်မြို့လေးတစ်မြို့က ဘုရားကျောင်းတစ်ကျောင်းမှာ ယာယီသွားနေရတယ်... သူရောက်ပြီး သိပ်မကြာခင်မှာပဲ

အဲ့ဒီဘုရားကျောင်းကို ဘုရားကျောင်းက ဖာသာကြီးရဲ့ တူမဖြစ်တဲ့ ဘုံဟီးက ရောက်လာတယ်... ဘုံဟီး​က အမေရိကန်မှာ ကြီးပြင်းလာသူဖြစ်တဲ့အတွက် အနေအထိုင်အပြောအဆို ပွင့်လင်းတယ်.. စစချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ သူတို့နှစ်ယောက်က စပြီးဆုံကြကတည်းက တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်နေခဲ့ကြတယ်.. ဖြစ်ချင်တော့ ဖာသာကလည်း ထိန်းမရတဲ့သူ့တူမကို ခရစ်ယာန်ဘာသာဝင်ဖြစ်လာအောင် စည်းရုံးပေးဖို့ ဂျူရှစ်ကို တာဝန်ပေးလိုက်တဲ့အခါ.....

ဂျူရှစ်နဲ့ ဘုံဟီးတို့ ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ.... ဆက်ကြည့်လိုက်ကြနော်...

အဓိကဇာတ်ကောင်များအဖြစ် မင်းသား ကွန်ဆန်ဝူးနဲ့ မင်းသမီး ဟာဂျီဝန်းတို့ပါဝင်သရုပ်ဆောင်ထားပါတယ်....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၄.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍5🔥1😁1
"ဘာလိုလို့လဲ" | ဘာလိုလို့လဲ ဇာတ်လမ်းတို (Trailer)
==================

ဇာတ်လမ်းတွဲရဲ့ “ဘာလိုလို့လဲ” ဇာတ်လမ်း

ဘားလေးတစ်ခုက ခြေတဖက်ပြတ်နေတဲ့ အဆိုတော်လေး တစ်ယောက်နဲ့ အသည်းကွဲနေတဲ့ ရုပ်ရှင် မင်းသမီးတို့ အမှတ်မထင် တွေ့ဆုံခဲ့တဲ့ ဇာတ်လမ်း။

မသန်စွမ်းတွေမှာကော မျိုးဆက်ပွား ကျန်းမာရေးအတွက် ဘယ်လို အခွင့်အရေးတွေ ရှိသင့်ပါသလဲ။

သာမန် လူနေမှု ဘဝတွေမှာ သူတို့အတွက် ဘယ်လို ဖြည့်စည်းမှုတွေ လိုအပ်ပါသလဲ။

မသန်စွမ်းတွေကို သာမာန်လူတွေလို ဆက်ဆံသင့်တယ်ဆိုပေမယ့် တကယ့်လက်တွဲဖော်အဖြစ် ရွေးရမယ်ဆိုရင် ကိုယ်ဆိုရင် ဘယ်လို စဉ်းစားမှာလဲ။

မင်းသမီးက မသန်စွမ်းဖြစ်နေတဲ့ အဆိုတော်လေးကို ရွေးချယ်မှာလား။

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက
ဘာလိုလို့လဲ ဇာတ်လမ်းတိုလေးပါ။

နောက်ဇာတ်လမ်းတွဲ မတင်ဆက်နိုင်မီ အထိတော့ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး ဇာတ်လမ်းလေး ဖြစ်ပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/DhsK2UEBe7U?si=VObW-mflm0YNWmjc
👍5🔥1😁1