Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး သာမက အသက်အန္တရာယ်ပါ ထိခိုက်ပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိကြောင်း NLD သတိပေး
=======================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ဗဟိုအလုပ်ကော်မတီက ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသကဲ့သို့ လျှို့ဝှက်ထားသော နေရာများတွင် နိုင်ငံရေးအကျဉ်းသားတဦး ရပိုင်ခွင့် အခွင့်အရေးကိုမျှမပေးဘဲ ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း NLD ကဆိုသည်။

ထို့ပြင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးစိုးရိမ်ပူပန်မိကြောင်းလည်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

“ အသက်အရွယ်အားဖြင့် ၇၈ နှစ်အရွယ်ရှိလာပြီဖြစ်သဖြင့် ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေးထားရမည့် အရွယ်ဖြစ်ပါသည်”ဟု ဗဟိုအလုပ်ကော်မတီက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းအားထုတ်နေမှုကို အလေးထား အသိအမှတ်ပြုကြောင်းလည်း ဖော်ပြသည်။

ထို့ပြင် ယခုထက် ပိုမိုအားကောင်းသော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန်လည်း မေတ္တာရပ်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ထိုအထဲမှ ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်လောက်က သွားနာ၊ သွားဖုံးယောင်ဝေဒနာကို ခံစားရသည့်အတွက် ပြင်ပဆရာဝန်နှင့် ကုသခွင့်ပေးရန် တင်ပြခဲ့သော်လည်း စစ်ကောင်စီက လက်ခံခြင်းမရှိခဲ့ဘဲ ထောင်ဆရာဝန်နှင့်သာ ကုသခွင့်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#NLD

ပုံညွှန်း- ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-EPA)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢4❤1🤮1
Media is too big
VIEW IN TELEGRAM
ရုရှားအတွင်းပိုင်းပဋိပက္ခနဲ့ ယူကရိန်းစစ်အပေါ် သက်ရောက်မှု | VOA on Mizzima

Watch more detail - https://youtu.be/EAICmtYbUHo

#VOA #Russia #ပဋိပက္ခ #Mizzima #shorts #reels
👍4😁1
ရေးမြို့နယ်တွင် ရှေ့ကားကို ကျော်တက်ရာမှ ကုန်ကား ၂ စီး တိုက်မိပြီး ယာဉ်မောင်း ၁ ဦးသေဆုံး
👍6🔥1
ရေးမြို့နယ်တွင် ရှေ့ကားကို ကျော်တက်ရာမှ ကုန်ကား ၂ စီး တိုက်မိပြီး ယာဉ်မောင်း ၁ ဦးသေဆုံး
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်နှစ်စီး တိုက်မိရာမှ ကားမီးလောင်ကာ ယာဉ်မောင်းအမျိုးသားတဦး သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅နာရီခွဲတွင် ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသည့် ကွမ်းသီးတင်ကုန်တင်ကားနှင့် ရာဘာသစ်လုံးတင်သည့် ကုန်တင်ကားနှစ်စီး မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်သည်။

ကုန်ကားနှစ်စီးသည် လားရာတူသွားနေသည့် ကုန်တင်ကားများဖြစ်ကြပြီး ရှေ့ကုန်ကားကို ကျော်တက်ရာမှ ကုန်ကားနှစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ကွမ်းသီးကားမီးလောင်ကာ ယာဉ်မောင်းဖြစ်သူ အသက် (၄၀) အရွယ် ကိုမျိုးမင်း(ခ) ဆံရှည်သည် ကာားခေါင်းခန်းတွင် မီးလောင်သေဆုံးသွားခြင်း ဖြစ်သည်။

ကားခေါင်းခန်းတွင် အမျိုးသားဖြစ်သူနှင့်အတူ လိုက်ပါလာသည့် ဇနီးဖြစ်သူသည် အချိန်မီ ခုန်ဆင်းနိုင်ခဲ့သည့်အတွက် အသက်ဘေးမှ လွတ်မြောက်သွားကြောင်း လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ကား ယာဉ်တိုက်မှု ဖြစ်ချင်းမှာ ယာဉ်မောင်းက ကားခေါင်းခန်းမှာ ညှပ်နေတာ၊ သတိလစ်နေတာ ထုတ်လို့လည်း မရဘူး၊ ညှပ်နေတဲ့အချိန်မှာမှ ကားက မီးထလောင်တာ၊ သူ့အမျိုးသမီးကတော့ ကားပေါ်ကနေ ခုန်ဆင်းလို့ မှီသွားတာပေါ့ဗျာ၊ ကျနော်တို့ရောက်တဲ့အချိန်က ကားခေါင်းခန်းက မီးတွေအကုန်လောင်နေတာ” ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်ပွားသည့် အချိန်သည် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် အချိန်နီးကပ်နေပြီဖြစ်သဖြင့် ထိုလမ်းပိုင်းတွင် လူအသွား အလာပြတ်ကာ ကယ်ဆယ်ရေးသမားများလည်း အချိန်မီရောက်ရန် အခက်အခဲရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူတဦးက ပြောသည်။

“ညမထွက်ရအမိန့် ထုတ်ထားတော့ အဲ့ဒီလမ်းမက ည ၆နာရီဆို သွားလာလို့ အဆင်မပြေတော့ဘူးလေ၊ အရင်တုန်းကတော့ ခြံက ပြန်တဲ့လူတွေ ဘာတွေရှိသေးတော့ မပြတ်ဘူးပေါ့၊ ကားသမားတွေလည်း မာရှယ်လောချိန်နီးတော့ အလျင်လိုပြီး မောင်းရာကနေ စက်ချို့ယွင်းပြီး ဖြစ်သွားတာနေမယ်” ဟု ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ရောက်သွားတော့ ရာဘာတုံးတင်တဲ့ ကားသမားကိုတော့ မတွေ့တော့ဘူး၊ dead body (ရုပ်အလောင်း) ကလည်း ပြာဖြစ်သွားပြီ” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးသူ ကိုမျိုးမင်းသည် မန္တလေးမြို့ဇာတိဖြစ်ကာ လက်ရှိတွင် ထားဝယ်မြို့၌ နေထိုင်သူဖြစ်ပြီး ရေးမြို့မှ ရန်ကုန်သို့ ကွမ်းသီးတင်ပို့သည့် ကုန်တင်ကားမောင်းသူဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#ကုန်ကားတိုက်မိ
#ရေးသံဖြူဇရပ်
#Mizzima

ဓါတ်ပုံ- ရွှေဟင်္သာပရဟိတ
ပုံစာ-ယာဉ်မတော်တဆမှုမှ မီးငြိမ်းသက်စဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
​​တရုတ် ရေငုပ်သင်္ဘောတွင် ဂျာမနီထုတ် ရေငုပ်သင်္ဘောအင်ဂျင် တပ်ဆင်ရန် ထိုင်း မျှော်လင့်
=======================

Bangkok Post
ထိုင်းနိုင်ငံက ဝယ်ယူထားသည့် တရုတ်ထုတ် ရေငုပ်သင်္ဘောတွင် ဂျာမနီထုတ် အင်ဂျင် ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းသည် လာမည့် သီတင်းပတ် နယူးယောက်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည့် ခရီးစဉ်အတွင်း ဂျာမနီသမ္မတ ဖရန့်ဝေါတာစတိုင်းမီးယားထံ ချည်းကပ်ရန်အတွက် ပြင်ဆင်စိုင်းပြင်းထားသည်။

ဗုဒ္ဓဟူးနေ့က သီတင်းပတ်တာ အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနုကာရာက မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်သည်။

“အတည်ပြုနိုင်ရေးအတွက် ကျွန်တော်တို့ စောင့်ဆိုင်းနေတယ်၊ ဂျာမနီနဲ့လည်း ဆက်သွယ်ထားပြီး ဖြစ်တယ်”ဟု ပန်ပရီက ပြောသည်။

တော်ဝင်ထိုင်းရေတပ်၏ တရုတ်နှင့် ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်အရ အဆိုပါ ရေငုပ်သင်္ဘောတွင် ဂျာမနီထုတ် အင်ဂျင် တပ်ဆင်ရမည် ဖြစ်သည်။ ဂျာမနီအစိုးရအနေဖြင့်မူ အမျိုးသားလုံခြုံရေး အကြောင်းရင်းများအရ တရုတ်သို့ ယင်းအင်ဂျင်ကို ရောင်းချလိမ့်မည် မဟုတ်ပေ။

တရုတ်က ရေငုပ်သင်္ဘော တည်ဆောက်သူများက အခြားသော အင်ဂျင်ကို ကမ်းလှမ်းသော်လည်း ထိုင်းနိုင်ငံက စာချုပ်ပါအတိုင်း ဂျာမနီထုတ် အင်ဂျင်ကိုသာ တောင်းဆိုထားခြင်း ဖြစ်သည်။
ယခု ကိစ္စရပ်နှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ဂျာမနီနှင့် တရုတ်တို့နှင့် သဘောတူညီချက်တရပ် ဖော်ဆောင်နိုင်လိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီး ဆူတင်ကလောင်ဆန်က အစောပိုင်း၌ အပြုသဘော ပြောဆိုထားသည်။

ယခု သဘောတူညီချက်မှ သုံးဦး သုံးဖလှယ်စလုံး အကျိုးအမြတ် ဖြစ်လိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အိုင်ဖုန်းရဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေအကြောင်း မီဒီယာတွေမှာ ဖော်ပြနေကြောင်း တရုတ်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Iphone #China #Media
❤4👍1👏1
အမေရိကန်မြေပေါ်က တရုတ်လျှပ်စစ်ကားထုတ်စက်ရုံ | VOA on Mizzima
======================

Gotion ကုမ္ပဏီဟာ အမေရိကန်ကုမ္ပဏီလက်အောက်ခံ တရုတ် လျှပ်စစ်ကားဘက်ထရီထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ မစ်ရှီဂန်ပြည်နယ်က လယ်ယာမြေတွေပေါ်မှာ စက်ရုံဆောက်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးဒေသခံပြည်သူတွေအကြားသဘောထားကွဲလွဲနေပါတယ်။ မစ်ရှီဂန်ပြည်နယ် Green Charter မြို့ကနေ ဗွီအိုအေသတင်းထောက် Carolyn Calla Yu သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။

https://youtu.be/pbesTkHCXuE?si=r1MKyTmizlWDx5CG

#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4👍2😁1
This media is not supported in your browser
VIEW IN TELEGRAM
September - 14 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍3🍌2
​​ကယ်ဆယ်ရေး ရေငုပ်သင်္ဘောကို ဗြိတိန်ထံမှ ဒေါ်လာ သန်း ၁၀၀ ဖြင့် အင်ဒိုနီးရှား ဝယ်ယူ
=========================

CNA
အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ အိုဟောင်းသော စစ်လက်နက်ပစ္စည်းများကို ခေတ်မီအောင် လုပ်ဆောင်မှု၌ ဗြိတိန်ကုမ္ပဏီတခုထံမှ ကယ်ဆယ်ရေးရေငုပ်သင်္ဘောတစင်းကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝယ်ယူရေးအား လက်မှတ်ထိုးထားပြီဟု ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသော PT BTI Indo Tekno ကုမ္ပဏီနှင့် သင်္ဘောထုတ်လုပ်သည့် Submarine Manufacturing & Products and Houlder တို့က လန်ဒန်ရှိ ကာကွယ်ရေးပစ္စည်း ပြပွဲ ပြင်ပန်း၌ အဆိုပါ သဘောတူညီချက်အား အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ယခု ဝယ်ယူမှုသည် အင်ဒိုနီးရှား၌ တအံ့တဩ ဖြစ်ကြရသည့် ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ Dassault Rafale တိုက်လေယာဉ် ၄၂ စင်း၊ Turkish Aerospace ထံမှ ဒေါ်လာ သန်း ၃၀၀ ဖြင့် ဒရုန်းသစ် ၁၂ စင်းနှင့် ဒေါ်လာ သန်း ၈၀၀ ရှိ Mirage 2000-5 တပတ်ရစ် တိုက်လေယာဉ် ၁၂ စင်းတို့အား ဝယ်ယူမှု စသည့် အကြီးစား စစ်လက်နက်များ ဝယ်ယူမှု၌ နောက်ဆုံး ဝယ်ယူမှုလည်းပဲ ဖြစ်သည်။

သမ္မတ ဂျိုကို ဝီဒိုဒိုက ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံ၏ လုံခြုံရေးဌာနများ၏ ကြီးမားသော သုံးစွဲမှုများကို အသားပေးပြောဆိုရင်း ဘတ်ဂျက်အသုံးစရိတ်ကို တင့်တောင်းတင့်တယ် ရှိနေစေရန် အစိုးရအဖွဲ့အား ဇူလိုင်လအတွင်းက သတိပေးထားသည်။
ယခု ဗြိတိန်ထုတ် ရေငုပ်သင်္ဘောသည် မြန်ဆန်စွာ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်သည့် ရေငုပ်သင်္ဘောဖြစ်ပြီး လူ ၅၀ ဝင်ဆံ့ကာ လေယာဉ်ဖြင့်လည်း သယ်ပို့နိုင်သည်။ မိခင်သင်္ဘောမှနေ၍ ယင်း ရေငုပ်သင်္ဘောကို သယ်ပို့မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားသည်။

ကယ်ဆယ်ရေး ရေငုပ်သင်္ဘော မရှိခဲ့သဖြင့် အင်ဒိုနီးရှားသည် ၂၀၂၁ ခုနှစ်က ဘာလီ၌ တော်ပီဒိုစစ်ရေးလေ့ကျင့်မှုအတွင်း ရေငုပ်သင်္ဘော ငါးစင်း၌ တစင်း ပျက်စီးနစ်မြုပ်ရာတွင် ရေယာဉ်ပေါ် လိုက်ပါသည့် အမှုထမ်း ၅၃ ဦး သေဆုံးခဲ့သည်။

“ဒါဟာ အင်ဒိုနီးရှား ရေတပ်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်နေတဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူလီယန်တိုရဲ့ အစီအစဉ် တစိတ်တပိုင်း ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

ပြီးခဲသည့် ဆယ်စုနှစ်၌ အင်ဒိုနီးရှားသည် ဂျီဒီပီ၏ တရာခိုင်နှုန်းသာ ကာကွယ်ရေး အသုံးစရိတ် ရှိခဲ့ပြီး အရှေ့တောင်အာရှ ထွန်းသစ်စဈေးကွက် စီးပွားရေးနိုင်ငံ ခြောက်နိုင်ငံတွင် အနိမ့်ဆုံး ဖြစ်ခဲ့ကြောင်း Stockholm International Peace Research Institute ပညာရှင်အဖွဲ့အရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)
(Image: Submarine Manufacturing & Products)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
စက်တင်ဘာလ ( ၁၄ ) ရက်၊ မွန်းတည့် ၁၂နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:00-ဘိုကလေးမြို့ခံ လူငယ်၄ဦး သေဒဏ်ချမှတ်ခံရတဲ့သတင်း

02:28-မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ကြားနာပွဲ အမေရိကန် အောက်လွှတ်တော်ကော်မတီမှာ ပြုလုပ်တဲ့သတင်း

05:20-နိုင်ကျဉ်းတွေရဲ့ အစာငတ်ခံဆန္ဒပြခြင်း ပြီးဆုံးပြီဖြစ်ပေမယ့်လည်း ဆက်လက်စောင့်ကြည့်ရန်လိုအပ်တယ်ဆိုတဲ့သတင်း

10:39-မနက် ၁၁နာရီထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ စားအုံးဆီဈေးတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/18tvo5xCJr4?si=lh_g7NumanTGfwWn

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဗင်နီဇွဲလားနဲ့ဆက်ဆံရေးကို အဆင့်မြှင့်တင်မယ့်အကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤4
လားရှိုးတွင် မိုးကြီးပြီး အုတ်တံတိုင်းပြိုကျ၍ လူသေဆုံး
👍5🔥1😢1