Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ပြီး စီးပွားရေးအစီအမံတွေကို ကြပ်မတ်လုပ်ဆောင်သွားဖို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Japan
🔥3
​​ရာထူးတိုးဖြေပြီး မိဘနေအိမ်သို့ ခေတ္တပြန်လာသော ရဲအုပ် ပစ်သတ်ခံရ
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ကမ္ဘောဇပန်းခြံထောင့်၊ တပင်ရွှေထီးလမ်းရှိ လဘက်ရည်ဆိုင်တဆိုင်တွင် စစ်ကောင်စီ၏ ရဲအရာရှိတဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

ရဲအုပ်အောင်သက်ထွေးသည် စခန်းမှူးရာထူးတိုး ဖြေဆိုပြီးနောက် မိဘနေအိမ်သို့ ခတ္တပြန်လာစဉ် စက်တင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

"သူက လွိုင်ကော်ကနေ နေပြည်တော်ကို ရာထူးတိုးသွားဖြေပြီး ရွှေပြည်သာမှာ ခဏဝင်လားနားရင်း ဖြစ်သွားတာပါ" ဟု ရွှေပြည်သာ မြေပြင်ကင်းထောက်(SPT - Info) က မဇ္ဈိမကို ပြောသည်။
ရဲအုပ် အောင်သက်ထွေးသည် ကယားပြည်နယ် စစ်ကောင်စီရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စခန်းမှူးရာထူးတိုး ဖြေဆိုပြီးနောက် ရွှေပြည်သာမြို့နယ်ရှိ မိဘနေအိမ်သို့ ပြန်ရောက်ပြီး သုံးရက်အကြာတွင် လက်ဘက်ရည်ဆိုင်၌ ပစ်သတ်ခံရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရပြီးနောက် ရဲအုပ်အား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေနတ်ဒဏ်ရာဖြင့် လမ်းတွင် သေဆုံးသွားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ နေရာအနီးတဝိုက်ကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ စစ်ကား၊ ရဲကား၊ အိမ်စီးကားများဖြင့် ရောက်ရှိလာပြီး ည ၇ နာရီဝန်းကျင်ထိ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် အရပ်သားများ လက်နက်ကိုင်ကာ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ထုတ်နေကြသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ယန္တရားများ လည်ပတ်အောင် ကူညီပေးနေသူများကို ပစ်မှတ်ထားသော မြို့ပြတိုက်ခိုက်မှုများလည်း ဆက်ရှိနေဆဲ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ပုံအညွှန်း - ပစ်ခတ်ခံရသူ ရဲအုပ် အောင်သက်ထွေး

#ရဲအုပ်အောင်သက်ထွေး
#ရာထူးတိုးဖြေ
#လှိုင်သာယာ
#ပစ်သတ်ခံရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤2🔥1👏1
မီဇိုရမ်တွင် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါးနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
👍5🔥2
မီဇိုရမ်တွင် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါးနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
====================

ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါး နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိ ကျန်းဖိုင်းရဲတပ်ဖွဲ့မှ Chalbawiha Junction Khankawn ရဲဂိတ်တွင် ကားတစီးကို စက်တင်ဘာလ ၁၁ရက်နေ့တွင် စစ်ဆေးရာ ကားဘီးအပိုပါလာသည့် တာယာအတွင်းမှ ဘိန်းဖြူများဖမ်းဆီးရမိခြင်း ဖြစ်သည်။

ကားပေါ်တွင်ပါလာသည့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ခေါမွိုင်းရွာနေထိုင်သူ လားထန်းဗွန်ငါ (၄၇နှစ်)ကို ဘိန်းဖြူ ၄၁၀ ဂရမ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေ ၊ နိုင်ငံခြားသား ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

တဖန် မီဇိုရမ်ပြည်နယ် တောင်ပိုင်း ဆိုင်ဟားခရိုင်တွင် မြန်မာနိုင်ငံသားနှစ်ဦးနှင့် ဒေသခံအမျိုးသားတဦးထံမှ AK 47 ကျည်ဆန် ၁,၈၀၀ ကို အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ရဲ များက ဖမ်းဆီးရမိကြောင်းလည်း ထုတ်ပြန်ထားသည်။

ကြိုတင်သတင်းရရှိထားချက်အရ လောင်တလိုင်မြို့ဖက်ကို ဦးတည်မောင်းနှင့် လာသည့် ဆိုင်ကယ်သုံးစီးကို ဆိုင်ဟားခရိုင် တလိုင်ပွီးကွန် အရောက်တွင် စက်တင်ဘာလ ၁၂ရက်က စစ်ဆေးခဲ့ရာ ကျည်ဆန်များဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးနှင့် ဒေသခံကို တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဆိုင်ဟား ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
“အခုလို မြန်မာနိုင်ငံသားတွေဆီက မူးယစ်ဆေးဝါးတွေခပ်စိပ်စိပ်ပြန်ဖမ်းမိလာတဲ့အပေါ်မှာ ဒေသခံတွေက စစ်ဘေးရှောင်တွေအပေါ်မှာ အမြင်းစောင်းပြီး ငြိုငြင်လာမှာကို စိုးရိမ်ပါတယ်”ဟု ဟု မြန်မာစစ်ဘေးရှောင်ကူညီပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမ ကို ပြောသည်။

အကူအညီပေးနေသည့် ဒေသခံ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်လာသူများနှင့် မူးယစ်ဆေးဝါးမှောင်ခို လုပ်သူများကို ခွဲခြားမြင်သော်လည်း ဒေသခံအချို့မှာ မြန်မာနိုင်ငံသားများက ၎င်းတို့ ပြည်နယ်အတွက် အနှောက်အယှက်ပေးနေသည်ဟု ရေးသားပြောဆိုမှုများရှိကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသား ၄၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ချင်းအမျိုးသားတပ်ဦး (CNF)က အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော သဘောထားပေါ်လစီကို ဇူလိုင်လ ၁၆ရက်နေ့က ထုတ်ပြန်ရာတွင် ချင်းပြည်သူများကို မိမိတို့ရောက်ရှိနေကြသည့်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်ချင်းမပြုကြရန် သတိပေးထားသည်။

တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမပြုကြရန်နှင့် အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများအားလုံးကို သည်းခံမည်မဟုတ်ဘဲ လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများကိုတွေ့ရစဥ်
ဓါတ်ပုံ - မီဇိုရမ် ရဲတပ်ဖွဲ့

#mizzima
#CNF
#မီဇိုရမ်ပြည်နယ်
#မြန်မာနိုင်ငံသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကြားနာပွဲ အမေရိကန်အောက် လွှတ်တော်ကော်မတီမှာ ပြုလုပ်
=====================

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် အောက် လွှတ်တော်ကော်မတီကြားနာပွဲတရပ် စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကြားနာစစ်ဆေးမှုထဲက ပထမဆွေးနွေးခန်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မလီဆာ ဘရောင်း (Melissa A. Brown)၊ အမေရိကန်အစိုးရ လူသားချင်းစာနာမှု အကူအညီပေးရေး USAID အဖွဲ့ အာရှရေးရာဗျူရိုအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာရာဇဝတ်မှုနဲ့တရားမျှတရေးဆိုင်ရာ သံအမတ်ကြီး နဲ့ ကိုယ်တွေ့ကြုံခဲ့သူ မျက်မြင်သက်သေအချို့ရဲ့ ထွက်ဆိုချက်တွေနဲ့ ကြားနာစစ်ဆေးမှုကို ပြုလုပ်ခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော်ကော်မတီတရပ်ဖြစ်တဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်ကလုပ်တဲ့ အဲဒီကြားနာမှုမှာ မြန်မာစစ်ကောင်စီအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိအရေးယူကိုင်တွယ်မှုတွေကို လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့ကြပါတယ်။
မြန်မာစစ်ကောင်စီကို နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖိအားပေးမှုတွေလုပ်နေသလို တဖက်မှာလည်း အာဆီယံနဲ့ကုလသမဂ္ဂတို့မှာ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲပြီး မြန်မာစစ်ကောင်စီကို အကြပ်ကိုင်ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa A.Brown က ရှင်းပြခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီကို စီးပွားရေးနဲ့ နိုင်ငံရေးဖိအားတွေပေးဖို့နဲ့ ဘက်ပေါင်းစုံ အလွှာပေါင်းစုံပါဝင်တဲ့ သံတမန်ရေးနည်းလမ်းနဲ့ ဆောင်ရွက်သွားဖို့၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အပြောင်းအလဲဖြစ်အောင် ဆောင်ရွက်နိုင်မယ့် အလားအလာ အခြေအနေတွေအကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး (Tom Andrews) ကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ဥရောပသမဂ္ဂနဲ့ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့နဲ့ မြန်မာစစ်တပ်အတွက် လက်နက်နဲ့လေယာဉ်ဆီတွေ မရရှိအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားပါတယ်။

အတိုက်အခံအင်အားစုတွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ စတဲ့အချက်တွေကို တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်ရာဇတ်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာတရားစီရင်ရေးဖြစ်လာဖို့ ကြိုးစားနေတာတွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဌာန တရားမျှတမှုရှာဖွေရေးဆိုင်ရာ သံအမတ်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီကို စီးပွားရေးနဲ့နိုင်ငံရေးအရ ပိုပြီး ဖိအားပေးအကြပ်ကိုင်ဖို့နဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လွှတ်တော်ကအတည်ပြုထားတဲ့ Burma Act ပါ ရည်ညွှန်းဖော်ပြချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကြားနာမှုကိုတက်ရောက်ခဲ့သူတွေက တင်ပြခဲ့ကြပါတယ်။

https://youtu.be/jhvMiZMElDA?si=6mc6HSmnI4ZgX2gi

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16😁1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ကြားနာပွဲ အမေရိကန် အောက် လွှတ်တော်ကော်မတီမှာ ပြုလုပ်

#မြန်မာစစ်တပ် #လူ့အခွင့်အရေးချိုးဖောက်မှု #VideoNews #shorts #reels
👍12🤮1
ရေးတွင် စစ်ကောင်စီတပ်စခန်း ၂ ခုတိုက်ခိုက်ခံရ၊ ဒုဗိုလ် နှင့် စစ်ကောင်စီတပ်သား၏ ဇနီး အပါအဝင် ၄ ဦး သေဆုံး
👍10🔥1
ရေးတွင် စစ်ကောင်စီတပ်စခန်း ၂ ခုတိုက်ခိုက်ခံရ၊ ဒုဗိုလ် နှင့် စစ်ကောင်စီတပ်သား၏ ဇနီး အပါအဝင် ၄ ဦး သေဆုံး
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ (၅၈၃) နှင့် ခမရ(၅၉၁) တပ်စခန်းနှစ်ခုကို မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒုတိယအကြိမ် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒု ဗိုလ်တဦး၊ ဒုတပ်ကြပ်တဦး၊ ရဲဘော်တဦးနှင့် စစ်ကောင်စီတပ်သား ဇနီးဖြစ်သူတဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံ ထိုတပ်ရင်းများအား စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၂နာရီခွဲအချိန်တွင် တစ်ပြိုင်နက် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှ ခမရ(၅၉၁) မှ ဖြစ်ပြီး ခမရ(၅၈၃) မှ ထိခိုက်သေဆုံးစာရင်းများအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ MSRF တာဝန်ခံ နိုင်နဂါးက ပြောသည်။

“ကျနော်တို့အထောက်တော်၊ နောက်ပြီးတော့ ဆေးရုံနဲ့ ဖရဲသီး(တပ်အတွင်းသတင်းပေး) တွေကနေ ၅၉၁ က စာရင်းတွေကို ကျနော်တို့ အတိအကျရတယ်။ စခ(စစ်ကောင်စီတပ်သား) သုံးယောက်သေတယ်။ ခစ(စစ်ကောင်စီတပ်သား)မိန်းမ တယောက်သေတယ်။ အားလုံးပေါင်း လေးယောက်သေတယ် ၅၉၁ က။ ၅၈၃ ကျတော့ ကျနော်တို့ သတင်းအတိအကျမရတော့ မထုတ်ပြန်တော့ဘူး” ဟု နိုင်နဂါးက မဇ္ဈိမ ကိုပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ခမရ(၅၉၁) မှ စစ်ကောင်စီတပ်သားများ၏ သေဆုံးမှုကို မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
အဆိုပါပစ်ခတ်မှုအပြီးတွင် ညနေ ၃နာရီခန့်တွင် ခမရ(၅၉၁) နှင့် ခမရ(၅၈၃) တပ်ရင်းများသည် ကျောင်းရွာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာတွင်းရှိ အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်နှင့် ဈေးဆိုင်များလည်း ပျက်ဆီးမှုရှိကြောင်း ဒေသခံများထံကသိရသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုကို ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF) ၊ မွန်တော်လှန်ရေးတပ် (MSRF)၊ ရေးကာ‌ကွယ်ရေးတပ် (YDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း( MSRO)၊ ABSDF တပ်ရင်း(၁)၊ Ye Air Force(YAF) နှင့် KNLAတပ်ရင်း (၂၇) တို့ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် စစ်ဆင်ရေးအဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ရေးမြို့နယ်အခြေစိုက် ခလရ(၆၁) တပ်ရင်းကို ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေါနစစ်ကြောင်းက စက်တင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ-ဒေါနစစ်ကြောင်း

#Mizzima
#ရေး
#စစ်ကောင်စီတပ်သား ဇနီးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1👏1
Media is too big
VIEW IN TELEGRAM
ရုရှားရဲ့ ပစိဖိတ်ရေတပ် စွမ်းဆောင်ရည်ကို ကင်ဂျုံအန်ကို ပြသသွားမယ့်အကြောင်း ပူတင်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Putin #Russia
👍6😁3❤1
​​ကမ္ဘာ့ အကျပ်အတည်းကိစ္စရပ်များကို ဖြေရှင်းရေး ကမ္ဘာ့ခေါင်းဆောင်များကို ကုလ တိုက်တွန်း
===================

AFP
ရာသီဥတု ပြောင်းလဲမှု၊ စစ်ပွဲ၊ ကုန်ဈေးနှုန်းတက်မှု၊ တန်းတူညီမျှ မရှိမှုနှင့် အခြားသော ဒုက္ခသုက္ခများနှင့် လုံးပန်းနေရရင်း အကျပ်အတည်းအောက် ရောက်နေသည့် ကမ္ဘာကြီးကို ကယ်တင်ရန် ကမ္ဘာ့ခေါင်းဆောင်များကို ကုလသမဂ္ဂ အကြီးအကဲက စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်းပြောဆိုသည်။

“ဒီ ကမောက်မက အခြေအနေကနေ လွတ်အောင် ထွက်နိုင်မယ့် လမ်းကြောင်းတခုအတွက် ပြည်သူတွေက သူတို့ရဲ့ ခေါင်းဆောင်တွေကို အားကိုးတကြီး မျှော်လင့်နေကြပါတယ်” ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာ့ခေါင်းဆောင်များ အတူတကွ စုဝေးမည့် နှစ်စဉ်ကျင်းပနေကျ ကုလ အထွေထွေ ညီလာခံ မတိုင်မီ ရက်များအလိုတွင် ပြောသည်။
ယူကရိန်းစစ်ပွဲသည် ပထဝီနိုင်ငံရေး သဘောကွဲလွဲမှုများကို ပိုမိုဆိုးရွားစေခဲ့ပြီး ယင်းစစ်ပွဲ အခြေအနေကို ကုလ ပဋိညာဉ်၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ငြိမ်းချမ်းရေးလမ်းကြောင်းမှတဆင့် ပြေလျော့စေနိုင်သည်ဟု ဂူတာရက်စ်က ပြောသည်။

သို့သော် လွန်ခဲ့သည့် ၁၈ လအကြာက ရုရှား ကျူးကျော်မှုကြောင့် အစပြုခဲ့သည့် စစ်ပွဲကို အဆုံးသတ်စေမည့် ညှိနှိုင်းဆွေးနွေးမှုများ၏ အလားအလာနှင့်ပတ်သက်ပြီး အကောင်းမမြင်နိုင်သေးဟု ၎င်းက ပြောသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိစေဖို့အတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်မယ့် အခွင့်အလမ်းတခု ရချင်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက ဖြစ်နိုင်ဖို့ တော်တော်လေး ဝေးနေသေးတယ်လို့ ထင်ပါတယ်” ဟု ဂူတာရက်စ်က ပြောသည်။

ယူကရိန်းအတွက် ပင်လယ်နက်မှတဆင့် ဂျုံတင်ပို့ရန် ဘေးကင်းလုံခြုံသည့် ဖြတ်သန်းသွားလာခွင့်ရစေသည့် ရုရှားနှင့် သဘောတူညီချက်တရပ်ကို ပြန်လည်အသက်သွင်းရေး အာရုံစိုက်သွားမည်ဟု ၎င်းက ပြောသည်။

၎င်းအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၊ တူရကီ သမ္မတ ရီဆက် တေယစ်ပ် အာဒိုဂန် ကဲ့သို့ သဘောတူညီချက်အတွက် အဓိကကျသူများနှင့် လာမည့်သီတင်းပတ်တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဂူတာရက်စ်က ပြောသည်။

ထို သဘောတူညီချက်ကို ၂၀၂၂ ခုနှစ် နွေရာသီက ကုလသမဂ္ဂနှင့် တူရကီ၏ ကမကထပြုမှုအောက်တွင် ညှိနှိုင်းရယူခဲ့ခြင်း ဖြစ်သည်။ အဓိက ဂျုံထုတ်လုပ်သူ ယူကရိန်းက စစ်ပွဲကြောင့် ပြည်ပတင်ပို့နိုင်ခြင်း မရှိခဲ့ချိန်တွင် ကမ္ဘာတဝန်း အစားအစာဈေးနှုန်းများ တဟုန်ထိုးတက်မှုကို ပြေလျော့စေရန် ယင်းသဘောတူညီချက်က အဓိကကျသည်။

သို့သော် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် မိမိတို့၏ လယ်ယာထွက်ကုန်များနှင့် ဓာတ်မြေဩဇာများ ပြည်ပတင်ပို့မှုအပေါ် အဟန့်အတားဖြစ်စေသည်ဟု ပြောရင်း ရုရှားက ဇူလိုင်လတွင် အထက်ပါ ယူကရိန်း ဂျုံသဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🤮1
စက်တင်ဘာလ ( ၁၄ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:04-ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး သာမက အသက်အန္တရာယ်ပါ ထိခိုက်ပါက စစ်ကောင်စီမှာ လုံးဝတာဝန်ရှိကြောင်း NLD သတိပေးတဲ့သတင်း

02:43-စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်တည်ဆောက် တဲ့သတင်း

05:50-ရေးမြို့နယ်မှာ ရှေ့ကားကို ကျော်တက်ရာမှ ကုန်ကား ၂ စီး တိုက်မိပြီး ယာဉ်မောင်း ၁ ဦးသေဆုံးတဲ့သတင်း

07:00-ဗင်နီဇွဲလားနဲ့ဆက်ဆံရေးကို အဆင့်မြှင့်တင်မယ့်အကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/CJzGclKJXkg?si=19kuidm251gRVzwv

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
​​အောင်လံမြို့နယ် လ၀က ရုံး မိုင်းဖြင့်တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိဟုဆို
====================

ရောင်နီ
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ လူ၀င်မှုကြီးကြပ်ရေးရုံး(လ၀ကရုံး)ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အောင်လံမြို့နယ်) တာ၀န်ရှိသူထံက သိရသည်။

အောင်လံမြို့နယ် လ၀ကရုံးအတွင်းရှိ စစ်ကောင်စီတပ်ကင်းတဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၃ နာရီ၀န်းကျင်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ တိုက်ခိုက်ခဲ့တာက လ၀ကရုံးထဲက စစ်ကောင်စီကင်းပေါ့။ အရင်ကတော့ အရာရှိအိမ်ထင်တယ်၊ အခုတော့ စစ်ကောင်စီတပ်တွေပဲ လုံခြုံရေးယူထားတာ။ အဲ့ဒီနေရာကို ရုံးရဲ့ အရှေ့မြောက်ဘက်ကနေ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။” ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်( အောင်လံမြို့နယ်)မှ ပြန်ကြားတာ၀န်ခံက မဇ္စျိမကို ပြောသည်။

မိုင်းဆွဲမှုကြောင့် လ၀ကရုံးရှေ့မျက်နှာစာမှန်များ ထိခိုက်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ကင်းတဲရှိ ရုံးစောင့်တဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ တယောက်တော့ ထိပြီး လဲကျသွားတာကို မျက်မြင်တွေ့လိုက်ရပါတယ်။ အဲ့နေ့ကလည်း အပြင်ထွက်လာတာ တယောက်ပဲ တွေ့တယ်။ စစ်သားဟုတ် မဟုတ်တော့ မသိပါဘူး။ ” ဟု ၎င်းက ပြောသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်ကယ်များဖြင့် လိုက်လံပစ်ခတ်ခြင်းများရှိခဲ့သော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့၀င်ရဲဘော်များ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။

“ လမ်းကြောင်းပိတ်ဆို့ စစ်ဆေးတာတွေ ရှိတယ်။ ထောင့်တိုင်းမှာ ကင်းတွေချထားပြီး ပျူအင်အားတွေ ထပ်တိုးထားတယ်။ ကားတွေနဲ့ ကင်းပတ်တာတွေလည်း ရှိနေပါတယ်။ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်နဲ့ တတ်နိုင်သမျှ ဝေးဝေးနေဖို့ မှာကြားချင်ပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် - အောင်လံမြို့နယ်မှ ပြန်ကြားတာ၀န်ခံက ပြောသည်။

လ၀ကရုံး တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အောင်လံမြို့အတွင်းရှိ လမ်းထောင့်များတွင် ကင်းများချကာ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အောင်လံမြို့နယ်
#လ၀ကရုံး
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
September - 14 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍6🖕1