Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီဦးဆောင်တဲ့ အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင် ၅ နိုင်ငံသာတက်ရောက် |Business Round Up(14.9.2023)
===================

- စစ်ကောင်စီဦးဆောင်တဲ့ အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင် ၅ နိုင်ငံသာတက်ရောက်

- မြန်မာဘဏ်နှစ်ခုကို ဒဏ်ခတ်အရေးယူဖို့ ဩစတေးလျအစိုးရကို ရှောင်တာနယ် တိုက်တွန်း

- တရုတ်နဲ့ အိန္ဒိယ ခရီးသွားတွေကို စစ်ကောင်စီက ဆိုက်ရောက်ဗီဇာဖြင့် လည်ပတ်ခွင့်ပြု

- ဗီယက်နမ်က ကမ်းလှမ်းထားတဲ့ မြန်မာ့ သကြားတန်ချိန် ၁ သောင်း လာမယ့်နှစ် တင်ပို့ရန် စီစဉ်ထား

https://youtu.be/sVxqIb0CE0I?si=cuG-Ox_Nmtf4L-r0

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮3🍌2
စက်တင်ဘာလ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00 - ရွေးကောက်ပွဲမှာကူညီပေးဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီခဲ့ကြတဲ့သတင်း

03:14 - ရာထူးတိုးဖြေပြီး မိဘနေအိမ်ကို ခေတ္တပြန်လာတဲ့ ရဲအုပ် ပစ်သတ်ခံရတဲ့သတင်း

04:12 - ရေးမှာ စစ်ကောင်စီတပ်စခန်း ၂ ခုတိုက်ခိုက်ခံရမှု ဒုဗိုလ်နဲ့ စစ်ကောင်စီတပ်သားရဲ့ ဇနီး အပါအဝင် ၄ ဦး သေဆုံးတဲ့သတင်း

06:22 - လားရှိုးမှာ မိုးကြီးပြီး အုတ်တံတိုင်းပြိုကျလို လူသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/acnQK80jfTw?si=vSfiyIVh9YK18kl7

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1
ရေစကြိုတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှု ၄ ဦး ဒဏ်ရာရ
===================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်ခဲ့ရာ လေးဦး အပြင်းအထန်ဒဏ်ရာရရှိ သွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ် ခလရ(၂၅၆)နှင့် ရေစကြိုမြို့ပေါ်မှ ပူးပေါင်းအင်အား ၅၀ ခန့်ကို ရေစကြိုမြို့နယ် ညောင်စောက်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

“ ရေစကြိုမြို့အနောက်ဖက်ကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ညောင်စောက်နဲ့ မဲကုန်းရွာကြားမှာ မိုင်းလေးလုံးဆွဲတိုက်ခိုက်ပြီးနောက် ဒရုန်းနဲ့ အီနာဂါနှစ်လုံးချတိုက်ခိုက်ခဲ့တယ်။ တိုက် ခိုက်မှုကြောင့် သူတို့ဘက်က လေးဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ရာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ သော်လည်း ဒရုန်းတစီးဆုံးရှုံးခဲ့ရကြောင်း ရေစကြိုပကဖတာဝန်ရှိသူက ပြောသည်။

“ကာလတန်ဖိုး သိန်း ၁၀၀ ကျော်ရှိတဲ့ Mavic 3 ဒရုန်းတစီးဆုံးရှုံသွားတယ်။ Drone Shooter နဲ့ ပစ်ချသွား တာ ဒရုန်နဲ့ချတဲ့မှတ်တမ်းယူထားပေမယ့် ပျက်ကျသွားလို့ မရတော့ဘူး” ဟု ဆိုသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ဒဏ်ရာရရှိ သူများကို ဆေးရုံတွင် ဆေးကုသပေးနေကြောင်းလည်း ၎င်းကပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ်ရှိ ၎င်းတို့တပ်စွဲထားရာနေရာများနှင့် မြို့ အဝင်၊ အထွက် စစ်ဆေးရေးဂိတ်များတွင်သာရှိနေပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းမျိုး မရှိသေးကြောင်း ရေစကြိုပကဖထံမှ သိရသည်။

https://youtu.be/4agT46NkToY?si=hvlYe1wRIUpPXZvN

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥1
ကချင်ဒေသတွင်း စစ်မျက်နှာ လှည့်ကြည့်ခြင်း
👍8🔥1
ကချင်ဒေသတွင်း စစ်မျက်နှာ လှည့်ကြည့်ခြင်း
===================

အဂမ်
ကချင်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာအာဏာကို ကိုင်လှုပ်နေတဲ့ အင်အားစုတခုကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ပဲဖြစ်ပါတယ်။ KIO ရဲ့ တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) ဟာ စစ်ကောင်စီတပ်အတွက် ခပ်သေးသေး အင်အားစုတခုတော့ မဟုတ်ပါဘူး။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အရပ်သားအစိုးရထံက စစ်တပ် တခါ ပြန်ပြီးအာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်ကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်ခဲ့တဲ့ KIO ဟာ အာဏာသိမ်းမှုအပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ပါတယ်။ KIO ဟာ ကချင်ပြည်နယ်အတွင်းက ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့မယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG) ကနေ တဆင့် အစောဆုံး သတိပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့လည်း ဖြစ်ပါတယ်။ သတိပေးပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြစ်ကြီးနားဆန္ဒပြပြည်သူတွေထဲက အရပ်သား နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ အဲ့ဒီလိုသေဆုံးပြီး သုံးရက်အကြာ မတ်လ ၁၁ ရက်မှာ ဖားကန့်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစစ်တပ်ကုန်း စခန်းတခုကို သိမ်းပိုက်တိုက်ခိုက်ခြင်းနဲ့ KIA ဟာ စစ်မျက်နှာ စဖွင့်ခဲ့ပါတယ်။ မဇ္ဈိမရဲ့ လေ့လာတွေ့ရှိချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဟာ (အနန့်ပါ ဖြစ်ရပ်ကလွဲလို့) KIA ကို ထိထိရောက်ရောက် တိုက်ခိုက်ထိုးစစ်ဆင်နိုင်ခဲ့တာမရှိပါဘူး။
နွေဦးတော်လှန်ရေးလို့ အများက တင်စားခေါ်ဝေါ်ကြတဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်မှုမှာလည်း KIA ဟာ စစ်ကောင်စီတပ်ကို ဆန့်ကျင်အံတု တိုက်ပွဲဝင်မယ့်သူတွေကို စစ်ရေးလေ့ကျင့်ပေးတာ၊ လက်နက်ခဲယမ်းတပ်ဆင်ပေးတာ၊ ထောက်ပို့ပေးတာ၊ စစ်ရေးအရ အကြံပေးတာနဲ့ ကူညီကွပ်ကဲမှုတွေကို ပါဝင်ဆောင်ရွက်နေပါတယ်။

စစ်အာဏာသိမ်းပြီး သုံးနှစ်တာကာလကို ရောက်ရှိလာချိန် ပြီးခဲ့တဲ့ မေလအတွင်းကစပြီး ကချင်ဒေသမှာ စစ်မီးတွေ ပိုမိုကျယ်ပြန့်လာပါတယ်။ မေလကနေ စက်တင်ဘာလ အထိ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေက ကချင်ဒေသတွင်း နေရာအနှံ့မှာ ဖြစ်ပွားနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် စစ် ဖြစ်ပွားမှုအကြိမ်အရေအတွက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ် သြဂုတ်လ လကုန်အထိ တနှစ်တာအတွင်း ကချင်ပြည်နယ်မှာ စစ်ပွဲအကြိမ်ရေ ၂၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအကုန်ထိ ၂၆၈ ကြိမ်ခန့် စစ်ပွဲဖြစ်ပွားထားပါတယ်။ အဲ့ဒီစာရင်းအရဆိုရင် အခု နွေဦးတော်လှန်ရေးကာလအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့တဲ့ သဘောပါ။

လက်ရှိမှာ KIA ရဲ့ တပ်ဖွဲ့တွေကတော့ ကချင်ပြည်နယ်ရဲ့ နယ်မြေအနေအထားကို အသုံးချပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရေးလမ်းကြောင်း၊ ထောက်ပို့ကူညီရေး လမ်းကြောင်းနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်လှုပ်ရှားလျက်ရှိနေပါတယ်။
ရွှေကူ စစ်မျက်နှာ ဒီစစ်မျက်နှာက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ နယ်မြေချင်း ထိစပ်နေတဲ့ ကချင်ဒေသတွင်းက စစ်မျက်နှာတခုပါ ။ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒီစစ်မျက်နှာက ကချင်ဒေသတွင်းမှာ အပြင်းထန်ဆုံးစစ်မျက်နှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

နိုင်ငံရေးသုတေသီတွေရဲ့ ခန့်မှန်းထားတဲ့အတိုင်းလည်း လက်ရှိမှာ စစ်ရေးပြင်းထန်နေဆဲ ဒေသဖြစ်ပါတယ်။

" ဒီစစ်မျက်နှာက စစ်တပ်အတွက် ကချင်ဒေသတွင်းမှာ KIA ကို ကုန်းကြောင်းရော၊ ရေကြောင်းရော နောက်ပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်လို့ရတဲ့ တစ်ခုတည်းသော စစ်မျက်နှာလေ။ နောက်ပြီး စစ်ကိုင်တိုင်းဘက်က စစ်မျက်နှာကို ထိန်းချုပ်ဖို့ဆိုရင် မန္တလေး - ဗန်းမော် - လွယ်ဂျယ် (တရုတ်နယ်စပ်)လမ်းဖြတ်သန်းသွားတဲ့ ဒီရွှေကူမြို့က စစ်ရေးဗျုဟာအရ အရေးပါ လာနေရတာပဲ” ဟု နိုင်ငံရေးသုတေသီ ဦးခွန်းအောင် (အမည်လွဲ) က ဆိုသည်။

စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ သင်္ဘောတွေ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တက်လာစဥ်မှာ ရွှေကူမြို့နယ်ရဲ့ မြို့အသီးသီးက တော်လှန်ရေးအဖွဲ့တွေက အဲ့ဒီသင်္ဘောကို စောင့်ကြိုတိုက်ခိုက်ကြပါတယ်။

စစ်ကောင်စီဘက်ကလည်း သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပြီး စစ်ဘေးရှောင် ဦးရေ တစတစ များပြားလာနေပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေကလည်း ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးကြပါတယ်။ အလားတူပဲ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ ရဲဌာန နဲ့ အစိုးရဌာနရုံးတွေလည်း ကာကွယ်ရေးတပ်တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းကို ခံကြရပါတယ်။
👍23🔥2❤‍🔥1🥰1
​​အားကစားမှာ နှစ်ရှည်လများ အထီးကျန်နေမှုကို အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား အဆုံးသတ်ဖို့ ရှိ
=====================

By PKThawn
မြောက်ကိုရီးယားဟာ လာမယ့်သီတင်းပတ်မှာ စတင်မယ့် အာရှအားကစားပြိုင်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ အားကစားသမား ၁၉၁ ဦးရှိကြောင်း ပွဲစီစဉ်သူတွေထံကနေ သိရပြီး ယင်းနိုင်ငံဟာ ကမ္ဘာ့ အားကစားလောကနယ်ပယ်ကနေ ၃ နှစ်ကျော် အထီးကျန်နေမှုကို အဆုံးသတ်ဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

ပြေးခုန်ပစ်၊ ဂျွမ်းဘား၊ ဘတ်စကတ်ဘော၊ ဘောလုံး၊ လက်ဝှေ့နဲ့ အလေးမ အားကစားတွေအပါအဝင် တရုတ်နိုင်ငံ ဟန်ဂျိုးမြို့မှာ ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားကစားသမား စာရင်းကို မီဒီယာတွက် အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ဇွန်လက ကျူးဘားနိုင်ငံမှာ ကျင်းပတဲ့ အလေးမပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ အလားတူ မျှော်လင့်ထားခဲ့ပေမယ့် သူတို့ဟာ ပြိုင်ပွဲမဝင်နိုင်ခဲ့ပါဘူး။

ကပ်ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ အစောပိုင်းမှာ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နယ်စပ်တွေကို တင်းကျပ်စွာ ပိတ်နှင့်ခဲ့ပြီး Covid ကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီနောက်မှာ နိုင်ငံတကာ အိုလံပစ် ကော်မတီက တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြောက်ကိုရီးယားကို ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပါဝင်ခွင့်တားမြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ကာဇက်စတန်မှာ တိုက်ကွမ်ဒိုအဖွဲ့တစ်ဖွဲ့ သွားရောက် ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြင့် နယ်စပ်ကန့်သတ်ချက်တွေကို အနည်းငယ် ဖြေလျှော့ပေးခဲ့ကြောင်း မကြာသေးခင်က အရိပ်အယောင် ပြလာခဲ့ပါတယ်။

အဲဒီ့မတိုင်ခင်က မြောက်ကိုရီးယားဟာ ၎င်းရဲ့ ပြည်တွင်းအားကစားသမားတွေကို ပြည်ပပြိုင်ပွဲတွေဆီ မစေလွှတ်ခဲ့ပါဘူး။
ဟန်ကျိုးမြို့ရှိ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားမစတင်ခင် လေးရက်အလို စက်တင်ဘာ ၁၉ ရက်တွင် စတင်မှာဖြစ်ပါတယ်။ အဲဒီနေ့မှာ စီစဉ်ထားတဲ့ ပွဲတွေထဲမှ တစ်ခုဟာ မြောက်ကိုရီးယားနှနဲ့ ထိုင်ဝမ်တို့ကြား အမျိုးသားဘောလုံးပွဲဖြစ်ပါတယ်။

ခေါင်းဆောင် ကင်ဂျုံအွန်းဟာ အားကစားဝါသနာပါသူဖြစ်တယ်လို့ ဆိုပြီး ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ကာလရှည် မဟာမိတ်ဖြစ်ပြီး အဓိက စီးပွားရေးအကျိုးအမြတ်မိတ်ဖက်ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အစဉ်အလာအားဖြင့် အထူးသဖြင့် အလေးမအားကစားမှာ အားကောင်းခဲ့ပြီး ၂၀၁၈ ဂျကာတာအာရှအားကစားပြိုင်ပွဲမှာ ရွှေရှစ်ခုနဲ့ ကြီးစိုးထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က အမျိုးသမီးအလေးမပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ Ri Song Gum နဲ့ Rim Un Sim တို့ဟာ ဟန်ကျိုးမှာ ပါဝင်လာဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယား အလေးမသမားတွေဟာ ၂၀၁၆ Rio အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းစစ်ရာမှာ တားမြစ်ဆေးသုံးစွဲတွေ အသုံးပြုခဲ့ဖွယ်ရှိတာကြောင့် IWF အဖွဲ့က အားကစားမှာ တားဖြစ်ဆေးသုံးစွဲမှုအတွက် အပြစ်ပေးခံရတဲ့ နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားလည်း အပါအဝင်ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲထက် ယှဉ်ပြိုင်သူများပြားတဲ့ အာရှအားကစားပြိုင်ပွဲမှာ စုစုပေါင်း ၁၂၂၀၀ ခန့် ပါဝင်ပြီး အောက်တိုဘာ ၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

(AFP)
Photo: EPA
#AsianGames #NorthKorea
👍7❤1
“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။

ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် - ငါတို့အသံ” “Our Ambassador – Our Voice” စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ် အလေးပြုခဲ့ကြသည်။

ပြည်သူ့အစိုးရ NUGနှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲကို ပြည်သူ အားလုံး အတူတကွဝိုင်းဝန်းတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၅ ရက် မြောက် ချီတက်ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
👍10❤1😁1🤮1
စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================

https://youtu.be/TXtZu4uCWFk?si=4Z6vNk5ZMgCVjVc3

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​ချောင်းဦးတွင် တိုက်ခိုက်မှု ၂ကြိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးဟုဆို
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့တွင် စစ်ကောင်စီ‌စစ်ကြောင်းနှင့် လဝကရုံးကင်းစခန်းကို စက်တင်ဘာလ ၁၂ရက်က တိုက်ခိုက်မှုတွင် စစ်သားသုံးဦးသေဆုံးသွားကြောင်း မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ရက် နံနက် ၉နာရီ ၅၀မိနစ်ခန့်က အင်အား ၅၀ခန့်ဖြင့် ခြေလျင်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်ကို ချောင်းဦးမြို့ အရှေ့ဘက် ဇီးတောအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ သူတို့ထွက်လာကတည်းက သတင်းရထားတော့ မိုင်းခင်းပြီးမှ စောင့်ဆွဲခဲ့တာပါ။ မိုင်းငါးလုံးတပွိုင့်ဆွဲခဲ့တာဖြစ်ပါတယ်” ဟု လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုး က မဇ္စျိမကိုပြောသည်။

ထိုတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက‌ပြောသည်။စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဟုဆိုသည်။

ထို့နေ့ည ၈နာရီ ၃၀မိနစ်ခန့်တွင် ချောင်းဦးမြို့၊လဝကရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်ဟုမုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲက ဆက်လက် ထုတ်ပြန််ထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
အထက်ပါ တိုက်ခိုက်မှုနှစ်ခုစလုံးကို မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း၊တပ်ခွဲ(၄) မီးတောက်တပ်ခွဲ၊ ရန်ရှင်းဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၊ Seven People Defence Force နှင့် ဒေသခံတော်လှန်ရေးရဲဘော်များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၁၂ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရသောစစ်ကောင်းစီစစ်ကြောင်းသည် ယနေ့ စက်တင်ဘာ ၁၄ရက်တွင် ချောင်းဦးမြို့ ငါးယှန်ရွာ၌ တပ်စွဲထားကြောင်း သိရသည်။ငါးယှန်ရွာသည် ပြီးခဲ့သည့် မေလက စစ်ကောင်စီစစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည့်ကျေးရွာဖြစ်သည်။ယခုအခါ စစ်ကောင်စီစစ်ကြောင်းထပ်မံဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

စာတည်း - အေးချမ်း

#mizzima
#ချောင်းဦးမြို့
#တိုက်ခိုက်မှု
#ငါးယှန်ရွာ
မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းရဲဘော်များ
ဓါတ်ပုံ - မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍4🔥1👏1
​​လက်လီဆိုင်များ စားအုန်းဆီရောင်းချမှု ရပ်၍ ဆီရှားပါး
===============
ဓါတု
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ လက်လီအရောင်းဆိုင်များတွင် စားအုန်းဆီရောင်းချမှုများ ရပ်တန့်လိုက်၍ ဆီရှားပါးနေကြောင်း မြို့ခံနှင့်စားဆီအရောင်းဆိုင်များထံက သိရသည်။

စစ်ကောင်စီ သတ်မှတ်သည့် ရည်ညွှန်းစျေးထက် အမြတ်တင်ရောင်းချသည့် ဆီကုန်သည်များအား ဖမ်းဆီးနေသည်ဆိုသော သတင်းကြောင့် ဆီကုန်သည်ဒိုင်များက မရောင်းချရဲခြင်း၊ ဆီလုပ်ငန်းရှင်အသင်းဝင်၍ ရောင်းချလျှင်လည်း ရည်ညွှန်းစျေးထက် ၁၀ ရာခိုင်နှုန်းအထိသာ အမြတ်တင်ရောင်းချခွင့်ရ၍ စျေးမကိုက်ခြင်းတို့ကြောင့် စားအုန်းဆီလက္ကားဒိုင်များက ဆီရောင်းချမှုကို ကန့်သတ်လိုက်ကြောင်း သိရသည်။

ထို့ကြောင့် လက်လီအရောင်းဆိုင်များတွင် စားအုန်းဆီ (ကန်ဆီ)ပြတ်လပ်နေကြောင်း သိရသည်။ လက်ရှိတွင် အခြေခံလူတန်းစားများမှာ မွေးမြူရေးကြက်အရေခွံ နှင့် ငါးတန် ကဲ့သို့သော အဆီများသည့် အသားများထံက ဆီချက်ယူပြီး သုံးစွဲနေရကြောင်းသိရသည်။

" နှစ်ရက်ရှိပြီ စားအုန်းဆီကို စျေးထဲဘယ်ဆိုင်မှ မရောင်းတော့ဘူး။ အသီးရွက်ဆီ Ready Made ဘူးတွေကလည်း ပဲဆီနဲ့စျေးသိပ်မကွာတော့ အခုတောင် ပဲဆီသုံးပြီး ခေါက်ဆွဲသုပ်ရောင်းနေရတာ မကိုက်ပေမယ့် လောလောဆယ်စျေးရောင်းရဖို့ အရှူံးခံပြီး သုံးရတာပေါ့" ဟု လက်သုပ်ဆိုင်ရှင်တဦးကပြောသည်

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ကိုယ်စားလှယ်များက တန်းစီအလှည့်ကျဝယ်ယူရသည့် စနစ်ဖြင့် ရပ်ကွက်အလိုက် အပတ်စဥ် လှည့်လည်ရောင်းချပေးသော်လည်း ကြားဖြတ်နေရာလုခြင်း၊ လက်သင့်ရာ ပိုမိုရောင်းချပေးနေမှုများကြောင်း အဆင်မပြေကြောင်း ပြည်သူတဦးက ပြောသည်။

ပြင်ပတွင် စားအုန်းဆီ တပိဿာလျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင် ပေါက်စျေးရှိသော်လည်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကျပ် ၄၀၀၀ မှ ၄၅၀၀ ကျပ် ဝန်းကျင် ဖြင့် လူတဦးကို ၅၀ ကျပ်သားမှ တပိဿာအထိ ရောင်းချပေးခြင်းဖြစ်သည်။

"ဟိုနေ့က လှည့်ရောင်းတာ တန်းစီပြီး မရတဲ့သူတွေ အများကြီး ။ ရောင်းဖို့ ဆိုင်းဘုတ်ကပ်လိုက်တာနဲ့ တန်းစီကြတာ ။ တန်းမစီဘဲ ဝင်လုကြတော့ ရန်တွေလည်း ဖြစ်ကြတယ် ။ မူးကြမေ့ကြနဲ့ အရှေ့က အယောက် ၁၀၀ ယောက်ရသွားတယ် ကုန်ပြီတဲ့ ။ မဝေခင်ထဲက အကြာကြီးတန်းစီထားတဲ့ ကျွန်မတို့ မရလိုက်ဘူး ။ တကယ်တန်းစီတဲ့သူတွေကမရဘူး ။ ပြီးရင် လူတစ်ယောက်ကို ဆီတပိဿာရောင်းရမယ်ပြောပြီး ဆီရောင်းတဲ့သူတွေနဲ့ သိတဲ့သူတွေကိုဆို ခပ်တည်တည်နဲ့ တစ်ယောက်ကို ငါးပိဿာလောက်ရောင်းတာရှိသေးတယ် အဲ့ဒီတော့နောက်ကလူတွေမရေတော့ဘူးပေါ့"ဟုရန်ကုန်မြို့နေဒေသခံတဦးကပြောသည်။

လူအချို့မှာ အခကြေးငွေပေး၍ လူဌားတန်းစီခိုင်းခြင်း၊ အလှည့်ကျဝယ်ယူပြီးသော်လည်း အကြိမ်ကြိမ် ထပ်မံဝယ်ယူခြင်းတို့ကြောင့် ရပ်ကွက်အချို့တွင် QR code ပါသည့်ဆီဝယ်ကတ်များထုတ်ပြီး ဝေပေးမှုများရှိကြောင်း ဆီအသင်းကိုယ်စားလှယ်အချို့ထံက သိရသည်။

ပြည်တွင်းစားအုန်းဆီစျေးနှုန်းများ တည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသည့်ရ ည်ညွှန်းဈေး အမြတ် ၁၀ ရာခိုင်နှုန်းထက် စျေးတင်ရောင်းချခြင်း မပြုရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

" အသင်းဝင်လို့သတ်မှတ်ထားတာ ဥပမာ ၄၅၀၀ ဆို ၄၅၀ အမြတ်ထက်ပိုတင်ပြီးရောင်းလို့မရတော့ မကိုက်ဘူးလေ ။ ပြီးတော့နားလည်မှုစျေးနဲ့ ဝယ်ရင်လည်း ပြန်ရောင်းရင်အမြတ်တင်ရောင်းလို့လည်းမရ ဆီကုန်သည်တွေလိုက်ဖမ်းနေတော့ ကုန်သည်တွေကမရောင်းရဲတော့ဘူး။ အဲ့ဒါကြောင့်စားအုန်းဆီကိုဆိုင်တွေမှာမရောင်းတော့တာပါ"ဟု တာမွေမြို့နယ်လက်လီအရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။
👍9❤1
​​လူ ၅၀ ကျော် သေဆုံးသည့် တိုက်တန်းလျား မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် ဗီယက်နမ် အမိန့်ထုတ်
=================

CNA
ဗီယက်နမ်နိုင်ငံတွင် နှစ်နှစ်ဆယ်အတွင်း အဆိုးဆုံးသော မီးလောင်မှုအဖြစ် လူ ၅၆ ဦး သေဆုံးခဲ့ရသော ဟနွိုင်းရှိ တိုက်တန်းလျား မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် စက်တင်ဘာ ၁၄ ရက်တွင် အမိန့်ထုတ်ထားသည်။

ဟနွိုင်း အနောက်တောင်ပိုင်း လူထူထပ်သည့် ဧရိယာရှိ ရထားလမ်းနားတွင် တည်ရှိသော အဆိုပါ တိုက်တန်းလျား အဆောက်အအုံ၏ ကားပါကင်အထပ်၌ အင်္ဂါနေ့ သန်းခေါင်မတိုင်ခင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

အကာအရံ ပြတင်းပေါက်များမှတဆင့် လွတ်မြောက်ရေးအတွက် လူများက ရုန်းကန်ကြိုးစားပြီး အော်သံဟစ်သံများကို ထိုတိုက်တန်းလျား အနီးဝန်းကျင်နေထိုင်သူများက ကြားခဲ့ကြရသည်။
ထို အဆောက်အအုံတွင် တခုတည်းသော ထွက်ပေါက်သာ ရှိပြီး အပြင်ဘက်၌ အရေးပေါ် လှေကားလည်း မရှိပေ။ လေးဘက်လေးတန်တွင် မျက်နှာစာ တဘက်၌ ပြတင်းပေါက်များ ရှိမနေဘဲ အခြား မျက်နှာစာတွင် သေးငယ်သော လေဝင်ပေါက်များသာ ရှိနေသည်။
စိတ်မကောင်စဖွယ် မီးလောင်မှု ဖြစ်ပွားပြီးနောက် ထို အသေးစား တိုက်တန်းလျား၏ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်နှင့် လူပြည့်သိပ်စွာ ငှားရမ်းခြင်းများကို စုံစမ်းစစ်ဆေးရန် ရဲအား တိုက်တွန်းခြင်းများ ရှိလာခဲ့သည်။

“စည်းကမ်းချိုးဖောက်ထားတယ်ဆို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အွန်လိုင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို တိုက်တန်းလျား ပိုင်ရှင်ကို ဟနွိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
အထပ် ၁၀ ထပ်ပါ အဆိုပါ တိုက်တန်းလျားအား ၂၀၁၅ ခုနှစ်က တည်ဆောက်ရေး လိုင်စင်ချထားပေးရာတွင် ခြောက်လွှာသာ ဆောက်ရန် ချထားပေးခဲ့ခြင်း ဖြစ်သည်ကို ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြသည်။

သေဆုံးသူများတွင် ကလေးငယ် လေးဦးလည်း ပါဝင်သည်။ လူပေါင်း ၃၇ ဦး ထိခိုက်ဒဏ်ရာရပြီး အချို့မှာ မီးလောင်မှုကြောင့် ခြောက်ခြားလျက် ရှိနေဆဲ ဖြစ်သည်ဟု ရဲနှင့် ဆေးရုံတို့က ပြောသည်။

မီးငြှိမ်းသတ်ပြီးနောက် အခင်းဖြစ်ရာတွင် ရိုက်ကူးထားသော ဓာတ်ပုံများ၌ ပါကင်ဧရိယာ၌ လုံးလုံးလောင်ကျွမ်းသော ကားများကို မြင်တွေ့ရသည်။

ဗီယက်နမ်နိုင်ငံသည် လူဦးရေ သန်း ၁၀၀ ရှိပြီး သုံးပုံတပုံမှာ လူထူထပ်ရာ မြို့ပြဧရိယာများ၌ နေထိုင်ကြသည်။ တရားဝင်စာရင်းများအရ ဟနွိုင်းနှင့် ဟိုချီးမင်းတို့တွင် တစတုရန်းကီလိုမီတာလျှင် လူဦးရေ ၂,၃၉၈ နှင့် ၄,၃၆၃ အသီးသီး နေထိုင်ပြီး နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးသော နေရာများ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
Photo: AFP/Nhac NGUYEN

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် အာဆီယံလေတပ်ညီလာခံ၌ အဖွဲ့ဝင် ၄ နိုင်ငံ မတက်ရောက်
=================

AFP
အာဆီယံအဖွဲ့ဝင် လေးနိုင်ငံမှ လေတပ်အကြီးအကဲများသည် ယခုသီတင်းပတ်အတွင်း မြန်မာတွင် ကျင်းပသည့် အာဆီယံလေတပ်ညီလာခံသို့ ပါဝင်တက်ရောက်ခြင်း မရှိခဲ့ဟု သိရသည်။ ထိုမတိုင်မီက မြန်မာတွင် အာဏာသိမ်းစစ်တပ်က အာဏာသိမ်းမှုအလွန် ဖြိုခွင်းနှိမ်နင်းမှုအတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားနေသည်ဟု အာဆီယံအုပ်စုက စွပ်စွဲထားခဲ့သည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ အစပျိုးခဲ့သည့် အကြမ်းဖက်မှုတို့ကို အဆုံးသတ်စေရန် အာဆီယံအုပ်စုနှင့်အကြား သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို မြန်မာစစ်အုပ်စုက လျစ်လျူရှုနေကြောင်း အာဆီယံအဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် စွပ်စွဲခဲ့သည်။

မြန်မာသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း အာဏာသိမ်းစစ်အုပ်စုသည် အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ၏ အဆင့်မြင့်လယ်ဗယ် ထိပ်သီးအစည်းအဝေးများ၌ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။

နိုင်ငံ ၁၀ နိုင်ငံ ပါ အာဆီယံအုပ်စု၏ လေတပ် အကြီးအကဲများသည် ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန် နှစ်စဉ် စည်းဝေးကြသည်။

ယခုနှစ်တွင် အဆိုပါ အာဆီယံလေတပ်ညီလာခံကို မြန်မာစစ်ကောင်စီက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသည် စက်တင်ဘာ ၁၃ ရက်တွင် စပြီး စက်တင်ဘာ ၁၅ ရက်အထိ ပြုလုပ်ဖွယ် ရှိသည်။

သို့သော် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့၏ လေတပ်အကြီးအကဲများက ညီလာခံသို့ ပါဝင်တက်ရောက်လာခြင်း မရှိဟု စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့အရ သိရသည်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ လေတပ်အကြီးအကဲများသာ ညီလာခံတက်ရန် စက်တင်ဘာ ၁၂ ရက်က နေပြည်တော်သို့ ရောက်လာကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ပြောသည်။

အမေရိကန်နှင့် ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံထားရသည့် မြန်မာစစ်ကောင်စီ လေတပ်အကြီးအကဲ ထွန်းအောင်သည် ညီလာခံတက်ရောက်လာသည့် အရာရှိများနှင့် သီးခြားစီ တွေ့ဆုံပြီး အာဆီယံ လေတပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ယင်းက ပြောသည်။

ဖိလစ်ပိုင်နှင့် စင်္ကာပူ၏ လေတပ်အကြီးအကဲများကမူ “ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်အတွက် ပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာ ဆွေးနွေးမှုများအတွက် ဗီဒီယိုမက်ဆေ့ချ်များ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။

ကုလသမဂ္ဂ၏ ဖော်ပြမှုများအရ လူ တသန်းခွဲကျော် နေရပ်စွန့်ခွာထားခဲ့ရသည် ဆိုသည့် မြန်မာ၏ သွေးထွက်သံယို အကျပ်အတည်းကို ပြေလျော့စေရန် အာဆီယံ ဦးဆောင်သည့် သံတမန်ရေး ကြိုးပမ်းမှုများက လက်ရှိအချိန်အထိ အချည်းနှီးဖြစ်နေခဲ့သည်။

Several ASEAN air force chiefs skip Myanmar meeting
Photo: The Military True News Information Team via AP

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏5😁2👎1
This handout photograph taken and released by Myanmar's Military Information Team on September 13, 2023, shows Myanmar's Air Force chief Htun Aung (3rd R) posing for photos with his counterparts at the 20th ASEAN Air Chiefs Conference, which gathers top air force officials from the Association of Southeast Asian Nations, in Nay Pyi Taw. Myanmar is hosting the 20th ASEAN Air Chief Conference (AACC) in Naypyitaw from 12 September 2023 to 15 September 2023. Air Force chiefs from Brunei, Cambodia, Laos, Thailand and Vietnam attended the meeting, according to the Myanmar military information team. Photos: Myanmar Military Information Team

https://www.facebook.com/photo?fbid=700691805437286&set=pcb.700694768770323

https://www.facebook.com/photo?fbid=700692035437263&set=pcb.700694768770323

https://www.facebook.com/photo?fbid=700694708770329&set=pcb.700694768770323
❤4👍2