Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။

ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် - ငါတို့အသံ” “Our Ambassador – Our Voice” စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ် အလေးပြုခဲ့ကြသည်။

ပြည်သူ့အစိုးရ NUGနှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲကို ပြည်သူ အားလုံး အတူတကွဝိုင်းဝန်းတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၅ ရက် မြောက် ချီတက်ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
👍10❤1😁1🤮1
စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================

https://youtu.be/TXtZu4uCWFk?si=4Z6vNk5ZMgCVjVc3

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​ချောင်းဦးတွင် တိုက်ခိုက်မှု ၂ကြိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးဟုဆို
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့တွင် စစ်ကောင်စီ‌စစ်ကြောင်းနှင့် လဝကရုံးကင်းစခန်းကို စက်တင်ဘာလ ၁၂ရက်က တိုက်ခိုက်မှုတွင် စစ်သားသုံးဦးသေဆုံးသွားကြောင်း မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ရက် နံနက် ၉နာရီ ၅၀မိနစ်ခန့်က အင်အား ၅၀ခန့်ဖြင့် ခြေလျင်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်ကို ချောင်းဦးမြို့ အရှေ့ဘက် ဇီးတောအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ သူတို့ထွက်လာကတည်းက သတင်းရထားတော့ မိုင်းခင်းပြီးမှ စောင့်ဆွဲခဲ့တာပါ။ မိုင်းငါးလုံးတပွိုင့်ဆွဲခဲ့တာဖြစ်ပါတယ်” ဟု လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုး က မဇ္စျိမကိုပြောသည်။

ထိုတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက‌ပြောသည်။စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဟုဆိုသည်။

ထို့နေ့ည ၈နာရီ ၃၀မိနစ်ခန့်တွင် ချောင်းဦးမြို့၊လဝကရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်ဟုမုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲက ဆက်လက် ထုတ်ပြန််ထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
အထက်ပါ တိုက်ခိုက်မှုနှစ်ခုစလုံးကို မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း၊တပ်ခွဲ(၄) မီးတောက်တပ်ခွဲ၊ ရန်ရှင်းဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၊ Seven People Defence Force နှင့် ဒေသခံတော်လှန်ရေးရဲဘော်များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၁၂ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရသောစစ်ကောင်းစီစစ်ကြောင်းသည် ယနေ့ စက်တင်ဘာ ၁၄ရက်တွင် ချောင်းဦးမြို့ ငါးယှန်ရွာ၌ တပ်စွဲထားကြောင်း သိရသည်။ငါးယှန်ရွာသည် ပြီးခဲ့သည့် မေလက စစ်ကောင်စီစစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည့်ကျေးရွာဖြစ်သည်။ယခုအခါ စစ်ကောင်စီစစ်ကြောင်းထပ်မံဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

စာတည်း - အေးချမ်း

#mizzima
#ချောင်းဦးမြို့
#တိုက်ခိုက်မှု
#ငါးယှန်ရွာ
မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းရဲဘော်များ
ဓါတ်ပုံ - မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍4🔥1👏1
​​လက်လီဆိုင်များ စားအုန်းဆီရောင်းချမှု ရပ်၍ ဆီရှားပါး
===============
ဓါတု
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ လက်လီအရောင်းဆိုင်များတွင် စားအုန်းဆီရောင်းချမှုများ ရပ်တန့်လိုက်၍ ဆီရှားပါးနေကြောင်း မြို့ခံနှင့်စားဆီအရောင်းဆိုင်များထံက သိရသည်။

စစ်ကောင်စီ သတ်မှတ်သည့် ရည်ညွှန်းစျေးထက် အမြတ်တင်ရောင်းချသည့် ဆီကုန်သည်များအား ဖမ်းဆီးနေသည်ဆိုသော သတင်းကြောင့် ဆီကုန်သည်ဒိုင်များက မရောင်းချရဲခြင်း၊ ဆီလုပ်ငန်းရှင်အသင်းဝင်၍ ရောင်းချလျှင်လည်း ရည်ညွှန်းစျေးထက် ၁၀ ရာခိုင်နှုန်းအထိသာ အမြတ်တင်ရောင်းချခွင့်ရ၍ စျေးမကိုက်ခြင်းတို့ကြောင့် စားအုန်းဆီလက္ကားဒိုင်များက ဆီရောင်းချမှုကို ကန့်သတ်လိုက်ကြောင်း သိရသည်။

ထို့ကြောင့် လက်လီအရောင်းဆိုင်များတွင် စားအုန်းဆီ (ကန်ဆီ)ပြတ်လပ်နေကြောင်း သိရသည်။ လက်ရှိတွင် အခြေခံလူတန်းစားများမှာ မွေးမြူရေးကြက်အရေခွံ နှင့် ငါးတန် ကဲ့သို့သော အဆီများသည့် အသားများထံက ဆီချက်ယူပြီး သုံးစွဲနေရကြောင်းသိရသည်။

" နှစ်ရက်ရှိပြီ စားအုန်းဆီကို စျေးထဲဘယ်ဆိုင်မှ မရောင်းတော့ဘူး။ အသီးရွက်ဆီ Ready Made ဘူးတွေကလည်း ပဲဆီနဲ့စျေးသိပ်မကွာတော့ အခုတောင် ပဲဆီသုံးပြီး ခေါက်ဆွဲသုပ်ရောင်းနေရတာ မကိုက်ပေမယ့် လောလောဆယ်စျေးရောင်းရဖို့ အရှူံးခံပြီး သုံးရတာပေါ့" ဟု လက်သုပ်ဆိုင်ရှင်တဦးကပြောသည်

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ကိုယ်စားလှယ်များက တန်းစီအလှည့်ကျဝယ်ယူရသည့် စနစ်ဖြင့် ရပ်ကွက်အလိုက် အပတ်စဥ် လှည့်လည်ရောင်းချပေးသော်လည်း ကြားဖြတ်နေရာလုခြင်း၊ လက်သင့်ရာ ပိုမိုရောင်းချပေးနေမှုများကြောင်း အဆင်မပြေကြောင်း ပြည်သူတဦးက ပြောသည်။

ပြင်ပတွင် စားအုန်းဆီ တပိဿာလျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင် ပေါက်စျေးရှိသော်လည်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကျပ် ၄၀၀၀ မှ ၄၅၀၀ ကျပ် ဝန်းကျင် ဖြင့် လူတဦးကို ၅၀ ကျပ်သားမှ တပိဿာအထိ ရောင်းချပေးခြင်းဖြစ်သည်။

"ဟိုနေ့က လှည့်ရောင်းတာ တန်းစီပြီး မရတဲ့သူတွေ အများကြီး ။ ရောင်းဖို့ ဆိုင်းဘုတ်ကပ်လိုက်တာနဲ့ တန်းစီကြတာ ။ တန်းမစီဘဲ ဝင်လုကြတော့ ရန်တွေလည်း ဖြစ်ကြတယ် ။ မူးကြမေ့ကြနဲ့ အရှေ့က အယောက် ၁၀၀ ယောက်ရသွားတယ် ကုန်ပြီတဲ့ ။ မဝေခင်ထဲက အကြာကြီးတန်းစီထားတဲ့ ကျွန်မတို့ မရလိုက်ဘူး ။ တကယ်တန်းစီတဲ့သူတွေကမရဘူး ။ ပြီးရင် လူတစ်ယောက်ကို ဆီတပိဿာရောင်းရမယ်ပြောပြီး ဆီရောင်းတဲ့သူတွေနဲ့ သိတဲ့သူတွေကိုဆို ခပ်တည်တည်နဲ့ တစ်ယောက်ကို ငါးပိဿာလောက်ရောင်းတာရှိသေးတယ် အဲ့ဒီတော့နောက်ကလူတွေမရေတော့ဘူးပေါ့"ဟုရန်ကုန်မြို့နေဒေသခံတဦးကပြောသည်။

လူအချို့မှာ အခကြေးငွေပေး၍ လူဌားတန်းစီခိုင်းခြင်း၊ အလှည့်ကျဝယ်ယူပြီးသော်လည်း အကြိမ်ကြိမ် ထပ်မံဝယ်ယူခြင်းတို့ကြောင့် ရပ်ကွက်အချို့တွင် QR code ပါသည့်ဆီဝယ်ကတ်များထုတ်ပြီး ဝေပေးမှုများရှိကြောင်း ဆီအသင်းကိုယ်စားလှယ်အချို့ထံက သိရသည်။

ပြည်တွင်းစားအုန်းဆီစျေးနှုန်းများ တည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသည့်ရ ည်ညွှန်းဈေး အမြတ် ၁၀ ရာခိုင်နှုန်းထက် စျေးတင်ရောင်းချခြင်း မပြုရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

" အသင်းဝင်လို့သတ်မှတ်ထားတာ ဥပမာ ၄၅၀၀ ဆို ၄၅၀ အမြတ်ထက်ပိုတင်ပြီးရောင်းလို့မရတော့ မကိုက်ဘူးလေ ။ ပြီးတော့နားလည်မှုစျေးနဲ့ ဝယ်ရင်လည်း ပြန်ရောင်းရင်အမြတ်တင်ရောင်းလို့လည်းမရ ဆီကုန်သည်တွေလိုက်ဖမ်းနေတော့ ကုန်သည်တွေကမရောင်းရဲတော့ဘူး။ အဲ့ဒါကြောင့်စားအုန်းဆီကိုဆိုင်တွေမှာမရောင်းတော့တာပါ"ဟု တာမွေမြို့နယ်လက်လီအရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။
👍9❤1
​​လူ ၅၀ ကျော် သေဆုံးသည့် တိုက်တန်းလျား မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် ဗီယက်နမ် အမိန့်ထုတ်
=================

CNA
ဗီယက်နမ်နိုင်ငံတွင် နှစ်နှစ်ဆယ်အတွင်း အဆိုးဆုံးသော မီးလောင်မှုအဖြစ် လူ ၅၆ ဦး သေဆုံးခဲ့ရသော ဟနွိုင်းရှိ တိုက်တန်းလျား မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် စက်တင်ဘာ ၁၄ ရက်တွင် အမိန့်ထုတ်ထားသည်။

ဟနွိုင်း အနောက်တောင်ပိုင်း လူထူထပ်သည့် ဧရိယာရှိ ရထားလမ်းနားတွင် တည်ရှိသော အဆိုပါ တိုက်တန်းလျား အဆောက်အအုံ၏ ကားပါကင်အထပ်၌ အင်္ဂါနေ့ သန်းခေါင်မတိုင်ခင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

အကာအရံ ပြတင်းပေါက်များမှတဆင့် လွတ်မြောက်ရေးအတွက် လူများက ရုန်းကန်ကြိုးစားပြီး အော်သံဟစ်သံများကို ထိုတိုက်တန်းလျား အနီးဝန်းကျင်နေထိုင်သူများက ကြားခဲ့ကြရသည်။
ထို အဆောက်အအုံတွင် တခုတည်းသော ထွက်ပေါက်သာ ရှိပြီး အပြင်ဘက်၌ အရေးပေါ် လှေကားလည်း မရှိပေ။ လေးဘက်လေးတန်တွင် မျက်နှာစာ တဘက်၌ ပြတင်းပေါက်များ ရှိမနေဘဲ အခြား မျက်နှာစာတွင် သေးငယ်သော လေဝင်ပေါက်များသာ ရှိနေသည်။
စိတ်မကောင်စဖွယ် မီးလောင်မှု ဖြစ်ပွားပြီးနောက် ထို အသေးစား တိုက်တန်းလျား၏ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်နှင့် လူပြည့်သိပ်စွာ ငှားရမ်းခြင်းများကို စုံစမ်းစစ်ဆေးရန် ရဲအား တိုက်တွန်းခြင်းများ ရှိလာခဲ့သည်။

“စည်းကမ်းချိုးဖောက်ထားတယ်ဆို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အွန်လိုင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို တိုက်တန်းလျား ပိုင်ရှင်ကို ဟနွိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
အထပ် ၁၀ ထပ်ပါ အဆိုပါ တိုက်တန်းလျားအား ၂၀၁၅ ခုနှစ်က တည်ဆောက်ရေး လိုင်စင်ချထားပေးရာတွင် ခြောက်လွှာသာ ဆောက်ရန် ချထားပေးခဲ့ခြင်း ဖြစ်သည်ကို ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြသည်။

သေဆုံးသူများတွင် ကလေးငယ် လေးဦးလည်း ပါဝင်သည်။ လူပေါင်း ၃၇ ဦး ထိခိုက်ဒဏ်ရာရပြီး အချို့မှာ မီးလောင်မှုကြောင့် ခြောက်ခြားလျက် ရှိနေဆဲ ဖြစ်သည်ဟု ရဲနှင့် ဆေးရုံတို့က ပြောသည်။

မီးငြှိမ်းသတ်ပြီးနောက် အခင်းဖြစ်ရာတွင် ရိုက်ကူးထားသော ဓာတ်ပုံများ၌ ပါကင်ဧရိယာ၌ လုံးလုံးလောင်ကျွမ်းသော ကားများကို မြင်တွေ့ရသည်။

ဗီယက်နမ်နိုင်ငံသည် လူဦးရေ သန်း ၁၀၀ ရှိပြီး သုံးပုံတပုံမှာ လူထူထပ်ရာ မြို့ပြဧရိယာများ၌ နေထိုင်ကြသည်။ တရားဝင်စာရင်းများအရ ဟနွိုင်းနှင့် ဟိုချီးမင်းတို့တွင် တစတုရန်းကီလိုမီတာလျှင် လူဦးရေ ၂,၃၉၈ နှင့် ၄,၃၆၃ အသီးသီး နေထိုင်ပြီး နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးသော နေရာများ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
Photo: AFP/Nhac NGUYEN

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် အာဆီယံလေတပ်ညီလာခံ၌ အဖွဲ့ဝင် ၄ နိုင်ငံ မတက်ရောက်
=================

AFP
အာဆီယံအဖွဲ့ဝင် လေးနိုင်ငံမှ လေတပ်အကြီးအကဲများသည် ယခုသီတင်းပတ်အတွင်း မြန်မာတွင် ကျင်းပသည့် အာဆီယံလေတပ်ညီလာခံသို့ ပါဝင်တက်ရောက်ခြင်း မရှိခဲ့ဟု သိရသည်။ ထိုမတိုင်မီက မြန်မာတွင် အာဏာသိမ်းစစ်တပ်က အာဏာသိမ်းမှုအလွန် ဖြိုခွင်းနှိမ်နင်းမှုအတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားနေသည်ဟု အာဆီယံအုပ်စုက စွပ်စွဲထားခဲ့သည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ အစပျိုးခဲ့သည့် အကြမ်းဖက်မှုတို့ကို အဆုံးသတ်စေရန် အာဆီယံအုပ်စုနှင့်အကြား သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို မြန်မာစစ်အုပ်စုက လျစ်လျူရှုနေကြောင်း အာဆီယံအဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် စွပ်စွဲခဲ့သည်။

မြန်မာသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း အာဏာသိမ်းစစ်အုပ်စုသည် အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ၏ အဆင့်မြင့်လယ်ဗယ် ထိပ်သီးအစည်းအဝေးများ၌ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။

နိုင်ငံ ၁၀ နိုင်ငံ ပါ အာဆီယံအုပ်စု၏ လေတပ် အကြီးအကဲများသည် ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန် နှစ်စဉ် စည်းဝေးကြသည်။

ယခုနှစ်တွင် အဆိုပါ အာဆီယံလေတပ်ညီလာခံကို မြန်မာစစ်ကောင်စီက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသည် စက်တင်ဘာ ၁၃ ရက်တွင် စပြီး စက်တင်ဘာ ၁၅ ရက်အထိ ပြုလုပ်ဖွယ် ရှိသည်။

သို့သော် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့၏ လေတပ်အကြီးအကဲများက ညီလာခံသို့ ပါဝင်တက်ရောက်လာခြင်း မရှိဟု စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့အရ သိရသည်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ လေတပ်အကြီးအကဲများသာ ညီလာခံတက်ရန် စက်တင်ဘာ ၁၂ ရက်က နေပြည်တော်သို့ ရောက်လာကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ပြောသည်။

အမေရိကန်နှင့် ဗြိတိန်၏ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံထားရသည့် မြန်မာစစ်ကောင်စီ လေတပ်အကြီးအကဲ ထွန်းအောင်သည် ညီလာခံတက်ရောက်လာသည့် အရာရှိများနှင့် သီးခြားစီ တွေ့ဆုံပြီး အာဆီယံ လေတပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ယင်းက ပြောသည်။

ဖိလစ်ပိုင်နှင့် စင်္ကာပူ၏ လေတပ်အကြီးအကဲများကမူ “ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်အတွက် ပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာ ဆွေးနွေးမှုများအတွက် ဗီဒီယိုမက်ဆေ့ချ်များ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။

ကုလသမဂ္ဂ၏ ဖော်ပြမှုများအရ လူ တသန်းခွဲကျော် နေရပ်စွန့်ခွာထားခဲ့ရသည် ဆိုသည့် မြန်မာ၏ သွေးထွက်သံယို အကျပ်အတည်းကို ပြေလျော့စေရန် အာဆီယံ ဦးဆောင်သည့် သံတမန်ရေး ကြိုးပမ်းမှုများက လက်ရှိအချိန်အထိ အချည်းနှီးဖြစ်နေခဲ့သည်။

Several ASEAN air force chiefs skip Myanmar meeting
Photo: The Military True News Information Team via AP

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏5😁2👎1
This handout photograph taken and released by Myanmar's Military Information Team on September 13, 2023, shows Myanmar's Air Force chief Htun Aung (3rd R) posing for photos with his counterparts at the 20th ASEAN Air Chiefs Conference, which gathers top air force officials from the Association of Southeast Asian Nations, in Nay Pyi Taw. Myanmar is hosting the 20th ASEAN Air Chief Conference (AACC) in Naypyitaw from 12 September 2023 to 15 September 2023. Air Force chiefs from Brunei, Cambodia, Laos, Thailand and Vietnam attended the meeting, according to the Myanmar military information team. Photos: Myanmar Military Information Team

https://www.facebook.com/photo?fbid=700691805437286&set=pcb.700694768770323

https://www.facebook.com/photo?fbid=700692035437263&set=pcb.700694768770323

https://www.facebook.com/photo?fbid=700694708770329&set=pcb.700694768770323
❤4👍2
​​တရုတ်က မြေပုံထုတ်ဝေပြီး ပိုင်နက်နယ်မြေများ တစ်ဖက်သတ်ဖော်ပြမှုကြောင့် အိမ်နီးချင်းနိုင်ငံများ ဒေါသထွက်
===================

ANI
တရုတ်သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက ဩဂုတ်လ ၂၈ ရက်တွင် မြေပုံတစ်ခု ထုတ်ဝေခဲ့ရာတွင် ၎င်းတို့ အလိုရှိသည့် နယ်မြေများကို ပိုင်ဆိုင်ကြောင်း တစ်ဖက်သတ် ဖော်ပြထားသည်။
အငြင်းပွားမှုဖြစ်နေသည့် မြေပုံများကို ဖယ်ရှားရန် မြေပုံအသစ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သော်လည်း တရုတ်က အိမ်နီးချင်းအများအပြားကို ဒေါသထွက်စေခဲ့သည်။

အာဆီယံ အဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့က တရုတ်တို့ လုပ်ကြံဖန်တီးထားသည့် မြေပုံကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၅ နိုင်ငံစလုံးသည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အလွန်အကျွံ ပိုင်နက် တောင်းဆိုမှုများနှင့် ပတ်သက်၍ အငြင်းပွားနေကြသည်။

စိတ်ဝင်စားစရာမှာ တောင်တရုတ်ပင်လယ်မြေပုံများတွင် မပြတ်မသား ဖော်ပြထားသည့် တရုတ်၏ အငြင်းပွား ဖွယ်နှင့် ဥပဒေကြောင်းအရ အခြေအမြစ်မရှိသော ရေပိုင်နက် ၉ နေရာ သတ်မှတ်ချက်မျဉ်း နေရာတွင် ရေပိုင်နက် ၁၀ နေရာ သတ်မှတ်ချက်မျဉ်းကို အစားထိုးလာခဲ့သည်။

ဥပမာ အင်ဒိုနီးရှား၏ နာတူနာကျွန်းစုများသည် ယင်းပိုင်နက်တွင် ပါဝင်နေပြီး ရေပိုင်နက် ၁၀ နေရာ သတ်မှတ်ချက်မျဉ်းသည် ထိုင်ဝမ်၏အရှေ့ဘက်ထိ ရောက်ရှိနေကာ ထိုင်ဝမ်အား တရုတ်ပိုင်အဖြစ် ဖော်ပြ နေသည်ဟု ယူဆရသည်။

ဂျပန်၏ ရူခူကျွန်းစု၏ တစ်စိတ်တစ်ပိုင်းအထိ တရုတ်၏ တောင်းဆိုချက်သည် ကျယ်ပြန့်သည်ဟုပင် အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။

“ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက သူ့ရဲ့ ရပ်တည်ချက်ကို ဘယ်လိုပဲ လှည့်စား နေပါစေ ထိုင်ဝမ်တည်ရှိမှုရဲ့ ရည်ရွယ်ချက်အမှန်ကို မပြောင်းလဲနိုင်ပါဘူး” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်လျှိုက ပြောကြားခဲ့သည်။

တရုတ်၏ ရှုပ်ထွေးလှသော ရေပိုင်နက် ၉ နေရာ သတ်မှတ်ချက်မျဉ်းသည် နိုင်ငံတကာဥပဒေများနှင့် မကိုက်ညီကြောင်း အနုညာတ ခုံသမာဓိရုံးက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ယင်းမြေပုံအသစ်သည် နိုင်ငံတကာအသိုက်အဝန်းကို မထီမဲ့မြင်ပြုခြင်းဖြစ်ပြီး ရေပိုင်နက် ၉ နေရာ သတ်မှတ်ချက်မျဉ်းသည် အဓိပ္ပာယ်မရှိကြောင်းကို နိုင်ငံတကာတရားရုံးက အမိန့်ချထားပြီးဖြစ်သော်လည်း တရုတ်က နောက်ထပ်နေရာတစ်ခုထပ် ထည့်ခြင်းဖြင့် ပမာမခန့်ပြုလုပ်လာခဲ့သည်။

ယင်းသည် လွန်ကဲရန်လိုသော အပြုအမူဖြစ်ပြီး “တရုတ်အနေဖြင့် ဗိုလ်ကျစိုးမိုးလိုစိတ်မရှိပါဘူး” ဟု ဂျိုဟန်နက်စဘာ့ဂ်တွင် ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်၏ ပြောကြား ချက်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

China agitates neighbors as it maps out territorial claims

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1😁1💩1
​​Punjab (1984)
===============

“ Punjab 1984 ”ဇာတ်ကားဟာ 1984 Punjab ပြည်နယ်တွင် အကြမ်းဖက်ဝါဒနဲ့ ရင်ဆိုင်နေရချိန်ကို ပြန်လည်ရိုက်ကူးထားတာပါ ။

1984 ပန်ဂျပ်၏ အဖြစ်အပျက်မှာ ပါဝင်တဲ့မိခင်နှင့် သူမ၏ ပျောက်ဆုံးနေသော သားငယ်တို့၏ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ် ။

ဇာတ်ကားမှာ ပျောက်ဆုံးနေတဲ့ သားဖြစ်သူ အတွက် မိခင်တစ်ဦးရဲ့ ပူဆွေးတမ်းတနေရချိန် တစ်ဖက်မှာလည်း အကြမ်းဖက်သမားဆိုပြီး ကင်ပွန်းတပ်ခံထားရတာကြောင့် တစ်ပူပေါ်တစ်ပူဆင့် ဖြစ်နေတာတောင် သားဖြစ်သူကို ရှာဖွေပုံကို သရုပ်ဖော်ထားပါတယ်။
သားဖြစ်သူဘက်မှာလည်း သူ့အမေကိုချစ်တဲ့စိတ်ကြောင့် အိမ်ကိုပြန်ချင်နေချိန်မှာ သူ့အခွင့်အရေးအတွက် သူဘယ်လိုတိုက်ပွဲဝင်နေခဲ့သလဲ ?

ပန်ဂျပ်လူငယ်တွေအတွက် နိုင်ငံရေးနဲ့ ပတ်သက်နေချိန် စိတ်အားထက်သန်နေပုံတွေကိုလည်း မြင်တွေ့ရမှာပါ ။

အဓိကရုဏ်းတွေကြောင့် သူတို့ရဲ့သားတွေကို ဆုံးရှုံးခဲ့ရတဲ့ ထောင်ပေါင်းများစွာသော မိခင်တွေအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ “ Punjab 1984 ”ဇာတ်ကားလေးကိုတော့ Mizzima + Channel မှာစောင့်မျှော်ကြည့်ရူနိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၄.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၅.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍5🔥2😁1
သပိတ်ကျင်းနှင့် ကျောက်မြောင်းအကြား ဧရာ၀တီမြစ်အတွင်း စစ်ရေယာဉ်တန်း တိုက်ခိုက်ခံရ
========================

MTO (မဇ္ဈိမ)။ ။မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှထွက်ခွာလာသည့် ရေယာဉ်ခြောက်စီးပါ စစ်ကောင်စီရေယာဉ် တန်းကို ဧရာဝတီမြစ်အတွင်း သပိတ်ကျင်းနှင့် ကျောက်မြောင်းအကြား၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သော ဗိုလ်လင်းယုန်တပ်ဖွဲ့မှ သိရသည်။

စစ်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက သပိတ်ကျင်းနှင့် ကျောက်မြောင်းအကြားတွင် နေရာသုံးနေရာ ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။

“ကျနော်တို့က နှစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်တာ။ အဲဒီနှစ်စီးလုံး မီးခိုးတွေထွက်နေတာတွေ့တယ်။ အထိအခိုက်ကတော့ သပိတ်ကျင်းဆိပ်ကမ်းရောက်တဲ့အချိန်မှာ နာရေးကားနှစ်စီးနဲ့လာသယ်ပြီး ကျောက် ကြီးဆေးရုံဖက် မောင်းသွားတယ်၊ အတိအကျတော့မသိရသေးဘူး” ဟု ပြောသည်။

တိုက်ပွဲမှာ နာရီနီးပါးကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအ်ခိုက်မရှိကြောင်းနှင့် အရပ်သား ထိခိုက်မှုလည်းမရှိကြောင်း ကိုဇီးရိုးဝမ်းကဆိုသည်။

“ရဲဘော်တွေ အထိအခိုက်မရှိဘူး။ စစ်သင်္ဘောတွေလာရင် အမြဲရမ်းသန်းပစ်ခတ်တာတွေရှိလို့ ထိခိုက် ပျက်စီးတာတွေရှိတော့ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် ဗုံးခိုကျင်းတို့ဘာတို့မှာနေဖို့ လူထုကိုမှာကြား ထားလို့ အန္တရာယ်ကင်းကြပါတယ်” ဟု ပြောသည်။

စစ်ရေယာဉ်တန်းသည် ဗန်းမော်မြို့သို့ ရိက္ခာပို့ဆောင်ရန်သွားသည့်သင်္ဘောများဖြစ်ပြီး တိုက်ခိုက်ရေး ရေယာဥ်သုံးစီးနှင့် ရိက္ခာတင်ရေယာဉ်သုံးစီးပါဝင်ပြီး ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ထီးချိုင့်ဆိပ်ကမ်းသို့ ရောက်ရှိရပ်နားထားကြောင်း Tigyaing Revolution အဖွဲ့ကပြောသည်။

ယခုတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်(ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ ဗိုလ်မိုးကြိုး တပ်ဖွဲ့နှင့် Nine PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

https://youtu.be/j8KfjN739bw?si=zQeb5vbxIHEu9gyQ

#ဧရာဝတီမြစ်
#စစ်ကောင်စီရေယာဉ်တန်း
#သပိတ်ကျင်းမြို့နယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13😁2👎1
Media is too big
VIEW IN TELEGRAM
Human Rights Barometer |အာဆီယံချဉ်းကပ်မှုပုံစံသစ်က မြန်မာစစ်ကောင်စီကို ဘယ်လိုဟန့်တားနိုင်မှာလဲ

Watch more detail - https://youtu.be/8XJS3TZmGE0

#HumanRightsBarometer #စကားဝိုင်း #HumanRightsBarometershorts #reels
😁4👍3🤮1
စက်တင်ဘာလ (၁၄) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
==========================

- စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ လေတပ်ညီလာခံကို အာဆီယံ ၅ နိုင်ငံသာ လာရောက်တဲ့သတင်း

− ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး သာမက အသက်အန္တရာယ်ပါ ထိခိုက်ပါက စစ်ကောင်စီမှာ လုံးဝတာဝန်ရှိကြောင်း NLD သတိပေးတဲ့သတင်း

− စစ်ကောင်စီအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရေး ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူက အမေရိကန်ကို တိုက်တွန်းတဲ့သတင်း

− စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်တည်ဆောက်နေ တဲ့သတင်း

− မီဇိုရမ်မှာ မြန်မာနိုင်ငံသားတွေထံမှ မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်တွေ ဖမ်းဆီးရမိတဲ့သတင်းနဲ့

− လစ်ဗျားမှာရေကြီးမှုကြောင့် လူ ၂၃၀၀ ထက်မနည်းသေဆုံးခဲ့ပြီး အရေအတွက် ထပ်တိုးလာဖွယ်ရှိနေတဲ့အကြောင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/hm_v2BXseY8?si=in0GYuS2XAGqiEwT


#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍3
​​လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့်ပြည်နယ် ၈ ခု မိုးကြီးနိုင်
======================

ရောင်နီ
(မဇ္စျိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့်ပြည်နယ် ရှစ်ခု၌ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်ပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ခဲ့ပြီး အိန္ဒိိယနိုင်ငံ၊ သြရိဿကမ်း‌ခြေဘက်သို့ နောက် ၁၂ နာရီအတွင်းဝင်ရောက်သွားနိုင်ကြောင်းမိုးဇလက ယနေ့ စက်တင်ဘာလ ၁၄ရက်မွန်းလွဲ ၂နာရီတွင် ထုတ်ပြန်ထားသည်။

‌အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်း၌ မနက်ဖြန် စက်တင်ဘာလ ၁၅ရက်အထိ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

လတ်တလော၌ ဒေသအချို့ မိုးကောင်းနေစဉ်ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဘီးလင်းမြစ်ရေလည်း ပုံမှန်ထက်မြင့်တက်နေသည်။ ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဘီးလင်းမြစ်ရေသည် ပဲခူးမြို့၊မဒေါက်မြို့နှင့် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အနီးရောက်ရှိနေ၍ ယင်းသုံးမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးသတိပြုနေထိုင်ကြရန် မိုးဇလက တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)ကလည်း မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလတွင် မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၄ရက်နေ့ နံနက်ပိုင်းက မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံကာ အမျိုးသားတဦး အုတ်တံတိုင်းပိ သေဆုံးခဲ့သည်။
ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာခဲ့ပြီး မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် မြို့နယ်အများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုဘေး ကြုံတွေ့ခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#လေဖိအားနည်းရပ်ဝန်း
#မိုးကြီးမည့်သတိပေးချက်
#မြစ်ရေသတိပေးချက်

ပုံအညွှန်း - ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုဖြစ်ပေါ်နေသည့် မြင်ကွင်း။ (ပုံ-အဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1
Media is too big
VIEW IN TELEGRAM
Sep - 14 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3😁1🖕1