Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNU တပ်မဟာ(၃)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ပေးအပ်
👍11😁3
KNU တပ်မဟာ(၃)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ပေးအပ်
==================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်ရှိ KNLA စခန်းသို့ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးအား ထောက်ပံ့ ငွေ ကျပ်သိန်း ၄၀ စီ ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ရွှေကျင်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၅၀)၊ သံဆိပ် စခန်းမှ အသက် ၂၅ နှစ်အရွယ် မောင်ဒဿနှင့် အသက် ၂၁ နှစ်အရွယ် မောင်ဖြိုးကိုကိုတို့ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၇) တပ်ခွဲ(၂) ထံ လက်နက်ချအလင်းဝင် လာခဲ့ခြင်းဖြစ်သည်။

“တပ်ရင်း(၇) ခွဲ (၂) ကို ဝင်လာတာပါ။ အဓိကတော့ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်တော့ လို့ အလင်းဝင်လာတာပေါ့” ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အလင်းဝင်လာသော တပ်သားနှစ်ဦးသည် ၎င်းတို့နှင့်အတူ MA1 တလက်၊ MA2 တလက်၊ ကျည် ၂၃၇ တောင့်ကိုပါယူဆောင်လာသဖြင့် KNLA တာဝန်ရှိသူများက တဦးလျှင် ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ပေး အပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၃၂)မှ တပ်သား စိုင်းဖြိုးအောင်သည် MA1 တလက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၇၅ တောင့်နှင့် စစ်ဝတ်စုံတစုံတို့ဖြင့် တပ်မဟာ (၆) KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)သို့ အလင်းဝင်လာခဲ့ သေးသည်။
အဆိုပါ တပ်သားစိုင်းဖြိုးအောင်ကိုလည်း KNU တပ်မဟာ (၆)က ထောက်ပံ့ငွေကျပ် သိန်း ၅၀ ပေးအပ်ခဲ့ သည်။

KNU အနေဖြင့် စစ်ကောင်စီလက်အောက်ခံတပ်သားများ ပြည်သူ့ဘက်တော်သားအဖြစ် အလင်းဝင်ပူး ပေါင်းလာသည်ကို ကြိုဆိုကြောင်းနှင့် လက်နက်များပါယူဆောင်လာနိုင်ပါက ကာလတန်ဖိုးနှင့်ညီမျှသည့် ငွေအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ဘဝရပ်တည်ရေးအတွက်ပါ ကူညီသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#KNUတပ်မဟာ(၃)
#လက်နက်ချအလင်းဝင်
#ညောင်လေးပင်ခရိုင်

ပုံအညွှန်း- အလင်းဝင်လာသည့် တပ်သားနှစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်စဉ် (ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁3❤1
​​ပြိုင်ဘက်ပရိသတ်တွေ လှောင်ပြောင်ရာကနေ လာတဲ့ 'ဖိအား'ကို မက်ဂွိုင်းယား ကိုင်တွယ်နိုင်
====================

By PKThawn
အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က နောက်ခံလူအပေါ် "ရယ်စရာကောင်းတဲ့ ဆက်ဆံမှု"ကို ရှုတ်ချအပြီး ဟယ်ရီ မက်ဂွိုင်းယားက သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအတွက် ကိုယ်စားပြုတဲ့အခါ ကျရောက်နေတဲ့ ဖိအားတွေကို ရင်ဆိုင်နိုင်တယ်လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူးဟာ အင်္ဂါနေ့က ဂလက်စကိုမှာ အင်္ဂလန်အသင်း ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ လက်ရွေးစင်အသင်းမှာ သူ့ရဲ ၅၉ ပွဲမြောက်အဖြစ် လူစားဝင်အနေနဲ့ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း ကိုယ့်ဂိုးကို သွင်းခဲ့ပါတယ်။
မက်ဂွိုင်းယား ဘောလုံးထိတိုင်း စကော့တလန်ပရိသတ်တွေက ရွဲ့စောင်းပြီး အော်ဟစ်အားပေးခဲ့ကြပါတယ်။

"ဒါက ဟာသတစ်ခုပါပဲ"လို့ ဆောက်ဂိတ်က ပြောပါတယ်။ "စကော့တလန်ပရိသတ်တွေမှ မဟုတ်ဘဲ၊ ကျနော်တို့ရဲ့ မှတ်ချက်ပေးသူတွေ၊ ဝေဖန်သုံးသပ်သူတွေဆီကနေ ဒါမှမဟုတ် ဘာတွေပဲဖြစ်ဖြစ် ကစားသမားတယောက်ကို ဒီလိုဆက်ဆံတာမျိုး ကျနော် တခါမှ မကြုံခဲ့ဖူးဘူး။"

အသက် ၃၀ အရွယ် မက်ဂွိုင်းယားဟာ အဲရစ်တန်ဟတ်ဂ်လက်ထက် ယူနိုက်တက်မှာ ကစားရဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ အဓိက ပြိုင်ပွဲသုံးခုမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့ အင်္ဂလန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
"ကျနော်ဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ရုန်းကန်နေရသူတစ်ယောက်လို့ ကျနော် မပြောဆိုလိုပါဘူး"လို့ စကော့တလန် ပရိသတ်တွေရဲ့ လှောင်ပြောင်ရယ်မောခံရတဲ့ မက်ဂွိုင်းယားက ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျနော် အများကြီး ဖြတ်သန်းခဲ့ရပြီး မန်ချက်စတာယူနိုင်တက်အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာ လေးနှစ်နီးပါး ရှိပါပြီ (ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင် အသစ်)။

"ခင်ဗျားမှာ တာဝန်ကြီးကြီးယူထားပြီး အဲဒါနဲ့အတူ လာသမျှအရာအားလုံးက ဆိုးတာရော ကောင်းတာရော အများကြီးပါပဲ။
"ဒါပေမယ့် ဒါဟာ ဂုဏ်ယူစရာကြီး ဖြစ်သလို ဒီနေရာက ဖော်ရွေမှုမရှိတဲ့ ရန်လိုတဲ့ ပတ်ဝန်းကျင်တစ်ခုဆိုတာ အမှန်ပါဘဲ၊ သူတို့ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ပေးခဲ့တယ်။ အဲဒါကို ကျနော် ကျင့်သားရတယ်လို့ မဆိုလိုပေမယ့် ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။"
မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ ပျက်ပယ်ခဲ့ပြီးနောက် ဒီရာသီမှာ ယူနိုက်တက်အတွက် လူစားဝင်တစ်ပွဲသာ ပါဝင်ခွင့်ရရှိထားပါတယ်။

သူဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကို "ထိပ်ဆုံး ဦးစားပေး" အဖြစ် ဖော်ပြခဲ့ပေမယ့်လည်း အင်္ဂလန်အတွက် ရွေးချယ်လိုက်ခံရတဲ့အခါမှာ ဆောက်ဂိတ်ရဲ့ အသင်းမှာ စွမ်းဆောင်ရည်နဲ့ သူ့ရဲ့နေရာကို သက်သေပြနိုင်နေသေးတယ်လို့ ယုံကြည်နေပါတယ်။
“ကျနော် အရာအားလုံးကို စဉ်းစားခဲ့ပြီး ကျနော် သိပါတယ်၊ အခုအချိန်မှာတော့ ရာသီရဲ့ ပထမလေးပွဲမှာ တစ်ပွဲမှ မကစားရသေးတဲ့အခါ ဇာတ်ကြောင်းက ကျနော်ဆီ ရောက်လာပါတယ်” လို့ သူက သူ့ရဲ့ ကလပ်အသင်း အနာဂတ်ကို ရည်ညွှန်းကာ ပြောပါတယ်။
“ပြီးခဲ့တဲ့ရာသီက ကျနော် အင်္ဂလန်အတွက် အရမ်းသန်မာတဲ့ စွမ်းဆောင်ရည်နှစ်ခုနဲ့ အဆုံးသတ်ခဲ့ပြီး ခြေစစ်ပွဲအောင်ဖို့အတွက် ကျနော်တို့ကို တွန်းအားပေး ကူညီနိုင်မယ့် ၅ ပွဲစလုံး ကစားပေးခဲ့ရပါတယ်၊ ဒါကြောင့် ကျနော် ရွေးချယ်ခံရတဲ့အခါ စွမ်းဆောင်ရည်ကို ဆက်ထိမ်းထားဖို့ လိုပါတယ်။

“နားထောင်ပေးပါ၊ ကလပ်မှာရော ပွဲတွေ ကစားချင်သလို ဘောလုံးလည်း ကစားချင်ပါတယ်။
"ပထမလေးပတ်က ခက်ခဲခဲ့ပါတယ်၊ ဘာလို့လဲဆိုတော တစ်ပတ်မှာ တစ်ပွဲပဲမို့လို့ပါ၊ မန်နေဂျာက ကျနော်ကို မရွေးချယ်ခဲ့ပေမယ့် အခု ကျနော်တို့မှာ လာမယ့် ပွဲတွေ အများကြီးရှိနေတော့ ကျနော် ပွဲတွေ အများကြီး ကစားရမယ်ဆိုတာ ကျိန်းသေပါတယ်။"

(AFP)

#harrymaguire #england #manchesterunited
🔥3👍2
အာဆီယံချဉ်းကပ်မှုပုံစံသစ်ကမြန်မာစစ်ကောင်စီကိုဘယ်လိုဟန့်တားမှာလဲ| Human Rights Barometer - Episode 22
====================

အာဆီယံအသင်းကြီးက မြန်မာ့အရေးအတွက် ဥက္ကဋ္ဌတနိုင်ငံတည်းလုပ်ဆောင်မှုပုံစံမှသည် သုံးနိုင်ငံလုပ်ဆောင်မှုသို့ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ချဉ်းကပ်ပုံအသစ်က မြန်မာစစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်မှုများလုပ်နိုင်ရေးအပေါ် မည်သို့သက်ရောက်မှုများရှိလာနိုင်မှာလဲဆိုခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆွေးနွေးထားသည်။

https://youtu.be/8XJS3TZmGE0?si=m7B_60bbE1gaG1P4

#အာဆီယံ
#စစ်ကောင်စီ
#ဦးအောင်မျိုးမင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3
​​အန်ဒရေးလ်ကုမ္ပဏီ၏ နောက်ဆုံးပေါ် အေအိုင်လေယာဉ်
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2
စက်တင်ဘာလ (၁၄)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ..ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး သာမက အသက်အန္တရာယ်ပါ ထိခိုက်လာပါက စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတဲ့အကြောင်း NLD ကသတိပေးလိုက်တဲ့ သတင်းနဲ့အတူ မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ လူ၀င်မှုကြီးကြပ်ရေးရုံး(လ၀ကရုံး)ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အောင်လံမြို့နယ်) တာ၀န်ရှိသူကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/FplE0xWaHUM?si=IogoViada7xtXqk4

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🔥3👍1
​​သစ်ချဆိပ်စခန်းအား စစ်ကောင်စီ ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေး
==================

YT
(မဇ္ဈိမ)။ ။KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ သစ်ချဆိပ်စခန်းအား နှစ်ပတ်ကြာသည်အထိ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးဘဲ အဝေးမှလက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

သစ်ချဆိပ်စခန်းအား ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ကွန်မန်ဒိုပြောင်း နှစ်လက်၊ စက်လတ်တလက် နှင့်လက်နက်ငယ် စုစုပေါင်း ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့်ပဲခူးစစ်ဒေသခွဲကထုတ်ပြန်ထားသည်။ပူးပေါင်းတပ်ဖွဲ့ဘက်မှ Spring Warrior's Column ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စခန်းအား ပြန်လည်ရယူရန် သစ်ချဆိပ်ကျေးရွာအနီးတဝိုက်ရှိ တိုင်ပင်ရွာ၊ မျက်ရဲကျေးရွာ (ကရင်မျက်ရဲကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ)၊ လယ်ပတ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။ အဆိုပါကျေးရွာများတွင် စက်တင်ဘာ လ ၃ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။စက်တင်ဘာ ၇ ရက်တွင် သစ်ချဆိပ်ကျေးရွာအရှေ့ဘက်မှ တိုင်ပင်ရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်ဟုKNLA သတင်းရင်းမြစ်က ပြောသည်။

တိုင်ပင်ရွာတိုက်ပွဲတွင် အကျအဆုံးများပြီးနောက် စစ်ကောင်စီတပ်​က လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုကာ သာလွန်စစ်အင်အားဖြင့် စစ်ကြောင်းထိုးလာ၍ ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသည်ဟုသိရသည်။ ထို့နေ့တွင် စစ်ကောင်စီတပ်က သစ်ချဆိပ်စခန်းအတွင်းဝင်၍ အရေးကြီးစာရွက်စာတမ်းများ ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားသည်ဟုKNLA သတင်းရင်းမြစ်က ပြောသည်။

" သစ်ချဆိပ်ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စခန်းအတွင်းက အရေးကြီးစာရွက်စာတမ်းတွေကို ယူဆောင်သွားတယ်။ ပြီးတော့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားခဲ့ပါတယ်။ သစ်ချဆိပ်မှာတော့ သူ့တို့တပ်ပြန်မဆွဲပါဘူး" ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ သစ်ချဆိပ်စစ်ကောင်စီစခန်း၌ တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့က တပ်စွဲထားသည်။ စစ်ကောင်စီတပ်သည် အဝေးမှ ၁၂၀ မမ၊ ၈၁ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်နေသည်ဟု သိရသည်။သစ်ချဆိပ်စခန်းသည် KNUတပ်မဟာ (၃)နယ်မြေအတွင်းတည်ရှိသည်။

စာတည်း - အေးချမ်း

#mizzima
#KNU
#သစ်ချဆိပ်စခန်း
#KNLA နှင့်ပူးပေါင်းတပ်
ပုံအညွှန်း- သစ်ချဆိပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ ( ဓါတ်ပုံ- Bago Region PDF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1😁1
​​အရည်ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ပထမဆုံးလေယာဉ် ဝေဟင်၌ပျံဝဲပြီ
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​Love, so divine
==========

ခရစ်ယာန်စာသင်ကိုယ်တော်တစ်ပါးဖြစ်တဲ့ ဂျူရှစ်ဟာ မကြာခင် ဘုန်းကြီးတစ်ပါးအဖြစ် ခံယူရမှာဖြစ်ပြီး သင်တန်းကာလအနေနဲ့ နယ်မြို့လေးတစ်မြို့က ဘုရားကျောင်းတစ်ကျောင်းမှာ ယာယီသွားနေရတယ်...

သူရောက်ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီဘုရားကျောင်းကို ဘုရားကျောင်းက ဖာသာကြီးရဲ့ တူမဖြစ်တဲ့ ဘုံဟီးက ရောက်လာတယ်...
ဘုံဟီး​က အမေရိကန်မှာ ကြီးပြင်းလာသူဖြစ်တဲ့အတွက် အနေအထိုင်အပြောအဆို ပွင့်လင်းတယ်.. စစချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ သူတို့နှစ်ယောက်က စပြီးဆုံကြကတည်းက တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်နေခဲ့ကြတယ်..

ဖြစ်ချင်တော့ ဖာသာကလည်း ထိန်းမရတဲ့သူ့တူမကို ခရစ်ယာန်ဘာသာဝင်ဖြစ်လာအောင် စည်းရုံးပေးဖို့ ဂျူရှစ်ကို တာဝန်ပေးလိုက်တဲ့အခါ.....

ဂျူရှစ်နဲ့ ဘုံဟီးတို့ ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ.... ဆက်ကြည့်လိုက်ကြနော်...

အဓိကဇာတ်ကောင်များအဖြစ် မင်းသား ကွန်ဆန်ဝူးနဲ့ မင်းသမီး ဟာဂျီဝန်းတို့ပါဝင်သရုပ်ဆောင်ထားပါတယ်..

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 14.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U” #koremovie
👍4🤮1
စစ်ဘေးသင့်ဒေသမှ တော်လှန်မွေးနေ့အလှူ (ဓါတ်ပုံသတင်း)
===================

MTO
တော်လှန်ရေးထောက်ပို့အဖွဲ့ဖြစ်သော အနာဂတ်အလင်းတန်းလေးများအဖွဲ့ မှ လူငယ်တဦး၏ ယနေ့ စက်တင်ဘာလ ၁၄ရက်တွင် ကျရောက်သော မွေးနေ့အလှူအဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ကြာဇံဟင်းခါးတိုက်ကျွေးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ က သတင်းထုတ်ပြန်သည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ သည် ပြည်တွင်းပြည်ပအလှူရှင်များကိုယ်စား စစ်ရှောင်ပြည်သူများကို လှူဒါန်းပေးနေခြင်းဖြစ်သည်။စစ်ကောင်စီ၏ တိုက်ခိုက်မှုကို မကြာခဏရင်ဆိုင်နေရသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ စစ်ဘေးရှောင်ပြည်သူ ၂,၀၀၀ ခန့် ရှိနေသည်။

Photo - အညာပစ်တိုင်းထောင်လေးများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3🔥1
စားနပ်ရိက္ခာ လုံလောက်အောင် ထောက်ပံ့ဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ တောင်းဆို (ရုပ်/သံ)
====================

မဇ္ဈိမ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လစဉ် စားနပ်ရိက္ခာတွေ ထောက်ပံ့နေပေမယ့် လက်ရှိမှာတော့ အရင်ကထက် ရိက္ခာထောက်ပံ့မှု လျော့နည်းလာတယ်လို့ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/dQ15vFiNrEg?si=wrrJ7EGQ4aLZhdtu

#postmocha
#ep11
#NN
#ရိုင်ဟင်ဂျာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ စက်တင်ဘာ ၂၀၂၃)
====================

အမျိုးသားညီညွတ်ရေး အစိုးရ

• စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ခံလိုက်ရသည့် စစ်ဘေး ရှောင်ပြည်သူများအတွက် လုံခြုံမှုရှိသောနေရာများတွင် ယာယီတဲ (၁၀၈) လုံးကို ကိုရီးယားက ရဲဘော်များ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် စက်တင်ဘာလအတွင်း ဆောက်လုပ်ပံ့ပိုးပေးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

• ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။

• မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်း ပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်း ဝယ်မှုများ ယခင်ကာလများ ထက် ပိုမိုဖြစ်ပွားလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်သည်။

• တရားဝင်မှုအရေး(UN Credential Campaign) အတွက် ပြည်သူလူထု၏ တောင်းဆိုတိုက်ပွဲ ဝင်ကြမည့် တိုက်ပွဲလှုပ်ရှားမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များနဲ့ သပိတ်အင်အားစုတွေက စက်တင်ဘာ ၁၃ ဆွေးနွေးခဲ့ကြသည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၃၁/၂၀၂၃)ကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ ကြသည်။

• မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက နွေဦးတော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်ကူညီမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
👍19❤1🔥1😁1
​​ကြွက်လျှောက်ဘီးသဏ္ဍာန်ရှိသည့်ယာဉ်ဖြင့် အတ္တလန္တိတ်သမုဒ္ဒရာအား ဖြတ်ကျော်ဖို့ ကြိုးစားသူ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮2