Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့ ဂြိုလ်တုလွှတ်တင်ရေးပူးပေါင်းမှုအပေါ် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း အမေရိကန်ပြော
================

https://youtu.be/9XxeyJGB0SY?si=2LutGHESYaVaDsd4

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁4
စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေးကိုယ်စားလှယ် တိုက်တွန်း
===================

မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေရရှိနေတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မြန်မာစစ်ကောင်စီတာဝန်ရှိသူ တွေကို ပိုပြီးတင်းကျပ်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
MOGE ကရရှိတဲ့ ဝင်ငွေတွေနဲ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက် သတ်ဖြတ် စစ်ရာဇဝတ်မှုတွေ ရက်ရက်စက်စက် ကျူးလွန်နေတာလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ပြီးခဲ့တဲ့လမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်ဆီဝယ်ယူမှုအတွက် အကူအညီပေးနေတဲ့ လူပုဂ္ဂိုလ်တဦးချင်းစီနဲ့ ပြည်ပကုမ္ပဏီတွေကိုပါ ဝါရှင်တန်က အရေးယူပိတ်ဆို့မှု ချဲ့ထွင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးရဲ့ ဦးစီးအရာရှိဖြစ်သူနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတို့ကို အမေရိကန်နိုင်ငံက ပစ်မှတ်ထားကာ ဒဏ်ခတ်ခဲ့ပါသေးတယ်။

အမေရိကန် လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်ပြီး လောလောဆယ်မှာ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရသူ တွမ်အန်ဒရူးစ်က MOGEဟာ လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်တပ်အတွက် ပင်မ ဝင်ငွေ ရပေါက်ရလမ်းအဖြစ် ဆက်လက် ရပ်တည်နေဆဲလို့ ထောက်ပြခဲ့ပါတယ်။

မြန်မာ့ နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB)နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဘဏ်(MICB) ဘဏ်တွေကို ဇွန်လတုန်းက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်လိုက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပေမယ့် အဲဒီထက် ပိုမိုတဲ့ ခြေလှမ်းတွေ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်နေဆဲလို့ ဆိုပါတယ်။

စစ်တပ်ကို ပိုက်ဆံဖြတ်လိုက်နိုင်မယ်ဆိုရင် သူတို့ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်ကို အထိနာစေမယ့် အရေးယူ ပိတ်ဆို့မှုတွေ အရှိန်မြှင့်ဖို့ လိုနေသလို တစ်ဖက်မှာလည်း အာဏာသိမ်းမှုကြောင့် ထိခိုက် နစ်နာသူတွေကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အမေရိကန် ထိရောက်တဲ့ ကူညီဖေးမမှုတွေ ဆက်လက် ထိန်းသိမ်းထားဖို့ အရမ်းအရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီးခဲ့တဲ့ဇွန်လမှာ အရေးယူမှုတွေ ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အန်ဒရူးစ်က ဝါရှင်တန်ကို ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ ဒီထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အန်ဒရူးစ် အနေနဲ့ အခုလို မှတ်ချက်ပေးပါတယ်။
စစ်ကောင်စီရဲ့ စစ်လက်နက်ရရှိမှုကို ပိတ်ဆို့ဖို့ အခြားတိုင်းပြည်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း သော မတ်အန်ဒရူးက အမေရိကန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူပေါင်း ၃,၉၀၀ ကျော်အထိ သတ်ဖြတ်ခဲ့တယ်လို့ ခန့်မှန်းထားသလို အဲ့ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ ပြည်ပမှ ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိ စစ်လက်နက်နဲ့ အခြားကုန်ကြမ်းတွေ ဝယ်ယူခဲ့တယ်လို့ မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ အန်ဒရူးက ပြောကြား ခဲ့ပြီး အတိုက်အခံတွေကို ချေမှုန်းတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ကူညီပေးတာ ရပ်တန့်ဖို့ ရုရှားနဲ့တရုတ် ကို တောင်းဆိုခဲ့ပါတယ်။

https://youtu.be/qY-tr08yLjY?si=NzGut1a8QRIUmLN1

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2😁1
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအတွင်း လူ ၇ ဦးသေဆုံး
=================

https://youtu.be/nk83XPATs5c?si=VDMrrD7_XStbXbqe

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
ကျွန်းအနီးမှာတရုတ်စစ်လေယာဉ် ၆၈ စင်းနဲ့ သင်္ဘော ၁၀ စင်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7🔥3
​​တမူး-အောင်ဇေယျလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့ ယာယီပိတ်
==================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေပြီး အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် တမူး - အောင်ဇေယျ ကားလမ်းပိုင်းကို အသွားအလာ ယာယီမပြုလုပ်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၁၂ရက်‌နေ့တွင် မေတ္တာရပ်ခံထားကြောင်း သိရသည်။

“စစ်​ေ-ွး(စစ်ကောင်စီတပ်) တွေက အောက်ပိုင်းကို စစ်ဆင်ရေးလုပ်ပြီးတဲ့နောက် အထက်ပိုင်းကိုထပ်တက်တဲ့ သဘောပေါ့ ၊ နယ်မြေရှင်းလင်းရေးဆိုလား တရွာဝင်တရွာထွက် သွားလာလှုပ်ရှားနေတာကို ကာကွယ်ရေးရဲဘော်တွေက သိတဲ့အတွက် အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်တယ် ၊ အဲဒါကြောင့် ခေတ္တယာယီ အသွားအလာမလုပ်ဖို့ မေတ္တာရပ်ခံထားတာပါ” ဟု တမူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံလက်နက်ကိုင်များက စက်တင်ဘာလ ၁၂ရက်မှ စတင်ပြီး တမူးမြို့နယ်အထက်ပိုင်းကို စစ်ကြောင်းထိုးလာနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ လက်နက်ကိုင်များသည် မိန်းလမ်းမကြီးပေါ်မှ သွားလာခြင်းမပြုဘဲ တောတောင်များနှင့် လယ်ကွင်းများမှဖြတ်ပြီး နယ်မြေရှင်းလင်းနေခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် တမူးမြို့နယ် အောက်ဖက်မှတက်နေသည့် စစ်ကြောင်းရှိသကဲ့သို့ အထက်ပိုင်း ကဘော် မြို့သစ်ဖက်မှလည်း ဆင်းလာသည့် စစ်ကြောင်းရှိနေသဖြင့် ခရီးသည်ယာဥ်နှင့် အခြားယာဥ်များအားလုံး သွားလာဖြတ်သန်းခြင်း မပြုလုပ်ရန် ကာကွယ်ရေးအဖွဲ့များက သက်ဆိုင်ရာနယ်မြေဒေသအလိုက် ပြည်သူများကို အသိပေးထားခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ စက်တင်ဘာလ ၁၄ရက်တွင် ကွမ်းတောင်းရွာအနီးတဝိုက်ရှိ လယ်ကွင်းနှင့် ရော်ဘာစိုက်ခင်းများတွင် အခြေချခဲ့ပြီး ယင်းနေရာမှ တဆင့် မင်းသာ အရှေ့ဖက် ယုချောင်းနှင့် လှည်းဆိပ် အနီးတဝိုက်သို့ တက်သွားကြောင်း သိရသည်။
တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးမြို့ဖြစ်သောကြောင့် တမူး-မိုးရေး နယ်စပ်ကုန်သွယ်ရေးလမ်း အဝင်အထွက်ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဖွဲ့က ယခုကဲ့သို့ စစ်ဆင်ရေးများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးထန်ဆေးက သုံးသပ်ပြောဆိုသည်။

တမူးမြို့နယ် ပန်းသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ လက်နက်ကိုင်များကို ဇွန်လ ၁၅ရက်နေ့မှ စတင်၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကလေး-တမူး လမ်းပိုင်း ပိတ်ဆို့သွားခဲ့ရကာ စက်တင်ဘာလ ၁၂ရက်နေ့တွင် အသွားအလာများ ပြန်လည်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

တမူး - အောင်ဇေယျလမ်းပိုင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးထားပြီး စစ်တပ်ထုတ်ကုန်နှင့် တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#တမူး-အောင်‌ဇေယျလမ်း

ပုံအညွှန်း - တမူး-အောင်ဇေယျလမ်းပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များစစ်ဆေးနေစဥ်။(ဓါတ်ပုံ - PDF-Tamu)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဂြိုလ်တုလွှတ်တင်ရေးပူးပေါင်းမှု စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ကန်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁3
စက်တင်ဘာလ ( ၁၅ ) ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

00:59-စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေးကိုယ်စားလှယ် တိုက်တွန်းတဲ့သတင်း

05:44- အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအတွင်း လူ ၇ ဦးသေဆုံးတဲ့သတင်း

07:03- တေးသံရှင် လင်းလင်းရိုက်ကူးသည့် The Way ရုပ်ရှင် စက်တင်ဘာ ၂၃ ရက်မှစ၍ ဂျပန်နိုင်ငံတွင် ပြသမယ့်သတင်း

10:00- စစ်ကောင်စီတပ်သားတွေ ဝင်လာတာကို နယ်စပ်ဖြတ်ကျော် မတော်တဆမှုအဖြစ် ထိုင်းအစိုးရတုန့်ပြန်တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/idH11ID0ty0?si=jiUTstWXk4uk5qRt

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအတွင်း လူ ၇ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3👍1
မြန်မာနဲ့ ရုရှားဆက်ဆံရေး အကောင်းဆုံးတည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးပြော
====================

၇၅ နှစ်ကြားဆက်ဆံရေးကာလအတွင်း အခုချိန်ဟာ မြန်မာ နဲ့ ရုရှား ဆက်ဆံရေးအကောင်းဆုံးတည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ရုရှားနိုင်ငံ မော်စကိုမှာပြုလုပ်တဲ့ ရုရှား - မြန်မာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ရုရှားနိုင်ငံမော်စကို မြို့တော်ကိုရောက်နေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းဆွေက ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်

နယ်မြေခိုင်မြဲအောင် ရုန်းကန်လှုပ်ရှားရတဲ့ စိန်ခေါ်မှုချင်း တူညီတဲ့အတွက် ရုရှား မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အပါအဝင် နိုင်ငံတကာရဲ့ ဝေဖန် ဖယ်ကျဉ်မှုခံနေရသလို၊ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လုပ်နေချိန်မှာ ၂ နိုင်ငံဆက်ဆံရေး ပိုတိုးတက်လာပုံရပါတယ်။

စစ်ကောင်စီကတော့ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားဖက်က ရပ်တည်တယ်လို့ ပြောကြားထားပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ မြန်မာနိုင်ငံနဲ့ အမြင်သုံးသပ်ချက်တူညီတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကပြောကြားကြောင်း ရုရှားကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ မှာကျင်းပတဲ့ ရုရှားအရှေ့ဖျားစီးပွားရေးဖိုရမ်ကို အကြောင်းပြုပြီး မြန်မာစစ်ကောင်စီဝန်ကြီးအချို့ ရုရှားကိုရော‌က်နေသလို နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကလည်း မော်စကိုမှာတွေ့ဆုံနေတာပါ။

မော်စကို ခရီးစဉ်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ပါတ်သက်လို့ ကောင်းမွန်တဲ့ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။

ရုရှား က ယူကရိန်းစစ်ပွဲကြောင့် အရေးယူပိတ်ဆို့ခံရမှုတွေရှိနေသလို မြန်မာမှာလည်းစစ်အာဏာသိမ်းမှု ကြောင့် မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှုတွေလုပ်ထားချိန်မှာ စစ်ကောင်စီ နဲ့ ရုရှားကြားမှာ ဆက်ဆံရေးတိုးမြှင့်နေတာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးရဲ့အလယ်မှာရှိနေတဲ့ မြန်မာနိုင်ငံမှာ ရုရှားက နည်းပညာနဲ့ ရင်းနှီးမြှပ်နှံမှုတွေဆောင်ရွက်မယ်ဆိုရင် ၂ နိုင်ငံအတွက် အကျိုးများနိုင်တယ်လို့လည်း ဝန်ကြီး ဦးသန်းဆွေက မော်စကိုမြို့တော်မှာ ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူးကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားအစိုးရပိုင် Rosatom နဲ့ မကြာခင် သဘောတူညီမှု ရဖို့မျှော်လင့်တယ်လို့ ရုရှားသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးလက်ဗရော့ဂ် ကတော့ နှစ်နိုင်ငံကြားမှာ နိုင်ငံရေး ၊ ကုန်သွယ်မှု ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေး နဲ့ လုံခြုံရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေးတွေအပါအဝင် နှစ်နိုင်ငံဘဏ်လုပ်ငန်းဆိုင်ရာတွေအတွက် သဘောတူညီချက်တွေကိုဆွေးနွေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
 
https://youtu.be/jHzIcLDVvPw?si=RRFtFZ3nxb1XPBNn

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤣8👍2❤1👎1🖕1
This media is not supported in your browser
VIEW IN TELEGRAM
September - 15 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍5🖕2❤1
​​လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်ကြောင့် ရီးယဲလ်မက်ဒရစ် လူငယ်ကစားသမား လေးဦးကို ဖမ်းဆီးခဲ့
===============

By PKThawn
ရီးယဲလ်မက်ဒရစ် လူငယ်ကစားသမားလေးဦးကို အသက်မပြည့်သေးတဲ့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတစ်ခု မျှဝေမှုဖြင့် ဖမ်းဆီးထားခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ကစားသမားတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေမှ အချက်အလက်တွေကို သိမ်းဆည်းရမိပြီးနောက် သူတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ပါတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးရဲ့ မိခင်က Canary Islands မှာ တိုင်ကြားချက်ဖွင့် အပြီးမှာ အခုလို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ရဲက ပြောပါတယ်။
အဲဒီလူငယ်ကစားသမားတွေကို ကြာသပတေးနေ့မှာ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ဖမ်းဆီးခဲ့တာပါ။

"အချက်အလက်အသေးစိတ်သိရှိပြီးတာနဲ့ သင့်လျော်တဲ့ အစီအမံတွေ" ပြုလုပ်မှာဖြစ်ကြောင်း ကလပ်အသင်းက ပြောပါတယ်။
ကစားသမား သုံးဦးဟာ ရီးယဲလ်မက်ဒရစ်အသင်း C မှဖြစ်ပြီး လေးယောက်မြောက်မှာ ကတ်စတီလာလို့ လူသိများတဲ့ ကလပ် B အသင်းမှ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“အသက်မပြည့်သေးသူပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာနဲ့အတူ ဗီဒီယိုကို ဖြန့်ဝေမှု သံသယနဲ့ သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်”လို့ Guardia အရပ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မိန်းကလေးက မည်သည့်လုပ်ရပ်တွေကိုမဆို ကြည်ကြည်သာသာခွင့်ပြုတယ်လို့ ပြောဆိုပေမယ့်လည်း သူမသဘောဆန္ဒမပါဘဲ မှတ်တမ်းတင်ရိုက်ကူးခြင်းဖြစ်ကြောင်း ၎င်းတို့က ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် အဆိုပါဗီဒီယိုကို WhatsApp မှတစ်ဆင့် မျှဝေခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

(BBC)

#RealMadrid #SexualVideo
👍5🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေးကိုယ်စားလှယ် တိုက်တွန်း

Watch more detail - https://youtu.be/qY-tr08yLjY

#PoliticalNews
#reels
#shorts
#MizzimaTV
👍11❤3👏1🤣1
"Injection Program for Investigative Journalism"
Investigative Journalists များ ခေါ်ယူခြင်း
စက်တင်ဘာလ (၁၅) ရက်၊ ၂၀၂၃
Mizzima Media Group အနေဖြင့် Injection Program for Investigative Journalism (IPIJ) အစီအစဥ်တစ်ခုကို အကောင်အထည်ဖေါ်ရန် ရှိသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာများတွင် အရည်အသွေးရှိသော investigative stories များ ထွက်ရှိလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအစီအစဥ်အတွက် စုစုပေါင်း သတင်းထောက် ရှစ်ဦး ရွေးချယ်မည်။ ဤအစီအစဥ်အတွက်သာ ပုတ်ပြတ်ရွေးချယ်ခြင်းဖြစ်သည်။
ရွေးချယ်ခံရသော သတင်းထောက်အနေဖြင့် လေးလခန့် အချိန်ယူ၍ investigative story များရေးသားရမည်။ ထုတ် လုပ်နိုင်သည့် content အမျိုးအစားမှာ text ၊ audio နှင့် video တစ်မျိုးမျိုး ဖြစ်နိုင်သည်။ Text အမျိုးအစား ဖြစ်ပါက story ကို ကူညီပေးမည့် graphic နှင့် data များ အလျဥ်းသင့်သလို ထည့်သွင်းဖေါ်ပြရန်လိုသည်။ Text နှင့် audio အမျိုးအစား story ရေးသား ထုတ်လုပ်သူများအနေဖြင့် မိမိရေးသားထုတ်လုပ်မည့် အကြောင်းအရာထဲမှ story တစ် ပုဒ်ထက် ပိုမိုထုတ်လုပ်ရန်အကြံပြုသည်။ video အမျိုးအစားဖြစ်ပါက မိနစ် ၃၀ slot အတွက် story တစ်ခု ထုတ် လုပ်ရန်ဖြစ်သည်။
Investigative story ထုတ်လုပ်ရန် လိုအပ်သော အရည် အချင်း (skill) နှင့် ငွေရေးကြေးရေး အရင်းအမြစ် (financial resource) များ ကို IPIJ မှ တာဝန်ယူ ကူညီပေးမည်။ ရွေးချယ်ခံရသော သတင်းထောက်များအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ပထမ လဝက်အတွင်း ဝါရင့် သတင်း ထောက်များဖြင့် Investigative workshop တစ်ခု စီစဥ်ပေး မည်။ ထို့အပြင် investigative story ထုတ်လုပ်ရန် အချိန်ပေးထားသည့် လေးလတာကာလအတွင်း အနီးကပ် ကြီး ကြပ်ပေးမည့် mentor တစ်ဦး၏ အကြံဉာဏ်နှင့် လမ်းညွှန်မှုများလည်း ရရှိမည်။ ငွေကြေးထောက်ပံ့မှုအနေဖြင့် အရွေးချယ်ခံ သတင်းထောက် တစ်ဦးချင်းကို ဒေါ်လာ (3,500) ထောက်ပံ့မည်။ ထိုထောက်ပံ့မှုကို အရွေးချယ်ခံရသော သတင်းထောက်၏ investigative story outline ကို mentor က အ တည်ပြုပြီးသောအခါ နှစ်ကြိမ်ခွဲ၍ ထုတ်ပေး မည်။
ပြည်တွင်းပြည်ပ အလွတ်တန်းသတင်းထောက်များ၊ ပြည်တွင်းပြည်ပ သတင်းဌာန တစ်ခုခုတွင် တာ၀န်ထမ်းဆောင်နေ သော သတင်းထောက်များ လျှောက်ထားနိုင်သည်။ လျှောက်လွှာကို စက်တင်ဘာလ (၂၁) ရက် နောက်ဆုံးထား၍ ipij@mizzima.com သို့ ပေးပို့ရမည်။ လျှောက်လွှာတွင် ကိုယ်ရေးအကျဥ်း၊ မိမိထုတ်လုပ်ခဲ့သော သတင်း၊ ဆောင်းပါး အပါအဝင် မိမိလျှောက်ထားမှုကို အထောက်အကူပြုနိုင်မည့် media content link များ၊ အကယ်၍ မိမိအရွေးချယ်ခံ ရပါက လုပ်ဆောင်မည့် investigative story အကြောင်းအရာ နှစ်ခု ပူးတွဲဖေါ်ပြရမည်။ ထို့အပြင် reference တစ်ဦး ကိုလည်း ဖေါ်ပြလိုက ဖေါ်ပြနိုင်သည်။ ပြည်လည်ဆက်သွယ်နိုင်မည့် အီးမေး၊ ဖုန်း၊ signal နံပါတ်များ ဖေါ်ပြထား ရမည်။
စကာတင်စာရင်းတွင် ပါဝင်သူများကို အောက်တိုဘာလ (၇)ရက်၊ ၂၀၂၃ ခုနှစ် နောက်ဆုံးပတ်အတွင်း ပြန်လည် ဆက်သွယ်မည်။ ပိုမိုသိရှိလို ပါက ipij@mizzima.com သို့ မေးဖြင့် မေးမြန်းနိုင်သည်။ လိုအပ်ပါ က IPIJ ဖက်မှ ဖုန်း၊ signal တို့ဖြင့် ပြန် လည်ဆက် သွယ် ရှင်းပြပေးမည်။
#IPIJ #Investigative_Journalists
👍4🔥1
👍4🔥2
👍5🔥1
​​မာရဝိဇယရုပ်ပွားတော်ကို မဖြစ်မနေဖူးရမည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ညွှန်ကြားဟုဆို
================

မင်းထက်

(မဇ္စျိမ)။   ။ နေပြည်တော်တွင် စစ်ကောင်စီဥက္ကဋ္ဌတည်ထားသည့် မာရဝိဇယကျောက်ဆစ်ရုပ်ပွားတော်အား မဖြစ်မနေ သွားရောက်ဖူးမျှော်ရန် ဧရာဝတီတိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက ညွန်ကြား‌ထားကြောင်း သိရသည်။

ထိုညွှန်ကြားချက်ကို စက်တင်ဘာလ ဒုတိယပတ်အတွင်းက အကြောင်းကြားခဲ့ခြင်းဟုရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကပြောသည်။

"စားဝတ်နေရေးတောင် တော်တော်ခက်ခဲနေတာကို အတင်းဘုရားဖူးထွက်ခိုင်းနေကြတယ်။ ပုသိမ်ကနေ နေပြည်တော်အထိဆိုရင် ပိုက်ဆံအနည်းဆုံးသိန်းဂဏန်းကုန်မှာဆိုတော့ ဘယ်အုပ်ချုပ်ရေးမှူးမှ မသွားချင်ဘူး" ဟုအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

သွားရောက်ဖူးမျှော်ရာတွင်လည်း စစ်ကောင်စီက စားရိတ်ထုတ်မပေးဘဲ အုပ်ချုပ်ရေးမှူးများကသာ ကျခံရမည်ဟု ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းတဦးကပြောသည်။

အုပ်ချုပ်ရေးမှူးအများစုသည် မသွားချင်ကြဘဲ ထွေအုပ်ရုံးအမိန့်ကိုလည်း မလွန်ဆန်နိုင်၍ အခက်တွေ့နေကြသည်ဟု ဆိုသည်။

" ဘုရားကိုရောက်ရင် ဓာတ်ပုံရိုက်ပြီး သူတို့ကိုပြန်ပြရမယ်လို့ပြောထားတော့ မသွားလို့ကလည်း မရပြန်ဘူး"ဟု မအူပင်မြို့မှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကပြောသည်။

လတ်တ‌လောတွင် စားဝတ်နေရေး အဆင်မ‌ပြေသည့်အတွက် ထွေအုပ်၏ ယခု ညွှန်ကြားချက်အပေါ် အခက်တွေ့နေကြကြောင်း မအူပင်၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ဟင်္သာတမြို့နယ်များရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအချို့၏ပြောပြချက်အရသိရသည်။

"တချို့အုပ်ကြီးတွေဆိုရင် ပိုက်ဆံမတတ်နိုင်လို့ ရပ်ကွက်ထဲက ကြံ့ခိုင်ရေးတွေ၊ မဘသ တွေကို ဘုရားဖူးသွားကြမယ်ဆိုပြီး လိုက်စည်းရုံးနေတယ်။ သူတို့စားရိတ်သက်သာအောင်လုပ်နေတာပေါ့"ဟုပုသိမ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူတဦးကပြောသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား မဖြစ်မနေသွား
ရောက်ဖူးမျှော်ခိုင်းသည်ဆိုသောကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့လယ်တွင် မဇ္စျိမက ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးတက်နေသည့်အတွက် ဖြေကြားခွင့်မရှိကြောင်း ရုံးဝန်ထမ်းတဦးကပြောသည်။

လက်ရှိတွင် နေပြည်တော်ရှိ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီး၌ ဘုရားဖူးသူအချို့ရှိနေပြီး စစ်ကောင်စီ၏အမိန့်ကြောင့် ဖူးမျှော်နေသူများဖြစ်နိုင်ကြောင်း နေပြည်တော်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက မှတ်ချက်ပြုသည်။

မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီးသည် ပလ္လင်တော်အမြင့် ၁၈ ပေနှင့် ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေရှိပြီး ကမ္ကာပေါ်ရှိ စကျင်ကျောက်ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ရုပ်ပွားတော်အနေကဇာတင်လှူပူဇော်ခြင်းအခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

စာတည်း - အေးချမ်း

ဓာတ်ပုံ- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးရှေ့၌ သမ္မတဟောင်းဦးသိန်းစိန်၊ စစ်အုပ်စုခေါင်းဆောင်နှင့် စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေတို့အားတွေ့ရစဥ်

#mizzima
#မာရဝိဇယကျောက်ဆစ်ရုပ်ပွားတော်
#ဧရာဝတီတိုင်း
#ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁13👍5👎1🙏1
"Injection Program for Investigative Journalism" 
Investigative Journalists များ ခေါ်ယူခြင်း
👍3🔥1
"Injection Program for Investigative Journalism" 
Investigative Journalists များ ခေါ်ယူခြင်း
===============

စက်တင်ဘာလ (၁၅) ရက်၊ ၂၀၂၃

Mizzima Media Group အနေဖြင့် Injection Program for Investigative Journalism (IPIJ) အစီအစဥ်တစ်ခုကို အကောင်အထည်ဖေါ်ရန် ရှိသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာများတွင် အရည်အသွေးရှိသော investigative stories များ ထွက်ရှိလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအစီအစဥ်အတွက် စုစုပေါင်း သတင်းထောက် ရှစ်ဦး ရွေးချယ်မည်။ ဤအစီအစဥ်အတွက်သာ ပုတ်ပြတ်ရွေးချယ်ခြင်းဖြစ်သည်။

ရွေးချယ်ခံရသော သတင်းထောက်အနေဖြင့် လေးလခန့် အချိန်ယူ၍ investigative story များရေးသားရမည်။ ထုတ် လုပ်နိုင်သည့် content အမျိုးအစားမှာ text ၊ audio နှင့် video တစ်မျိုးမျိုး ဖြစ်နိုင်သည်။ Text အမျိုးအစား ဖြစ်ပါက story ကို ကူညီပေးမည့် graphic နှင့် data များ အလျဥ်းသင့်သလို ထည့်သွင်းဖေါ်ပြရန်လိုသည်။ Text နှင့် audio အမျိုးအစား story ရေးသား ထုတ်လုပ်သူများအနေဖြင့် မိမိရေးသားထုတ်လုပ်မည့် အကြောင်းအရာထဲမှ story တစ် ပုဒ်ထက် ပိုမိုထုတ်လုပ်ရန်အကြံပြုသည်။ video အမျိုးအစားဖြစ်ပါက မိနစ် ၃၀ slot အတွက် story တစ်ခု ထုတ် လုပ်ရန်ဖြစ်သည်။

Investigative story ထုတ်လုပ်ရန် လိုအပ်သော အရည် အချင်း (skill) နှင့် ငွေရေးကြေးရေး အရင်းအမြစ် (financial resource) များ ကို IPIJ မှ တာဝန်ယူ ကူညီပေးမည်။ ရွေးချယ်ခံရသော သတင်းထောက်များအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ပထမ လဝက်အတွင်း ဝါရင့် သတင်း ထောက်များဖြင့် Investigative workshop တစ်ခု စီစဥ်ပေး မည်။ ထို့အပြင် investigative story ထုတ်လုပ်ရန် အချိန်ပေးထားသည့် လေးလတာကာလအတွင်း အနီးကပ် ကြီး ကြပ်ပေးမည့် mentor တစ်ဦး၏ အကြံဉာဏ်နှင့် လမ်းညွှန်မှုများလည်း ရရှိမည်။ ငွေကြေးထောက်ပံ့မှုအနေဖြင့် အရွေးချယ်ခံ သတင်းထောက် တစ်ဦးချင်းကို ဒေါ်လာ (3,500) ထောက်ပံ့မည်။ ထိုထောက်ပံ့မှုကို အရွေးချယ်ခံရသော သတင်းထောက်၏ investigative story outline ကို mentor က အ တည်ပြုပြီးသောအခါ နှစ်ကြိမ်ခွဲ၍ ထုတ်ပေး မည်။ 

ပြည်တွင်းပြည်ပ အလွတ်တန်းသတင်းထောက်များ၊ ပြည်တွင်းပြည်ပ သတင်းဌာန တစ်ခုခုတွင် တာ၀န်ထမ်းဆောင်နေ သော သတင်းထောက်များ လျှောက်ထားနိုင်သည်။ လျှောက်လွှာကို စက်တင်ဘာလ (၂၁) ရက် နောက်ဆုံးထား၍ ipij@mizzima.com သို့ ပေးပို့ရမည်။ လျှောက်လွှာတွင် ကိုယ်ရေးအကျဥ်း၊ မိမိထုတ်လုပ်ခဲ့သော သတင်း၊ ဆောင်းပါး အပါအဝင် မိမိလျှောက်ထားမှုကို အထောက်အကူပြုနိုင်မည့် media content link များ၊ အကယ်၍ မိမိအရွေးချယ်ခံ ရပါက လုပ်ဆောင်မည့် investigative story အကြောင်းအရာ နှစ်ခု ပူးတွဲဖေါ်ပြရမည်။ ထို့အပြင် reference တစ်ဦး ကိုလည်း ဖေါ်ပြလိုက ဖေါ်ပြနိုင်သည်။ ပြည်လည်ဆက်သွယ်နိုင်မည့် အီးမေး၊ ဖုန်း၊ signal နံပါတ်များ ဖေါ်ပြထား ရမည်။

စကာတင်စာရင်းတွင် ပါဝင်သူများကို အောက်တိုဘာလ (၇)ရက်၊ ၂၀၂၃ ခုနှစ် နောက်ဆုံးပတ်အတွင်း ပြန်လည် ဆက်သွယ်မည်။ ပိုမိုသိရှိလို ပါက ipij@mizzima.com သို့ မေးဖြင့် မေးမြန်းနိုင်သည်။ လိုအပ်ပါ က IPIJ ဖက်မှ ဖုန်း၊ signal တို့ဖြင့် ပြန် လည်ဆက် သွယ် ရှင်းပြပေးမည်။

#IPIJ #Investigative_Journalists
👍4🤮1
Media is too big
VIEW IN TELEGRAM
မြန်မာနဲ့ ရုရှားဆက်ဆံရေး အကောင်းဆုံးတည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးပြော

Watch more detail - https://youtu.be/jHzIcLDVvPw

#PoliticalNews
#reels
#shorts
#MizzimaTV
👍7🤮5❤1