နိုင်ကျဥ်းမိသားစုဝင်များထံ ပုသိမ်ထောင်ဝန်ထမ်းများက ငွေလိမ်တောင်းမှုများပြုလုပ်ဟုဆို
==================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ ပုသိမ်အကျဥ်းထောင်ရှိ ဝန်ထမ်းများက နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်တောင်းယူမှုများ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံက သိရသည်။
နိုင်ငံရေးအကျဥ်းသားများက ငွေမှာသည်ဟုဆိုကာ ထောင်ဝန်ထမ်းအချို့က နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံ ဖုန်းဆက်၍ ငွေလိမ်တောင်းခြင်းများ ပြုလုပ်နေသည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များက ပြောသည်။
ယင်းပြင် အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားများက စာပို့၍ငွေမှာသည်ဟုဆိုကာ ငွေလိမ်တောင်းခြင်းများကိုလည်း ပြုလုပ်နေကြောင်း ၎င်းတို့က ဆိုသည်။
"အထဲက ငွေမှာတယ်ဆိုပြီး ထောင်ဝန်ထမ်းက ဖုန်းဆက်ပြောလို့ ငွေပို့တယ်။နီးစပ်တဲ့လူတွေဆီက ပြန်သိရတော့ တခါမှ ထောင်ထဲကလူဆီ မရောက်ဘူး။သူတို့လိမ်ညာတောင်းစားနေတာပါ။ အထဲကလူက စာပို့ရင်လည်း နှစ်သောင်းတောင်းတာကို အပေါ်ပိုင်းကိုဖြည့်ပြီး ငါးလို့ပြောင်းတယ်။စာမပို့ဘဲ ပို့တယ်ဆိုပြီးတော့လည်း တောင်းတယ်"ဟု ငွေလိမ်တောင်းခံရသည့် နိုင်ငံရေးအကျဥ်းသားတဦး၏ မိသားစုဝင်က ပြောသည်။
နိုင်ငံရေးအကျဥ်းသားများအပြင် အခြားအမှုများဖြင့် အကျဥ်းကျခံနေရသည့် အကျဥ်းသားများ၏ မိသားစုဝင်များလည်း ငွေကြေးလိမ်လည်တောင်းယူခံနေရသည်ဟု ၎င်းကဆိုသည်။
"ကျွန်တော့်တူလေးက ရန်ဖြစ်ရင်းလက်လွန်လို့ထောင်ကျနေတာ၊ အထဲက ပိုက်ဆံမှာတယ်ဆိုပြီး ထောင်ဝန်ထမ်းကပြောလို့ သုံးသောင်းပို့လိုက်တယ်။ရုံးထုတ်မှ ကျွန်တော့်တူလေးနဲ့တွေ့တော့ မေးကြည့်တာ သူမမှာပါဘူးလို့ပြန်ပြောတယ်။ ဝန်ထမ်းကလိမ်တောင်းတာပါ"ဟု အမည်မဖော်လိုသည့် အမျိုးသားတဦးကပြောသည်။
ထိုသို့ငွေလိမ်တောင်းခြင်းများကို ၂၀၂၂ ခုနှစ်အတွင်းမှစတင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားလျှင်လည်း ထောင်ဝန်ထမ်းအား အရေးယူဆောင်ရွက်မည်
မဟုတ်ဘဲ တိုင်ကြားသူသာ အန္တရယ်ရှိနိုင်သည့်အတွက် နှုတ်ဆိတ်နေခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များက ပြောသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ငွေလိမ်တောင်းခံရသည့် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင် ၅၀ နှင့် ၁၀၀ ကြားရှိနိုင်သည်ဟု ၎င်းတို့ကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အမည်မသိအမျိုးသမီးတဦးက နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအား Mytel ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ကာ ငွေကြေးလိမ်လည်တောင်းယူခြင်းများပြုလုပ်ခဲ့သေးသည်။
လက်ရှိတွင် ထောင်အာဏာပိုင်များက ပုသိမ်အကျဥ်းထောင်သို့ ထောင်ဝင်စာပို့ခွင့်ကို အကန့်အသတ်ဖြင့်သာ ပို့ခွင့်ပေးထားကြောင်း သိရသည်။
ပုသိမ်အကျဥ်းထောင်တွင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်ခန့် ရှိနေသည်ဟု အကျဥ်းထောင်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
ဓာတ်ပုံ - ပုသိမ်ထောင်မှ အကျဥ်းသားများ(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4❤3😱2🔥1
စက်တင်ဘာလ ၁၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================
https://youtu.be/SoztHBOKTtw?si=WEaSkNxJiynuevtA
————————

YouTube
စက်တင်ဘာလ ၁၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၁၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍7❤1🔥1
အဲဗာတန်ကို လွှဲယူပိုင်ဆိုင်ဖို့အတွက် သဘောတူညီချက်ကို အမေရိကန် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ 777 သဘောတူ
================
By PKThawn
ဖာဟတ်ဒ် မိုရှီရီဟာ သူ့ရဲ့ ရှယ်ယာ ၉၄ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ 777 မိတ်ဖက်တွေ ပိုင်ဆိုင်ဖို့အတွက် သောကြာနေ့က သူတို့နဲ့ သဘောတူညီခဲ့ပြီးနောက် အဲဗာတန်အသင်းဟာ အမေရိကန်လက်ထဲ ကျရောက်မယ့် နောက်ဆုံး ပရီးမီးယားလိဂ်ကလပ်ဖြစ်လာဖို့ ရှိနေပါတယ်။
ဗြိတိန်-အီရန်စီးပွားရေးလုပ်ငန်းရှင် မိုရှီရီဟာ Bramley-Moore Dock မှာ ကလပ်ရဲ့ ပေါင်သန်း ၅၀၀ (ဒေါ်လာ ၆၈၅ သန်း) တန် ကွင်းသစ်ကို အပြီးသတ်အောင် ကူညီဖို့ အချိန်အတန်ကြာ ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေခဲ့ပါတယ်။ ဒါက ကွင်းသစ်ကို လာမယ့်ရာသီမှာ ဖွင့်လှစ်နိုင်ရေးအတွက်ပါ။
777 Football Group ဟာ ဆီဗီလာ၊ ဂျီနိုအာ၊ ဟာသာဘာလင်၊ Standard Liege၊ ပြင်သစ်ရဲ့ Red Star နဲ့ မဲလ်ဘုန်းဗစ်တိုရီအသင်းတို့ကို ပိုင်ဆိုင်ထား ဒါမှမဟုတ် အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
မိုရှီရီဟာ ၂၀၁၆ မှာ ရှယ်ယာအများစုပိုင်ဆိုင်သူဖြစ်လာပြီးနောက်ပိုင်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုအနည်းငယ်နဲ့ ခေါ်ယူမှုအသစ်တွေအတွက် ပေါင်သန်း ၅၀၀ ကျော် သုံးစွဲခဲ့ပါတယ်။
တော်ဖီတို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တန်းဆင်းသွားတာကနေ သီသီလေး ရှောင်ရှားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် လေးပွဲကနေ တစ်မှတ်သာ ရယူထားနိုင်ခဲ့ပါတယ်။
"ပိုင်ရှင်/ငွေကြေးပိုင်း ထောက်ပံ့ပေးသူ တစ်ဦးရဲ့ နေ့ရက်တွေဟာ အများစုအတွက် လက်လှမ်းမမီတော့ပုံရပြီး အကြီးဆုံးကလပ်တွေကို အခုအခါ ပုံမှန်အားဖြင့် အရင်းအမြစ်ကောင်းမွန်တဲ့ PE (ပုဂ္ဂလိကပိုင်) ကုမ္ပဏီတွေ၊ အားကစား အထူးပြု ရင်းနှီးမြှုပ်နှံသူတွေ ဒါမှမဟုတ် အစိုးရကျောထောက်နောက်ခံပြုကုမ္ပဏီတွေနဲ့ ရန်ပုံငွေအဖွဲ့တွေက ပိုင်ဆိုင်ကြပါတယ်"လို မိုရှီရီက ပြောပါတယ်။
"777 နဲ့ ကျနော်ရဲ့ ရှည်လျားတဲ့ ဆွေးနွေးမှုတွေကနေတစ်ဆင့် သူတို့ရဲ့ကလပ်ပေါင်းများစွာမှာ ရင်းနှီးမြုပ်နှံမှုပုံစံရဲ့ အကျိုးကျေးဇူးတွေနဲ့အတူ ကျနော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ကလပ်ကို ရှေ့ဆက်သွားပေးဖို့ သူတို့ဟာ အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်တွေလို့ ကျနော် ယုံကြည်ပါတယ်။"
ဘောလုံးနဲ့ ဘဏ္ဍာရေး အာဏာပိုင်တွေက သဘောတူညီချက်ကို မီးစိမ်းအချက်ပြခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ် ၂၀ ထဲက ၁၀ သင်းကို အမေရိကန်က ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
(AFP)
File Photo: EPA
#Everton #Moshiri #777 #အဲဗာတန်

👍6🔥1😁1
#Beijing says sanctions two #US defence companies over #Taiwan arms sales
=============
https://youtu.be/fSbRLwb_Ir4?si=SI0JgnsBK0MpUNQW
=============
https://youtu.be/fSbRLwb_Ir4?si=SI0JgnsBK0MpUNQW
YouTube
Beijing says sanctions two US defence companies over Taiwan arms sales
"The St. Louis, Missouri branch of the the United States' Lockheed Martin Corporation directly participated as the prime contractor in US arms sales to Taiwan on August 24. Northrop Grumman has participated in US arms sales to Taiwan many times. According…
🔥3👍1
မုံရွာတွင် စစ်ကောင်စီနှင့်ပျူတပ်စွဲထားသည့်ရွာကို လက်လုပ်လက်နက်ကြီးများဖြင့်တိုက်ခိုက်၊ စစ်ကောင်စီ ပစ်ကူတောင်းရဟုဆို
=================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးများတပ်စွဲထားသည့် တောပုကျေးရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း Aung San Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၆၀မမ၊ ၈၀မမ လက်လုပ်လက်နက်ကြီးအလုံး ၁၀၀ခန့်ဖြင့် ယမန်နေ့ စက်တင်ဘာလ ၁၄ရက်ညနေ ၃နာရီ ၃၀မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။
စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုရှိပြီး အသေးစိတ်အခြေနေကို မသိရသေးကြောင်း Aung San Force ပြန်ကြားရေး တာဝန်ခံက မဇ္စျိမကိုပြောသည်။
တောပုကျေးရွာကို ပြည်သူ့ကာကွယ်ရေးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေစဉ် ရွာအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သကဲ့သို့ မုံရွာမြို့အဝင် မအူဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ကလည်း ၁၂၀ မမ များဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
" သူတို့ စစ်ကူတောင်းရတာ။ အထိအခိုက်များတယ်ထင်တယ်။ ကျွန်တော်တို့က လက်နက်အင်အားနည်းလို့ ဝင်မတိုက်တာ" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
တောပုကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသလို မုံရွာမြို့တွင်းနှင့် မြို့အထွက်ရှိ ဂိတ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဝင်ထွက်သွားလာနေသည်ဟု သိရသည်။
ယခုတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၅) တပ်ရင်း Aung San Force နှင့် မဟာမိတ် တပ်ရင်းများဖြစ်ကြသော မုံရွာခရိုင်အမှတ်(၂၃) တပ်ရင်း ၊ မုံရွာခရိုင် အမှတ်(၂၅) တပ်ရင်း၊ မုံရွာခရိုင်အမှတ်(၂၇) တပ်ရင်း ၊ Dragon Brother Defence Force နှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများကို ကူညီပါဝင်အားဖြည့်ပေးကြပါရန်နှင့် စစ်ကောင်စီတပ်ဖွဲ့နှင့်တပ်စခန်းများရှိရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာပေးကြရန် Aung San Force ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း
https://youtu.be/DFNn0NRYO2g?si=vH3ZEpUPsL7xvOwl
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

မုံရွာတွင်စကစနှင့်ပျူတပ်စွဲထားသည့်ရွာကိုလက်လုပ်လက်နက်ကြီးများဖြင့်တိုက်ခိုက်၊စကစပစ်ကူတောင်းရဟုဆို
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးများတပ်စွဲထားသည့် တောပုကျေးရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း Aung San Force ပြန်ကြားရေးတာဝန်ခံက…
👍15👏3🥰2🔥1
စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ်မီးရှို့ခံရသော ဒေသခံများအတွက် NUG က ယာယီတဲများဆောက်လုပ်ပေး
===================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် နေအိမ်မီးရှို့ခံလိုက်ရသော စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒေသခံများအတွက် ယာယီတဲများ ဆောက်လုပ်ပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။
ယခုစက်တင်ဘာလအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံမှုရှိသည့်နေရာများ၌ ယာယီတဲ ၁၀၈လုံးအား ကိုရီးယားမှရဲဘော်များ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောက်လုပ်ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများဖြင့် တော်လှန်ရေးကာလအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများရှိ စစ်ဘေးသင့်ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာများအပြင် နယ်မြေလုံခြုံရေးအရ ယာယီတဲများ ပြန်လည်တည်ဆောက်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူဦးရေ ၁ဒသမ၉သန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar)က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်အဆောက်အအုံ စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ကြောင်း၊ ဒုတိယအများဆုံးဒေသမှာ မကွေးတိုင်းနှင့် တတိယအများဆုံးမှာ ကရင်ပြည်နယ်အတွင်းမှဖြစ်ကြောင်း Institute for Strategy and Policy- Myanmar ၏မှတ်တမ်းများအရသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကိုင်းတိုင်း
#ယာယီတဲ
ပုံအညွှန်း- စစ်ကိုင်းတိုင်းတွင် NUG တည်ဆောက်ပေးသည့် ယာယီတဲများ

👍18❤4🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ စက်တင်ဘာ ၂၀၂၃) ======================
စစ်တပ်သည် ယခုတိုင်ဖက်ဆစ်အမူအကျင့်ကို မစွန့်လွတ်သေးဘဲ ရောက်သည့်နေရာတွင် အကြမ်းဖက်မီးရှို့ လုယက် လူသတ်မှုမျိုးကို ကျူးလွန်မြဲကျူးလွန်နေသည်ကိုတွေ့ရသည့်အတွက် နောင်တချိန်တရားမျှတမှုပြန်ယူသည့်အခါတွင် အောက်ခြေအဆင့်ကျူးလွန်နေသူများ မှသည်အထက်အဆင့်ဆင့်ကိုပါ အရေးယူရမည်ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
စစ်တပ်သည် ယခုတိုင်ဖက်ဆစ်အမူအကျင့်ကို မစွန့်လွတ်သေးဘဲ ရောက်သည့်နေရာတွင် အကြမ်းဖက်မီးရှို့ လုယက် လူသတ်မှုမျိုးကို ကျူးလွန်မြဲကျူးလွန်နေသည်ကိုတွေ့ရသည့်အတွက် နောင်တချိန်တရားမျှတမှုပြန်ယူသည့်အခါတွင် အောက်ခြေအဆင့်ကျူးလွန်နေသူများ မှသည်အထက်အဆင့်ဆင့်ကိုပါ အရေးယူရမည်ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပေကျင်းတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံ
==================
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စက်တင်ဘာ ၁၅ ရက်တွင် တွေ့ဆုံပြီး သူ့ ဖခင်ဖြစ်သူ ဟွန်ဆန် တည်ဆောက်ခဲ့သော တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးအား ဆက်လက်ဖော်ဆောင်ရေးကို မျှော်လင့်ထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စက်တင်ဘာ ၁၅ ရက်တွင် တွေ့ဆုံပြီး သူ့ ဖခင်ဖြစ်သူ ဟွန်ဆန် တည်ဆောက်ခဲ့သော တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးအား ဆက်လက်ဖော်ဆောင်ရေးကို မျှော်လင့်ထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🤬1
စက်တင်ဘာလ (၁၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
- စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေ အပါအဝင် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာတဲ့ သတင်း
- စစ်ကောင်စီတပ်သားတွေ ဝင်လာတာကို နယ်စပ်ဖြတ်ကျော် မတော်တဆမှုအဖြစ် ထိုင်းအစိုးရတုန့်ပြန်လိုက်တဲ့ သတင်း
- မာရဝိဇယရုပ်ပွားတော်ကို မဖြစ်မနေဖူးရမယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတဲ့ သတင်း
- အသင်းအဖွဲ့များ မဖြစ်မနေ မှတ်ပုံတင်လျှောက်ဖို့ စစ်ကောင်စီ ပြည်ထဲရေးပြော တဲ့ သတင်း
- တမူး-အောင်ဇေယျလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့ ယာယီပိတ်တဲ့ သတင်းနဲ့
- လက်ဘနွန်ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကတိုက်ပွဲတွေအတွင်း လူ ၇ ဦးသေဆုံး
တဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/UFTiXfPqIec?si=vCX4xp94QBjchybY
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- မာရဝိဇယရုပ်ပွားတော်ကို မဖြစ်မနေဖူးရမယ်လို့…

👍8🔥1
စက်တင်ဘာလ( ၁၅ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းနိုင်ငံ MOU ရွှေ့ပြောင်းလုပ်သားတွေဟာ စာချုပ်ပါအလုပ်ရုံမှာ အလုပ်လုပ်ခွင့်မရပဲ အခက်ကြုံ နေတဲ့သတင်းနဲ့အတူ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေး ကိုယ်စားလှယ်ကတိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/_0pVqcaiB2E?si=U-sVrY_4mFm-7GIf
#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းနိုင်ငံ MOU ရွှေ့ပြောင်းလုပ်သားတွေဟာ စာချုပ်ပါအလုပ်ရုံမှာ အလုပ်လုပ်ခွင့်မရပဲ အခက်ကြုံ နေတဲ့သတင်းနဲ့အတူ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေး ကိုယ်စားလှယ်ကတိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/_0pVqcaiB2E?si=U-sVrY_4mFm-7GIf
#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ( ၁၅ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းနိုင်ငံ MOU ရွှေ့ပြောင်းလုပ်သားတွေဟာ စာချုပ်ပါအလုပ်ရုံမှာ အလုပ်လုပ်ခွင့်မရပဲ အခက်ကြုံ နေတဲ့သတင်းနဲ့အတူ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက် MOGE ကို ဒဏ်ခတ်အရေးယူဖို့ ကုလလူ့အခွင့်ရေး ကိုယ်စားလှယ်ကတိုက်တွန်းလိုက်တဲ့သတင်း…

👍4🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 15 [7 Pm] Mizzima News Hour
Mizzima Headline News
#7pmnews #mizzimanewshour #reels #shorts

👍7🤮1
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင် ရှိ၊ မရှိ ပဟေဠိဖြစ်နေ
================
001
(မဇ္စျိမ) ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ပြန်ပြောင်းရွှေ့လိုက်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင် ဆက်ပြီး ရှိ၊ မရှိ နေပြည်တော် အချုပ်ထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းအကြား ပဟေဠိသဖွယ်ဖြစ်နေသည်။
ထိုသို့ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းများအပေါ် စစ်ကောင်စီအနေဖြင့် အတည်ပြုပြောဆိုခြင်းမရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကိုလည်း နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက်လက်ခံနေဆဲဖြစ်သည့်အတွက် ယင်းနေရာမှာပင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ယူဆမှုများလည်းရှိနေသည်။
”အမှန်တကယ်တော့ ဘယ်မှာ ရှိတယ် ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ ယုံကြည်ရတဲ့ အနေအထားရှိတဲ့နေရာကတော့ ဒီမှာ ( နေပြည်တော်အချုပ်ထောင်) ရှိနေတယ်ဆိုတဲ့ အနေအထားလို့ သိရတယ်။ ဒါလည်း ပြောလို့မရတဲ့ အနေအထားပေါ့”ဟု အမည်မဖော်လိုသည့် နေပြည်တော်အချုပ်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကို အပတ်စဉ် တနင်္လာနေ့တိုင်း နေပြည်တော်အချုပ်ထောင်တွင် ပေးပို့နေရခြင်းဖြစ်သော်လည်း လူကိုယ်တိုင် မတွေ့ရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ယင်းနေရာတွင် ရှိ၊ မရှိ သေချာ မသိရကြောင်း အချုပ်ထောင်နှင့် နီးစပ်သူများက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းနေထိုင်သည့် နေပြည်တော်ရှိ မြနန်းဘုံသာလမ်း၊ ခြံအမှတ် A – 33မှ လျှို့ဝှက်နေရာတခုသို့ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ပြီး ထိုမှ တဆင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက နေပြည်တော်အချုပ်ထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေထိုင်သည့် နေအိမ်တလုံးကို ပြောင်းရွှေ့လိုက်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းလာရောက်တွေ့ဆုံမှုမှာလည်း အချုပ်ထောင်တွင် မဟုတ်ဘဲ စစ်ကောင်စီက စီစဉ်ထားသည့် သီးသန့်နေရာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အတည်ပြုပြောဆိုခဲ့သော်လည်း မည်သည့် နေရာတွင် တွေ့ဆုံခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသကဲ့သို့ လျှို့ဝှက်ထားသော နေရာများတွင် နိုင်ငံရေးအကျဉ်းသားတဦးရပိုင်ခွင့် အခွင့်အရေးကိုမျှ မပေးဘဲ ချုပ်နှောင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ဗဟိုအလုပ်ကော်မတီက ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သည်။
ထို့ပြင် လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးစိုးရိမ်ပူပန်မိကြောင်းလည်း NLD က ဆိုထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကလည်း မိခင်ဖြစ်သူ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်နေကြောင်း မီဒီယာများတွင် ဖြေဆိုထားသည်။
အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်လောက်က သွားနာ၊ သွားဖုံးယောင် ဝေဒနာကို ခံစားခဲ့ရပြီး လက်ရှိတွင် ပြန်လည် သက်သာကောင်းမွန်နေပြီဖြစ်ကြောင်း နေပြည်တော်အချုပ်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကျန်းမာရေးအတွက် ပြင်ပဆရာဝန်နှင့် ပြသခွင့်ပေးရန် တင်ပြခဲ့သော်လည်း စစ်ကောင်စီက ခွင့်ပြုခြင်းမရှိဘဲ ထောင်ဆရာဝန်နှင့်သာ ကုသခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။
“အမှန်တကယ်က သူ့အသက်အရွယ်နဲ့က အနိမ့်ဆုံး ခြောက်လတကြိမ် သို့မဟုတ် တနှစ်တစ်ကြိမ် medical checkup (ကျန်းမာရေးဆေးစစ်မှု) လုပ်ရမှာ ။ လုပ်ခွင့်မပေးတာ”ဟု နေပြည်တော်အချုပ်ထောင်နှင့် နီးစပ်သူက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားကာ သြဂုတ်လ ၁ ရက်နေ့က ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည့်အတွက် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိနေသည်။

👍10😁4❤1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၅ ရက်ထုတ်လွှင့်မှုများ
================
https://youtu.be/2OyNkIXABgA?si=poa3ePs2CMkGnGIS
#PVTV

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍5😁2
ကွီလုံတိုင်စစ်ကောင်စီတပ်ဖွဲ့စခန်းကို Cloud Wings ဒရုန်းတပ်ဖွဲ့ ဗုံးသီးချ တိုက်ခိုက်
❤12🔥1
ကွီလုံတိုင်စစ်ကောင်စီတပ်ဖွဲ့စခန်းကို Cloud Wings ဒရုန်းတပ်ဖွဲ့ ဗုံးသီးချ တိုက်ခိုက်
================
YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင် စစ်ကောင်စီတပ်ဖွဲ့စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
"ကွီလုံတိုင်က စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံစစ်ပဲ။ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ရှေ့တန်းစခန်းပါ" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ယင်းအပြင် အဆိုပါစခန်းအား စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါကွီလုံတိုင်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ခန့် အထိုင်ချထားသည့်နေရာဖြစ်ပြီး အဆိုပါစခန်းသို့ ထိုင်းနိုင်ငံဘက်အခြမ်းမှ
ရိက္ခာ၊ လက်နက်၊ ခဲယမ်းများဖြင့် စစ်ကူလာသည့်
အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
“မြန်မာဘက်ကနေ မလာရဲတော့ ထိုင်းဘက်ခြမ်းကနေ ဟောင်သရောမြစ်ကိုကူးပြီးလာတဲ့ စစ်ကြောင်းပါ။ ကျွန်တော်တို့က သူတို့စစ်ကြောင်းကိုလည်း ထိခိုက်အောင် တိုက်ခိုက်နိုင်တယ်။ စခန်းမှာ ရှိတဲ့ အယောက် ၃၀ ကျော်ဝန်းကျင်ကိုလည်း ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၂၂ ရက်ကြာ ဒရုန်းဖြင့် တိုက်ခိုက်သည့် ဖြစ်စဉ်များကို Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကွီလုံတိုင်စခန်းသည် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ရသည့် နေရာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ဗုံးသီး အလုံး ၂၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
၂၂ ရက်ကြာ တိုက်ခိုက်မှုအား KNLA ၏ ဦးဆောင်မှုအောက်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း၍ ၁၀၇ မမ၊ ၈၁ မမ၊ ၆၀ မမ ဗုံးသီး အလုံးရေ ၂၀၀ ကျော် အသုံးပြု၍ အကြိမ်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခမရ (၃၃၉)၊ ခမရ (၅၆၁) ၊ ခမရ (၅၅၇) တို့ကလည်း ကူညီတိုက်ခိုက်ပေးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် ၁၀ ဦးထက်မနည်း သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ဒဏ်ရာရနေသည့် စစ်ကောင်စီ တပ်သားများအား ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့် သယ်ဆောင်သွားပြီး သေဆုံးသူများ၏ ရုပ်အလောင်းကို ဟောင်သရောမြစ်အတွင်းသို့ ပစ်ချလိုက်ကြသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်ကို Cloud Wings အဖွဲ့က ကိုးကားဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#တိုက်ခိုက်မှု
ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံ(ဓါတ်ပုံ- Cloud Wings)

👍12🔥1
မတူပီမြို့သို့ စစ်ကောင်စီထိပ်ပိုင်းအကြီးအကဲများလာမည်ဆိုသည့်အတွက် နေ့စဉ်စောင့်ကြိုနေရဟုဆို
================
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ မတူပီမြို့သို့ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်လာမည် ဆိုသည့်အတွက် နေ့စဉ်စောင့်ကြိုနေရသည်ဟု စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောသည်။
‘’ပြီးခဲ့တဲ့ ၁၂ရက်နေ့ထဲက မင်းတပ်၊မတူပီ လူကြီးခရီးစဉ် ရှိတယ်ဆိုလို့ ရဟတ်ယာဉ်ဆင်းတဲ့နေရာမှာသွားစောင့်ရတယ်။ ပြီးရင် ရာသီဥတုမကောင်းလို့ မလာဖြစ်ဘူဆိုပြီး ပြန်လာရတယ။ ၊ဒီနေ့နဲ့ဆိုရင် လေးရက်ရှိပြီ ။ လူကြီးတွေကလည်း မတူပီကိုဘာရှိလို့လဲမသိဘူး။ မရောက်ရောက်အောင် လာမယ်ပြောတယ်။အခုကလေးမြို့မှာ စောင့်နေကြတယ်တဲ့၊ရာသီဥတုသာယာတာနဲ့ ချက်ချင်းရဟတ်ယာဉ်နဲ့ တက်လာမယ်ပြောနေတော့ ဒီမှာလည်းဘာမှမလုပ်ရဘဲ စောင့်နေရတယ်’’ဟု ၎င်းကဆိုသည်။
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ဌာနဆိုင်ရာများ လာရောက်ရန်ရှိသဖြင့် ကြိုဆိုကြရန် မတူပီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်စောင့်ဆိုင်းနေရခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဒေါက်တာမှုထန်နှင့်အဖွဲ့သည် ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကီမိုခန်းမသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင်များသည် သက်ဆိုင်ရာ မိမိတို့ပြည်နယ်၊ တိုင်းဒေသအတွင်းသွားရောက်ကြပြီး လူထုတွေ့ဆုံပွဲများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေကြောင်းလည်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#မတူပီမြို့
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ မတူပီမြို့သို့ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်လာမည် ဆိုသည့်အတွက် နေ့စဉ်စောင့်ကြိုနေရသည်ဟု စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောသည်။
‘’ပြီးခဲ့တဲ့ ၁၂ရက်နေ့ထဲက မင်းတပ်၊မတူပီ လူကြီးခရီးစဉ် ရှိတယ်ဆိုလို့ ရဟတ်ယာဉ်ဆင်းတဲ့နေရာမှာသွားစောင့်ရတယ်။ ပြီးရင် ရာသီဥတုမကောင်းလို့ မလာဖြစ်ဘူဆိုပြီး ပြန်လာရတယ။ ၊ဒီနေ့နဲ့ဆိုရင် လေးရက်ရှိပြီ ။ လူကြီးတွေကလည်း မတူပီကိုဘာရှိလို့လဲမသိဘူး။ မရောက်ရောက်အောင် လာမယ်ပြောတယ်။အခုကလေးမြို့မှာ စောင့်နေကြတယ်တဲ့၊ရာသီဥတုသာယာတာနဲ့ ချက်ချင်းရဟတ်ယာဉ်နဲ့ တက်လာမယ်ပြောနေတော့ ဒီမှာလည်းဘာမှမလုပ်ရဘဲ စောင့်နေရတယ်’’ဟု ၎င်းကဆိုသည်။
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ဌာနဆိုင်ရာများ လာရောက်ရန်ရှိသဖြင့် ကြိုဆိုကြရန် မတူပီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်စောင့်ဆိုင်းနေရခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဒေါက်တာမှုထန်နှင့်အဖွဲ့သည် ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကီမိုခန်းမသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင်များသည် သက်ဆိုင်ရာ မိမိတို့ပြည်နယ်၊ တိုင်းဒေသအတွင်းသွားရောက်ကြပြီး လူထုတွေ့ဆုံပွဲများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေကြောင်းလည်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#မတူပီမြို့
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁7
နေပြည်တော် အေလာလေတပ်စခန်းပေါ် မောင်းသူမဲ့လေယာဉ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့ ဗုံးကြဲ
👍18👏5❤2😁2