Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နီကာရာဂွါနိုင်ငံမှာ ကြံ့သူတော် ၇ ကောင်အား မျိုးပွားဖို့အတွက် တောထဲလွှတ်ပေး
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
​​Bear Man (2023)
=============

Action/Comedy
ဝက်ဝံတွေဟာ ကြက်သွန်ဖြူနဲ့ ဂေါ်ဖီထုပ်ကို စားမိရင် လူအဖြစ်ပြောင်းလဲသွားတတ်တယ်ဆိုတဲ့ ဒန်ဂွန်းဒဏ္ဍာရီကို အခြေခံပြီး စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းလေးပါ အဓိက ဇာတ်ကောင်ကတော့ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား ဗီလိန်မင်းသားကြီး Park Sung Woong က ဒီဇာတ်လမ်းမှာ မြင်နေကျ ဂန်းစတားဇာတ်ရုပ်အပြင် ထူးထူးခြားခြား ဟာသဇာတ်ရုပ်တစ်ခုကိုပါ နှစ်ကိုယ်ခွဲအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ..

သုတေသနဓာတ်ခွဲခန်းတစ်ခုမှာ မွေးမြူထားတဲ့ ဝန်းနမ်နဲ့ ဝန်းဘွတ်ဆိုတဲ့ ဝက်ဝံညီနောင်လေးနှစ်ကောင်ဟာ တောထဲမှာ ပျောက်သွားခဲ့တယ် သူတို့ဟာ တောထဲကို ဝင်သွားတုန်းက ကြက်သွန်ဖြူနဲ့ ဂေါ်ဖီထုပ်တွေ ယူသွားခဲ့ကြတာပေါ့ .. သုတေသနပညာရှင်တွေက သူတို့ကိုယ်မှာ တပ်ထားတဲ့ GPS ကို ခြေရာခံပြီး တောထဲကို လိုက်ရှာခဲ့ရာက ဝန်းနမ်ဆိုတဲ့ ဝက်ဝံလေးကိုပဲ လူအဖြစ်နဲ့ ရှာတွေ့ခဲ့ကြတယ် ..

နောက်ထပ် ၂၅ နှစ်ကြာတော့ ဝန်းနမ်ဟာ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်လာသလို ဝက်ဝံတစ်ကောင်လို ကျန်းမာသန်စွမ်းပြီး အနံ့ခံကောင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ် .. ယာဉ်ထိန်းရဲတစ်ယောက်ဖြစ်ခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်းနမ်ကို သူ့ရဲ့ မွေးစားအမေဖြစ်သူက ရဲပြန်ဖြစ်စေချင်ခဲ့တယ် .. ဒီလိုနဲ့ တစ်နေ့မှာ မူးယစ်မှောင်ခိုလုပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုက အပေးအယူမတည့်ဘဲ သတ်ကြဖြတ်ကြဖြစ်တဲ့အချိန်မှာ ရဲတွေက လိုက်စုံစမ်းရာက တရားခံဟာ ဝန်းနမ်နဲ့ ချွတ်စွပ်တူနေတဲ့ လူတစ်ယောက်ဖြစ်နေတာကြောင့် ဝန်းနမ်ကို မှားယွင်းပြီး ဖမ်းလိုက်တယ် ဒါပေမယ့် ရဲဝန်ထမ်းမှတ်တမ်းအရ တရားခံဟာ သူမဟုတ်ဘူးဆိုတာကို သိသွားရာက တရားခံနေရာမှာ သူ့ကို အစားဝင်ပြီး ဟန်ဆောင်ခိုင်းဖို့ စိတ်ကူးရသွားတဲ့အခါ .....
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၆.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍11❤1🔥1
အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်
=========================

"အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ အလေ့အထတွေ ပပျောက်အောင်လုပ်ဆောင်ကာ အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်“ မဝေဝေလှိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU)
အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ အလေ့အထတွေ ပပျောက်အောင်လုပ်ဆောင်ပြီး ကျူးလွန်တဲ့ ပြစ်မှု ၊ ပြစ်ဒဏ်အရ အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်တဲ့ မဝေဝေလှိုင်က ပြောပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU ) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်တဲ့ မဝေဝေလှိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

https://youtu.be/i8_x0c3vDnU?si=pilM1p-BhAYspXJd

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
#women
#BWU
#မြန်မာ့အမျိုးသမီးသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁1🤮1
​​Ante Sundharaniki
=============

ဆွန်ဒါနဲ့ လီလာတို့ဟာ ကလေးဘဝတုန်းက ကျောင်းကပွဲပြဇာတ်တစ်ခုမှာ အတူတူ သရုပ်ဆောင်ခဲ့ကြဖူးသူတွေပါ
ကံကြမ္မာရေစက်ကြောင့် သူတို့နှစ်ဦး ချစ်သူတွေဖြစ်လာကြတော့ တူနှစ်ကိုယ် လက်ထပ်ဖို့အရေး ကြိုးစားတဲ့အခါ နှစ်ဖက်မိဘတွေက အတားအဆီးဖြစ်လာတယ်

ရှေးရိုးစွဲဟိန္ဒူဘာသာဝင်တွေဖြစ်တဲ့ ဆွန်ဒါရဲ့ မိဘတွေဟာ ဓလေ့ထုံးတမ်းတွေကို ပြင်းပြင်းထန်ထန်ယုံကြည်ကြတာမို့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့လီလာရဲ့ မိဘတွေနဲ့ အဆင်ပြေဖို့မလွယ်ဘူး
ဒီလိုနဲ့ ချစ်သူနှစ်ယောက်ဟာ နှစ်ဖက်မိဘတွေ သဘောတူညီချက်ရဖို့ မုသားတွေအပြည့်နဲ့ အလိမ်အညာဇာတ်လမ်းတွေထွင်ရတော့တယ်

အမှန်အတိုင်းပြောတဲ့စကားဆိုတာ တစ်ခါပဲပြောရပေမယ့် အလိမ်အညာ စကားကတော့ တစ်ဖက်လူယုံကြည်တဲ့အထိ ထပ်တလဲလဲ လိမ်ညာပြောဆိုနေရတာမို့ မုသားစကားတွေရဲ့အကျိုးဆက်က ဆွန်ဒါနဲ့ လီလာတို့အပေါ်ကို ဘယ်လိုသက်ရောက်လာမှာလဲ

ဒရမ်မာ ဟာသဇာတ်မြူးလေးဖြစ်လို့ ကြည့်ရတာပေါ့ပေါ့ပါးပါးဖြစ်သလို ဇာတ်လမ်းတည်ဆောက်ပုံကလည်း ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဒီဇာတ်ကားလေးပြသမယ့်အချိန်ကို လက်လွှတ်မခံဖို့ ကြိုသတိပေးလိုက်ပါတယ်ခင်ဗျာ

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 16.9.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 17.9.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥1
ပူတာအိုမှာ မူးယစ်ဆေးရောင်းတဲ့အဖွဲ့ကို KIA နဲ့ KPF တို့ပူးပေါင်းဖမ်းဆီး
====================

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူပေးထားတဲ့ မူးယစ်ဆေးရောင်းတဲ့အဖွဲ့တစ်ခုကို KIA နဲ့ ကာခါဘိုပြည်သူ့ကာကွယ်ရေး Kagabu People's Force (KPF) ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒီမူးယစ်ဂိုဏ်းအဖွဲ့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။

ဒီလိုဖမ်းဆီးနိုင်အောင် KIA တပ်ဖွဲ့ကဦးဆောင်ခဲ့တာဖြစ်ပြီး ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဓိက လှုပ်ရှားဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟာ အာဏာမသိမ်းခင် ၂၀ ၂၀ ခုနှစ်ကတည်းကနေ ပူတာအိုဒေသခံ ဌာနေရဝမ်တိုင်းရင်းသားများနဲ့ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့သိရပါတယ်။

သတင်း။ ။ အဂမ်
ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်

https://youtu.be/nw0WWWSxxgA?si=2njR9CxVed398wEG

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15❤4🔥1
တပ်တွင်းဖိနှိပ်မှုများကြောင့် စစ်ကောင်စီတပ်သား လက်နက်များနှင့် KNDF ထံအလင်းဝင်
👍11👎2
တပ်တွင်းဖိနှိပ်မှုများကြောင့် စစ်ကောင်စီတပ်သား လက်နက်များနှင့် KNDF ထံအလင်းဝင်
=======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားတဦးသည် တပ်တွင်းဖိနှိပ်မှုများကို လက်မခံနိုင်သဖြင့် လက်နက်ခဲယမ်းများနှင့်အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)ထံသို့ ခိုလှုံလာကြောင်း KNDF- B02 မှ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

“တရက်တရက် ကင်းစောင့်ရတယ်။​မြောင်းတူးရတယ်။ အဲ့မြောင်းမတူးလို့ တခြားအလုပ်တွေကိုခိုင်းတာပေါ့။ အလုပ်တွေတအားခိုင်းတယ်။ ပင်ပန်းတဲ့အခါကျတော့ လူကမခံနိုင်တဲ့အခါကျတော့ ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကိုယ့်ဘက်က ရဲဘော်အဆင့်ပဲရှိတော့ မပြောနိုင်ဘူး။ ပြောရင်လည်း ကိုယ့်ဘက်ကပဲ အမှားပါတယ်” ဟု CDM လုပ်လာသည့် တပ်သားက ရုပ်သံဖိုင်တွင် ပြောထားသည်။

အလင်းဝင်လာသည့် တပ်သားသည် အသက် ၁၉ နှစ်အရွယ် စိုင်းပြည့်စုံဖြိုးဝေ ဖြစ်၍ စစ်တပ်မှ ပိုက်ဆံပေးမည်ဖြစ်ပြီး ၎င်းဝါသနာပါသည့် သေနတ်ပစ်ခြင်းနှင့် လေယာဉ်စီးခွင့်လည်းရမည်ဟူသော မျှော်လင့်ချက်ဖြင့် စစ်တပ်အတွင်းသို့ ဝင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံတွင် ၎င်းကိုယ်တိုင် ပြောထားသည်။

တပ်သားစိုင်းပြည့်စုံဖြိုးဝေသည် ခြောက်လ စစ်သင်တန်းတက်ပြီး ငါးလခန့် တာဝန်ထမ်းဆောင်ပြီးနောက် တပ်တွင်းဖိနှိပ်မှု၊ အဆမတန် အလုပ်ခိုင်းစေမှုများ၊ စိတ်ပင်ပန်းမှုနှင့် မလွတ်လပ်မှုများကြောင့် ၎င်းတာဝန်ကျသည့် ကယန်းသာယာစခန်းကုန်းမှ ကင်းစောင့်နေစဉ် စက်တင်ဘာလ ၂ ရက်နေ့တွင် MA3 နှင့် M 79 သေနတ် နှစ်လက်၊ ကျည်တောင့် ၂၀၀ ကျော်ယူဆောင်ကာ KNDF တပ်ရင်း(၂) ထံသို့ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တပ်ထဲကထွက်လာပြီး CDM လုပ်လာတာ ကျေနပ်တာပေါ့။ အဲ့မှာက ကျဉ်းကျပ်တယ်။ အကျယ်ချုပ်လိုထားတာပေါ့။ ဒီမှာက ကိုယ့်ဘာကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားချင်တဲ့နေရာသွား။ ဟိုမှာက သူတို့ခိုင်းမှ သွားရတာဆိုတော့ ကျဉ်းကျပ်တာပေါ့။ လူမရှိတဲ့အချိန် ငါရအောင်ထွက်မယ်ဆိုပြီးတော့ ဂမ်း(သေနတ်) နှစ်လက်ယူပြီးတော့ ရအောင်ထွက်ခဲ့တာ” ဟု စိုင်းပြည့်စုံဖြိုးဝေက ပြောသည်။

စိုင်းပြည့်စုံဖြိုးဝေသည် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ဇာတိဖြစ်ပြီး KNDF တပ်ရင်း(၂) သို့ ခိုလှုံလာကာ ရက်အနည်းငယ်အကြာတွင် ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့သို့ လုံခြုံစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ပြည်သူ့ရင်ခွင်အဖွဲ့မှ ပြုစုထားသည့် အချက်အလက်များအရ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM စစ်သားနှင့် ရဲအရေအတွက် ၁၄,၀၀၀ ကျော်ရှိနေပြီး နေ့စဉ်တိုးလာနေဆဲရှိကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ဓါတ်ပုံ-KNDF B02
ပုံစာ-CDM တပ်သား စိုင်းပြည့်စုံဖြိုးဝေ
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#CDM
#KNDF
#လွိုင်ကော်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏2❤1
​​မိုးကုတ်ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်
===================

007
(မဇ္စျိမ) ။ ။ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်နှင့် ကုန်းစံကျေးရွာတို့ကို စစ်ကောင်စီတပ်က ယမန်နေ့ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် ညနေ ၄ နာရီခန့်ကစ၍ ကျပ်ပြင်ကျေးရွာ အနီးတစ်ဝိုက်ကို လေကြောင်းမှ ဗုံးအလုံးရေ ငါးလုံးထက်မနည်း ကြဲချခဲ့ပြီး မိုးကုတ်ဗျူဟာကုန်းမှ ကုန်းစံကျေးရွာဘက်ကို လက်နက်ကြီးဖြင့် နာရီဝက်ခန့်မျှ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကုန်းစံဘက်ကနေလည်း တအုန်းအုန်း အသံတွေဆက်တိုက်ကြားရတယ်။ အခုမနက်သိရတာက ဗျူဟာကုန်းကနေ ကုန်းစံကိုလက်နက်ကြီးတွေနဲ့ လှမ်းထုတာတဲ့။ အဲဒီမှာက TNLA ရှိတယ်လေ" ဟု အမည်မဖော်လိုသူ မိုးကုတ်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

လေယာဥ်ဖြင့် ဗုံးကြဲချခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်အဆောက်အအုံတချို့ ထိခိုက်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

"မနက်ပိုင်းမှာ တိုက်ပွဲခဏဖြစ်တယ်။ TNLA နဲ့ ပကဖ က တစ်ဖက်၊ စကစတပ် က တစ်ဖက် ဖြစ်ကြတာ။ အဲဒါတိုက်ပွဲခဏရပ်နေတုန်းမှာ စကစတပ်က လေကြောင်းနဲ့လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာပဲ။ ကုန်းစံရွာဘက်တိုက်ပွဲဖြစ်တာကို ကျပ်ပြင်(ကျေးရွာ)ကို လေယာဥ်နဲ့လာ ဗုံးကြဲသွားတယ် ။ အခုအကုန်ထွက်ပြေးနေရလို့ အထိအခိုက် မသိနိုင်သေးဘူး" ဟု အမည်မဖော်လိုသူဒေသခံတဦးကပြောသည်။

စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ နှင့် ကုန်းစံကျေးရွာတို့မှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်းသိရသည်။

မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်နှင့် ကုန်းစံကျေးရွာတို့သည် မိုးကုတ်မြို့နှင့် လေးမိုင်ခန့်သာအကွာအဝေးရှိပြီး ယခုတိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ တမြို့လုံးကသိရှိခဲ့ကြကြောင်းလည်း ဒေသခံများကဆိုသည်။

TNLA ပူးပေါင်းတပ်တို့ အထိုင်ချထားသော ကုန်းစံကျေးရွာအနီးဝန်းကျင်ကို စက်တင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာရာမှ ယမန်နေ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း မိုးကုတ်အခြေုပြု PDF တပ်ရင်းအချို့က သတင်းထုတ်ပြန်ထားသော်လည်း စာရင်းအတိအကျကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။
မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနီး(ကုန်းစံကျေးရွာနှင့်ညောင်ကုန်းကျေးရွာအနီး) တွင် ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်(တပ်မ- ၄၄၊ ခမရ-၁၀၂၊ ခမရ-၁၀၄၊ လပခ/ခလရ-၁၄၈)တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မိုးကုတ်မြို့
#ဗုံးကြဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍5🔥1😢1😡1
မီဒီယာ နဲ့ သတင်းအချက်အလက်အကြောင်းကို သိနားလည်မှု အပိုင်း(၂)
======================

မျက်မှောက်ခေတ်မှာ ပလက်ဖောင်းမျိုးစုံကနေ လူတိုင်းနီးပါး အမျိုးမျိုးသော သတင်းတွေကို အလွယ်တကူ ဖြန့်ဝေနိုင်နေတာကြောင့် သတင်းဖတ်ရှုသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့သတင်း ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် ဒီရုပ်သံမှာ ပြောပြထားတဲ့ အချက် ရှစ်ချက်နဲ့ စိစစ်နိုင်ပါတယ်။

https://youtu.be/hcdWGu52OOw?si=xzk5-rb4mpDZbRMv

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥3👏1
My india အစီအစဉ်
=====================

ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ

-ရာ့သ်ယာထရာ ခေါ် ရထားလုံးပွဲတော်ကို ဘာသာရေးစိတ်ဓာတ်အပြည့်ဖြင့် ပူရီမြို့မှာ ဆင်နွှဲ

-အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အမေရိကန်အလည်အပတ်ခရီးစဉ် နောက်ဆုံးနေ့မှာ USစီးပွားရေး ခေါင်းဆောင်များကို အိန္ဒိယမှာ လာရောက် ရင်းနှီးမြှပ်နှံဖို့ ဖိတ်ခေါ်

-ဥရောပ၏ အဲဘတ်စ်နှင့် လေကြောင်းလိုင်းတစ်ခုတည်းမှ ဝယ်ယူဖူးသမျှ

ဂျက်လေယာဉ် အများစုပါဝင်သော အိန္ဒိယဘတ်ဂျက်လေကြောင်းလိုင်း IndiGo ၏ သမိုင်းဝင်သဘောတူညီချက်သည် နိုင်ငံ၏ မြို့ပြလေကြောင်းလိုင်းအတွက် အထင်ကရတစ်ခုဖြစ်ကြောင်း ဝန်ကြီး Jyotiraditya Scindia က ပြောကြား

-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရဲ့ ဆမ်ဘာခရိုင်အတွင်းက နယ်စပ်ကျေးရွာလေးဖြစ်တဲ့ Rangarah ဧရိယာမှာ ဘာဘာ Chamliyal လို့သိကြတဲ့ ဘာဘာ Dilip Singh Manhas ရဲ့ ဗိမာန်ကို နိုင်ငံအသီးသီးက ဘုရားဖူးများ နှစ်စဉ်လာရောက်ကျတဲ့ မြင်ကွင်း

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ

အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/nhQTRlEr7PA?si=kuOVOCzT4NDfNoio

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍3🔥1🥰1
Mizzima Weekly Sports အစီအစဉ်
===============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ .....

- မက်ဆီနဲ့ ပြိုင်ဆိုင်မှုက 'ပြီးဆုံးသွားပြီ'လို့ ရော်နယ်လ်ဒို ပြော
- ယူအက်စ်အိုးပင်းမှာ စံချိန်တင်၂၄ ကြိမ်မြောက် ဂရင်းစလင်းဆုဖလား ဆွတ်ခူးခဲ့တဲ့ ဂျိုကိုဗစ်
- အမျိုးသား အာရှဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အမျိုးသမီးဒိုင်လူကြီး အသုံးပြုမည်
- ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးကစားသမား နေမာ ‘ခြေစွမ်းမပြနိုင်အောင်’ ပီရူးနတ်ဆရာတွေ အစီအရင် လုပ်တဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/5cf9cZXx9AU?si=sdWFjFzCaxbXL3yj

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥1
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ဘုန်းကြီးပျံလွန်
👍4❤1😢1😡1