Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ဘုန်းကြီးပျံလွန်
👍4❤1😢1😡1
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ဘုန်းကြီးပျံလွန်
====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၊ ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ခရမ်းစပ်ကုန်းရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး ကပ္ပိယအမျိုးသားတဦးလည်း ကွယ်လွန်သွားသည်ဟု Indaw Revolution- IR မှ ယနေ့စက်တင်ဘာလ ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန့်နေ့ စက်တင်ဘာလ ၁၅ရက်တွင် အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာဘုန်းတော်ကြီးကျောင်းအား တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ တစီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဟု Indaw Revolution- IR မှ တာဝန်ရှိသူက မဇ္ဈိမအားပြောသည်။

“ဒီဖြစ်စဉ်မှာ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးက ဦးခေါင်းမှာထိတယ်။ ကပ္ပိယကတော့ ရင်ဘက်ကိုထိတာပါ။ တိုက်ပွဲမဖြစ်ဘဲ ဘာကြောင့်ဗုံးကြဲတိုက်ခိုက်လဲ မသိဘူးဗျ။ ဆရာတော်နဲ့ ကပ္ပိယကတော့ ပွဲချင်းပြီး ပျံလွန်သွားတာ။ ရွာသားတွေတော့ အထိအခိုက် မရှိခဲ့ဘူး။” ဟု Indaw Revolution- IR မှ တာဝန်ရှိသူက ဆိုသည်။
ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူသော ကျောင်းထိုင်ဘုန်းကြီးမှာ အရှင်ရာဇိန္ဒဖြစ်ပြီး သက်တော် ၇၇၊ ဝါတော် ၅၇ နှစ်ဖြစ်ကြောင်းသိရကာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဇရပ်ဆောင်နှင့် ကျောင်းမကြီးလည်း ပျက်စီးသွားကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရပါသည်။

ထို့အပြင် ယမန်နေ့တွင်ပင် အင်းတော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးကုန်းစခန်းမှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့်လည်း လူနေအိမ်တလုံးနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အင်းတော်မြို့မှ ၁၂မိုင်ခန့်အကွာတွင် တည်ရှိသော ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးများဖြင့်ပါ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၅ရက်တွင်လည်း စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ် ကျွန်းတောရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျွန်းတောရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသော အသက် ၉၃နှစ်အရွယ် အဖွားအိုတဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လေကြောင်း
#ဗုံးကြဲတိုက်ခိုက်
#အင်းတော်မြို့နယ်
#ဘုန်းကြီးကျောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍4😢2❤1😡1
​​ထိုင်းနိုင်ငံ၌ နှစ်မကုန်မီ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည်  
=====================

အာဏာရ ဖျူထိုင်းပါတီ၏ ရွေးကောက်ပွဲ မူဝါဒလမ်းစဉ်တရပ်ဖြစ်သော အနိမ့်ဆုံး တရက် လုပ်အားခ တိုးမြှင့်ခြင်းသည် လုပ်ငန်း လည်ပတ်သည့် ကုန်ကျစရိတ်များ မြင့်တက်ခြင်းနှင့် စီးပွားရေး လေးလံနေဆဲ အချိန်၌ ရင်းနှီးမြှုပ်နှံသူများအတွက် ထိုင်းနိုင်ငံက ယှဉ်ပြိုင်နိုင်မှု နည်းသွားလိမ့်မည်ဆိုသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​အိန္ဒိယက ရွှေတွင်းတခုဖြစ်ပြီး အရည်အချင်းများကို ရှာဖွေဖို့ နိုင်ငံအတွင်း လူများလိုအပ် - အာစင်ဝင်းဂါး
==================

By PKThawn
အာစင်ဝင်းဂါးဟာ နှစ်နှစ်တစ်ကြိမ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်တဲ့ နိုင်ငံတကာ ဘောလုံးပြက္ခဒိန်အသစ်ရဲ့ လက်တွေ့ဖြစ်နိုင်ခြေလေ့လာမှုကို ဦးဆောင်စဉ် သူက ဆူနီ ချက်ထရီကို မေးခွန်းတစ်ခုမေးမြန်းခဲ့ပါတယ်။

"ကမ္ဘာ့ဖလားမှာ အိန္ဒိယက ဘယ်တော့ကစားမှာလဲ"လို့ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲက အိန္ဒိယအသင်းခေါင်းဆောင်နဲ့ စံချိန်တင်ဂိုးသွင်းသူထံကနေ သိချင်ခဲ့တာပါ။ “မကြာခင် မျှော်လင့်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အိပ်မက်ပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ နိုင်ငံတိုင်းရဲ့ အိပ်မက်ပါ။ အခုအချိန်မှာတော့ ၄၈ သင်းနဲ့ ထားရှိဖို့ ချဲ့ထွင်ခဲ့ပြီး အဆင့် ၉၉ မှာရှိတဲ့ အရေးကြီးတာက အိန္ဒိယက ဒီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်ဖို့ ဝင်းဂါးရဲ့ အကူအညီကို ရှာဖွေနေပါတယ်။ အာဆင်နယ် မန်နေဂျာဟောင်းက အိန္ဒိယဟာ အခြေခံ လူတန်းစားတွေကို အာရုံစိုက်ဖို့ လိုအပ်ပြီး ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်တစ်ခု စတင်ဖို့ လာမယ့်လမှာ ဒီနေရာမှာ ရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဘောလုံးဆိုတာ ကမ္ဘာ့ ရေပန်းအစားဆုံး အားကစားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးနိုင်ငံတွေထဲက တစ်ခုက ဘောလုံး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်တယ်ဆိုတာ logic ပိုင်းအရ ရှိပုံရတယ်။ အိန္ဒိယဟာ အားကစားနိုင်ငံဖြစ်ပြီး အိန္ဒိယမှာ ကလေးတွေအတွက် ကြီးကျယ်တဲ့ ပျော်ရွှင်မှုကို ကျနော်တု့ိတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဝင်းဂါးက All India Football Federation (AIFF)မှ ကြာသပတေးနေ့မှာ မျှဝေခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ပြောပါတယ်။

နိုင်ငံရဲ့ အရွယ်အစားနဲ့ အလားအလာကြောင့် ဖီဖာဥက္ကဋ္ဌဟောင်း ဆက်ပ် ဘလတ္တာက အိန္ဒိယကို အိပ်ပျော်နေတဲ့ ဘီလူးကြီးလို့ လူသိများ ခေါ်ဆိုခဲ့ပါတယ်။ တခြားကမ္ဘာ့ဘောလုံးကျွမ်းကျင်သူအများအပြားလည်း အလားတူခံစားခဲ့ကြရပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ကိန်းဂဏာန်းတွေရှိနေပေမယ့်လည်း အာဆင်ဝင်းဂါးက ဒါဟာ စိန်ခေါ်တဲ့ လုပ်ငန်းတာဝန်လည်းဖြစ်ကြောင်း ပြောပါတယ်။

“အရေအတွက်က အားသာချက်ပါ၊ ဒါပေမယ့် အဖွဲ့အစည်းက အားနည်းချက်တခုပါ။ လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ ဒီလောက်ကြီးမားတဲ့ နိုင်ငံကို စိတ်ကူးကြည့်ပါ၊ အရည်အချင်းတွေကို ဖော်ထုတ်ရတယ်ဆိုတာ မလွယ်ကူပါဘူး။ ဒါဟာ ရွှေတွင်းတစ်ခုလို့ ခင်ဗျား ပြောလို့ရတယ်။ အခုအချိန်မှာပေါ့။ ကျနော်တို့ဟာ ကောင်းမွန်စွာ ခွဲခြမ်းစိတ်ဖြာပြီး ခွဲခြားသတ်မှတ်တာ မရှိသေးပါဘူး။
“အဲဒါကြောင့် အရည်အချင်းတွေ ဘယ်မှာရှိတယ်ဆိုတာ သိတဲ့ နိုင်ငံတွင်းက လူတွေလိုတယ်။ ဒါ့ကြောင့်ပဲ FIFA နဲ့ AIFF တို့ကြား ပူးပေါင်းဆောင်ရွက်မှုက အလွန်အရေးကြီးတယ်။ ကျနော်တို့တွေရဲ့ စကားဝိုင်းမှာ AIFF ဟာ ကျနော်တို့ကို ဒါကို လုပ်ဆောင် ကူညီပေးဖို့အတွက် အထူး အာရုံစိုက်ပြီး လှုံ့ဆော်ပေးပါတယ်”လို့ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၃ ကြိမ် ဆွတ်ခူးခဲ့တဲ့ ဝင်းဂါးက ပြောပါတယ်။

အိန္ဒိယလူမျိုးတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ နယ်ပယ်အသီးသီးမှာ ကောင်းမွန်စွာ လုပ်ဆောင်နေပြီး ပညာရေးမှာ အချိန်များစွ ာရင်းနှီးမြှုပ်နှံထားကြောင်း ဝင်းဂါးက အသိအမှတ်ပြုခဲ့ပါတယ်။ အိန္ဒိယမှာ အခုလိုအပ်နေတာက "ခြေဖဝါးပညာရေး" ဒါမှမဟုတ် ဘောလုံးပညာပေးရေးပါ။

“တကယ်တော့ ဘောလုံးက ခင်ဗျားဦးနှောက်က ဘာလိုချင်တယ်ဆိုတာကို ခင်ဗျားရဲ့ ခြေထောက်နဲ့ လိုက်လုပ်နေတာပါပဲ။ ဒါပေါ့ ကျနော်တို့မှာ ဦးနှောက်ရှိတယ်၊ ဒါပေမယ့် ခြေထောက်ကိုလည်း သင်ပေးဖို့လိုတယ်။ ဒီနောက်မှာ ကျနော်တို့မှာ ကစားသမားကောင်းတွေ ရှိလာမှာပါ”လို့ သူက ပြောပါတယ်။

တကယ်လို့ အိန္ဒိယဟာ ဥပမာပြတခု လိုအပ်မယ်ဆိုရင် နည်းပြဘဝအစောပိုင်းကာလမှာ သူလုပ်ဆောင်ခဲ့တဲ့ အချက်များစွာ တူညီမှုရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ကို အာဆင်ဝင်းဂါးက ထောက်ပြခဲ့ပါတယ်။
“၁၉၉၅ မှာ ကျနော် ဂျပန်ကို ရောက်ခဲ့တယ်။ သူတို့က ၁၉၉၃ မှာ ပရော်ဖက်ရှင်နယ်လိဂ်ကို စတင်ခဲ့တယ်။ ဒါပေမဲ့ လူငယ်ကစားသမားတွေအတွက် အကယ်ဒမီတွေနဲ့ ပညာရေးကို ဖန်တီးရမယ်ဆိုတာနဲ့ အဲဒီအစီအစဉ်ကို အရမ်းကောင်းအောင် လုပ်ရမယ်ဆိုတာကို သူတို့က စောစောစီးစီးနားလည်ခဲ့တယ်”လို့ ဝင်းဂါးက ပြောပါတယ်။

(The Times of India)

#india #ArseneWenger #Football
👍14🥰1
ငါန်းမြှာတွင် စစ်ကောင်စီတပ်ဖွဲ့အထိုင်းချနေသည့်နေရာကိုကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်
===================

MTO (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးသွားကြောင်း ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ စက်ဘာလ ၁၅ရက်တွင် ထုတ်ပြန်သည်။

“ရပ်ကျေးထွေအုပ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်။ ခြောက်‌ယောက်သေတယ်လို့ အတည်ပြုနိုင်တယ်” ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို မကြာခဏ ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ငါန်းဇွန်ပကဖထံက သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း ငါန်းဇွန်မြို့နယ် အနောက်ခြမ်းရှိ လင်္ကာဒီပကျေးရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ငါန်းဇွန် ပကဖမှ တာဝန်ရှိသူက ဆိုသည်။

“သားကျင်ဘက်နေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို လင်္ကာဒီပမှာ ယာယီအထိုင်ချထားတဲ့အချိန် ဒရုန်းနဲ့ ဗုံးသီး ငါးလုံးကြဲချတာမှာ နှစ်ဦးသေပြီး အရာရှိတကောင် (တယောက်)ထိခိုက်မှုရှိတယ်လို့ ကြားတယ်” ဟု ငါန်းဇွန် ပကဖ တာဝန်ရှိသူကပြောသည်။

လင်္ကာဒီပတွင်ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် သားကျင် ၊ လက်ပံလှ၊ အောင်သုခ၊ ယက္ခဒီပ ၊လင်္ကာဒီပ စသည့်ကျေးရွာများကို စစ်ကြောင်းထိုးပြီးနောက် ပြည်သူ ၂၀ နီးပါးကို ဖမ်းဆီးသွားကြောင်း ငါန်းဇွန်ပကဖ အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ငါန်းဇွန် ပ.က.ဖ) ၊
T.G.R people defence force မြောင်မြို့နယ်၊ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ T.G.R Women Drone Force ၊ Black Eagle Defence Force – MMU ၊ Black Eagle Drone force
၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၂) ၊ငန်းနက်ပျောက်ကျားအဖွဲ့ ၊ မီးနဂါးပျောက်ကျားအဖွဲ့ ၊ မြင်းခြံခရိုင်တပ်ရင်း (၇) တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

https://youtu.be/csJ3O77ecUA?si=Ux2Hnf1w3eEqNmta

#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ရုပ်သံအညွှန်း -ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်နေစဉ်။(ရုပ်သံ–Ngazun People”s Defense Force)

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍25👏5🔥1😁1
သူမချစ်သူကိုထုတ်ပြလိုက်တဲ့ ထိုင်းမင်းသမီး Min Pechaya | Cele City - Episode 36
=====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 ကျောင်းတွင်းအကြမ်းဖက်လူဆိုးအဖွဲ့တစ်ခုမှာပါဝင်ခဲ့ဖူးတဲ့ မင်းသမီး Kim Hieora

👉 Private မင်္ဂလာပွဲကျင်းပလိုက်တဲ့ Captain America မင်းသားကြီး Chris Evan

👉 သူမချစ်သူကိုထုတ်ပြလိုက်တဲ့ ထိုင်းမင်းသမီး Min Pechaya

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/v0svUeT2XBw?si=cvphudZTpJkv3P2x
👍9🔥2❤1
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၉ ဦးထက် မနည်းသေဆုံး
===================

MTO (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးထက်မနည်း သေဆုံးသွားကြောင်း CDSOM တာဝန်ရှိသူ ကိုနွေဦးက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၅ ရက်က မြောင်မြို့နယ် အရှေ့ခြမ်း ထုံးကြိုင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့သည် သောင်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ နှင့် သွားရောက်ပူးပေါင်းရန် သွားသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်‌ေကြာင်း သိရသည်။

ငါးနာရီကျော်ကြာ ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲတွင် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ (CDSOM) က ဆိုသည်။

ထို သေဆုံး ဒဏ်ရာရသူများစာရင်းကို မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သောင်ကြီးရွာ မရောက်ခင် ချောင်းကူးမယ့်နေရာမှာဖြတ်ပြီး ရှေ့ ကကော၊ ဘေးကကော တိုက် တာ၊ ချောင်းကူးမယ့်အချိန် ကွင်းပြင်ထဲမှာဖြစ်လို့ သူတို့ ဘက်က အထိအခိုက်များတယ်” ဟု ကိုနွေဦးက ပြောသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ သည် ထုံးကြိုင် ကျေးရွာဘက်သို့ ပြန်ဆုတ်သွားပြီး ရွာထဲရောက်သွားသည့်အချိန်တွင်လည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကိုနွေဦးက ဆိုသည်။

“ထုံးကြိုင်ရွာထဲ ပြန်ဆုတ်တဲ့အချိန်အထိ ရွာပတ်ပတ်လည်ကနေ လိုက်တိုက်တော့ သူတို့က အဲ့ရွာကနေ ထပ်ဆုတ်၊ ထပ်ဆုတ်တဲ့နေရာအထိ လိုက်တိုက်တာ မနက် ၁၀ နာရီလောက်ကနေ တိုက်ပွဲ ဖြစ်တာ။ ညနေ ၃ နာရီလောက်အထိ ရောက်သွားတာ။ တိုက်ပွဲလည်းကြာသွားပြီ။ သူတို့ဘက်လည်း အတော်အထိနာသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသွားသည့် တပ်ဖွဲ့ဝင်များအား ဧရာ၀တီမြစ်ကို ဖြတ်ပြီး တဖက်ကမ်းသို့ ပို့ဆောင်ကာ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း CDSOM က ပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ သည် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ တွင် နဂါးပေါက်ကျေးရွာနှင့်မင်းတန်းကျေးရွာများတွင် အထိုင်ချတပ်စွဲထားသည်ဟု မဇ္ဈိမက စုံစမ်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြင်းခြံမြို့နယ်နှင့် ဆီးမီးခုံမြို့နယ်ဘက်မှ ဧရာ၀တီမြစ်ကို ဖြတ်ကူးပြီး မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ရွာသူ၊ ရွာသား အများအပြား ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်းလည်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

https://youtu.be/7rh8Ley1BIU?si=LUvCs8hUuQ02w7Wj

#‌မြောင်
#Mizzima
#CDSOM
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤11👍4👏2🤣2
စက်တင်ဘာလ (၁၆) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ညမှာတော့

ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တာဝန်မှအနားပေးကာ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့သတင်း

ရေတလျောက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်း

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာ နဲ့ စီးပွားရေးသတင်းတွေ၊ “Weekly Interview နဲ့အတူ BNI ရေဒီယိုတို့ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/KBXeqJvx8P0?si=TowWsGmHEGQhEqKn

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌1
This media is not supported in your browser
VIEW IN TELEGRAM
“Bago Region PDF တပ်ခွဲ 5” ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်အတုနဲ့ အလှုငွေတွေ လိမ်လည်ကောက်ခံနေပါတယ်။

#Misinformation_Buster #Fake_News #Shorts #Reels #Bago #PDF #လူလိမ်

သတင်းအပြည့်အစုံဖတ်ရန် --https://www.facebook.com/MizzimaDaily/posts/pfbid02rw9EhAeSR2jogmbumkCK4ePjdAg73JzHrQp5gNEadyN6kwupZEqdVdJbFtzwmonDl
👍4😁1
​​Charts on people detained and killed in #Myanmar since February 2021. / AFP / Nicholas SHEARMAN

#myanmarmilitarycoup
#WhatsHappeningInMyanmar
👍4🔥1
​​မြန်မာ့အရေး၌ အာဆီယံအခန်းကဏ္ဍကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး အလေးထားပြော 
=========================

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဖာသီသန်နုကွန်းက မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ကာ မှတ်ချက်ပြု ပြောရာတွင် မြန်မာနိုင်ငံက အခြေအနေသည် ပြည်တွင်းရေးသာ ဖြစ်ပြီး မြန်မာ၏ တရားဥပဒေရေးနှင့် အာဆီယံနည်းလမ်းများမှတဆင့် ဖြေရှင်းသွားသင့်ကြောင်း အလေးပေး ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁15👍4🤮3🖕1
​​မန္တလေးတွင် ဓာတ်ဆီ ၁ လီတာ ကျပ် ၂,၆၀၀ ကျော် အထိ မြင့်တက် ၊ ဆိုင်အချို့ ဆီ ပြတ်ဟုဆို
=========================

007
(မဇ္စျိမ) ။ ။ မန္တလေးစက်သုံးဆီစျေးကွက်အတွင်း ယနေ့ စက်တင်ဘာလ ၁၆ ရက်တွင် ဓာတ်ဆီ 95 တလီတာလျှင် ကျပ် ၂,၆၀၀ ကျော် အထိ မြင့်တက်သွားပြီး ဆိုင်အချို့တွင် ဆီပြတ်သည်ဟုဆိုကာ မရောင်းချတော့ကြောင်း စက်သုံးဆီ၀ယ်ယူရောင်းချသူများထံက သိရသည်။

ယနေ့ စက်သုံးဆီစျေးနှုန်းသည် 95 တလီတာလျှင် ၂,၆၁၅ ကျပ် ၊ 92 တလီတာလျှင် ၂,၄၈၅ ကျပ် ပေါက်စျေးရှိနေပြီး အဆိုပါ စျေးနှုန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ပေါက်စျေး ဓာတ်ဆီ 95 တလီတာလျှင် ၂,၃၄၀ ကျပ်နှင့် 92 တလီတာလျှင် ၂,၂၂၅ ကျပ်၀န်းကျင်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ကျပ် ၃၀၀ နီးပါး စျေးမြင့်တက်လာခြင်းဖြစ်သည်။

“၂၆၀၀ ကျော်သွားပြီ ။ တဆိုင်နဲ့ တဆိုင် စျေးအနည်းငယ်ကွာတယ်။ တချို့ဆိုင်တွေ ပစ္စည်းပြတ်တယ် ပြောတယ်။ မန္တလေးမှာ ဒါထုံးစံလိုပါပဲ။ ဆီစျေးတက်ပြီဆိုရင် 95 ၀ယ်မရတော့ဘူး” ဟု ယနေ့ နေ့လယ်ပိုင်း စက်သုံးဆီ၀ယ်ယူခဲ့သည့် အမည်မဖော်လိုသူ အငှားယာဉ်မောင်းကပြောသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု စစ်ကောင်စီက ဇူလိုင်လကုန်ပိုင်းက ကြေညာပြီးသည့်နောက်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး လက်ရှိချိန်ထိ စျေးပြန်မကျသေးပေ။

“ ၂၀,၀၀၀ တန် ထွက်မယ့် သတင်းမထွက်ခင် ကာလနဲ့ ထွက်ပြီး နောက်ပိုင်းကာလဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောလို့ရတယ်။ သတင်းမထွက်ခင်တုန်းက စျေးအတက်အကျရှိတယ်။ သတင်းထွက်ပြီးနောက်ပိုင်း စျေးအကျဆိုတာ မရှိတော့ဘူး။ ဆက်တိုက်တက်တာ ဒီနေ့ပေါက်စျေးဖြစ်တဲ့ အထိပဲ။ သိပ်မကြာခင်မှာပဲ မနှစ်က စံချိန်တင် စျေးအထိဖြစ်တော့မယ်” ဟု စက်သုံးဆီစျေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။

လက်ရှိတွင် နိုင်ငံခြားငွေစျေးများ ကျဆင်းပြီး မြန်မာငွေတန်ဖိုး အနည်းငယ်တက်လာသော်လည်း ပြည်ပမှတင်သွင်းရသည့် စက်သုံးဆီစျေးမှာ မကျဆင်းသေးပေ။

“ဒေါ်လာက အပြင်စျေးနဲ့၀ယ်ရတာလေ။ ဒီတော့လည်းစျေးကျဖို့ဘယ်ရှိမလဲ ဆက်တက်ဦးမှာ။ အရင်တုန်းကမှ (ကျပ်)၂၀ ကျော် ကနေ ၄၀ လောက်အထိ အတက်အကျရှိသေးတယ်။ အခုက ဆက်တက်ဖို့ပဲရှိတယ်။ ဟုတ်တယ် မနှစ်ကစျေးအထိ ရောက်သွားနိုင်တယ်” ဟု စက်သုံးဆီအရောင်းဆိုင်တခုမှ အမည်မဖော်လိုသူ မန်နေဂျာက ပြောသည်။

ယမန်နှစ် သြဂုတ်လကုန်ပိုင်းက မန္တလေးစက်သုံးဆီစျေးကွက်အတွင်း ဓာတ်ဆီ 95 တလီတာလျှင် ၂,၉၂၅ ကျပ်၊ 92 တလီတာလျှင် ၂,၈၅၅ ကျပ်စျေးဖြစ်ခဲ့ပြီး ဆီပြတ်လပ်ရာမှ ဆိုင်တော်တော်များများ အရောင်းရပ်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စက်သုံးဆီစျေးနှုန်း
#စျေးမြင့်တက်

ပုံအညွှန်း- မန္တလေးက စက်သုံးဆီ အရောင်းဆိုင် တခုတွင် ဖော်ပြထားသည့် စက်သုံးဆီစျေးနှုန်းများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2👏1
Weekend News Roundup | September 16 2023
=================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထားတဲ့သတင်း

-ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြောတဲ့သတင်း

-ဗီယက်နမ်မှာ အမေရိကန်နည်းပညာကုမ္ပဏီတွေ ရင်းနှီးမြှပ်နှံဖို့ ဘိုင်ဒင်ဦးဆောင်ဆွေးနွေးတဲ့သတင်း

-ကင်ဂျုံအန်နဲ့ပူတင်တို့တွေ့ဆုံမှု လက်နက်အရောင်းအဝယ်ကိစ္စဖြစ်နိုင်ကြောင်း အမေရိကန်သတိပေးတဲ့သတင်း

-တရားဝင်ငွေလွှဲခြင်းမရှိတဲ့ အလုပ်သမားကို ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်မည်ဟု စစ်ကောင်စီပြောတဲ့သတင်း

-စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်တွေမှာ မတင်ရောင်းပါက အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်တဲ့သတင်း

https://youtu.be/xL6ta-guYss?si=KqkvESvJevBBt4NV

#weekendnewsroundup
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2