လွတ်လပ်တဲ့ သတင်းစာပညာဟာ မြန်မာနိုင်ငံမှာ ခြိမ်းခြောက်ခံနေရပါတယ် !
အမှန်တရားနဲ့ ဒီမိုကရေစီကို ရှာဖွေရာမှာ သတင်းထောက်တွေကဟာ ဆင်ဆာဖြတ်တောက်မှု၊ ဖမ်းဆီးမှုနဲ့ အသက်သေဆုံးမှုအန္တရာယ်တွေကိုတောင် ရင်ဆိုင်နေရပါတယ်။
သင့်ရဲ့လှူဒါန်းမှုက လွတ်လပ်သော သတင်းမီဒီယာတစ်ခု ရေရှည်တည်တံ့မှုကို အထောက်အပံ့ပေးရုံသာမက အများပြည်သူအတွက် သတင်းမှန်ကို ပြသပေးဖို့၊ အာဏာရှင်တွေရဲ့ တာဝန်ယူမှုကို သေချာစေဖို့နဲ့ ကျဥ်ဖယ်ခံထားရသူတွေရဲ့အသံတွေကို ယူဆောင်ပေးဖို့လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information
https://donate.mizzima.com/mm
#supportmizzima

👍9🤮2
South Asia Today အစီအစဉ်
=============
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
နီပေါနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့သော
ရှရီနာပီချန်ဒရာမဟာဗီဟာအဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ
ပါကစ္စတန်နိုင်ငံ၏ မတော်မတရား
အုပ်ချုပ်မှုများကြောင့် POK ဒေသခံများ ဒုက္ခရောက်ဆဲ
အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် “ပူလီ
ကာလီ”အကဖြင့် ခရီးသွားများကို ဆွဲဆောင်
ကက်ရှမီးယားတောင်ပိုင်းရှိရှိုပီရန်လူငယ်များအတွက် အိန္ဒိယစစ်တပ်ဟာ
“ပိုင်ဂမ်မီ ရှိုပီရန်”ရေဒီယိုအစီအစဉ်ကို စတင်ခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/NNcREqQ4LBY?si=PtNidCjHA0ekPAig
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

YouTube

ကာလီ”အကဖြင့် ခရီးသွားများကို…

👍7🔥4
ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ချင်းကာကွယ်ရဲဘော်၂ ဦး နောက်တန်းတွင် ကျဆုံး
😢18🔥2👏1

================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း နောက်တန်းတွင်ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwa က စက်တင်ဘာလ ၁၆ ရက် ယမန်နေ့က ထုတ်ပြန်သည်။
ရဲဘော်နှစ်ဦးသည် ၎င်းတို့သစ္စာပြုသော ချင်းလဲန်းနှင့် ချင်းလူမျိုးအတွက် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးသွားကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆလိုင်းမောင်မောင် (၂၅ နှစ်) သည် ဩဂုတ်လ ၃ ရက်နေ့တွင်လည်းကောင်း၊ ဆလိုင်းဧနောက် (၁၉ နှစ်) သည် ဩဂုတ်လ ၈ ရက်နေ့တွင်လည်းကောင်း CDF – Paletwa နောက်တန်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။
“သူတို့က ရောဂါအခံတွေကြောင့်လည်းပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခွဲစိတ်နိုင်တဲ့အဆင့်ထိ မရှိတာရယ် ၊ ဆေးရုံပို့ရမယ့်ခရီးကကြာတာကြောင့်လည်း ပါတယ်” ဟု CDF – Paletwa ခေါင်းဆောင် တဦးက မဇ္စျိမကိုပြောသည်။
၎င်းရဲဘော်နှစ်ဦးသည် တပ်ဖွဲ့မှပြုလုပ်နေသည့် ကွန်မန်ဒိုသင်တန်း တက်ရောက်နေသူများဖြစ်ကြောင်း ဆိုသည်။
တော်လှန်ရေးအတွက် ၎င်းတို့၏ပေးဆပ်မှုအပေါ် တပ်ဖွဲ့မှလေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသား စုနှင့်ထပ်တူ ဝမ်းနည်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ပြီး စစ်မှန်သောပြည်သူအစိုးရတရပ် ပေါ်ပေါက်လာစေ ရေးအတွက် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူများ၏ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာ ကွယ်ရေးကိစ္စရပ်များကို အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း CDF – Paletwa ခေါင်းဆောင်က ဆက်ပြောသည်။
တောခိုပြီး လက်နက်ကိုင်တိုက်ခိုက်ရေးလုပ်ငန်းတခုသာမျှ မဟုတ်သောကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးလုပ်နေသည့် အဖွဲ့အစည်းဒေသများတွင် ပါဝင် မလုပ်ဆောင်နိုင်သော်လည်း တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် တပ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ယင်း ယနေ့အချိန်အထိ CDF – Paletwa မှ ရဲဘော် ကိုးဦး အသက်စွန့်လွှတ်ခဲ့ပြီးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#ချင်းပြည်နယ်
#CDF-Paletwa
#ကျန်းမာရေးစောင့်ရှောက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢16👍7❤1🔥1
နမ်ဆန်ယန်နားက စစ်ကောင်စီတပ် စစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
==================
အဂမ် (မဇ္ဈိမ)။ ။ နမ်ဆန်ယန်ကျေးရွာ တဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးရုံးနှင့် နီးစပ်သူများက အတည်ပြုသည်။
စစ်ကောင်စီတပ် အင်အား ၅၀ ဦး ထက်မနည်း တပ်စွဲအထိုင်ချထားသည့် မြစ်ကြီးနား - ဗန်းမော်လမ်းရှိ ထိုတပ်စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီတွင် KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“စခန်းကို မနက် ၈ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။ စခန်းသိမ်းပြီးလို့ သိပ်မကြာဘူး စစ်တပ်က ဂျက် နှစ်စီးနဲ့ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတာ ဟုတ်တယ်။ ပထမအရင်လာတဲ့ တစီးက နှစ်ကြိမ်ဆက်တိုက် လာကြဲသွားတယ်။ နောက်ဆုံးလာတဲ့ တစီးလည်း နေရာအနှံ့ဝင်ပစ်သွားတယ်” ဟု KIA ရှေ့တန်းနှင့် နီးစပ်သူများက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် ညပိုင်းအထိ နှစ်ဖက်တပ်များ အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှုများနှင့် အသေးစိတ် အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းသည် နမ်ဆန်ယန်ကျေးရွာနှင့် ချောင်းသာခြားသည့် အောင်ဂျာရွာတွင် တည်ရှိသည်။ စစ်ကောင်စီတပ်က
နမ်ဆန်ယန် ကျေးရွာတစ်ဝိုက်ကို ယမန်နေ့ နံနက် ၈ နာရီကျော်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ နမ်ဆန်ယန်ကျေးရွာသည် ကချင်လွတ်လပ်ရေးအဖွဲံ (KIO) ဌာနချုပ်အနီးတွင် တည်ရှိသည်။
ဝိုင်းမော် - လိုင်ဇာလမ်းကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကပင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက် ကချင်လွှတ်မြောက်ရေး တပ်မတော်( KIA)၊ ပူးပေါင်းမဟာမိတ်တပ်တို့က ကြားဖြတ်တိုက်ခိုက်နေ၍ ထိုစစ်ကောင်စီစစ်ကြောင်းသည် နမ်ဆန်ယန်ကျေးရွာကို မရောက်ရှိသေးဘဲ လမ်းခုလတ်တွင် ရှိနေဆဲဖြစ်သည်။
https://youtu.be/lbP758UanrU?si=k0_Hgv6VtRTa6XNI
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နမ်ဆန်ယန်
#လိုင်လွမ့်အောင်ဂျာ
သတင်းဗီဒီယို- KIA က စစ်ကောင်စီ၏ လိုင်လွမ့်အောင်ဂျာတပ်စခန်းကို သိမ်းပိုက်ပြီးချိန် စစ်ကောင်စီလေတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်နေသည့် ရုပ်သံ

အဂမ် (မဇ္ဈိမ)။ ။ နမ်ဆန်ယန်ကျေးရွာ တဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးရုံးနှင့် နီးစပ်သူများက အတည်ပြုသည်။…
👍18👏3❤1👎1😁1
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
=======================
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်မှ ယနေ့ ၁၇ ရက် နေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပုလောမြို့နယ် လက္ကူကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က မြေပြင်မှစစ်ကြောင်းထိုး တိုက်ခိုက်နေ သလို ရေကြောင်းမှလည်း စစ်သင်္ဘောများကပါ လက်နက်ကြီးပစ်ကူပေးနေကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
စစ်ကောင်စီတပ်များသည် နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်၍ လက္ကူးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအပြင် စစ်ကောင်စီ၏ရေတပ်စစ်သင်္ဘောကအမြောက်ဖြင့် ပစ် ခတ်မှုကြောင့် အသက် ၄၀ ဝန်းကျင် ရေလုပ်သားတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများ ကပြောသည်။
လက္ကူကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတဦးက “အခုရက်ပိုင်း တိုက်ပွဲက ဆက်တိုက်ဖြစ်နေတော့ ရွာ မှာ လူတွေမနေရဲတော့ဘူး အကုန်ထွက်ပြေးနေရတယ်။
ရွာခံတယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံး သွားတာရှိတယ်” ဟု ပြောသည်။
စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့ အထိ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ငါးဦးသေဆုံး ခဲ့ကြောင်း၊ PDF တပ်ဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ် သားတဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း၏ စက်တင် ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီတပ်သားတွေက လက္ကူးရွာက စစ်ရှောင်နေတဲ့ရွာခံတွေကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲထားလို့ ဒီကနေ့ မနက်ပိုင်းအထိ ပစ်ခတ်မှုတွေရှိနေသေးတယ်” ဟု မြိတ်ခရိုင် တပ်ရင်း(၁) သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကပြောသည်။
စစ်ကောင်စီတပ်သည် ပင်လယ်ဆိပ်ကမ်းကျေးရွာများဖြစ်သော လက္ကူး၊ မှော်ကြောင်း၊ ပိတပ်၊ မြဒေါင်၊ ကျောက္ကာရွာတို့ကို ကုန်းလမ်းရောရေလမ်းမှပါ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက် ဖမ်းဆီးမှုများကြောင့် ဒေသခံထောင်နှင့်ချီ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။
ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်လည်းဖြစ်၍ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
https://youtu.be/slEglELXaM0?si=aRMHmQP5qrpqcS9A
စာတည်း။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#လက္ကူးကျေးရွာ
#လူသားဒိုင်း

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်မှ ယနေ့ ၁၇ ရက် နေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ…
👍13🤬3🔥1👏1😁1
ပြည်သူအပေါ် တိုက်ခိုက်နေသည့် မြန်မာစစ်တပ်ကို ‘စုပေါင်း ပြစ်ဒဏ်’ ချမှတ်ရေး ကုလကျွမ်းကျင်သူ တိုက်တွန်း
=======================
မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် “စုပေါင်း ပြစ်ဒဏ်” ချမှတ်သည့် မဟာဗျူဟာတရပ် ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို ရပ်ဆိုင်းစေနိုင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် “စုပေါင်း ပြစ်ဒဏ်” ချမှတ်သည့် မဟာဗျူဟာတရပ် ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို ရပ်ဆိုင်းစေနိုင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁3
စစ်အုပ်စုက ကုန်ဈေးနှုန်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဉ် နိုင်ငံ၌ စားသုံးဆီ ဖြည့်ဆည်းထောက်ပံ့မှုပိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေ
======================
အာဏာသိမ်းစစ်ကောင်စီက ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဉ် နိုင်ငံတွင် စားသုံးဆီကို ဈေးကွက်ထဲ ဖြည့်ဆည်းထောက်ပံ့ ရောင်းချမှုအပိုင်းတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအနေဖြင့် စားဆီ ဝယ်ယူရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အာဏာသိမ်းစစ်ကောင်စီက ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဉ် နိုင်ငံတွင် စားသုံးဆီကို ဈေးကွက်ထဲ ဖြည့်ဆည်းထောက်ပံ့ ရောင်းချမှုအပိုင်းတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအနေဖြင့် စားဆီ ဝယ်ယူရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁16👍3❤1🔥1
ရွှေဘိုတွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ၊ ဒုဗိုလ် သေဆုံး
=====================
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ထမင်းစားနေစဥ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း Black Wolf Army တာဝန်ရှိသူထံက သိရသည်။
ရွှေဘိုမြို့နယ် ၊ ကျောက်မြောင်းမြို့အခြေစိုက် ခမရ (၁၂) မှ အင်အား ၁၀၇ ဦး ပါ စစ်ကောင်စီတပ်သားများသည် ရွှေကျင်ရွာအတွင်းတပ်စွဲထားချိန် စက်တင်ဘာလ ၁၅ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တပွင့်နဲ့ ဗိုလ်လေးသေသွားတာ ခိုင်မာတဲ့ သတင်းပေးပို့ချက်အရ အတည်ပြုလို့ရတာပါ ။ ကျန်တဲ့ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျောက်မြောင်းပြန်ခေါ်သွားပြီး ဆေးရုံမှာ ကုနေတယ်လို့သိရတယ်” ဟု Black Wolf Army တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အလယ်တည့်တည့် သွပ်မိုးပေါက်ကာ ထမင်းစားနေသည့် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဆိုသည်။ တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကြောင်းသည် ကျောက်မြောင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Wolf Army နှင့်အတူ Who am I Army ၊ Forest Fighter နှင့် နတ်တောင်နဂါးတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်းဆိုသည်။
စစ်ကောင်စီစစ်ကြောင်းထွက်ခွာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရာတွင် စားလက်စ ထမင်းပန်းကန် ခုနစ်ချပ် ၊ ဒဏ်ရာကုသထားသော ဆေးဝါးပစ္စည်းများ ၊ စစ်ကောင်စီတပ်သားတံဆိပ်များနှင့် အင်္ကျီကို သိမ်းဆည်းရရှိကြောင်းသိရသည်။
စက်တင်ဘာလ ၁၅ရက် ည ၁၁နာရီခန့်ကလည်း ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းမှ ကင်းလှည့်လာသည့် အင်အား ၃၀ခန့်ရှိသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်းသိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ၊ Black Wolf – Army တပ်ဖွဲ့နှင့် ရွှေဘိုသခင်ကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
https://youtu.be/JjoHuyG4MbI?si=77tW3AH9HUZSrSj0
#Mizzima
#ရွှေဘို
#ဒုဗိုလ်သေဆုံး
ရုပ်သံအညွှန်း - စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်နေစဥ်
ရုပ်သံ - Black Wolf – Army

ရွှေဘိုမြို့နယ်…
ရွှေဘိုမြို့နယ်…
👍22👏5❤4😁3👎1
မြင်းမူတွင် စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
=======================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်းတွင် တပ်စွဲထားပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ ကြောင်း GTR-MMU အဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကြောင်းထိုးပြီး မြင်းမူမြို့သိုပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GTR-MMU မှ တာဝန်ရှိသူတဦးက ပြောသည်။
“ညောင်ရင်းကျေးရွာဘက်ကနေ မြင်းမူမြို့ပေါ်ကို အင်အား ၄၀ ဝန်းကျင်နဲ့ ပြန်ဝင်လာချိန်မှာ တိုက်ခိုက်ခဲ့ တာပါ။ အသေပျောက်ကတော့ အတိကျမသိရသေးပါဘူး၊ များတော့ များနိုင်တယ်”ဟု ၎င်းကပြောသည်။
တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့မှလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်ခဲ့သလို ဒရုန်းဖြင့်ပါ ဗုံးသီးချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း GTR-MMU အဖွဲ့တာဝန်ရှိသူက ဆိုသည်။
“သူတို့ကလည်း ဒရုန်းနဲ့ ဗုံးသီးပြန်ချတာ။ ကျနော်တို့တည်နေရာကိုမသိတော့ မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေ ပေါ်ကို ကြဲချတာ။ ဒရုန်းနဲ့ပြန်တိုက်ခိုက်တာက ကာကွယ်ရေးတပ်ဖွဲ့တွေကို နာမည်ဖျက်ချင်တဲ့ သဘော ဗျ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူလေးဦးအနက်မှ တဦးမှာ ယနေ့ စက်တင် ဘာလ ၁၇ ရက်နေ့တွင် သေဆုံးသွားကြောင်း GTR-MMU အဖွဲ့ ထံမှ သိရသည်။
မြင်းမူမြို့ပေါ်မှ အင်အား ၄၀ နီးပါရှိ စစ်ကောင်စီစစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ဝမ်းပြည့်ကျေးရွာနှင့် ညောင်ရင်းကျေးရွာတို့ကို စစ်ကြောင်းထိုးပြီး ညောင်ရင်းရွာ၌ အရပ်သားတဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ (၂) နှင့် ပူးပေါင်း၍ Ghost Team Ranger Myinmu (GTR-MMU) ၊ Myin Mu Defence Force (MMDF) မြင်းခြံခရိုင်တပ်ရင်း(၆)တို့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မြင်းမူမြို့
#စစ်ကြောင်းထိုး

👍24❤3👏2😁2
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားထပ်စွဲ
==================
မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်းသိရသည်။
မဆုရည်လင်းကို စစ်ကောင်စီ လက်အောက်ခံ အရှေ့ပိုင်းခရိုင်တရားရုံး၌ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက် နှင့် ၁၄ ရက်တို့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ည နှင့် တရားစွဲဆိုလိုက်သည်ဟု တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂက ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်က ထုတ်ပြန်သည်။
ထိုလုပ်ရပ်သည် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် အကြမ်းမဖက်ပါဝင်လှုပ်ရှားနေကြသည့် ကျောင်းသားထုတရပ်လုံးကို စစ်ကောင်စီက ဖိနှိပ်လိုက်ခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ထည့်သွင်းရေးသားသည်။
စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မ၅၀-ညသည် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဆိုင်ရာပြစ်မှုဖြစ်ပြီး ထောင်ဒဏ်၁၀နှစ်မှ တသက်အထိချမှတ်နိုင်သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ မြေပြင်တာဝန်ခံ ကိုမင်းရတုထက်က မဆုရည်လင်းသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်ခြင်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။
�"အရေးမပါတာပါဗျာ။ အမှုတွေ လျှောက်တပ်ချင်သလို တပ်နေတာ။ လင်းလင်းက အကြမ်းဖက်ဖို့မပြောနဲ့ ကျည်ဆန်လေး တတောင့်တောင် ကိုင်ဖူးတာ မဟုတ်ဘူး”ဟုဆိုသည်။
၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့က သပိတ် မှောက်ဆန္ဒပြပွဲမှ ပြန်လာသည့် မဆုရည်လင်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂ
#သမဂ္ဂဥက္ကဋ္ဌ
ပုံအညွှန်း- ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း၊ (ဓာတ်ပုံ- ပေးပို့)

😁7👍6😢3
တနင်္သာရီခြေစိုက် ခမရ(၅၆၁)မှ စစ်ကောင်စီတပ်သား လက်နက်နှင့်အတူ CDM ပြုလုပ်
👍21😁2👎1