Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်
===================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ဆိုသည့် စာတမ်း ကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ ကြောင်း သိရသည်။

ပြည်သူ့အစိုးရ NUG နှင့် အမတ်ကြီးဦးကျော်မိုးထွန်း တရားဝင်မှုအရေးတိုက်ပွဲကို ပြည်သူအားလုံး အတူ တကွ ဝိုင်းဝန်းတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။
ယင်းမာပင်မြို့နယ်နှင့် ဆာလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၉ ရက် မြောက် ချီတက်ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
👍24❤4🤮2👏1
Media is too big
VIEW IN TELEGRAM
လိုတာထက်ပိုပြီး အချစ်ခံချင်တာ​

Watch more detail - https://youtu.be/hQ7bLOZWOZQ

#အချစ်ခံချင်တဲ့စိတ် #ဒေါက်တာဖြိုးသီဟ #reels #shorts
👍6🔥2👏1😁1
​​တရုတ်သမ္မတ၏ ကြိုးပမ်းမှု မအောင်မြင်ခြင်းကြောင့် အကျင့်ပျက်ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေ
===================

တရုတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် စစ်ဘက်ဆိုင်ရာဝယ်ယူမှုများကို မကြာသေးမီက စုံစမ်း စစ်ဆေးမှုများ က အကျင့်ပျက်ခြစားမှုများဆက်လက်ဖြစ်ပွားနေကြောင်း ညွှန်ပြနေပြီး သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မအောင်မြင်ကြောင်းကိုလည်း ဖော်ပြနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11❤2👎2🔥1
​​မလေးရှားဝန်ကြီးချုပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မရေမရာ ဖြစ်လာ
======================

မလေးရှားတွင် အကျင့်ပျက်ခြစားမှု အမှုကိစ္စများကို ရုပ်သိမ်းမှုများ ရှိခဲ့သည် ဖြစ်ရာ ယင်းသည် အဂတိလိုက်စားမှုကို တိုက်ဖျက်မည်ဆိုသည့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ကတိပြုထားမှုအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍2🔥1
လိုတာထက်ပိုပြီး အချစ်ခံချင်တာ​| ကျန်းမာသုတ လူမှုဘဝ Episode - 33
=====================

လူတိုင်းကတော့ အချစ်ခံချင်ကြတာ သဘာ၀ပါပဲ။ ဒါပေမယ့် တစ်ချို့ကတော့ ချစ်သူခင်သူနဲ့ဖြစ်ဖြစ် မိသားစုမှာဖြစ်ဖြစ် တခြားသူတွေထက်ပိုပြီး အချစ်ခံချင်တာကိုလည်း တွေ့ရပါတယ်။
အချစ်ခံချင်တဲ့စိတ် သိပ်ပြင်းထန်နေရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာလား။

ဘယ်လို နောက်ဆက်တွဲ ပြသနာတွေ ကြုံရနိုင်လဲ။
အဆင်ပြေကောင်းမွန်တဲ့ အခြေအနေမျိုးရအောင် ဘယ်လို နေထိုင်သင့်လဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/hQ7bLOZWOZQ?si=eKdBBaDmftKL1ISg

#ဒေါက်တာဖြိုးသီဟ
#Mizzima
#ကျန်းမာသုတလူမှုဘဝ
#အချစ်ခံချင်တဲ့စိတ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
🤬6😢3🔥1😁1
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
===================

YT
(မဇ္ဈိမ)။ ။KNUတပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာသို့ စစ်ကောင်စီ တပ်စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးအခြေအနေတင်းမာမှုတို့ကြောင့် ဒေသခံ ၁၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒူးပလာယာခရိုင်၏ထုတ်ပြန်ချက်နှင့် စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က တံခွန်တိုင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် တပ်မ(၄၄) လက်အောက်ခံ ခလရ(၂)၊ အမြောက်တပ် (၃၁၈)၊ ကရင်နယ်ခြားစောင့်တပ်(BGF) (၁၀၂၁)နှင့် BGF တပ် နယ်(၃)တို့ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ခန့်စစ်ကြောင်းနှင့် တပ်မဟာ(၆) ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၁၄ ရက်နေ့က ထိတွေ့တိုက်ပွဲစဖြစ်တာပါ။ နဂါးနီစစ်ကြောင်းနဲ့ KNU ပူးပေါင်းအဖွဲ့တွေပါ ပါတယ်။ စကစဘက်မှာ မြေပြင်စစ်ကြောင်းရော လက်နက်ကြီးအကူရော နောက်ပြီး Mi35 တိုက်ခိုက်ရေးရဟတ် ယာဥ်ပါသုံးတယ်။ မနေ့ကတော့ စကစဘက်က လက်နက်ကြီးနဲ့ခြောက်ပစ် ပစ်တာမျိုးတော့ကြားမိ တယ်။ ဒီနေ့တော့ ပစ်ခတ်တာမရှိဘူး တိုက်ပွဲအခြေနေ ငြိမ်နေတယ်” ဟု တပ်မဟာ(၆) KNLA သတင်း ရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ်တစင်းဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်း၊ အမြောက်တပ်(၃၁၈)မှ ၁၂၂ မမ အမျိုးအစားလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများကြောင့် ကျေးရွာ စာသင်ကျောင်းနှင့် ဒေသခံများ၏နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် BGF မှ အထိအခိုက်၊ အကျအဆုံးများအားအတည်ပြုနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် နဂါးနီစစ်ကြောင်းမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် BGF တပ်နယ်(၃)မှ စစ်အင်အား ၁၀၀ ခန့် ထပ်မံတိုးချဲ့ထားပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။

စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ပြီး KNU ၏ စက်တင်ဘာလ ၁၄ ရက်နေ့ စာရင်းပြုစုချက်အရ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ရဟတ်ယာဥ်နဲ့တိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးဆုံးရှုံးတာရှိသလို စစ်ဘေးရှောင်ရတဲ့ ပြည်သူ အများအပြားရှိပါတယ်။ ခလယ်တံခွန်တိုင်အနီးနားရွာတွေပါ ပါတယ်ဗျ” ဟု KNLA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

စစ်ရေးတင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ ခလယ်တံခွန်တိုင်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဘုရားငါးဆူ၊ ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ နောင်းဒေ့၊ မြို့ဟောင်း၊ ပုလိန်ကျေးရွာ များအပါအဝင် အနီးအနားကျေးရွာများဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် လက်ရှိတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
#KNUတပ်မဟာ(၆)
#ကြာအင်းဆိပ်ကြီးမြို့နယ်
#စစ်ရေးတင်းမာ
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2🔥1🤬1
စက်တင်ဘာလ (၁၇) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

နမ်ဆန်ယန်နားက စစ်ကောင်စီတပ် စစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်တဲ့သတင်း

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတဲ့အကြောင်း

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေ၊ အပတ်စဉ်ကဏ္ဏအဖြစ် “Cele City” အစီအစဉ်၊ "Media Literacy”အကြောင်း

BNI ရေဒီယိုအစီအစဉ်တို့ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/2HXl61rE8kE?si=iaTTfTBwdKCqGKa-

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2🔥1
​​ဧရာဝတီတိုင်းတွင် စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီ ဖိအားပေး
======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် ဘားများအား မြန်မာဘီယာ ရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖိအားပေးနေကြောင်း စားသောက်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

“တခြားဆိုင်တွေကို ဘယ်လိုပြောလဲတော့မသိဘူး။ ကျွန်တော့်ဆိုင်ကိုလာပြောတာတော့ မြန်မာဘီယာ ဘာလို့မတင်တာလဲ၊ တင်မရောင်းရင် လိုင်စင်သိမ်းမယ်ဆိုပြီး ပြောသွားတယ်။ အဲဒါကြောင့် ရောင်းတော့ မရောင်းဘူး မြန်မာဘီယာတင်ထားတယ်ဆိုတဲ့ပုံစံတော့ ပြထားရတယ်”ဟု ပုသိမ်ခရိုင်အတွင်းရှိ စား သောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် ပုသိမ်၊ မအူပင်၊ ရေကြည်၊ ဖျာပုံ၊ ငွေဆောင်၊ ကျောင်းကုန်း၊ ငပုတော စသည့်မြို့နယ်များ၌ စစ်တပ်ထုတ်ကုန်များရောင်းချပေးရန် ဆိုင်ရှင်များအား လိုက်လံဖိအားပေးနေသည် ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း စားသောက်ဆိုင်၊ အရက်ဆိုင်နှင့် ဘားများအား လိုက် လံစစ်ဆေးမှုများပြုလုပ်သည်ဟု ပုသိမ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးကပြောသည်။
၎င်းတို့လိုက်လံစစ်ဆေးသည့်ဆိုင်များ၌ မြန်မာဘီယာရောင်းချမှုမရှိပါက မဖြစ်မနေရောင်းချရန် ဖိအား ပေးနေသည်ဟု ဆိုသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းက မအူပင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား မြန်မာဘီယာ မဖြစ်မနေရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖိအားပေးမှုများရှိသည်ဟု မအူပင်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖိအားပေးမှုများ နှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု စားသောက်ဆိုင် ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

“ရောင်းတာတော့ မရောင်းချင်ဘူး။ ဒါပေမဲ့ ခဏခဏလာစစ်နေတော့ ဆိုင်မှာမြန်မာဘီယာတင်ပေး ထား ရတယ်”ဟု ရေကြည်မြို့နယ်အတွင်းမှ စားသောက်ဆိုင်ပိုင်ရှင်တဦးကလည်း ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်မြန်မာဘီယာရောင်းချပြီး စစ်ကောင်စီကို အလုပ်အကျွေး မပြုရန် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကြသည်။
ယင်းပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထုတ်ကုန်မှန်သမျှကို အသုံးမပြုခြင်းဖြင့် တော်လှန်ရေး အင်အားစုများအား ကူညီပေးကြရန်လည်း အသိပေးနှိုးဆော်မှုများ ပြုလုပ်ထားကြသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#စစ်တပ်ထုတ်ကုန်
#စစ်ကောင်စီ

ပုံအညွှန်း-စစ်တပ်ထုတ်ကုန်များကို အသုံးမပြုရန် သပိတ်မှောက်ထားစဥ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁5🔥1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (7)
=====================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/6V7aVVhxPXY?si=uzQZv_24HO8IW002

#commonground
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3❤1
​​တမူးမြို့နယ်တွင် PDF–Tamu တပ်ရင်း(၄)စခန်း စီးနင်းခံရ
====================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း(၄) PDF–Tamu စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တမူးမြို့နယ် အုပ်ချုပ် ရေးတာဝန်ရှိသူတဦးထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် တပ်ရင်း(၄) ၏ စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နှစ်ဖက်ဝိုင်းပြီး တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီ အချိန်စခန်းထဲမှာ ရဲဘော်သိပ်မရှိတာရယ်၊ စခ(စစ်ကောင်စီတပ်)တွေက လက်နက်ကြီးငယ် အလွန် အကျွံပစ်ဝင်လာတဲ့အတွက် ခံပစ်ပြီး လက်နက်ပစ္စည်းတွေနဲ့အတူ ဆုတ်ခွာသွားကြတယ်”ဟု တမူးမြို့ နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံလက်နက်ကိုင်အချို့သည် PDF များဝတ်ဆင်သည့်ပုံစံမျိုးဝတ်ဆင်ပြီး ကိုင်ဆောင်သည့်လက်နက်များပါတူအောင် ပုံမှားရိုက်ပြီး လက်နက်ကြီးများ၊ စက်သေနတ်များအပြင် လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

အင်အားမမျှသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားချိန်တွင် စခန်းရှိလူနေအိမ်အချို့ကိုဖျက်ဆီးပြီး လက်လုပ်လက်နက်အချို့ကို သိမ်းဆည်း သွားခဲ့ကာ အနီးဝန်းကျင်တွင် ကင်းပုန်းဝပ်နေခဲ့ကြောင်း သိရ သည်။

ညပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ စခန်းကို ပြန်လည်ချဥ်းကပ်ရာ စစ်ကောင်စီတပ်က ဒရုန်းဖြင့် အီနာဂါဗုံးသီးများချ၍တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုမရှိသော်လည်း ရဲဘော်အချို့ အသေးစားထိ ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှ တမူးမြို့ မြို့ရှောင်လမ်း အနီးနယ်မြေရှင်းလင်းရာ တမူးကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး လက်လုပ်စိန်ပြောင်း၊ မိုင်း၊ ဗုံးသီးနှင့် လက်နက်ထုတ်လုပ်ရာတွင်အသုံးပြုသည့် စက်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ယနေ့ စက်တင်ဘာ ၁၇ ရက် တွင်ရေးသားထားသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံလက်နက်ကိုင်များသည် တမူးမြို့အထက်ပိုင်းသို့ အင်အား အလုံး အရင်းဖြင့်စစ်ကြောင်းထိုးနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် တမူး-အောင်ဇေယျလမ်းပိုင်းကို စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး သွားလာခြင်းမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး)က သတိပေးထားသည်။

စာတည်း။ ။စောဖေ
ပုံအညွှန်း - PDF – Tamu တပ်ရင်း(၄) ရဲဘော်များမြင်တွေ့ရစဥ်
ဓါတ်ပုံ - PDF – Tamu တပ်ရင်း(၄)

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#PDF–Tamu
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2❤1😢1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ စက်တင်ဘာ ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စစ်တပ်ပိုင်မြေနှင့်အဆောက်အအုံများကို နွေဦးတော်လှန်ရေး မဟာဗျူဟာ ​မြောက်ထိုးစစ်အတွက်ရန်ပုံငွေအတွက် ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကထုတ်ပြန်ကြေညာသည်။

မကွေးတိုင်း၊ အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက် ရာ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်းတွင် တပ်စွဲထားပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ ကြောင်း GTR-MMU အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ထမင်းစားနေစဥ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာ ရရှိသွား ကြောင်း Black Wolf Army တာဝန်ရှိသူထံက သိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသပြည်သူများ ဦးဆောင်ကာ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် “စုပေါင်း ပြစ်ဒဏ်” ချမှတ်သည့် မဟာဗျူဟာတရပ် ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို ရပ်ဆိုင်းစေနိုင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်က ပြောသည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်မှ လင်မယားနှစ်ဦးနှင့် (၁၃)နှစ်အရွယ်သမီးဖြစ်သူတို့ကို ပျူစောထီးများက သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီ​၏ မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း No More Dictatorship People Defence Force -NMD အဖွဲ့မှတာဝန်ရှိသူက ပြောသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန် တပ်ရင်းမှ စစ်သားတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက် နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့နှင့်ဆက်သွယ်လာပြီး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရှိရသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိရာ ယမန်နေ့တွင် ဂန့်ဂေါမြို့နယ် သင်တောကျေးရွာ၌ ဝင်ရောက်တပ်စွဲထားသော အင်အား(၁၀၀)ခန့်ပါ စစ်ကြောင်းအား မ​ကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်သတ်ဖြတ်၍ ပြည်သူ နှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း HYPER UAV FORCE က အသိပေးထားသည်။
ဗ
ြိတိန်နိုင်ငံ လန်ဒန်မြို့ပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တွင် အဆိုပါနိုင်ငံရောက် မြန်မာများ စုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ပြုရန် ယမန်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြသည်။
👍13🔥1
​​စစ်လက်နက်ပုံအဟောင်းများဖြင့် KIA ထံမှ သိမ်းဆည်းရမိသည်ဟု ထပ်ခါထပ်ခါ ဖြန့်ဝေနေသည့် သတင်းမှား
===================

ZZ
(မဇ္ဈိမ)။ ။ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ လိုင်ဇာရှိ ကာကင်းကုန်း လက်နက်သို လှောင်ရုံမှ KIA တံဆိပ်ပါလက်နက်များကို စစ်ကောင်စီတပ်မှဖမ်းမိသည်ဟူသောသတင်း ဖေ့စ်ဘုတ်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေပြီး သတင်းပါပုံများမှာ ပုံဟောင်းများသာဖြစ်သည်။

‘တောင်ပေါ်မြေကို ချစ်ရသူ’ ဖေ့စ်ဘုတ်မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် “Kia တံစိပ်ပါ လက်နက်အပါ ဝင် တရုတ်လက်နက်များအပါဝင် လှိုင်ဇာကာကင်းကုန်းရဲ့လက်နက်သိုလှောင်ခန်းမှရရှိ” (မူရင်းအရေး အသားအတိုင်း) ဟု ရေးသားကာ ဓာတ်ပုံခြောက်ပုံအသုံးပြု ဖြန့်ဝေထားသည်။

အဆိုပါပို့စ်အား ကြိုက်နှစ်သက်သူ ၆၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၁၆၀ ထိရှိခဲ့သည်။ ထို့ပြင် ‘အဖိုးလေး’ အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင်လည်း ပြန်လည်မျှဝေထားသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုပုံများကိုစစ်ဆေးခဲ့ရာ ပုံဟောင်းများဖြစ်ကြောင်းတွေ့ရပြီး အလားသတင်းတုမျိုးကို ၂၀၂၂ ခုနှစ်ကလည်း ဖြန့်ဝေခဲ့ကြောင်းတွေ့ရသည်။

လက်နက်များစီထားသည့်ပုံသည် ၂၀၂၁ ခုနှစ် မတ်လတွင် “ကမ်းရိုးတန်းသတင်း” အမည်ရှိ ဖေ့စ်ဘုတ်မှ “KNU တပ်စခန်းမှ လက်နက်အသစ်များ စုစည်းထားမှု” ဟု ရေးသားကာ ဖြန့်ဝေထားသည့် ပုံဖြစ်သည်။ လင့်- https://t.ly/vdjLg

ဒုတိယပုံကို ၂၀၂၀ ခုနှစ်က တရုတ်ဝက်ဘ်ဆိုက်တခုတွင် တရုတ်ဘာသာဖြင့် “မြန်မာနိုင်ငံက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေက ဘယ်ကလာတာလဲ” ဟုရေးသားထားသည့် သတင်းတွင် ဖော်ပြထားကြောင်း‌ တွေ့ရသည်။
လင့် - https://t.ly/FL0Gu

တတိယပုံဖြစ်သည့် လက်နက်အများစု မြေပြင်တွင်ပြန့်ကျဲနေသည့်ပုံသည် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာရပ်သတင်းဝက်ဘ်ဆိုဒ်တခုမှ တာလီဘန်များ အာဖဂန်နစ္စတန်တွင် သိမ်းပိုက်ရရှိခဲ့သည့်လက်နက် များအကြောင်း သတင်း၌ ပါဝင်သည့်ဓာတ်ပုံဖြစ်သည်။
အဆိုပါလက်နက်များမှာ အမေရိကန်နိုင်ငံကထောက်ပံ့ခဲ့သည့် လက်နက်များဖြစ်ကြောင်း ပြောထား သည်။ လင့်- https://t.ly/bnfXH

လက်နက်ကြီးနှင့် ဆက်စပ်ပစ္စည်းပုံများကိုမူ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်ဖော်ပြခဲ့သည့် ပိုစ့်ကို အစော ဆုံးတွေ့ရသည်။
“Khin Zin Thet” အမည်ရှိ ဖေ့စ်ဘုတ်မှ “မင်းကင်း PDF စခန်းတခုကို တပ်မတော်က သိမ်းပိုက်ရရှိ” ဟု ဖော်ပြထားသည်။ လင့် - t.ly/uO2Y4

ထိုပုံများဖြင့်ပင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်ကလည်း KIA ထံမှ သိမ်းဆည်းရမိသည်ဟုဆိုကာ သတင်းတုဖြန့် ဝေထားသည်။ ထိုအကြောင်းကို မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ပြီးဖြစ်သည်။ လင့် - t.ly/3j7-1

ထို့ကြောင့် ယခုပျံ့နှံ့နေသည့် လိုင်ဇာရှိ ကာကင်းကုန်းလက်နက်သိုလှောင်ရုံမှ KIA တံဆိပ်ပါ လက်နက်ပုံ များဆိုသည်မှာ ပုံအဟောင်းများသာဖြစ်သည်။ ထို့ပြင် အဆိုပါပုံများဖြင့် သတင်းတုကို ထပ်ခါထပ်ခါ ဖန် တီးဖြန့်ဝေထားခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Old_photos
#Repeated_Fake
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12👍9
​​မွန်ပြည်နယ်တွင် တနိုင်တပိုင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ
=======================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သုံးဦးအား စစ်ကောင်စီလက်အောက်ခံရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများအနက် ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်အမျိုးသမီးမှာ စက် တင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။

သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနှင့် ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်း ရပ်ကွက်၊ သီတာလမ်းနေ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်း ဆီးခံရခြင်းဖြစ်သည်။

“ထိုင်းဘတ်ကနေ မြန်မာငွေလဲပြီး ထုတ်တာတို့၊ မြန်မာငွေကနေ ထိုင်းဘတ်ပြန်လဲချင်တာတို့၊ KPay ၊ Wave Pay တို့ လုပ်တာပေါ့။ လုပ်ငန်းလိုင်စင်မရှိလို့ ဖမ်းသွားတာတဲ့။ လာဖမ်းတုန်းက ရပ်ကွက်အုပ်ချုပ် ရေးမှူးပါတယ်၊ ရဲတွေပါတယ်။ ပြီးတော့ အရပ်ဝတ်တွေနဲ့လူတွေလည်းပါတယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ ကျိုက်ထိုမြို့ခံက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူအားလုံးသည် ထိုင်း-မြန်မာ ငွေလွှဲ၊ ငွေထုတ်ခြင်းကို တနိုင်တပိုင်လုပ်ကိုင်နေကြသူများဖြစ် ပြီး ၎င်းတို့တွင် တရားဝင်ငွေလွှဲလုပ်ငန်းလိုင်စင်မရှိကြကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးသုံးဦးလုံးအား ငွေရေးကြေးရေးအဖွဲ့အစည်းများ ဆိုင်ရာဥပဒေ ပုဒ်မ(၁၇၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများကြောင့် တနိုင်တပိုင် အွန်လိုင်းငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ဝန်ဆောင်မှုများ ခေတ္တရပ်ထားရကြောင်း သိရသည်။

“ငြိမ်နေရတယ်။ ထိုင်းက အမနဲ့ချိတ်ပြီး ငွေလွှဲငွေထုတ်လုပ်တာ။ အခုလို ဖမ်းခံရတယ်ကြားတော့ ရပ် ထားတာ။ ဘာမှ မလဲပေးသေးဘူး” ဟု ဘီးလင်းမြို့နယ်မှ အွန်လိုင်းငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ငွေလွှဲလုပ်ငန်း
#လုပ်ငန်းလိုင်စင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍4😢3
ဂန့်ဂေါမြို့နယ်မှာ အထိုင်ချတပ်စွဲဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို HUF တိုက်ခိုက်
=================

MTO(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ သင်တောကျေးရွာအနီးမှာ အထိုင်ချတပ်စွဲဖို့ လုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်လိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ Hyper UAV Force ရဲ့တာဝန်ရှိသူကပြောပါတယ်။

တင်ဆင်၊ တည်းဖြတ် - MTO

https://youtu.be/Chkbt8Sbx3k?si=CU6mu-g9CYLgkM8Q

#မကွေးတိုင်း
#ဂန့်ဂေါမြို့နယ်
#တိုက်ပွဲဖြစ်ပွါး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15👏3😁1
​​မန္တလေးတွင် မြ၀တီဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာရ ဟုဆို
=====================

007
(မဇ္စျိမ)။ ။မန္တလေးမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီပိုင် မြ၀တီဘဏ် ဗုံးပစ် တိုက်ခိုက်ခံရပြီး တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

“နေ့လယ် ၁ နာရီလောက်ဖြစ်တာ၊ အုန်းကနဲ တချက်ကြားလိုက်တယ်။ ထွက်ကြည့်တဲ့အချိန်မှာ ရပ်ကွက် အုပ်ကြီးနဲ့ ရဲလေးငါးခြောက်ယောက်လောက် ရောက်နေပြီ။ ဘဏ်ရှေ့မှာ နှစ်ယောက်သုံးယောက် လောက် လဲကျနေတယ်၊ စစ်သားလား ရဲလားတော့ မသဲကွဲဘူး၊ တယောက်သေတယ် ပြောတယ်။ ဆေးရုံ ကားနဲ့လာသယ်သွားတာ ဒီနားကလူတွေ အကုန်မြင်တယ်” ဟု လုံခြုံရေးအရအမည် ဖော်ပြလိုခြင်းမရှိ သည့် ဒေသခံတဦးကပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်း၊ ၂၆ ဘီ လမ်းနှင့် ၂၇ လမ်းကြားရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်ရှေ့တွင်အစောင့်ချထားသော စစ်ကောင်စီတပ် သားများအား အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့်လာရောက်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော No More Dictatorship People Defence Force-NMD ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် သတင်း ထုတ်ပြန်လာသည်။

ငွေကြေးဖောင်းပွမှုဖြစ်စေမည့် တရားမ၀င် ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည့် စစ်ကောင်စီ၏အစီအစဉ် အား အနှောင့်အယှက်ပေးရန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများထိခိုက်မှုမရှိစေရန် ရုံးပိတ်ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်မှတဦးသေပြီးနှစ်ဦးဒဏ်ရာရခဲ့ကြောင်း အတွင်းသတင်းအရ သိရ သည်ဟုလည်းဖော်ပြထားပြီး စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ လူအထိ အခိုက်မရှိကြောင်း ရေးသားကြသည်။

အဆိုပါဘဏ်သည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီ တပ်သား တဦးသေဆုံးခဲ့သည်။

ပုံစာ - ဗုံးပစ်ခံခဲ့ရသည့် မြ၀တီဘဏ် (Photo CJ)
စာတည်း။ ။စောဖေ

#မန္တလေးမြို့
#မြဝတီဘဏ်
#ဗုံးပစ်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22👏3😁1
ဦးကျော်မိုးထွန်း မြန်မာသံအမတ်အဖြစ် ဆက်လက်ပါဝင်နိုင်ရေး ကုလသမဂ္ဂရုံး‌ရှေ့တွင် လှုပ်ရှားမှုပြုလုပ်
==========================

မောင်ခက်နွေ(မဇ္ဈိမ)။ ။(၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ်တာဝန်ကို လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုပေးဖို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ပြီးခဲ့တဲ့စနေနေ့က ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါ တယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာသာမကဘဲ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတွေမှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသား‌တွေက ဆန္ဒဖေါ်ထုတ်တောင်းဆိုမှုတွေ ပြုလုပ်ကြပါတယ်။

လာမယ့်စက်တင်ဘာလ ၁၈ ရက်ကနေ ၂၆ ရက်နေ့အထိ နယူးယောက်မြို့မှာ ကျင်းပမယ့် (၇၈)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက် ထားမလား၊ စစ်ကောင်စီက တင်သွင်းမယ့်သူကို နေရာပေးမလား၊ ဘယ်သူ့ကိုမှ မခန့်ဘဲ နေရာလပ်ချန် ထားမလားဆိုတာကို ဆုံးဖြတ်ဖို့ ရှိနေတာပါ။

တင်ဆက်၊ တည်းဖြတ် -မောင်ခက်နွေ

https://youtu.be/9kTFN-OuskM?si=gi_PdjvNzhqy51uf

#Mizzima
#ကုလသမဂ္ဂ
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍28❤6🤮1
​​စစ်ကောင်စီတပ်က မိုးကုတ်တဝိုက် ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲ၊ ၃ ရက်မြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်
=================

007
(မဇ္စျိမ)။ ။စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီး ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲပစ်ခတ်မှု ယနေ့လည်း ဆက်လုပ်နေရာ သုံးရက်မြောက်လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ပတ္တမြားမြေ မိုးကုတ် တဝိုက်ကိုထိန်းချုပ်ရန် ကြိုးစားသောတိုက်ပွဲများ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ တကျောပြန်ဖြစ်ခဲ့ပြီး အရှိန်တက်လာရာက လေကြောင်းမှတိုက်ခိုက်မှုများပါ ပါလာခဲ့သည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်မိုးလင်းစအချိန်မှစ၍ ဖြူရောင်၊ ညောင်ကုန်းနှင့် ကုန်းစံကျေးရွာ အနီး၀န်းကျင်ကို ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခြင်း၊ လေယာဉ်ပေါ်မှပစ်ခတ်တိုက်ခိုက်ခြင်းတို့ ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရပြီး ယနေ့ညနေပိုင်းအချိန်အထိ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရ သည်ဟု ဒေသခံများကဆိုသည်။

“ မြို့ထဲမဟုတ်ဘူး။ မြို့ပြင်ကို ကြဲတာပါ။ မြို့ထဲမှားကြဲမိမှာ စိုးရိမ်စိတ်နဲ့ နေနေရတယ်။ လမ်းတွေပေါ်မှာ လည်း လူတွေခြောက်ကပ်ကုန်ပြီ။ အခု မိုးကုတ်မှာ မလိုအပ်ဘဲ အပြင်မထွက်ကြတော့ဘူး” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

TNLA နှင့် လတ်တလောတိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်၏ တပ်မ (၄၄)၊ ခမရ (၁၀၂) (၁၀၄) နှင့် (၁၄၈)တို့ပါဝင်သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

TNLA ပူးပေါင်းတပ်တို့အထိုင်ချထားသော ကုန်းစံကျေးရွာအနီး၀န်းကျင်ကို စစ်ကောင်စီက စက်တင် ဘာလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကြောင်းထိုး၀င်ရာက တိုက်ပွဲစခဲ့သည်။ သီးခြားအတည်မပြုနိုင် သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသတွင်း သတင်း များထွက်ပေါ်နေပြီး စက်တင်ဘာလ ၁၅ ရက်နေ့ညနေ ၄ နာရီခန့်ကစ၍ လေကြောင်းမှ ဗုံးကြဲခြင်း နှင့်ပစ်ခတ်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
ပုံစာ ယနေ့တနေကုန် မိုးကုတ်မြို့ပေါ်ပျံဝဲခဲ့သည့် စကစ၏ ဂျက်တိုက်လေယာဥ်

#မန္တလေးတိုင်း
#မိုးကုတ်မြို့
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥5❤2🤬1😢1