Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တစ်ပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု_မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံကြည့်ရန် - https://youtu.be/_hQde7ykoCs

#Misinformation_Buster #Fake_News #weekly_package #reels #shorts
👍11🤮1
​​ပုလောတွင် အမျိုးသမီး ၂ ဦးအပါအဝင် စစ်ဘေးရှောင်မိသားစု ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
=========================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုတွင် အမျိုးသမီးနှစ်ဦးအပါအဝင် စစ်ဘေး ရှောင် မိသားစုလေးဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မိသားစုလေးဦးမှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ရွာအပြင်၌စစ်ရှောင်နေစဉ် လက္ကူး ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
လက္ကူးကျေးရွာမှစစ်ရှောင် အမျိုးသားတဦးက “အခြေအနေက အရမ်းဆိုးဆိုးဝါးဝါးကို ဖြစ်သွားတာ။ ဘာ မှအပြစ်မရှိတဲ့ ရွာခံမိသားစုဝင်လေးဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်”ဟု ပြော သည်။

စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်မိသားစုလေးဦးမှာ လက္ကူးကျေးရွာအုပ်စုမှ ဦးဘကျင် (၆၉နှစ်)၊ သားဖြစ်သူ ကိုငွေစိုး(၄၀နှစ်)၊ သမီးဖြစ်သူ မကုလားမ(ခ) မသန္တာနွယ်(၃၇ နှစ်)နှင့် တူမဖြစ်သူ ဒေါ်ရီဝင်း(၄၀နှစ်)တို့ ဖြစ် သည်။

လက်ရှိတွင် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုအတွင်း၌ စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့် ရေကြောင်းနှင့် ကုန်းကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ် ၂၀ နီးပါး ပျက်စီးခဲ့ပြီး အရပ်သား ၁၀၀ နီးပါးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရကာ တပတ်အတွင်း ခြောက်ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး မကြာခဏ တိုက်ပွဲ များဖြစ်ပွားခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16😢2❤1👍1🔥1
​​ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား
=====================

သွင်ထူးဈာန်
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာတွင် ယနေ့စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ ခွဲမှစတင်ကာ နှစ်ဘက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း နဂါးနီစစ်ကြောင်း ဒုစစ်ကြောင်းမှူးက မဇ္ဈိမကို ပြောသည်။

အင်အား ၇၀ ခန့်ပါသော စစ်ကာင်စီတပ်က ခလယ်ကျေးရွာကို စစ်ကြောင်းထိုးလာပြီးနောက် စစ်ကောင်စီတပ်၊ ၎င်းတို့၏ မဟာမိတ် BGF တပ်နှင့် KNLA ၊ နဂါးနီ ပူးပေါင်းတပ်တို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမနှင့် ၁၂၂ဟောက်ဝစ်ဇာ လက်နက်ကြီးများ အသုံးပြုကာ ရွာအတွင်းကို ပစ်ခတ်ခဲ့ပြီး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်အမျိုးစားဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းကြောင့် ဒေသခံ အရပ်သား တဦးသေဆုံးကာ ရဟန်းနှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။
"၁၄ ရက်နေ့ကတည်းက စစ်တပ်က ရွာကို စစ်ကြောင်းထိုးရင်းနဲ့က တိုက်ပွဲစဖြစ်တာ၊ ရွာထဲကို လက်နက်ကြီးနဲ့ကော၊ လေယာဥ်နဲ့ကော လာပစ်တယ်၊ အိမ်တွေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ၊ အကုန်ပျက်စီးသွားတယ်၊ သေတဲ့သူနဲ့ ထိတဲ့သူတွေရှိတယ်၊ အခု နီးစပ်ရာ ရွာတွေမှာ စစ်ရှောင်နေရသလို တောထဲပုန်းနေရတဲ့သူတွေ ရှိတယ်"ဟု စစ်ရှောင်ကူ ညီပေးနေသူ တစ်ဦးမှ မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီ၏ တပ်မ (၄၄) ၊တပ်မ( ၂၂) လက်အောက်ခံ တပ်ရင်းများ၊ ၎င်းတို့၏ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF (၁၀၂၁) တပ်နှင့် KNLA ၊ နဂါးနီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယနေ့ဖြစ်ပွားသော တိုက်ပွဲအခြေအနေကို အသေးစိတ်ကို မသိရသေးပေ။ လက်ရှိမှာ ခလယ်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာက ဒေသခံ ၁၅,၀၀၀ကျော် စစ်ဘေးရှောင်နေရသည်။

"ကျွန်တော်တို့ကသာ လူထုအတွက် အမြဲတာဝန်ကျေပွန်အောင် လုပ်ဆောင်နေရမှာ ဖြစ်ပါတယ် အဲ့တော့ စစ်မိစ္ဆာတွေ စစ်ကြောင်းထိုးလာရင် ပြေးကြပါ တိုက်ပွဲကြားထဲ အရပ်သားပါလာရင် ကျွန်တော်တို့လည်း လုပ်ရကိုင်ရခက်ပါတယ် မနေ့ကလည်း တိုက်ပွဲထဲ အရပ်သား နှစ်ဦး ကယ်ထုတ်ရသေးတယ်"ဟု နဂါးနီစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုဟိန်းမှ ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ အဆိုပါ ခလယ်ရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး နဂါးနီစစ်ကြောင်းဘက်မှ တပ်ဖွဲ့ဝင် တဦးကျဆုံးသွားကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

ဓာတ်ပုံ- နဂါးနီစစ်ကြောင်း တပ်ဖွဲ့ဝင် အချို့ကို တွေ့ရစဉ်
စာတည်း။ ။ နောင်နောင်

#ခလယ်ရွာ
#ကြာအင်းဆိပ်ကြီး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏2🔥1😁1
​​ချန်ပီယံလိဂ် - အုပ်စုတွေ၊ ပွဲစဉ်ရက်တွေနဲ့ ဘယ်အသင်းတွေ ရေပန်းအစားဆုံးလဲ
===================

မန်ချက်စတာစီးတီးအသင်းဟာ အုပ်စုအဆင့်ပွဲစဉ်တွေ စတင်ချိန်မှာပဲ သူတို့ရဲ့ ချန်ပီယံလိဂ်ဖလားကို ဒီတစ်ပတ်မှာ စတင်ကာကွယ်ရတော့မှာ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ အသင်းကို ပရီးမီးယားလိဂ်က အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့နဲ့အတူ ပါဝင်လာပြီး နှစ် ၂၀ ကြာ ဝေးကွာသွားပြီးနောက် သူတို့တွေ ပြန်လာခဲ့တာပါ။
စကော့တလန်ချန်ပီယံ ဆဲလ်တစ်ဟာ ဒုတိယရာသီဆက်တိုက် အုပ်စုအဆင့်ကို ကစားနေတာဖြစ်ပါတယ်။

ဒါက ၂၀၂၃-၂၄ ချန်ပီယံလိဂ်နဲ့ ပတ်သက်တဲ့ အဓိက အချက်အလက်တွေပါ။

ချန်ပီယံလိဂ်မှာ အုပ်စုအကျပ်တည်းဆုံးက ဘယ်အုပ်စုလဲ။
နယူးကာဆယ်အသင်းဟာ ပြင်သစ်ချန်ပီယံ ပဲရစ်စိန့်ဂျာမိန်း၊ အီတလီဘီလူးကြီး အေစီမီလန်နဲ့ ချန်ပီယံလိဂ်ချန်ပီယံဟောင်း ဒေါ့မွန်အသင်းတို့နဲ့အတူ အုပ်စုကျပ် (F) မှာ ကျရောက်နေပါတယ်။
စီးတီးဟာ လိုက်ပ်ဇစ်၊ Red Star ဘယ်ဂရိတ်နဲ့ ရမ်းဘွိုင်းတို့နဲ့အတူ ရင်ဆိုင်ရတာကြောင့် အုပ်စု (G) ကနေ တက်လှမ်းဖို့ အခွင့်အရေးကောင်းနေပါတယ်။

ဆဲလ်တစ်ဟာ ဖီယင်နု၊ အက်သလက်တီကို မက်ဒရစ်နဲ့ လာဇီယိုတို့ ပါဝင်တဲ့ အခွင့်သာတဲ့ အုပ်စုတခုအဖြစ် စာရွက်ပေါ်မှာ ရှိပါတယ်။
ယူနိုက်တက်အတွက် သိသာထင်ရှားတဲ့ စိုးရိမ်မှုကတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ပါပဲ။ ဒါပေမယ့်လည်း အုပ်စု (A) မှာ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့နဲ့အတူ ယူနိုက်တက်က သူတို့ ဖြတ်ကျော်ဖို့ လုံလောက်ပြီလို့ ခံစားရပါလိမ့်မယ်။
အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်တဲ့ ဆီဗီလာ၊ ပီအက်စ်ဗီနဲ့ လန်းစ်တို့ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘယ်နာမည်ကြီးကစားသမားတွေ လွဲချော်သွားတာလဲ။
ဥရောပကလပ်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး စင်မြင့်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကို မြင်တွေ့ရမယ့် အလားအလာကို နှစ်ပေါင်းများစွာ ပေးအပ်ခဲ့ပေမယ့် ဒီနှစ်ချန်ပီယံလိဂ်မှာတော့ နှစ်ယောက်လုံး ပါဝင်ခွင့်မရှိတော့ပါဘူး။

ရော်နယ်လ်ဒိုဟာ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံးနာမည်ကြီး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မက်ဆီဟာ အင်တာမီယာမီအသင်းနဲ့ အမေရိကန်မှာ ရှိနေစဉ် သူဟာ အယ်လ်-နာဆာအတွက် ကစားနေသူလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးတည်းသာ လွဲချော်တာမဟုတ်ဘဲ ဘရာဇီးလ်တိုက်စစ်မှူး နေမာနဲ့ ပြင်သစ်တိုက်စစ်မှူး ကာရင် ဘင်ဇီမာတို့ ဆော်ဒီပရိုလိဂ်မှာ ရော်နယ်လ်ဒိုနဲ့အတူ ရောက်ရှိလာတာဖြစ်ပါတယ်။ သူတို့ဟာ အယ်လ်ဟီလာနဲ့ အယ်လ်-အီတီဟတ်ဒ်အသင်းတို့မှာ အသီးသီး ပူးပေါင်းခဲ့ကြတာပါ။

ပီအက်စ်ဂျီမှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့ စီးတီးရဲ့ ဂိုးသွင်းစက် ဟာလန်တို့ စံချိန်မှတ်တမ်းတွေ ချိုးဖျက်ဖို့ ကြိုးစားနေတာနဲ့အတူ လက်ရှိနဲ့ အနာဂတ်ရဲ့ နာမည်အကြီးဆုံး ကစားသမားအချို့ကို ကျနော်တို့တွေ မြင်တွေ့ရပါသေးတယ်။

လမိုင် ရာမာလ်ဟာ စိတ်လှုပ်ရှားမှုများစွာကိုလည်း ဖြစ်စေပါတယ်။ အသက် ၁၆ နှစ်သာရှိသေးတဲ့ ဒီကစားသမားဟာ ဒီနှစ်မှာ ဘာစီလိုနာအသင်းရဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သလို စပိန်လက်ရွေးစင်အသင်းအတွက် အသက်အငယ်ဆုံး ပွဲထွက်နဲ့ ဂိုးသွင်းသူလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲတွေကို ဘယ်တော့ကစားမလဲ။

ပွဲစဉ် (၁) - စက်တင်ဘာ ၁၉-၂၀ ရက်။
ပွဲစဉ် (၂) - အောက်တိုဘာလ ၃-၄ ရက်။
ပွဲစဉ် (၃) - အောက်တိုဘာလ ၂၄-၂၅ ရက်။
ပွဲစဉ် (၄) - နိုဝင်ဘာလ ၇-၈ ရက်။
ပွဲစဉ် (၅) နိုဝင်ဘာ ၂၈-၂၉ ရက်။
ပွဲစဉ် (၆) - ဒီဇင်ဘာ ၁၂-၁၃ ရက်။

နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့် : ၂၀၂၄ ဖေဖော်ဝါရီ ၁၃-၁၄၊ ၂၀-၂၁ ရက်နဲ့ မတ်လ ၅-၆၊ ၁၂-၁၃ ရက်

ကွာတားဖိုင်နယ် - ဧပြီလ ၉-၁၀၊ ၁၆-၁၇ ရက်
ဆီမီးဖိုင်နယ်- ဧပြီလ ၃၀ ရက်၊ မေလ ၁၊ မေ ၇-၈ ရက်

ဖိုင်နယ် - ဇွန်လ ၁ ရက်

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဘယ်နေရာမှာ ကစားမလဲ။
ဒီရာသီ ဗိုလ်လုပွဲကိုတော့ ဝင်ဘာလေကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ရေပန်းစားဆုံးအသင်းတွေက ဘယ်အသင်းတွေလဲ။
Gracenote ရဲ့ ယူရိုကလပ်ညွှန်းကိန်းကို အခြေခံတဲ့ တွက်ချက်မှုအရ စီးတီးဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ထက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်ပါတယ်။
စီးတီးက အောင်ပွဲခံနိုင်ခြေ ၃၇ ရာခိုင်နှုန်း၊ ရီးယဲလ် ၁၃ ရာခိုင်နှုန်းနဲ့ ဘိုင်ယန်မြူးနစ်က ၁၁ ရာခိုင်နှုန်းနဲ့ တခြားအသင်းသစ်က ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ၁၉ ရာခိုင်နှုန်း ရှိနေပါတယ်။

စီးတီး၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ ဟာ ရှုံးထွက်အဆင့်ကို ရောက်ဖို့ အနည်းဆုံး ၉၀ ရာခိုင်နှုန်း အခွင့်အရေး ရှိပါတယ်။

ချန်ပီယံလိဂ်ပုံစံက ဘယ်တော့ ပြောင်းလဲမလဲ။
ဒါက လက်ရှိပုံစံရဲ့ နောက်ဆုံးရာသီဖြစ်ပါတယ်။ အုပ်စုအဆင့် ၃၂ သင်း၊ အုပ်စု ၈ ခုမှ အသင်း ၄ သင်းခွဲကာ ထိပ်ဆုံး ၂ သင်းက ရှုံးထွက် ၁၆ သင်းကို ရောက်ရှိတာပါ။ ၂၀၂၄-၂၅ အတွက် ကျယ်ပြန့်တဲ့ ပြောင်းလဲမှုတွေနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။

ပုံစံအသစ်မှာ ၃၆ သင်းပါဝင်မှာဖြစ်ပြီး နောက်ထပ် ၄ နေရာမှ ၂ နေရာကို ပြီးခဲ့တဲ့ ရာသီမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ကလပ်အသင်းတွေကို ပေးမယ့် နိုင်ငံတွေဖြစ်လာမှာဖြစ်ပါတယ်။
👍8🔥2
​​မင်းတိုင်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရသဖြင့် ၄ ဦး အပြင်းအထန် ဒဏ်ရာရ
=================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ် ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ချုံခိုတိုက်ခိုက်ခဲ့ရာ လေးဦးအပြင်း အထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာသို့ ရိက္ခာပို့ဆောင်ရန် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှုတွင် ပါ ဝင်ခဲ့သည့် သခင်ဒေါင်းညိုတပ်ဖွဲ့မှ ရဲဘော်ဒေါင်းညိုက ပြောသည်။

“လက်နက်ငယ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး ကျည်အင်အားနည်းလာတဲ့အတွက် လက်နက်ကြီးပစ်ကူနဲ့ဆုတ်ခွာခဲ့တယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇီးဖြူကုန်းပျူစောထီးကျေးရွာကို ရိက္ခာဖြည့်တင်းရေးအတွက် လုံခြုံရေး ယူပေးခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ဒေါင်းညိုကပြောသည်။

“မင်းတိုင်ပင်ဘုန်းကြီးကျောင်းက ဆန်အိပ် ၄၀ ကျော်နဲ့ ပြည်သူတွေရဲ့နေအိမ်တွေက ပစ္စည်းတွေကို စစ် ကြောင်းအားကိုးနဲ့ ဇီးဖြူကုန်းပျူတွေက နွားလှည်း ၁၂ စီးနဲ့ တိုက်ယူသွားတာပါ။ စစ်ကြောင်းမရှိရင် ဇီးဖြူ ကုန်းပျူတွေက အပြင်ကိုထွက်ရဲတာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးအခြေနေ တင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်၊ အိုင်းမ၊ သာယာကုန်း၊ သပြေကုန်း၊ နှော ကန်၊ ဦးနောက်၊ ငှက်ပျောတောရွာကျေးရွာများမှ ဒေသခံသောင်းနှင့်ချီကာ မိုးထဲလေထဲတွင် စစ်ရှောင်နေ ရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#မင်းတိုင်ပင်ကျေးရွာ
#ချုံခိုတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏4🤬2🔥1😁1
Media is too big
VIEW IN TELEGRAM
ကရင်နီပြည်နယ် ဒီမော့ဆိုတိုက်ပွဲမှာ PDF ၁၀၀ နီးပါး ကျဆုံးခဲ့တယ်ဆိုတဲ့သတင်းမှား ပြန့်နေပါတယ်။

အပြည့်အစုံကြည့်ရန် - https://www.mizzimaburmese.com/article/133324

#Misinformation_Buster #Fake_News #reels #shorts #old_photo
😁9👍4
စက်တင်ဘာလ (၁၈) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================

- စစ်ကောင်စီရဲ့ မူဝါဒအလွဲတွေကြောင့် စားအုန်းဆီဝယ်ယူလို့မရတဲ့အထိ အခက်အခဲဖြစ်နေတဲ့သတင်း

- မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားများကို လေဆိပ်မှာ ဒေါ်လာ နဲ့ ကျန်းမာရေးအာမခံ စစ်ဆေးတဲ့သတင်း

- ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ဓမ္မရာဇကစေတီ မိုးကြိုးခတဲ့သတင်း

- စစ်တပ်ထုတ်ကုန်တွေ ရောင်းချဖို့ စစ်ကောင်စီဖိအားပေးတဲ့ သတင်း

- ဆူဒန်နိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့သတင်းနဲ့

- တရုတ် - မြန်မာ နယ်စပ်ဖြတ်သန်းခွင့်ကတ်ဖြင့်သွားရောက်သူ တစ်ရက်ကို အနည်းဆုံး ၇၀၀ခန့်ရှိနေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/watch?v=bJ_iNFVkXEU

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1🍌1
​​အမေရိကန် အနောက်တောင်ပိုင်း၌ ပေါ်ထွက်လာသည့် အက်ကြောင်းကြီးများ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​" Aashiqui 2 "
============

Aashiqui 2 ဟာ ရိုမန်တစ်ဆန်တဲ့ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်ရှုဖို့ အကောင်းဆုံးသော အချစ်ဇာတ်လမ်း ဖြစ်ပါတယ် ။

အဆိုတော် ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး သရုပ်ဆောင် နှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အချစ်ဆိုတာ ဘာလဲဆိုတာကို ပြည့်ပြည့်၀၀ ခံစားရမယ့် ရုပ်ရှင် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ။

ဒီဇာတ်ကားလေးမှာ Rahul Jaykar ဟာ သီချင်းဆိုရတာထက် အရက်ကိုပိုစွဲလမ်းတာကြောင့် သူ့ရဲ့ ကျော်ကြားမူကို ဆုံးရူံးခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ စွဲလမ်းစိတ်ဟာ တက်သစ်စ အဆိုတော် Aarohi နဲ့ တွေ့ဆုံချိန်မှာတော့ နှလုံးသားက စည်းချက်အသစ်တစ်ခုကို တွေ့ရှိပြီး ပြိုကျပျက်စီးနေတဲ့ ဘဝကနေရုန်းထွက်ဖို့ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အားလုံးသိတဲ့ အတိုင်းပါပဲ အချစ်ဇာတ်လမ်းတိုင်းမှာ ကြေကွဲစရာဇာတ်၀င်ခန်းဆိုတာ ပါစမြဲပါ ။

Rahul ရဲ့ Aarohi အပေါ်စွဲလမ်းမှုဟာ Aarohi ရဲ့ အလုပ်အတွက် အတားအဆီးတစ်ခုဖြစ်လာချိန်မှာ....

သူမဟာ သူမရဲ့ ၀ါသနာပါတဲ့အလုပ်နဲ့ သူမ ချစ်ရတဲ့ချစ်သူ ဘယ်သူ့ကို ပိုချစ်ပြီးရွေးချယ် သွားမလဲ? ဆိုတာကို Mizzima + မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၈.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၉.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍10❤1🔥1
​​ကမ္ဘာ့ပထမဆုံး တောင်ထိပ်ပေါ်က ဥက္ကာခဲချိုင့်ကြီးအား ရှာဖွေတွေ့ရှိ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​ကိုယ်မကြားချင်တဲ့သတင်း၊ ပျော်စရာမကောင်းတဲ့ သတင်းက သတင်းဆိုးဆိုပေမယ့် သတင်းဆိုးထက် ဘာကပိုဆိုးလဲသိလား။ အချက်အလက်မမှန်တဲ့ သတင်းအတုအယောင်တွေပေါ့။

ဒါကြောင့် ကိုယ်သိလိုက်တဲ့ ကြားလိုက်တဲ့ သတင်းတွေက InforMM မှာ ပါသလို အချက်အလက်မှန်ကန်ပြီး ယုံကြည်ရတဲ့သတင်းဖြစ်ဖို့ လိုအပ်တယ်နော်။ ဘာလို့လဲဆိုတော့ InforMM နဲ့ဆို ယုံကြည်ရတဲ့ နောက်ဆုံးရသတင်းများ တစ်နေရာထဲ လွယ်လွယ်နဲ့မြန်မြန် သိလို့ရတယ်လေ။

အင်တာနက်မရှိရင်တောင် ကိုယ်သိမ်းထားတဲ့သတင်းတွေကို သူငယ်ချင်းတွေဆီ ပို့လိုရသေးတာဆိုတော့ အခုပဲ​ဒေါင်းလုပ်ဆွဲပြီး နေ့တိုင်း သတင်းဝင်ဖတ်လိုက်တော့နော်။

Google Play:
https://play.google.com/store/apps/details...

Web direct apk:
https://shorturl.at/enFGT
👍13🤮2
“မင်းအောင်လှိုင်အကြောက်ဆုံးကတော့ တပ်တွင်းပုန်ကန်မှုပဲ” (Editorial Talk)
======================

မဇ္ဈိမ

ဒီတပတ် Mizzima Editorial Talk အစီအစဉ်မှာတော့ “စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ လုံခြုံရေးကို ဘယ်လိုစီမံထားသလဲနဲ့ အားကောင်းလာတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ခေါင်းဆောင်ကို ဘယ်လောက်ထိတ်လန့်စေနိုင်လဲ” ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး မဇ္ဈိမ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။

“မင်းအောင်လှိုင်ရဲ့ ရုပ်ကိုပဲကြည့်။ တော်တော်ကြီးကို အိုစာကျသွားတယ်”

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး အဘက်ဘက်ကနေ ယိုယွင်းလာတဲ့ အခြေအနေကို ထိန်းညှိနေရတဲ့အပြင် တပ်တွင်းပုန်ကန်မှုကိုလည်း စိုးရိမ်နေရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စိတ်ဖိအားတွေကြောင့် အိုမင်းလာတာကို ရုပ်မှာ အထင်အရှားမြင်တွေ့နိုင်ပါတယ်။

https://youtu.be/_osT3eYLKUA?si=0Zz_uaTf8N2LI7_W

#Editorialtalk
#Mizzima
#မင်းအောင်လှိုင်
#တပ်တွင်းပုန်ကန်မှု
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🤣2
​​ပြင်ပဂြိုဟ်တစ်လုံး၌ မီသိန်းနှင့် ကာဘွန်ဒိုင်အောက်ဆိုက်များ ရှာတွေ့ခဲ့သည့် ဝက်ဘ်တယ်လီစကုပ်
========================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​ဂျေရုဆလင်မြို့၌ ဒရုန်းတက္ကစီအား စတင်ပျံသန်းခဲ့သည့် အစ္စရေးနိုင်ငံ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
This media is not supported in your browser
VIEW IN TELEGRAM
Sep - 18 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍8🍌2
မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေ
======================

KMN ။ ။(မဇ္ဈိမ)စစ်ကိုင်တိုင်း ၊ မြောင်မြို့နယ်မှာ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ အခြေခံပညာစာသင်ကျောင်း ၃၁ ကျောင်းက ကျောင်းသား၊ကျောင်းသူတွေ ဆရာ၊ဆရာမတွေ အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မြောင်မြို့နယ်ပညာရေးကွန်ရက် တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။

ဒီကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာသင်ဆောင်လိုအပ်ချက်၊ ပုံနှိပ်စာအုပ် စာရေးကိရယာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာ ဆရာမတွေအတွက် လုပ်ခလစာ သတ်မှတ်ပေးနိုင်ဖို့လည်း ငွေကြေးလိုအပ်ချက်ရှိတာကြောင့် ကူညီလှူဒါန်းပေးကြဖို့ မြောင်ပညာရေးကွန်ရက်က ဆိုပါတယ်။

စာသင်ကြားနေတဲ့ ကလေးငယ်တွေနဲ့ဆရာ ဆရာမတွေကို စစ်ကောင်စီက အသက်အန္တရာယ်ခြိမ်းခြောက်တာ၊ စာသင်ကြားခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ နှောက်ယှက်တာတွေရှိနေတယ်လို့ မြောင်မြို့နယ် ပညာရေးကွန်ရက်တာဝန်ခံက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/gRQ-7xxNRRI?si=s4le4VUaeU4LSqEL

#မြောင်
#ကိုယ်ထူကိုယ်ထ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥2❤1
​​စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုနှင့်အကြမ်းဖက်မှု အမျိုးသမီးနှင့် LGBTများပိုရင်ဆိုင်နေရဟုဆို
==========================

001
(မဇ္စျိမ)။ ။ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများကို အမျိုးသမီးနှင့် LGBTQI များက အမျိုးသားများထက်ပို၍ ရင်ဆိုင်နေကြရကြောင်း ညီမျှခြင်းမြန်မာ
"Equality Myanmar” က ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်” ခေါင်းစဉ်ဖြင့် အစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။

"စစ်ကောင်စီသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေတို့ကို ချိုးဖောက်နေသကဲ့သို့ အမျိုးသမီး၊ ကလေးနှင့်မသန်စွမ်းသူများ အပါအဝင် ပိုမိုအန္တရာယ်ကျရောက်လွယ်သူများပေါ် အကြမ်းဖက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာအတွက် တာဝန်ရှိနေသည်" ဟု Equality Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်ခံရမှုတွင် အရေအတွက်အားဖြင့် အမျိုးသားများပိုမိုများပြားသော်လည်း အမျိုးသမီးများနှင့် LGBTQI(လိင်စိတ်ခံယူမှုကွဲပြားသူ)များအပေါ် ခွဲခြားဆက်ဆံမှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှစ်မျိုးစလုံးကျူးလွန်မှုများကို တွေ့ရကြောင်း စစ်တမ်းကောက်ယူခဲ့သည့် Equality Myanmar သုတေသနဌာနမှ ကိုပိုင်သက်ကပြောသည်။

“တချို့ LGBT တွေသည် ဖမ်းဆီးခံရချိန်မှာ LGBT မှန်း သူတို့ကို မသိဘူး။ဒါပေမဲ့ အကျဉ်းထောင်ထဲ မရောက်ခင်မှာ ရဲစခန်းအချုပ်ထဲမှာဖြစ်ဖြစ်၊တနေရာ စစ်ကြောရေးမှာပဲဖြစ်ဖြစ် LGBT မှန်းသိတဲ့အခါအုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်တာမျိုးတွေရှိတယ်”ဟု ကို ပိုင်သက်က ဆိုသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသအချို့တွင် အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ်အသုံးပြုခြင်းမျိုးရှိပြီး မြို့ပြထက် နယ်မြို့ရှိအကျဉ်းထောင်များတွင် အမျိုးသမီးနှင့် LGBT များ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများ ပိုမို ကြုံတွေ့ရသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။
ညှင်းပန်းနှိပ်စက်မှုများတွင် အလွန်အကျွံစစ်ဆေးရှာဖွေခြင်းမှသည် မရှိမဖြစ် ကျန်းမာရေးလိုအပ်ချက်များ ခံစားခွင့်မပေးခြင်း၊ သီးခြားဖယ်ထုတ်ထားခြင်းနှင့် နှုတ်အားဖြင့် စော်ကားခြင်းတို့အထိ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Equality Myanmar အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် လက်နက်ကိုင်ခုခံတော်လှန်ရေးအုပ်စုများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဒဏ်ခံနေရသော ဒေသများရှိ အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့် ဖြစ်စဉ် ၂၆၇ ခုကို ကောက်ယူထားခဲ့ကြောင်းလည်း ဆိုထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်ကိုင်းတိုင်းတွင် ညှင်းပန်းနှိပ်စက်ခံရမှုဖြစ်စဉ် ၈၀ ဖြင့် အများဆုံးဖြစ်ပွားကာ မကွေးတိုင်းတွင် ဖြစ်စဉ် ၃၉ ခု၊ မန္တလေးတိုင်းတွင် ၃၈ ခုတို့ဖြင့် ဒုတိယနှင့် တတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
Equality Myanmar သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးပညာပေးရေးနှင့် စည်းရုံးရေးအစီအစဉ်များဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#စစ်ကောင်စီ
#ညှင်းပန်းနှိပ်စက်အကြမ်းဖက်မှု
#အမျိုးသမီးနှင့်LGBTQIများ
#Equality Myanmar
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬3😁1
စက်တင်ဘာလ (၁၈) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဘယ်လာရုစ်မှာ စစ်ကောင်စီက ကောင်စစ်ဝန်ချုပ်ရုံးဖွင့်တဲ့ အကြောင်းနဲ့အတူ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ တဆိုတဲ့သတင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ ဘယ်လာရုစ်မှာ စစ်ကောင်စီက ကောင်စစ်ဝန်ချုပ်ရုံးဖွင့်တဲ့အကြောင်းနဲ့အတူ ယူကရိန်းအတွက်အရေးပါလာနိုင်တဲ့ တောင်ကိုရီးယားလက်နက်စက်ရုံများသတင်းနှင့် အားကစားသတင်းတွေကိုလည်းကြားကြရမှာပါ။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ Mizzima Editorial Talk” အစီအစဉ် နားဆင်ရဖို့ရှိပြီးနောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/SMPgGAugvBc?si=yCD9p9GUNlM3Dv7w

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ
===================

ရွှေနွယ် (မဇ္ဈိမ)။ ။နေပြည်တော်ကောင်စီနယ်မြေအတွင်းက အေလာလေတပ်ကို KNLA သံတောင်မြောက်ပိုင်းအထူးတပ်ရင်းက ဦးစီးပြီး Shar Htoo Waw ပူးပေါင်း Droneတပ်ဖွဲ့ ပါဝင်တဲ့ ကျားသံလုံးစစ်ကြောင်းက စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်၃ နာရီလောက်က မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ကျားသံလုံးစစ်ကြောင်းက ဒီစစ်ဆင်ရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အချိန်ကာလ လဝက်လောက်ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ရတယ်လို့ စစ်ဆင်ရေးတာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

အသုံးပြုထားတဲ့ဗုံးဟာလည်း ပေါက်ကွဲအားပြင်းတဲ့ ယမ်းအမျိုးအစားတွေနဲ့ အသေအချာပြုလုပ်ထားတဲ့ ဖျက်အားပြင်း ဗုံးနှစ်လုံးကို အသုံးပြုခဲ့တာလို့ ကိုနွေဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အေလာလေတပ်ဟာ နေပြည်တော်ကောင်စီနယ်မြေ အေလာမြို့နယ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကပ်လျက်မှာ တည်ရှိတာဖြစ်ပါတယ်။

ဒီလေတပ်နဲ့ အနီးပတ်ဝန်းကျင်မှာ လေကြောင်းရန်ကာကွယ်ရေးတပ်၊ အမှတ် (၃၀၂) ခြေမြန်တပ်ရင်းလည်း တည်ရှိပါတယ်။

မဇ္ဈိမက ရှာဖွေထားတဲ့အချက်အလက်တွေအရ ဒီလေတပ်ရဲ့ အဓိကတာဝန်တွေဟာ လေကြောင်းရန်ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်တွေ စီစဉ်ပေးတာ၊ ရှာဖွေကယ်ဆေးရေးနဲ့ ကင်းထောက်ခြင်းတာဝန်တွေကို ဆောင်ရွက်ရတယ်လို့ သိရပါတယ်။

လေကြောင်းရန် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရတဲ့ လေတပ်အနီးမှာ ဗုံးနှစ်လုံးသယ်ဆောင်လာတဲ့ မောင်းသူမဲ့လေယာဉ်ပျံ့ဝဲကာ ဗုံးကြဲချတိုက်ခိုက်မှုဟာ တော်လှန်ရေးသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီတကြိမ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်နိုင်စွမ်းကို စမ်းသပ်လေ့ကျင့်တဲ့အကြိမ်သာဖြစ်ပြီး နောက်ဆက်လက်ပြီးတော့လည်း အခွင့်ကြုံရင်ကြုံသလို တိုက်ခိုက်သွားတော့မှာဖြစ်တယ်လို့ စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ တပ်ဖွဲ့က ပြောပါတယ်။

တည်းဖြတ်= ရွှေနွယ်

https://youtu.be/2Oc-LVGCKss?si=M2FWTKnoSgiStcea

#အေလာလေတပ်
#မောင်းသူမဲ့လေယာဉ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤21👍10👏4😁2