မူဆယ်နှင့် မိုးကုတ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်
======================
ခိုင်မင်းမြတ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် မိုးကုတ်မြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း TNLA က တရားဝင် ထုတ်ပြန်လာသည်။
TNLA တပ်မဟာ(၂) စစ်ဒေသ မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းရွာအနီး စစ်ကောင်စီတပ်၊ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများ ထိုးစစ်ဆင်လာသည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ထိုအောက်ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း ဆိုသည်။
ယင်းအပြင် TNLA စစ်ဒေသ (၁) ဖြစ်သည့် တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာအနီးတွင်လည်း စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ၅ နာရီထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
နေရာခြေကုက်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ(၉၉) ၊ ခမရ (၄၁၉)၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLAတို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်ကောင်စီတပ်သည် လွယ်ကျယ်လောက်တပ်စခန်းမှ ဟိုပေါ်၊ နာထမ်၊ လွယ်ပက်၊ မန်ကန်ရွာအနီးသို့ လက်နက်ကြီးဖြင့် ၆၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မူဆယ် ၁၀၅ မိုင်တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နမ့်ကတ်ရွာအနီးသို့ လက်နက်ကြီး ခြောက်ကြိမ်ပစ်ခဲ့ကြောင်း TNLA က ပြောသည်။
စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ၏ တိုက်ပွဲမှတ်တမ်းများအရ သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကုတ်မြို့နယ်၊ ကုန်းစံရွာအနီးနှင့် အထက်ညောင်ကုန်းအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
#မူဆယ်
#မိုးကုတ်
#TNLA
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၃ | VOA On Mizzima
========================
စက်တင်ဘာလ အမေရိကန် လွှတ်တော် လုပ်ငန်းတွေထဲက ဦးစားပေးလုပ်ငန်းရပ်တွေထဲမှာ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ပါဝင်၊ ပေါက်ကွဲသံတွကြားက စာသင်နေရတဲ့ မိုင်ဂျာယန်ကောလိပ်မှာ ကျောင်းသားလူငယ်တွေရဲ့ ပညာဆည်းပူးမှု အခြေအနေ၊ အပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/HOj8L9nl15U?si=Iy_pLRWFqQ8IY34k
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV

YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၃ | VOA On Mizzima
စက်တင်ဘာလ အမေရိကန် လွှတ်တော် လုပ်ငန်းတွေထဲက ဦးစားပေးလုပ်ငန်းရပ်တွေထဲမှာ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ပါဝင်၊ ပေါက်ကွဲသံတွကြားက စာသင်နေရတဲ့ မိုင်ဂျာယန်ကောလိပ်မှာ ကျောင်းသားလူငယ်တွေရဲ့ ပညာဆည်းပူးမှု အခြေအနေ၊ အပြင်…
👍11🔥1
ကန်လွှတ်တော် တလတာ ဦးစားပေးလုပ်ငန်းများ | VOA On Mizzima
=====================
ပြီးခဲ့တဲ့ ဩဂုတ်လတလလုံး ရပ်နားထားတဲ့ အမေရိကန် လွှတ်တော် လုပ်ငန်းတွေကို စက်တင်ဘာလ အစကတည်းက ပြန်လည်စတင်နေပြီး ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်တွေလည်း အတော်များများ ရှိနေပါတယ်။ ယူကရိန်းကို အကူအညီ ဆက်ပေးရေးကိစ္စ၊ သမ္မတ Joe Biden အပေါ် တရားစွဲနိုင်ခြေတွေ အပြင် ထိပ်ဆုံးက စိုးရိမ်နေကြတာကတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ဖြစ်ပါတယ်။ VOA လွှတ်တော် ဆိုင်ရာ သတင်းထောက် Katherine Gypson ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
https://youtu.be/P5-op8bst8k?si=TlY-zBKU7oRoRoqL
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ပြီးခဲ့တဲ့ ဩဂုတ်လတလလုံး ရပ်နားထားတဲ့ အမေရိကန် လွှတ်တော် လုပ်ငန်းတွေကို စက်တင်ဘာလ အစကတည်းက ပြန်လည်စတင်နေပြီး ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်တွေလည်း အတော်များများ ရှိနေပါတယ်။ ယူကရိန်းကို အကူအညီ ဆက်ပေးရေးကိစ္စ၊ သမ္မတ Joe Biden အပေါ် တရားစွဲနိုင်ခြေတွေ အပြင် ထိပ်ဆုံးက စိုးရိမ်နေကြတာကတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ဖြစ်ပါတယ်။ VOA လွှတ်တော် ဆိုင်ရာ သတင်းထောက် Katherine Gypson ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
https://youtu.be/P5-op8bst8k?si=TlY-zBKU7oRoRoqL
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကန်လွှတ်တော် တလတာ ဦးစားပေးလုပ်ငန်းများ | VOA On Mizzima
ပြီးခဲ့တဲ့ ဩဂုတ်လတလလုံး ရပ်နားထားတဲ့ အမေရိကန် လွှတ်တော် လုပ်ငန်းတွေကို စက်တင်ဘာလ အစကတည်းက ပြန်လည်စတင်နေပြီး ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်တွေလည်း အတော်များများ ရှိနေပါတယ်။ ယူကရိန်းကို အကူအညီ ဆက်ပေးရေးကိစ္စ၊ သမ္မတ Joe Biden အပေါ် တရားစွဲနိုင်ခြေတွေ အပြင် ထိပ်ဆုံးက…
👍11🔥1👏1
ယမ်းငွေ့ကြားက ပညာရေး | VOA On Mizzima
=================
မြန်မာစစ်ကောင်စီတပ်ရဲ့ မတရားညှင်းပန်းဖိနှိပ်မှုတွေကို အမြဲခံစားကြရတဲ့ တိုင်းရင်းသားဒေသက လူငယ်တွေရဲ့ပညာရေးဟာ ရှေ့ဆက်လို့မရနိုင်လောက်တဲ့ အနေအထားတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ယမ်းငွေ့တွေ စစ်ရေးပဋိပက္ခရဲ့ ပေါက်ကွဲသံတွေကြားက စာသင်နေရတဲ့ အခက်အခဲက ဘယ်လောက်ရှိနေပါလဲ။ ကချင်ပြည် KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကောလိပ်မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားလေးတွေနဲ့ ကျောင်းတာဝန်ရှိသူကို မခင်လေးက ဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/Q1bbCSKt548?si=na4VwTmXWLGh9tg9
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မြန်မာစစ်ကောင်စီတပ်ရဲ့ မတရားညှင်းပန်းဖိနှိပ်မှုတွေကို အမြဲခံစားကြရတဲ့ တိုင်းရင်းသားဒေသက လူငယ်တွေရဲ့ပညာရေးဟာ ရှေ့ဆက်လို့မရနိုင်လောက်တဲ့ အနေအထားတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ယမ်းငွေ့တွေ စစ်ရေးပဋိပက္ခရဲ့ ပေါက်ကွဲသံတွေကြားက စာသင်နေရတဲ့ အခက်အခဲက ဘယ်လောက်ရှိနေပါလဲ။…
👍9🔥1
စစ်အုပ်ချုပ်ရေးအောက်မှာ ၂၄ နာရီ မီးရဖို့ မျှော်လင့်မနေနဲ့
===================
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ဆုတ်ယုတ်မှုဟာ တစ်နေ့တခြားဆိုးသထက်ဆိုးလာ နေတာဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့လျှပ်စစ်ကဏ္ဍဟာလည်း ရှေ့ဆုံးကရှိနေခဲ့ ပါတယ်။ စစ်အာဏာသိမ်းချိန်ကခုခံတော်လှန်တဲ့ပြည်သူတွေကိုဒုက္ခပေးဖို့အတွက် မီးလိုက်ဖြတ်တဲ့အဆင့်ကနေ အခုတော့မိုးတွင်းမှာတောင် နာရီခြားပြီး အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ဘဝရောက်နေတာပါ။ တချို့မြို့နယ်တွေမှာဆိုရင် မီးလာချိန်အဖြစ်သတ်မှတ်ထားတဲ့အချိန်တွေမှာတောင် မီးမလင်းပဲဖြစ်နေတာပါ။
https://youtu.be/KeQgQhKX1-Y?si=84islrPmBWaXblyS
#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ဆုတ်ယုတ်မှုဟာ တစ်နေ့တခြားဆိုးသထက်ဆိုးလာ နေတာဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့လျှပ်စစ်ကဏ္ဍဟာလည်း ရှေ့ဆုံးကရှိနေခဲ့ ပါတယ်။ စစ်အာဏာသိမ်းချိန်ကခုခံတော်လှန်တဲ့ပြည်သူတွေကိုဒုက္ခပေးဖို့အတွက် မီးလိုက်ဖြတ်တဲ့အဆင့်ကနေ အခုတော့မိုးတွင်းမှာတောင် နာရီခြားပြီး အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ဘဝရောက်နေတာပါ။ တချို့မြို့နယ်တွေမှာဆိုရင် မီးလာချိန်အဖြစ်သတ်မှတ်ထားတဲ့အချိန်တွေမှာတောင် မီးမလင်းပဲဖြစ်နေတာပါ။
https://youtu.be/KeQgQhKX1-Y?si=84islrPmBWaXblyS
#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်အုပ်ချုပ်ရေးအောက်မှာ ၂၄ နာရီ မီးရဖို့မျှော်လင့်မနေနဲ့
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ဆုတ်ယုတ်မှုဟာ တစ်နေ့တခြားဆိုးသထက်ဆိုးလာ နေတာဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့လျှပ်စစ်ကဏ္ဍဟာလည်း ရှေ့ဆုံးကရှိနေခဲ့ ပါတယ်။ စစ်အာဏာသိမ်းချိန်ကခုခံတော်လှန်တဲ့ပြည်သူတွေကိုဒုက္ခပေးဖို့အတွက်…
👍17🔥1😁1
မြေပြိုကျမှုဖြစ်စဉ် “ပုံပြရုပ်သံ” | VOA On Mizzima
====================
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ မိုးများတာ၊ မုန်တိုင်းတိုက်တာလို သဘာဝဘေးဒဏ်တွေ၊ ကျောက်တူးတာ၊ အဆောက်အဦးဆောက်လုပ်တာလို လူလုပ်အန္တရာယ်တွေကြောင့် မြေပြိုကျပြီး အသက်တွေ ဆုံးရှုံးတဲ့အထိ အန္တရာယ်ကြီးမားနိုင်ပါတယ်။ မြေပြိုကျတဲ့ ဖြစ်စဉ်အကြောင်း AFP ပုံပြရုပ်သံမှာ ရှုစားနိုင်ပါတယ်။
https://youtu.be/RTPs8nUqjKc?si=ofRZjkPV86U_fPlh
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ မိုးများတာ၊ မုန်တိုင်းတိုက်တာလို သဘာဝဘေးဒဏ်တွေ၊ ကျောက်တူးတာ၊ အဆောက်အဦးဆောက်လုပ်တာလို လူလုပ်အန္တရာယ်တွေကြောင့် မြေပြိုကျပြီး အသက်တွေ ဆုံးရှုံးတဲ့အထိ အန္တရာယ်ကြီးမားနိုင်ပါတယ်။ မြေပြိုကျတဲ့ ဖြစ်စဉ်အကြောင်း AFP ပုံပြရုပ်သံမှာ ရှုစားနိုင်ပါတယ်။
https://youtu.be/RTPs8nUqjKc?si=ofRZjkPV86U_fPlh
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြေပြိုကျမှုဖြစ်စဉ် “ပုံပြရုပ်သံ” | VOA On Mizzima
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ မိုးများတာ၊ မုန်တိုင်းတိုက်တာလို သဘာဝဘေးဒဏ်တွေ၊ ကျောက်တူးတာ၊ အဆောက်အဦးဆောက်လုပ်တာလို လူလုပ်အန္တရာယ်တွေကြောင့် မြေပြိုကျပြီး အသက်တွေ ဆုံးရှုံးတဲ့အထိ အန္တရာယ်ကြီးမားနိုင်ပါတယ်။ မြေပြိုကျတဲ့ ဖြစ်စဉ်အကြောင်း AFP ပုံပြရုပ်သံမှာ…
👍6🔥2
Mizzima needs your support!
Independent media is under threat in Myanmar. Journalists have been arrested, detained, and even killed for their work.
Donate now and stand with us!
https://bit.ly/2VhJ12U
For more information:
https://donate.mizzima.com/
#supportmizzima

👍8🤮1
စက်တင်ဘာလ ၁၉ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိနောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
===================
https://youtu.be/s3JjKFKAJHo?si=8ZoI0kK5XifWpS1g
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
https://youtu.be/s3JjKFKAJHo?si=8ZoI0kK5XifWpS1g
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ ၁၉ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိနောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
စက်တင်ဘာလ ၁၉ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိနောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

👍8🔥1
တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာ
===============
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းကတော့ နေပြည်တော်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာ - တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက် ပြီးဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဟာ အာရှရေးရာအထူးကိုယ်စားလှယ် တာဝန်ကို ဆွန်ကော်ရှန် နေရာမှာ အစားထိုး ယူလိုက်သည့်အချိန်မှာပဲ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတုန်းကလည်း မြန်မာနိုင်ငံကို ထပ်မံ ရောက်ရှိခဲ့ကာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
တတိယအကြိမ်ကတော့ စစ်ခေါင်းဆောင် အာဏာသက်တမ်းဆက်တိုးဖို့ပြင်နေတဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးခါနီးမှာပဲ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံချိန်မှာ မြန်မာထဲရှိနေတဲ့ အွန်လိုင်းအသုံးချလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေနဲ့ ဆက်စပ်တဲ့ရာဇဝတ်မှုတွေဟာ မြန်မာနယ်စပ်မှာ ဆက်လက်ပျံ့နှံ့နေလို့ ဒီလုပ်ငန်းတွေကို အစွမ်းကုန်နှိမ်နင်းဖို့ နဲ့ ဥပဒေနဲ့ အညီအမြစ်ဖြတ် အရေးယူဖို့အထိ စစ်ကောင်စီက လုပ်ဖို့ ဖိအားပေး ဆွေးနွေးခဲ့တာပါ။
ဒါ့အပြင် တရုတ်နဲ့နယ်ချင်းစပ် နယ်စပ်တွေမှာအခြေချတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေနဲ့လည်း မကြာမကြာ ထိစပ်တွေ့ဆုံနေသူတဦးလည်းဖြစ်ပါတယ်။
အခုရောက်ရှိလာတဲ့အချိန်ကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်ကိစ္စနဲ့ပတ်သက်လို့ မကြာခင် ထပ်မံဆုံးဖြတ်ရတော့မယ့်အချိန်မှာ တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အခုလို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒါ့ကြောင့် မစ္စတာတိန့်ရှီကျွင်း နဲ့ နေပြည်တော် သံတမန်လမ်းကြောင်းပေါက်နေတာ ၃ လခြားတခါ နဲ့ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ပြောရမှာပါ။
အခု လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီ ကိုယ်စားလှယ်သစ်ခန့်အပ်မှုကိစ္စ ပြန်ပြီးဆွေးနွေးဖွယ်ရှိတာမို့ ဒေသတွင်းအင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကလည်း အရေးပါလာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်ကောင်စီဖက်က အဆိုပြုတဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ကုလသမဂ္ဂကလက်မခံဘဲ ကိုယ်စားလှယ်သစ် ခန့်အပ်မှု ဆိုင်းငံ့ထားတာကြောင့် စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ဦီးဆောင်တဲ့ အရပ်သားအစိုးရကိုပဲ ကိုယ်စားပြုတဲ့ဦးကျော်မိုးထွန်းကပဲ မြန်မာသံအမတ်ကြီးအဖြစ်ဆက်ရှိနေတာဖြစ်ပါတယ်။
https://youtu.be/k9IcGY6uqj0?si=uOoX6m81bk_xiEcA
#politicalnews
#mizzima

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းကတော့ နေပြည်တော်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။…
🤮12👍5❤1🔥1🖕1
စက်တင်ဘာလ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
===============
−တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိလာတဲ့သတင်း
− အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ကြောင်း
−မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေတဲ့သတင်းနဲ့
− စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုနှင့်အကြမ်းဖက်မှုကို အမျိုးသမီးနဲ့ LGBT တွေပိုရင်ဆိုင်နေရတဲ့အကြောင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/mLxZFUwgujU?si=MBiF6U-zDD2yuQuW
#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
−တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိလာတဲ့သတင်း
− အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ကြောင်း
−မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေတဲ့သတင်းနဲ့
− စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုနှင့်အကြမ်းဖက်မှုကို အမျိုးသမီးနဲ့ LGBT တွေပိုရင်ဆိုင်နေရတဲ့အကြောင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/mLxZFUwgujU?si=MBiF6U-zDD2yuQuW
#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:57 − တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိလာတဲ့သတင်း
13:13 − အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ကြောင်း
07:20 − မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေတဲ့သတင်းနဲ့
11:13 − စစ်ကောင်စီရဲ့ ညှ…

👍13🍌1
ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံး
================
ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်သတင်းတပ်ဖွဲ့(SB)တာဝန်ခံ ရဲအုပ်မြင့်လွင်အား ရေးဘီလူးအဖွဲ့မှ ပစ် ခတ်ခဲ့ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ရေးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရဲအုပ် မြင့်လွင် အိမ်စီးကားဖြင့်တဦးတည်းထွက်ခွာလာစဉ် ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာ တွင် သေဆုံးခဲ့ကြောင်း သိရသည်။
“စကခ(၁၉)လက်အောက်ခံ SB ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့အရာရှိကို ကျနော်တို့ ရှင်းလင်းလိုက် တာဗျ။ ရုံးကအထွက် လမ်းခုလတ်မှာ ကျနော်တို့ M4 အရှည်နှစ်လက်နဲ့စောင့်ပစ်တာပါ” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
ရဲအုပ်မြင့်လွင်အားပစ်ခတ်ရန် လိုအပ်သည့်အချက်အလက်များနှင့် မြို့တွင်း အဝင်အထွက်လမ်းများကို ကြိုတင်လေ့လာရန် အချိန်များစွာပေးခဲ့ရပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်သည်။
ရေးမြို့အတွင်းသို့ M4 သေနတ်အရှည်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်း၌ အရပ် ဝတ်ဖြင့်သွားလာနေသည့် စစ်ကောင်စီလက်တပ်ဖွဲ့ဝင်များကိုလည်း အချိန်မရွေး နေရာမရွေး ပစ်ခတ်နိုင် ကြောင်းလည်း ရေးဘီလူးအဖွဲ့မှ သတိပေးထားသည်။
“မွန်ပြည်နယ်ထဲမှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကုန်လုံးကို အချိန်မရွေး နေရာ မရွေး ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ဝင်ရောက်ရှင်းလင်းနိုင်တယ်ဆိုတာကို ပြည်သူတွေကို ချပြတာ ဖြစ်ပါတယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ချက်ရုပ်သံ၌ ပြောထားဆိုသည်။
ရေးမြို့နယ်သည် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ စစ်ကောင်စီထောက်တိုင်များ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး တပ်စခန်းများ၊ ကင်းစခန်းများနှင့် ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် ရေးမြို့နယ်အခြေစိုက် ခလရ(၆၁) တပ်ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ စက်တင်ဘာလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အလားတူ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ (၅၈၃) နှင့် ခမရ (၅၉၁)တပ်စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒု ဗိုလ်တဦး၊ ဒုတပ်ကြပ် တဦး၊ ရဲဘော်တဦးနှင့် စစ်သား၏ဇနီးတဦး သေဆုံးခဲ့ကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စာတည်း။ ။စောဖေ
#မွန်ပြည်နယ်
#ရေးဘီလူးအဖွဲ့
#သတင်းတပ်ဖွဲ့တာဝန်ခံ
ဓါတ်ပုံ-ရေးဘီးလူးအဖွဲ့

❤17👍8🔥2👏1
ရှီကျင့်ဖျင်ကို အာဏာရှင်အဖြစ်ပြောဆိုခဲ့တဲ့ ဂျာမနီဝန်ကြီးရဲ့မှတ်ချက်အပေါ် တရုတ်ဒေါသတကြီးတုံ့ပြန်
====================
https://youtu.be/5sEEcXTO5WQ?si=j55AI_6-psYNjDyV

ရှီကျင့်ဖျင်ကို အာဏာရှင်အဖြစ်ပြောဆိုခဲ့တဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့မှတ်ချက်အပေါ် တရုတ်ဒေါသတကြီးတုံ့ပြန်
#Internationalnews
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

😁13👏2
ပူတင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောဆိုပြီး ရုရှားခရီးစဉ်ကို ကင်ဂျုံအန်အဆုံးသတ်
=======================
https://youtu.be/LuIVjkXfvKI?si=5HNcy5c0Rjn9SG7R

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…

😁13❤1
ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၁၀၃ စင်းပျံသန်းခဲ့ကြောင်းတွေ့ရှိရ
====================
https://youtu.be/gPmN0BFWPOM?si=SG-7dlR5tfo79e38

👍9🔥2
Media is too big
VIEW IN TELEGRAM
ရှီကျင့်ဖျင်ကို အာဏာရှင်အဖြစ်ပြောဆိုခဲ့တဲ့ ဂျာမနီဝန်ကြီးရဲ့မှတ်ချက်အပေါ် တရုတ်ဒေါသတကြီးတုံ့ပြန်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

😁9👍3👏1
စဥ့်ကူးတွင် အမျိုးသမီး ၂ ဦးအပါအဝင် စားသောက်ဆိုင်ပိုင်ရှင် ၄ ဦး အသတ်ခံရ
=====================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာတွင် အမျိုးသမီးနှစ်ဦးအပါအဝင် စားသောက် ဆိုင်ပိုင်ရှင် လေးဦးအသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာမှ၊ မြနန်းဟေမန် စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်နှင့်ဇနီးဒေါ်သဲနုငယ်၊ ကုဋေစုစားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်း နှင့်ဇနီးဒေါ်လွင်လွင်ဌေးတို့ကို ပျူစောထီးအဖွဲ့ဦးဆောင်သော လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“အငြိုးနဲ့ဝင်သတ်သွားတာ။ ပျူစောထီးငနိုင်ရဲ့သား ပစ်ခတ်ခံရတဲ့ကိစ္စမှာ အဲဒီဆိုင်ရှင်တွေက PDF ကို သတင်းပေးလို့ဆိုပြီး လုပ်သွားတာ။ ကိုသိန်းဇော်ကို ဆိုင်ထဲတင်ပစ်သတ်ခဲ့ပြီး သူ့မိန်းမနဲ့ ဦးခင်မောင်ချင်း တို့လင်မယားကို ဖမ်းခေါ်သွားပြီး လမ်းဘေးမှာသတ်ခဲ့တာ။ ညသန်းခေါင်ကျော်အချိန်ကြီး ဝင်လုပ်သွား တာ” ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။
အခင်းဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံများ၏ပြောကြားချက်အရ သြဂုတ်လ ၂၅ ရက်နေ့က မြနန်းဟေမန် စားသောက်ဆိုင်တွင် စားသောက်နေသည့် ရေတော်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်ငနိုင်၏သားဖြစ် သူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်အပေါ် ကျေနပ်မှုမရှိ သည့်ငနိုင်နှင့်အဖွဲ့က အဆိုပါဆိုင်နှစ်ဆိုင်သို့ရောက်ရှိလာပြီး မြနန်းဟေမန်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်ကို ဆိုင်အတွင်း ပစ်သတ်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူနှင့် ကုဋေစုစားသောက်ဆိုင်ပိုင်ရှင်လင်မယားကို ဖမ်းဆီးခေါ် ဆောင်သွားပြီး၊ ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင်သတ် ဖြတ်ကာ အလောင်းများအား စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ငနိုင်ရဲ့သား အပစ်ခံရတဲ့ကိစ္စမှာ သူတို့ကသတင်းပေးလို့ဆိုပြီးလုပ်သွားတာ။ တကယ်က အဲဒီမိသားစု တွေက ခပ်အေးအေးတွေရယ်။ ဆိုင်ကိုပါ ပြဿနာထဲဆွဲထည့်ချင်လို့ သက်သက်လုပ်သွားတာလို့ ယူဆ တယ်” ဟု အခြားဒေသခံတဦးကလည်း ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
စာတည်း။ ။စောဖေ
#မန္တလေးတိုင်း
# စဥ့်ကူးမြို့နယ်
#ပျူစောထီး

🤬14👍4❤1😢1
This media is not supported in your browser

😁8👍3