Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာ

Watch more detail - https://youtu.be/k9IcGY6uqj0

#reels #shorts #politicalnews #mizzima #mizzimanews
🤮7❤3🖕2
​​ပုလောမြို့နယ် မြဒေါင်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ၇ ဦးကျဆုံးပြီး ၆ ဦးပျောက်ဆုံး နေဟုဆို
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စု မြဒေါင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးကာ ခြောက်ဦး ပျောက်ဆုံးနေကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)မှ သိရသည်။

မြိတ်ခရိုင် တပ်ရင်း(၁)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “မနေ့က တိုက်ပွဲနဲပတ်သက်ပြီး အခြေအနေတွေ မတည်ငြိမ်သေးလို့ မြိတ်ခရိုင်တပ်ရင်းကနေ သီးခြား သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေး ပါဘူး။ ကနဦး သတင်းတွေ အရကတော့ ရဲဘော် ခုနစ်ဦး ကျတယ်၊ ခြောက်ဦးလောက်က အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတာမျိုးတော့ ရှိတယ်”ဟု ပြောသည်။

ယခုကဲ့သို့ PDF ရဲဘော်များ အစုလိုက်အပြုံလိုက် ထိခိုက်ကျဆုံးမှုသည် ကျည်ကုန်ချိန်၌ ဝင်ရောက် စီးနင်း ခံလိုက်ရသည်ဟု ကောက်ချက်ချလို့ရကြောင်း ကိုအာနိုးကဆိုသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၄ ရက်နေ့ စပြီး စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိတွင် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုအတွင်းမှ လက္ကူး၊ မှော်ကြောင်း၊ တိုကျေးရွာအုပ်စုမှ ပိတပ်နှင့် မြဒေါင်ရွာတို့တွင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ရွာတွေအတော်များများမှာ လူတွေမရှိတော့ဘူး။ တတ်နိုင်တဲ့သူတွေက မြို့ပေါ်တက်ရှောင်နေကြတယ်။ ငွေကြေးအခက်အခဲရှိတဲ့သူတွေကတော့ ရွာတွေမှာ ဆယ်ဂဏန်းဝန်ကျင်လောက် ကျန်နေပါသေးတယ်” ဟု လက္ကူးကျေးရွာမှ စစ်ရှောင်အမျိုးသားတဦးက ပြောသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စု၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှငါးဦး သေဆုံးပြီး၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ရှစ်ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုများကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ပြီး နေအိမ် အလုံး ၂၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တိုက်ပွဲတွင် PDF ၁၄ ဦး ကျဆုံးခဲ့ပြီး M4 ငါးလက်၊ M16 တလက်၊ AK တလက် နှင့် ကျည်အိမ်ခုနစ်ခု သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြနေကြသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#လက္ကူးကျေးရွာအုပ်စု
#မြဒေါင်ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍3🤣2❤1
Media is too big
VIEW IN TELEGRAM
မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်

Watch more detail - https://youtu.be/qALSZRhR7eU

#reels
#shorts
#politicalnews
👍11🔥2
စက်တင်ဘာလ (၁၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

04:10 - မူဆယ်နဲ့ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ သတင်း

01:00 - တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာတဲ့သတင်း

05:44 - ဘယ်လာရုစ်မှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်တဲ့ သတင်းနဲ့

09:30 - ပူတင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောဆိုပြီး ရုရှားခရီးစဉ်ကို ကင်ဂျုံအန်အဆုံးသတ်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2uU2_jXemu4?si=RKpMex23LBX_DR7g

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​နေရှင်နယ်လိဂ်မြက်ခင်းစိမ်းတွေပေါ်ကနေ ပျောက်သွားတဲ့နိုက်ဂျီးရီးယားကစားသမားများ
=======================

ထွန်းမောင်(စမ်းချောင်း)

‘’အဖေနဲ့ပြန်ဆုံဆည်းရဖို့စောင့်နေတယ် ‘’ဆိုပြီး မီဒီယာတွေမှာ ဖွင့်ဟပြောလာတာကတော့ မြန်မာနေရှင်နယ်လိဂ်မှာ ဘောလုံးလာကစားခဲ့ပြီး ပြန်သွားတဲ့ နိုက်ဂျီးရီးယားနိုင်ငံသား ဘောလုံးသမားနဲ့ မြန်မာလူမျိုးမိခင်တို့က မွေးဖွားလာခဲ့တဲ့ ကလေးငယ်တဦးရဲ့ စကားသံတွေပဲ ဖြစ်ပါတယ်။

ဒီ မိန်းကလေးငယ်ကို လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကျော်လောက်မှာ မြန်မာနေရှင်နယ်လိဂ် ချင်းယူနိုက်တက်မှာ ဘောလုံးလာကစားနေရင်း ဂိုက်လုပ်ပေးတဲ့ မြန်မာနိုင်ငံအမျိုးသမီးတဦးနဲ့ မေတ္တာမျှကြပြီး သမီးကလေးကိုမွေးဖွားခဲ့ကာ အဆိုပါနိုက်ဂျီးရီးယားနိုင်ငံသားက ကလေးငယ် တနှစ်သမီးအရွယ်မှာ သူ့နိုင်ငံကိုပြန်သွားခဲ့တာဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေကိုတွေ့ပြီး နေရှင်နယ်လိဂ်မှာကစားနေတဲ့ နိုက်ဂျီးရီးယားဘောလုံးကစားသမား ဘယ်နှစ်ယောက်များ မြန်မာမလေးတွေနှင့်မေတ္တာမျှပြီး ကပြားကလေးတွေမြန်မာနိုင်ငံမှာ ဘယ်နှစ်ယောက်များ ထား ခဲ့မလဲဆိုပြီး စိတ်ဝင်တစားလေ့လာကြည့်တဲ့အခါမှာ နိုက်ဂျီးရီးယားဘောလုံးကစားသမားတွေအားလုံးက မြန်မာနေရှင်နယ်လိဂ်မြက်ခင်းစိမ်းတွေကနေ ပျောက်ကွယ်ပြီလည်းဖြစ်ပါတယ်။

‘’မရှိတော့ဘူးဗျ၊ နိုက်ဂျီးရီးယားပလေယာတွေအားလုံးကို ဒီနှစ် ၂၀၂၃/၂၄ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့စထဲက နှင်ထုတ်လိုက်ပြီ ။အားလုံးပြန်သွားကြပြီ’’ ဟု ကလပ်အသင်းမှ တာဝန်ရှိသူတဦးဆိုပါတယ်။

၂၀၀၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ စတင်ပြီးမြန်မာ နေရှင်နယ်လိဂ် ပရိုစနစ်ဖြင့် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို မေလအတွင်း စတင်ကျင်းပခဲ့ကြပါတယ်။

စတင်ကျင်းပချိန်က ပြည်ပမှကစားသမားအမြောက်အမြားကို ခေါ်ယူကစားတဲ့အခါမှာ နိုက်ဂျီးရီးယား၊ ဂါနာ၊ လိုက်ဘေးနီးယားနှင့် ကင်မရွန်းကစားသမားများ လာရောက်ကစားကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီထဲကမှ နိုက်ဂျီးရီးယားကစားသမားများကို အသင်းငယ်တွေထဲမှာ အများအပြားတွေ့လာရပါတော့တယ်။

‘’ကျွန်တော်တို့ အသင်းတွေက ပြည်ပကစားသမားခေါ်ယူတဲ့အခါမှာ (၃) အပေါင်း(၁)ခေါ်ယူခွင့်ရှိတယ်။ အာရှသားတယောက်ဖြစ်ရမယ်။ ကျန်တာကတော့ ကစားသမား သုံးဦး ကြိုက်တဲ့နိုင်ငံကခေါ်ပေါ့။ တကယ်တန်းပွဲကစားတဲ့အခါမှာတော့ ပြည်ပကစားသမား သုံးယောက်ပဲ ကန်ခွင့်ရှိတယ်။အဲဒီမှာ အာရှသားတွေက ဈေးကြီးတယ်ဗျ၊ အသင်းတွေက မခေါ်နိုင်ဘူး၊ ဒီတော့ အာဖရိကကစားသမားတွေထဲမှာတောင် နိုက်ဂျီးရီးယားတွေ ဈေးပေါတယ်။ တလကို ဒေါ်လာ ၅၀၀ လောက် လစာပေးရင်ကိုရနေပြီဗျ။နောက်ပြီးတော့ မြန်မာနေရှင်နယ်လိဂ်(၂)ဆိုရင် နိုက်ဂျီးရီးယားကစားသမားတွေကို လစာမပေးတော့ဘဲ တပွဲကစားပေးရင် ၇၀,၀၀၀ ပေးတယ်၊ မြန်မာငွေပေါ့။ ဒီလိုပဲခေါ်သုံးကြတာ’’ ဟုလည်း အဆိုပါအသင်းတာဝန်ရှိသူတဦးက ပြောတာပါ။

ဒီလိုကစားသမားလခဈေးပေါတဲ့ နိုက်ဂျီးရီးယားပလေယာများက မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အခါမှာ ဘောလုံးကစားတာအပြင် ဒုစရိုက်မှုများပါ ကျူးလွန်လာတာကိုတွေ့ရပါတယ်။ ATMစက်များမှာ ငွေလိမ်ထုတ်မှု၊ ဘဏ်ကဒ်အတုများပြုလုပ်ပြီး ငွေထုတ်မှု၊ လိုင်းပေါ်မှနည်းမျိုးစုံဖြင့်ငွေလိမ်မှုများကို လုပ်ဆောင်လာကြတာကိုလည်း တွေ့ရှိရပါတော့တယ်။

‘’ဆိုးတာမှတော်တော်ဆိုးတယ်ဗျ၊ ဒီကောင်တွေ၊ အကြောက်အလန့်လည်းမရှိဘူး၊ ကျွန်တော်တို့ သမိုင်းမုဒိတာအိမ်ရာမှာဆိုရင် ဒီကောင်တွေအုပ်စုလိုက် နေကြတယ်။ အခန်းတခန်းငှားပြီး နှစ်ယောက်လောက်ပဲ ဘောလုံးကန်ကြတာ၊ ကျန်တာတွေက ဘာမှမလုပ်ကြဘူး၊ ညနေဘက်ဆိုရင်လည်းအလုပ်ပြန်လာကြတဲ့ မိန်းကလေးတွေကို စနောက်ကြတယ်၊ အခန်းတွေကိုလည်း မကောင်းတဲ့အမျိုးသမီးတွေ ခေါ်ပျော်ပါးကြတယ်။ ပတ်ဝန်းကျင်ကတိုင်ရင်လည်း အရေးယူမှုတွေ မလုပ်တော့ဘူး၊ အခုတော့ သူတို့တွေပျောက်သွားကြတာ။ ဘယ်ရောက်နေကြလဲ မသိတော့ဘူး’’ဟုလည်း မုဒိတာအိမ်ရာဝန်းထဲမှ သူတဦးကဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ်အသင်းများ ပြန်လည်စတင်ပြီး ပထမကျော့အထိ နိုက်ဂျီးရီးယားကစားသမားများ ပါဝင်ကစားနေပြီး၊ ဒုတိယအကျော့ မရောက်ခင် မြန်မာနေရှင်လိဂ်အသင်းတွေမှာ ကစားနေကြသည့် နိုက်ဂျီးရီးယားကစားသမားများအားလုံး ပြန်လည်နှင်ထုတ်လိုက်တာဖြစ်တယ်ဟုလည်း သိရပါတယ်။

‘’အကြောင်းအမျိုးမျိုးတော့ရှိမှာပေါ့နော်။ နိုက်ဂျီးရီးယားကစားသမားတွေကိုပဲ ရွေးပြီးနှင်ထုတ်တဲ့သဘောဖြစ်နေတယ်။ ကျန်တဲ့ အာဖရိကန်ကစားသမားတွေရှိနေတာပဲ၊ သူတို့ကိုကျ နှင်မထုတ်ဘူးလေ။ တချို့အာဖရိကန်ကစားသမားတွေဆိုရင် မြန်မာမတွေနဲ့ယူပြီး ကလေးတွေတောင်တော်တော်လေးကြီးနေကြပြီ၊ သူတို့ကျတော့ ဆက်ကျန်နေသေးတယ်’’ဟုလည်း နေရှင်နယ်လိဂ်ကစားသမားတဦးထံမှ သိရပါတယ်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ်အသင်းများအနေဖြင့် ပရိသတ်မရှိဘဲ ကစားနေကြရပြီး တချို့အသင်းပိုင်ရှင်များအနေဖြင့် နေရှင်နယ်လိဂ်အသက်ရှင်ရုံအဖြစ်သာ ပွဲအဖြစ်ကစားနေရတယ်လို့လည်း သိရပါတယ်။
👍5🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းအစိုးရက ပျောက်ဆုံးနေတဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ရှာဖွေနေ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Taiwan
👍6😁1
Afghan farmers harvest their crops with no guarantee of making ends meet
=====================

Afghan farmers harvest apples and grapes in the eastern province of Ghazni, with bittersweet feelings: the yield this year has been better than last year thanks to better weather, but a lot of their products are sold in Pakistan where a weaker currency translates in lesser gains for them. The farmers "are barely surviving", says farmer Nasrat Ahmadi. Afghanistan's economy, already battered by decades of war, has been mired in crisis after billions of dollars in international aid were cut following the Taliban goverment's takeover in August 2021.

https://youtu.be/YR4Nl1OmV2M?si=hbNeVuUXemv4ljcQ

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍1
​​မယ်စဲ့တွင် ဖမ်းမိသည့် တပ်မိသားစုဝင်များကို DMO PDF ပြန်လွှတ်ပေး
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ထိုင်း- ကရင်နီ နယ်စပ်တွင် ဖြစ်ပွါးသည့် မယ်စဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာစဉ် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒီးမော့ဆို PDF တာဝန်ရှိသူက မဇ္စျိမကို အတည်ပြုသည်။

မယ်စဲ့မြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ်၊ ဒုတပ်ကြပ်နှင့် စစ်ကောင်စီတပ်သား မိသားစုဝင်များကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သုံးလအကြာထိန်းသိမ်းခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် မယ်စဲ့မြို့နယ် ရဲစခန်းအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြောင့် ရဲနှင့် စစ်သား မိသားစုဝင်များအပါအဝင် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထွက်ပြေးတိမ်းရှောင်ကြသည့် အထဲတွင် မယ်စဲ့ရဲစခန်းမှ တပ်ကြပ်ကြီး၏ ဇနီး၊ နှစ်နှစ်အရွယ်ကလေးငယ်၊ သားတဦးနှင့် သမီးသုံးဦး၊ ဒုတပ်ကြပ် ဇနီးတဦး၊ စစ်ကောင်စီတပ်သား ဇနီးနှင့် သား စုစုပေါင်း ကိုးဦးကို ဇွန်လ ၁၆ ရက်နေ့တွင် ဒီးမော့ဆိုPDF က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

“တပ်ကြပ်ကြီးရဲ့ မိသားစုက ခြောက်ယောက်၊ သူ့ရဲ့ အငယ်ဆုံးကလေးက နှစ်နှစ်ပဲ ရှိသေးတယ်၊ နောက် ရိုးရိုးရဲဘော်တပ်သားရဲ့ အမျိုးသမီးနဲ့ နှစ်နှစ်သားလေးပါတယ်၊ အဲ့ဒီ တပ်သားကတော့ မယ့်တနွယ်တိုက်ပွဲမှာ ကျသွားတယ်ကြားတယ်၊ သေချာတော့ အတည်မပြုနိုင်ဘူးဗျ၊ ခု သူတို့ အမျိုးသားတွေအကုန်လုံးကတော့ တိုက်ပွဲမှာ ကျကုန်ပြီ” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

ထိုရဲနှင့် စစ်သား မိသားစုဝင်များအား ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ လုံခြုံသည့် စခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိကြောင်း ဒီးမော့ဆို PDF က ပြောသည်။
“သာမာန် အရပ်သားများနည်းတူ ကောင်းမွန်စွာ ဆက်ဆံခဲ့တယ်” ဟု ဒီးမော့ဆို PDF ကဆိုသည်။

“သူတို့ကတော့ ပြည်မက လူတွေ၊ တပ်ကြပ်ကြီးမိသားစုက ၁၀ နှစ်ကျော်ပြီ မယ်စဲ့ဘက်ကို ရောက်တာ၊ ခုတော့သူတို့သွားချင်တဲ့ နေရာလောက်ပဲ ပြန်ပို့ပေးလိုက်ပါတယ်” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

လက်ရှိတွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စိုးမိုးထားပြီး စစ်ကောင်စီတပ်မှ ၎င်းတို့ပြန်လည် စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်။

ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ဒီးမော့ဆိုမြို့နယ်မှ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် စစ်ကြောင်းထိုးနေသဖြင့် လတ်တလောတွင် ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မယ်စဲ့မြို့နှင့် ဖားဆောင်းမြို့များတွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း ထိုင်း-ကရင်နီနယ်စပ်သို့ စစ်ဘေးရှောင် ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ နေရပ်ပြန်နေကြပြီဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#မယ်စဲ့
#တပ်မိသားစုပြန်လွှတ်
#Mizzima

ပုံစာ-ဒုတပ်ကြပ်ဇနီး၊ တပ်ကြပ်ကြီးမိသားစု၊ စစ်ကောင်စီတပ်သား ဇနီးနှင့်သား (ဓါတ်ပုံ-ဒီးမော့ဆို PDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1😁1
Media is too big
VIEW IN TELEGRAM
ဘယ်လာရုစ်မှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်

Watch more detail - https://youtu.be/sjxYTvJlDKE

#reels
#shorts
#politicalnews
🖕6❤1👍1😁1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
❤11🔥1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၉ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
" ငါတို့အမတ် ၊ ငါတို့အသံ" " Our Ambassador - Our Voice" ဆိုသည့် စာတမ်းကိုင်စွဲပြီး ကြွေးကြော်ချီတက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာလူထုကို ကိုယ်စားပြုသည့် သံအမတ်ကြီးရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သည့် အားသာချက်ကြီးဖြစ်ပြီး မြန်မာ့အရေးအား နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဆက်လက်တင်ပြနိုင်ရန် လက်ရှိနေရာကို ဆက်လက်ရရှိနိုင်ရေးအတွက် အားလုံး ထောက်ခံပူးပေါင်းကြရန်လိုအပ်ကြောင်းသပိတ်ဦးဆောင်သူတဦးက တိုက်တွန်းသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ကျင်းပနေသည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ်ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခြင်း ရှိ၊မရှိဆုံးဖြတ်ရန်ရှိနေသည်။ ထို့ကြောင့် ဦးကျော်မိုးထွန်းကို ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲများကို ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ပြုလုပ်နေသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၁၁) ရက်မြောက်ချီတက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ဦးကျော်မိုးထွန်း
#ရွာပေါင်းစုံသပိတ်

ပုံအညွှန်း - ရွာပေါင်းစုံသပိတ်မှ ယနေ့ ချီတက်နေစဥ် (ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4🤮1
​​ကောလင်းတွင် KTV ၌ သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ငပွေးလေးရပ်ကွက်ရှိ KTV တွင် သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော်၊ ကောလင်းခရိုင်တပ်ရင်း(၁)- KLPDF မှ သိရသည်။

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရွှေအိမ်မက် KTV တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သောက်စားပျော်ပါးနေစဥ် မီတာ ၃၀ အကွာမှ အနီးကပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ တဦးက မဇ္စျိမသို့ပြောသည်။

“ငပွေးလေးရပ်ကွက်က ရွှေအိမ်မက် KTV ကို သူတို့သွားနေကျ။ တိုက်ခိုက်မှုကြောင့် နှစ်ဦးပွဲချင်းပြီး သေ တယ်၊ ဆေးရုံမှာငါးယောက်သေတာလို့ပြောတယ်။ ဆေးရုံအသိုင်းအဝိုင်းက သိရတာပါ။ စုစုပေါင်း ခုနစ်ဦး သေတာပေါ့ဗျာ။ သုံးပွင့်အရာရှိတဦးလည်း သေတဲ့အထဲပါတယ်လို့ ကြားရတယ်။ သူ့ရဲ့ နာမည်နဲ့ တပ်ရင်း ကို စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း (၁)မှ တာဝန်ရှိသူက ဆိုသည်။

ရွှေအိမ်မက် KTV ရှိ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ညလုံးပေါက် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာများ၏ ဖုန်းနှင့် မှတ်ပုံတင်များ စစ်ဆေးခြင်းကို တင်း ကြပ်စွာလုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ကလည်း ကောလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အထိခိုက်အကျဆုံး မသိရသေးကြောင်း KLPDF မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် မှုမရှိဘဲ ငြိမ်နေပြီး မြို့ပေါ်တွင်သာ စစ်ဆေးမှု တင်းကြပ်စွာလုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#KLPDF

ပုံအညွှန်း။ ။ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်သားများ(ဓာတ်ပုံ။ ။ Kawlin People Defense Force)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍5👏4🔥1🥰1
This media is not supported in your browser
VIEW IN TELEGRAM
Sep - 19 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6👏1🖕1
​​ဆမီးမြို့ရဲစခန်း ယာယီရဲစခန်းမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားဟုဆို
========================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့ ရဲစခန်းရှိ ဒုရဲအုပ်အဆင့်ရှိသူ ယာယီရဲစခန်းမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားသည်ဟု ဒေသခံထံမှ သိရသည်။

“သူက ဆမီးမြို့က စစ်ဗျူဟာမှူး(စစ်ကောင်စီတပ်ဖွဲ့၏ဗျူဟာမှူးအဆင့်ရှိသူ)ရဲ့ လူယုံတော်ပါ၊ ငွေအတောင်းကြမ်းလို့ နာမည်ဆိုးထွက်နေတဲ့သူဖြစ်တယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယာယီရဲစခန်းမှူး ဒုရဲအုပ်နိုင်ဇော်အောင်ဆိုသူအား ဆမီးမြို့ အမှတ်(၂) ရပ်ကွက် လမ်းကြားတနေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံကဆိုသည်။

၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ယာယီရဲ့စခန်းမှူးသည် မြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် စက်လှေများအား အခွန်ပေးဆောင်ရန် တင်းကျပ်သည့် ညွှန်ကြားချက်များပေးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာများ စုဆောင်းပေးနေသူလည်းဖြစ်သည်ဟု ဒေသခံကဆိုသည်။

ဆမီးမြို့ဒေသတဝိုက်သည် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Pelatwa နှင့် ချင်းအမျိုးသားတပ်မတော် (CNA) အဖွဲ့များ လှုပ်ရှားသည့်နယ်မြေ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ဇူလိုင်လ ၂၆ရက်နေ့ကလည်း မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင်ကို မတူပီ - ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြားတွင် CDF – Matupi က စစ်ဆင်ရေးတရပ်ပြုလုပ်၍ ဖမ်းဆီးခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏6🔥1🥰1