Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရွှေကူမြို့နယ် ရေလဲကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့
====================

KMN
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့တဖက်ကမ်းတွင်တည်ရှိသည့် ရေလဲကျေးရွာကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ရွာခံအချို့ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက် လာသည့် စစ်သင်္ဘောများနှင့် သံခွန်ယာဉ်ခြောက်စီးသည် ရွှေကူမြို့နယ်သို့ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ သည်။

ယင်းနောက် စစ်သင်္ဘောများတွင်ပါရှိသည့် စစ်ကောင်စီတပ်သားများသည် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် သံခွန်ယာဉ်များဖြင့် ရေလဲရွာကို ချဉ်းကပ်လာပြီး တိုက်ပွဲမရှိဘဲ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မနေ့က မနက်ပိုင်းကနေ ညနေလောက်အထိရှို့ကြတာ။ ဒီမနက် (စက်တင်ဘာလ ၁၉ ရက်) တော့ ရေလဲ ရွာကမ်းနားတလျှောက်က အိမ်တွေအကုန်နီးပါး လောင်ကုန်တာ အဝေးကတွေ့ရတယ်။

အိမ်ခြေ ၁၀၀ လောက်တော့ ရှိနိုင်တယ်၊ ရွာသားတချို့ကိုလည်း ဖမ်းသွားတယ်သိရတယ်” ဟု ရွှေကူမြို့ခံတဦးက ပြော သည်။
လောလောဆယ်တွင် ရွာသားမည်မျှဖမ်းဆီးခံရပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို အသေး စိတ်မသိရသေးပေ။
စစ်ကောင်စီတပ်သားများသည် ရေလဲကျေးရွာကို မီးရှို့သကဲ့သို့ ဧရာဝတီမြစ်အတွင်း ရွှေတူးနေသည့် မော်တော်အစီးရေ ၂၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါမြို့ခံက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ စစ်သင်္ဘောများနှင့် သံခွန်ယာဉ်များသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဆန်တက်နေစဉ် ကသာမြို့သို့ရောက်ရှိလာ ချိန်၌ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ထို့နောက် မြစ်ကမ်းဘေးကျေးရွာဖြစ်သည့် တုတ်ကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံလေးဦးကို လည်း သတ်ဖြတ်သွားသည်ဟု ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ် ပကဖတာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါ စစ်သင်္ဘောများနှင့် သံခွန်ယာဉ်များသည်ရွှေကူမြို့နယ် ကမ်းနားတလျှောက်တွင် ဆိုက်ကပ်ရပ်နားနေကြောင်း ဒေသခံများမှ သိရသည်။
စစ်ကောင်စီသင်္ဘောများသည် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း ဧရာဝတီမြစ်ကို ဆန်တက်စဉ် ဗန်းမော်မြို့နယ်ကမ်းနားတလျှောက် ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံများ အား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ရွှေကူ
#ရေလဲကျေးရွာ
#ရွာမီးရှို့
#Mizzima

ပုံအညွှန်း - စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေကူမြို့နယ် ရေလဲကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ဓာတ်ပုံ - CJ / FB)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍5😢5❤1🔥1
​​ကုလတွင် ဦးကျော်မိုးထွန်း မြန်မာကိုယ်စားပြုရေးအလွန်အရေးပါဟု NUG ပြော
====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြုရေးသည် ပြည်သူလူထုနှင့်တော်လှန်ရေးအတွက် အလွန်အရေးပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

“ကုလသမဂ္ဂဟာအဖွဲ့ဟာ မြန်မာပြည်သူလူထုရဲ့ အသံကို လေးလေးစားစားနားထောင်ကာ ဆုံးဖြတ်ချက်အမှန်ချပြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုဖို့အတွက် မျှော်လင့်ပါတယ်”ဟု ဦးကျော်ဇော်က မဇ္ဈိမနှင့် စက်တင်ဘာလ ၁၈ရက်က အင်တာဗျူးတွင် ပြောသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၆ ရက်နေ့ထိ ကျင်းပနေသည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်အဖြစ် ဦးကျော်မိုးထွန်းအား ခန့်အပ်ခြင်း ပြု၊မပြု ဆုံးဖြတ်ရန်ရှိနေသည်။ ဦးကျော်မိုးထွန်းသည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ယင်းအပေါ် စစ်ကောင်စီက ကန့်ကွက်ထားသည်။

ဦးကျော်မိုးထွန်းအား ဆက်လက်အတည်ပြုပေးရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် မြန်မာနိုင်ငံသားများက စက်တင်ဘာလ ၁၆ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြသလို ဗြိတိန်နှင့်နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသားများကလည်း ဆန္ဒထုတ်‌ဖော်‌ တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းမှ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကလည်း ကုလသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ပေးရန် တောင်းဆိုနေကြသည်။ ယင်းကဲ့သို့ တောင်းဆိုမှုများအတွက် လူထုအား ကျေးဇူးတင်ကြောင်း ဦးကျော်ဇော်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံကော်မတီတွင် ဦးကျော်မိုးထွန်းအား မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအဖြစ်ဆက်ထားသော်လည်း နိုင်ငံကိုယ်စားပြုမှုကိုဆိုင်းငံ့ထားသည်။ စစ်ကောင်စီကလည်း စစ်သံမှူးဗိုလ်မှူးကြီး အောင်သူရိန်ကို ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖြစ်ခန့်အပ်နိုင်ရေး အဆိုတင်သွင်းထားသည်။

“နိုင်ငံတကာမှာ စကစက ဘယ်နိုင်ငံတကာအဖွဲ့ အစည်းမှာမှ ကိုယ်စားပြု ရပ်တည်လို့မရဘူး။ တရားဝင်မှုမရှိဘူး"ဟု ဦးကျော်ဇော်က ဆက် ပြောသည်။

စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာပြီး အာဆီယံမူ ငါးချက်ကိုလည်း အကောင်အထည်မဖော်နိုင်သည့်အတွက် ကုလအနေဖြင့် ဦးကျော်မိုးထွန်းကိုသာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

အသက် ၅၄ နှစ်အရွယ် ဦးကျော်မိုးထွန်းသည်နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ်၊ စက်တဂ်ဘာလ ၅ရက်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သည်။

ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံပြုလုပ်နေသော စစ်ကောင်စီကို အရေးယူပေးရန်လိုအပ်နေကြောင်း ဉီးကျော်မိုးထွန်းက ကုလနှင့် နိုင်ငံတကာသို့ မကြာခဏ တ်ိုက်တွန်းတောင်းဆိုနေသည်။

စာတည်း - အေးချမ်း

#mizzima
#ကုလသမဂ္ဂ
#ဦးကျော်မိုးထွန်း
#NUG

နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တွေ့ရစဉ် (ပုံ - AFP)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤28👍9🤮1
ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ်သားများတပ်စွဲထား၍ ရေဖြူစစ်ရှောင်များ နေရပ်မပြန်ရဲ
😢11👍2🔥2
ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ်သားများတပ်စွဲထား၍ ရေဖြူစစ်ရှောင်များ နေရပ်မပြန်ရဲ
=================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့်အတွက် အနီးနားကျေးရွာများမှ စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။

“ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ အထူးစီးပွားရေးဇုန်ရှိပြီး ရေနက်ဆိပ်ကမ်းဇုန်တွေမှာ စစ်ကောင်စီ တပ်သားတွေ တပ်စခန်းချထားတဲ့နေရာတွေက ရွာတွေနဲ့နီးလို့ အိမ်မပြန်ရဲကြတာ”ဟု ဒေါနတနင်္သာရီ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ဩဂုတ်လတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာခြင်းကြောင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်ဘေးရှောင် ၃,၀၀၀ ခန့်မှာ နေရပ်မပြန်နိုင်သေး ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့များလည်း စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

နေရပ်ပြန်ရန် အခက်ခဲရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေသည်ဟု ဒေါန တနင်္သာရီ - စစ်ဘေးရှောင် အထောက်အကူ ပြုရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12🔥3👍2👀1
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျတက္ကသိုလ်အတွင်း ဓားထိုးမှုဖြစ်ပွားပြီး သုံးဦးဒဏ်ရာရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥2
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း DPLF က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာ
👍8🤣4👏2
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း DPLF က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာ
===================

ရောင်နီ
(မဇ္စျိမ)။ ။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLF)က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်က မဇ္စျိမကို ပြော သည်။

“မနေ့က ရပ်စောက်မြို့နယ်ထဲက ကောင်းဘို့ရွာကို၀င်လာတယ်။ ညအထိနေပြီး ရွာကလူတွေကို တော် လှန်ရေးနဲ့ပတ်သက်တဲ့ စည်းရုံးဟောပြောတာတွေ လုပ်သွားပါတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ကောင်းဘို့ကျေးရွာသည် ရပ်စောက်-ပင်းတယ လမ်းပေါ် တွင်တည်ရှိသည့် ရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်ဦးရေ ၅၀ ထက်မနည်းတပ်စွဲထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သို့သော် ယမန်နေ့က DPLF တပ်ဖွဲ့ ကျေးရွာအတွင်းဝင်ရောက်လာစဥ် စစ်ကောင်စီတပ်ဖွဲ့ဘက်က လှုပ်ရှားမှုမရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီ့ရွာမှာက စစ်ကောင်စီတပ်စွဲထားတာ ပုံမှန်ရှိတယ်။ မနေ့က DPLF တပ်ဖွဲ့ကရဲဘော်တွေ ရွာထဲဝင် လာတာကို သိပေမယ့် မလာကြဘူး။ ပုန်းနေတဲ့သဘောပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front (DPLF) ကို ဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ကြေ ညာခဲ့သည်။

ယင်းသို့ ကြေညာပြီးသည့်နောက်ပိုင်းမှစကာ DPLF က ဓနုဒေသအတွင်းရှိ ကျေးရွာများကို စည်းရုံးရေး ဆင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။

“DPLF က စည်းရုံးရေးလုပ်နေတာကြာပြီ။ ပင်းတယ၊ ရွာငံ၊ ရပ်စောက်နဲ့ နောင်ချိုမြို့နယ်တွေက ကျေးရွာ အချို့မှာလည်း စည်းရုံးရေးလုပ်ခဲ့ပြီးပြီလို့ ကြားသိရတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများတွင် စည်းရုံးရေးဆင်းနေသည့်ကိစ္စနှင့်ပတ်သက် ပြီး အသေးစိတ်သိရှိနိုင်ရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLF)ထံ မဇ္စျိမက ဆက်သွယ်မေးမြန်းထား ဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဘက်ကလည်း ဓနုဒေသအတွင်း DPLF စည်းရုံးရေးဆင်းခဲ့သည်ဟုယူဆသည့် ကျေးရွာ များကို စစ်ကြောင်းများဖြင့်၀င်ရောက်ကာ တန်ပြန်စည်းရုံးရေးဆင်းခြင်း၊ နယ်မြေရှင်းလင်းခြင်းများ လုပ် ဆောင်နေကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ကျေးရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲပြီး ပြည်သူတွေကို အကာအကွယ် ယူပြီး သွားလာနေတာမျိုးတွေရှိနေတယ်။ DPLF စည်းရုံးရေးဆင်းခဲ့တယ်ထင်တဲ့ ရွာတွေမှာဆို ဘာသံမှ မကြားချင်ဘူး၊ တခုခုဖြစ်လာရင် တရွာလုံးကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်” ဟု ရပ်စောက်ဒေသခံတဦးက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယ၊ ရွာငံနှင့် ရပ်စောက်မြို့နယ်များ ပါ၀င်သည်။ အဆိုပါ မြို့ နယ်များရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဥက္ကဋ္ဌများကို စစ်ကောင်စီတပ်က အခွန်ကောက်ကာ လောင်း ကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများလုပ်ကိုင်စေပြီး ပြည်သူများ တော်လှန်ရေးတွင် စိတ်ဝင် စားမှုမရှိစေရန် လုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။

“အုပ်ကြီးတွေကို လုပ်ပိုင်ခွင့်ထက်ပိုပြီးစည်းရုံးတာကြောင့် ဒေသတွင်းလူငယ်အများစုက ဆေးသမားဖြစ်၊ လူငယ်လူလတ်ပိုင်းတွေက လောင်းကစားသမားတွေ ဖြစ်လာကြတယ်။ ဒေသကာကွယ်ရေးတပ်တွေ အမြန်ဆုံးဝင်ရောက်လာပါစေလို့ပဲ မျှော်နေကြပါတယ်” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စာတည်း။ ။စောဖေ

#ရှမ်းပြည်နယ်
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#DPLF

ပုံအညွှန်း - ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအတွင်း ဝင်ရောက်ကာ စည်းရုံးရေးလုပ်ဆောင်ခဲ့သည့် DPLF တပ်ဖွဲ့မှရဲဘော်များ။ (ပုံ - ကိုကိုထွန်းနိုင်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1👏1
​​Mizzima needs your support!
ဖော်ပြပါလင့်ကိုနှိပ်၍ စတင်ကူညီလိုက်ပါ.

https://bit.ly/2VhJ12U

For more information:
https://donate.mizzima.com/mm/

#supportmizzima
👍5🔥1
Media is too big
VIEW IN TELEGRAM
ပြည်ပအဝယ်လိုက်နေတာကြောင့် မြန်မာ့ဆန်စပါး ဈေးတက်

Watch more detail - https://youtu.be/CZGIxPOMquI

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍4🔥1