Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချန်ပီယံလိဒ် အုပ်စု (H) ပွဲစဉ်ရလဒ်များ
==================

Barcelona 5 - 0 Royal Antwerp
Felix 11' , 66'
Lewandowski 19'
Bataille 22'(OG)
Gavi 54'

Shakhtar Donetsk 1 - 3 FC Porto
Kelsy 13'
Galeno 8' , 15' , Taremi 29'

#ChampionLeague
#Footballnews
Photo - Twitter
👍14🔥1🥰1
စက်တင်ဘာလ( ၂၀ )ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း DPLF က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာ၊ NLD တံဆိပ်ပါအင်္ကျီ ဝတ်ဆင်လေ့ရှိသူကို စစ်ကောင်စီတပ် ဖမ်းဆီးပြီးထောင်ဒဏ် ၃ နှစ်ချမှတ်၊ စီးပွားရေးသတင်း၊ သတင်းသုံးသပ်ချက်အစီအစဉ်၊အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါး အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/B8gMmfNKgOU?si=CQrXrVd5L7SEY8os

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2😁1
​​စစ်ကောင်စီက ဆီဒိုးနားဟိုတယ်အပါအ၀င် ခရီးသွားအေဂျင်စီ ကုမ္ပဏီအများစုကို နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရုပ်သိမ်း
==============

002

စစ်ကောင်စီက ဆီဒိုးနားဟိုတယ်အပါအ၀င် ခရီးသွားအေဂျင်စီ ကုမ္ပဏီအများစုကို နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရုပ်သိမ်း လိုက်သည်ဟု စစ်ကောင်စီ ပြန်ကြားရေး၀န်ကြီးဌာန သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် ဆီဒိုးနားဟိုတယ်အပါအ၀င် ခရီးသွားလုပ်ငန်း အေဂျင်စီအချို့ အပါအ၀င် ကုမ္ပဏီ ၁၂၃ ခုကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း ‌ကြေညာထားသည်။ နိုငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းခံရသည့် ဟိုတယ်နှင့် ခရီးသွား ကုမ္ပဏီ၊ Trading ကုမ္ပဏီ ၁၂၃ ခုမှာ Myanmar Power Spectrum Co.,Ltd ၊ Pyae Hein Kyaw Co.,Ltd ၊ Apex Exchange Trading Co.,Ltd ၊ Yong Xin Co.,Ltd ၊ တက်တိုးအောင် ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်၊ Pyone Pyone Cho Co.,Ltd ၊ Tint Nay Hline Travel & Tours Co.,Ltd ၊ Tycoon Brother's Group Co.,Ltd ၊ Affinity Tour Ltd ၊ Lion King Construction Group Co.,Ltd ၊ TPD Group Co.,Ltd ၊ Cloumbus Travel & Tour Co.,Ltd ၊ Myanmar Integrity General Service Co.,Ltd ၊ Aung Pyae Wa Phyo Co.,Ltd ၊ Royal Thant Family Co.,Ltd ၊ Shang Kha Kyauk Lone Co.,Ltd ၊ Su Thiri Thaw Co.,Ltd ၊ Sccp Prince Co.,Ltd ၊ TZK Co.,Ltd ၊ Shwe Nan Taw Wyn Co.,Ltd ၊ Shwe La Yaing Lin Lin Co.,Ltd ၊ RIO Travel & Tours Co.,Ltd ၊ Super Technology Products Services Co.,Ltd ၊ Royal Lake Hotel Co.,Ltd ၊Golden Interlink Co.,Ltd ၊ Aye Best Co.,Ltd ၊ Billon Soe Kaung San Co.,Ltd ၊ Global Harvest Financial Service Ltd၊ Nilar Khin Family Group Co.,Ltd ၊ Golden Shell Co.,Ltd ၊ Grand Capital Myanmar Co.,Ltd ၊ M.H.S Travel & Tour Co.,Ltd ၊ Yangon Syndicate Linited ( Panorama Hotel) ၊ Perfect Days Travel & Tour Co.,Ltd ၊ A C R Thu Kha Chan Thar Co.,Ltd ၊ Golden Education Co.,Ltd ၊ Myanmar Life Hotel Ivestment Co.,Ltd ၊ Diamond Palace Service Co.,Ltd ၊ Sky Wheeel Company Limited ၊ Ngwe Tharaphyu Royal Co.,Ltd ၊ Minn Tun Trading Co.,Ltd ၊ Family Treasure Travel & Tour Co.,Ltd ၊ Win Progress Service Co.,Ltd ၊ Quality True Engineering Group Service Co.,Ltd ၊ Lin Life Co.,Ltd ၊ Shwe Wei Phone Myat Co.,Ltd ၊ Aye Mya Trading Co.,Ltd ၊ Sedona Hotel အစရှိသည်တို့ ဖြစ်သည်။

ဇူလိုင်လ နောက်ပိုင်းမှ စတင်ပြီး နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ Money Changer များ၊ Trading ကုမ္ပဏီများကို စစ်ကောင်စီက လိုင်စင်များ ဆက်တိုက်ပိတ်သိမ်းခဲ့သည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3🤮2😁1
စားအုန်းဆီကို ဖိအားပေး ဈေးချရောင်းခိုင်းရုံနဲ့ ကုန်ဈေးနှုန်းပြဿနာ ပြေလည်သွားပြီလား 
=================

စစ်ကောင်စီရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့် စားအုန်းဆီဈေးကွက် ကမောက်ကမဖြစ်ပြီး ဆီ ဝယ်မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။
မြန်မာကျပ်ငွေဈေး ကျဆင်းနေတဲ့အတွက် ပြည်ပက ဝယ်ယူတင်သွင်းရတဲ့ စားအုန်းဆီဈေးတွေ ထိုးတက်သွားတာကို ဝိသမလောဘသားတွေက ဈေးတင်ရောင်းလို့ ဈေးတက်ရတာပါဆိုတဲ့ အမြင်နဲ့ စားအုန်းဆီဈေးကို သတ်မှတ်ဈေးနဲ့ အတင်းအဓမ္မ ရောင်းချခိုင်းနေတာ ဖြစ်ပါတယ်။

https://youtu.be/NbK4T3k0oGo?si=hhif5IKwOXyKnG2T

#politics
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤1🔥1
​​Mizzima needs your support! 

ဖော်ပြပါလင့်ကိုနှိပ်၍ စတင်ကူညီလိုက်ပါ. 
👉 https://bit.ly/2VhJ12U 

For more information:
https://donate.mizzima.com/mm/ 
#supportmizzima
👍5🤮2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ) | VOA On Mizzima
===================

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ သဘာဝဝန်းကျင် ထိခိုက်ပျက်ဆီးမှုတွေကို အာရုံစိုက်လာအောင် ကြိုးပမ်းမှုတခုအဖြစ် ကုလအဆောက်အဦးအပေါ် ကောင်းကောင်မှာ အဝေးထိန်းဒရုံးယာဉ်တွေနဲ့ မီးထွန်းပြီး သရုပ်ဖေါ်၊ ကမ္ဘာမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ငန်းသစ်တွေစဘို့အတွက် အကောင်းဆုံး ၁၀ နိုင်ငံထဲ ထိုင်းပါ၊ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လက်စွဲတော် ကျည်ကာရထား စသည့် လူကြည့်များ ဆိုရှယ်မီဒီယာ သတင်းတို၊ အပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ 

https://youtu.be/wUkwvmdb2NY?si=yEC_MDA0IYJNnQZU

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮1
​​20.9.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==============

✅Highlight ✅

👉အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ) 

👉 ၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ) 

👉India Movie - Force 1 ( ည- ၈ နာရီ)

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
🤮3👍1
ကောင်းကင်ယံက နှိုးဆော်သံ| VOA On Mizzima 
=============

ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်မယ့် နိုင်ငံတကာခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိနေချိန်မှာပဲ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေး စည်းရုံးလှုပ်ရှားသူတွေ ထောင်သောင်းချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ သဘာဝဝန်းကျင် ထိခိုက်ပျက်ဆီးမှုတွေကို အာရုံစိုက်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းမှုတခုအဖြစ် ကုလသမဂ္ဂ အဆောက်အဦးရဲ့ အပေါ် ကောင်းကောင်မှာ အဝေးထိန်း ဒရုံးယာဉ်တွေနဲ့ မီးထွန်းပြီး သရုပ်ဖေါ်ခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။ 

https://youtu.be/g2fupCCwUnQ?si=QGDLt7JAzgenHa_2

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
အာဆီယံအဖွဲ့ဝင်နိုင်ငံများသာ ပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်
==============

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ စစ်တပ်တွေရဲ့ ပထမဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ပြီး အာဆီယံက မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို ပိတ်ပင်ထားပေမယ့် မြန်မာမှ ကိုယ်စားလှယ်တဦး ပါဝင်ခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်၊ တရုတ် အပါအဝင် အခြားနိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်မယ့် စစ်ရေးလေ့ကျင့်ခန်းကိုလုပ်ဆောင်ခဲ့ခြင်းမျိုးမရှိကြောင်း သိရပါတယ်။
ယခုတကြိမ်ကတော့ အဖွဲ့ဝင်နိုင်ငံများသာ ပူးတွဲပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေရဲ့ အခုတစ်ကြိမ်ပြုလုပ်မယ့် လေ့ကျင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာများနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်နေတဲ့ အငြင်းပွားမှုစတဲ့ ဒေသတွင်းပြဿနာကြီးများ ဖြစ်ပွားနေချိန်လည်း ဖြစ်ပါတယ်
အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာကိုယ်စားလှယ် ပါဝင်ခွင့်ပြုခဲ့ပေမဲ့ ဘယ်အတိုင်းအတာအထိ ပါဝင်ခွင့် ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ငါးရက်ကြာကျင်းပမယ့်စစ်ရေးလေ့ကျင့်ပွဲမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံက တပ်တွေပါဝင်ဖို့ရှိတယ်လို့ အင်ဒိုနီးရှားက ထုတ်ဖော်ပြောဆိုပေမယ့် အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ နောက်ပိုင်းမှာ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံကို လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ပြုမှာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။
ယခု စစ်ရေးလေ့ကျင့်မှုတွေဟာ တိုက်ခိုက်ရေးလေ့ကျင့်မှုများ မဟုတ်ဘဲ အဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့တွေဟာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် ကူညီရေး၊ ကယ်ဆယ်ရေးနှင့် ပူးတွဲရေကြောင်း ကင်းလှည့်ခြင်း စတဲ့ နယ်ပယ်တွေမှာ လေ့ကျင့်ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာတာကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှု မဟုတ်ဘူးလို့လည်း အင်ဒိုနီးရှားက ပြောပါတယ်။
အကျပ်အတည်း ကျရောက်နေတဲ့ မြန်မာနိုင်ငံဟာ ဘန်တမ်ကျွန်းမှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ စစ်သံမှူးတဦးကို ကိုယ်စားပြု တက်ရောက်စေခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားကာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ အဖွဲ့ရဲ့ အားထုတ်မှုတွေဟာလည်း ယခုအချိန်အထိ အရာမရောက်သေးပါဘူး။

https://youtu.be/XS7ZdT8YbM8?si=f58qKqaZfULeiBai

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤮8❤1🖕1
စက်တင်ဘာလ ၂၀ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============

https://youtu.be/KVoNIgvgklU?si=zpMh1QvNmYf0Ug3t

……………………..
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
KNU နယ်မြေများရှိ အမျိုးသမီးစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ
😢14👍2🔥1
KNU နယ်မြေများရှိ အမျိုးသမီးစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ
=================

YT

(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်းရှိ အမျိုးသမီးစစ်ဘေးရှောင် များအနေဖြင့် လစဉ်ဓမ္မတာကိစ္စအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေကြောင်း ကရင် အမျိုးသမီးအစည်းအရုံး(KWO)မှ သိရသည်။

KNU တပ်မဟာ နယ်မြေခုနစ်ခုရှိသည့်အနက် တပ်မဟာ (၇) ဘားအံခရိုင်မှလွဲ၍ ကျန် ခရိုင်ခြောက်ခုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့၊ လေယာဉ်တွေနဲ့ဗုံးလာကြဲ၊ သေနတ်တွေနဲ့ပစ်ပေါ့နော်။ ရွာတွေမှာ အဲဒီလိုလာလုပ်တဲ့အတွက် အမျိုးသမီးတွေရော ကလေးတွေပါ ရွာမှာလုံလုံခြုံခြုံ မနေရဘူး။ အခုအချိန်ထိ စစ်ဘေးရှောင်နေရတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ဗုံးကြဲ၊ သေနတ် တွေနဲ့ပစ်လို့ အမျိုးသမီးသေဆုံးတာတွေရှိတယ်” ဟု KWO တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် KNU နယ်မြေများတွင် ဒေသခံ ၆၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါအရေအတွက်၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိကာလသည် မိုးတွင်းကာလဖြစ်၍ အမျိုးသမီးစစ်ဘေးရှောင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် မီးဖွားပြီးစမိခင်များအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဆိုသည်။

“အခုချိန်က မိုးလည်းရွာတယ်။ သူတို့က စစ်ဘေးရှောင်ရတဲ့နေရာမှာ နေရတဲ့အတွက် အဆင်မပြေဘူးပေါ့ နော်။ ပြီးတော့ ဓမ္မတာလာတဲ့အချိန်မှာလည်း လုံလောက်တဲ့ပစ္စည်းမရှိဘူး။ အဓိကကတော့ တကိုယ်ရည် သန့်ရှင်းရေးပေါ့။ သူတို့က စစ်ဘေးရှောင်နေရတဲ့အတွက် တကိုယ်ရည်သန့်ရှင်းရေးကို လုံလောက်စွာ မလုပ်ဖြစ်ဘူး။ ပြီးတော့ မိုးတွင်းဆိုတော့ ဝမ်းလျောတာတွေ၊ တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေပါ လော လောဆယ် ကြုံတွေ့နေရတာ” ဟု KWO တွဲဖက်အတွင်းရေးမှူး(၂)က ဆိုသည်။ 

“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကာကွယ်ဆေးတွေရော၊ အားဆေးတွေပါ လုံလောက်မှုမရှိဘူး။ တချို့နေရာတွေက သွားလာရေးအခက်အခဲရှိလို့ ထောက်ပံ့မှုတွေ၊ ကူညီမှုတွေ လုံလောက်မှုမရှိဘူး။ တကယ်လို့ ရရှိခဲ့ရင်လည်း တခါအတွက်ပဲ၊ တပတ်စာအတွက်ပဲ ရရှိတာဖြစ်တဲ့အတွက် ကာလရှည် အတွက်တော့ လုံလောက်မှုမရှိဘူးပေါ့။ ပြီးတော့ မီးဖွားပြီးစအမျိုးသမီးတွေအတွက်ကတော့ ပိုခက်ခဲတာ ပေါ့။ အာဟာရချို့တဲ့မှုတွေပါ ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြေပြင်ရှိ စစ်ဘေးရှောင်အမျိုးသမီးများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိန့်လန့်စွာအသက်ရှင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံက သိရ သည်။

“လေယာဉ်လာတယ်ဆိုရင် လူကအိပ်မပျော်တော့ဘူး။ လက်နက်ကြီးတွေ ပစ်တာတို့ သေနတ်သံတို့ကြား ရင်ကို ရင်တုန်ပြီးလိုက်မေးနေရတာ။ ဘယ်မှာ ဘာဖြစ်လို့လဲ ဆိုတာမျိုးပေါ့။ ပြီးတော့ ကိုယ်က သားသမီး အငယ်လေးတွေနဲ့ဆိုတော့ ပြေးရလွှားရတာ ခက်ခဲတယ်လေ” ဟု KNU တပ်မဟာ (၁) နယ်မြေမှ စစ်ဘေး ရှောင်အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် စစ်ဘေးရှောင်အမျိုးသမီးများသည် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စ များကိုပါ ပူပန်နေရကြောင်း KWO တွဲဖက်အတွင်းရေးမှူး(၂)ကပြောသည်။

KWO အနေဖြင့် အလှူရှင်များနှင့်ချိတ်ဆက်၍ စစ်ဘေးရှောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက် ကြီးရွယ်အိုများ၏ လိုအပ်ချက်များအား ကူညီခြင်း၊ လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီတပ် အပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် Donorsများနှင့် ဆွေးနွေးခြင်း၊ ပြည်သူများထံ အသိပညာ ပေးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေခုနစ် ခုနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီး ရွယ်အိုများကို အကာအကွယ်ပေးရေးအတွက် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီးအဖွဲ့အစည်းတခု ဖြစ်သည်။

စာတည်း။ ။စောဖေ

#ကရင်ပြည်နယ်
#စစ်ဘေးဒုက္ခသည်
#အမျိုးသမီး
#ကျန်းမာရေးစောင့်ရှောက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍5🔥1
စက်တင်ဘာလ ( ၂၀ ) ရက်၊ မွန်းတည့် ၁၂နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

-ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ်တွေ စုပေါင်းတောင်းဆိုတဲ့သတင်း

-ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အဆောင်အယောင်နဲ့ ကားတွေ အသိမ်းခံရပြီး စီးကူးဒုဝန်ကြီး စစ်ဆေးခံရတဲ့သတင်း

-မြန်မာစစ်တပ်ကို ဆိုနာစနစ်တင်ပို့ရောင်းချခဲ့တဲ့ ကုမ္ပဏီနဲ့ဝန်ထမ်းနှစ်ဦးကို စင်ကာပူတရားရုံးကဒဏ်ရိုက်တဲ့သတင်း

-လားရှိုးမြို့ CS Hotel အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/2Fda9_MaAdU?si=iMSBVSfqi1pvF4ij

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁3
စီးပွားရေးကောင်းတဲ့ အိမ်နီးချင်း ထိုင်း | VOA On Mizzima
==================

ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ကာလ စီးပွားရေးတွေထိခိုက်ခဲ့ကြရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ ပြန်ဦးမော့လာအောင်ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ကမ္ဘာမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ငန်းသစ်တွေ စဘို့အတွက် အကောင်းဆုံး ၁၀ နိုင်ငံစာရင်း ထွက်လာပါတယ်၊ ဒီထဲမှာ မြန်မာ့အိမ်နီးခြင်းထိုင်းနိုင်ငံက ဒုတိယ နေရာမှာ ရှိနေပါတယ်၊ ထိုင်းနိုင်ငံမှာ ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကလာရောက်ပြီး ရင်းနှီးလုပ်ကိုင်သူတွေလည်း များလာတာပါ။ အပြည့်အစုံကို မညိုညိုလွင်က ထိုင်းနိုင်ငံကနေ တင်ပြထားပါတယ်။

https://youtu.be/2ourXUxC3P4?si=rSXMEMOJpRdrr1K_ 

#VOA
#mizzimatv
-------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
တရုတ်လူငယ်တွေ မြို့ပြကိုစွန့်ခွာပြီး ကြွေထည်လုပ်ငန်းတွေဆီဝင်ရောက်လုပ်ကိုင်
==================

https://youtu.be/VX_FSoqutis?si=a-1x7S-lLFKiAASe

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁1
ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ စုပေါင်းတောင်းဆို
==================

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြင်ပဆရာဝန်နဲ့ ချက်ချင်းဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ် အယောက် ၁၃ဝ ကျော်ကတောင်းဆိုလိုက်ပါတယ်။
မလေးရှားလွှတ်တော်ထဲ အမတ် ၂၂၂ ဦးရှိတဲ့ထဲက အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ဖက်လုံးက လွှတ်တော်အမတ် ၁၃၅ ဦး စုပေါင်းလက်မှတ်ထိုးပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။
အာဆီယံအသိုင်းအဝိုင်းက လွှတ်တော်အမတ်တွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်သင့်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ် အဲရစ်ကလည်း ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်နေပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ခံထားရတဲ့အပေါ် ပူပန်နေတဲ့အကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးနာဝေဒနာ ခံစားနေရပြီး မူးဝေ ပျို့အန်ခဲ့တယ်လို့ အခုစက်တင်ဘာလဆန်းပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့အာဏာဆက်လက်တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည်ကို လှို့ဝှက်နေရာမှာ ထိန်းသိမ်းထားပြီး နိုင်ငံရေးအကျဉ်းသားတွေ ရသင့်တဲ့ အခွင့်အရေးတခုမှ မပေးဘူးလို့ စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ NLD ကကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အကျဉ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ ဆေးကုသမှု မပေးဘူးလို့ NLD ပါတီက ပြောကြားထားပါတယ်။
အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ မကျွေးသလို၊ သင့်တော်တဲ့နေရာမှာလည်း မထားတာကိုထောက်ပြပြီး သူ့အသက်အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေယိုယွင်းနေရုံမက၊ သူ့အသက်ကိုပါ စိုးရိမ်နေစရာဖြစ်နေတဲ့အပေါ် စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ NLD ပါတီက ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ပြည်တွင်း ပြည်ပက တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိကြိုးပမ်းနေတာထက် ပိုပြီး ပြင်းထန်တဲ့တွန်းအားပေးမှုတွေလုပ်ကြပါလို့ NLD ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

https://youtu.be/hUT00vrmbFE?si=2RXbRaiKJqd4u3wd

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🤮1
​​ရိုဟင်ဂျာအရေး အားချင်းဖြေရှင်းရန် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း 
===================

ရိုဟင်ဂျာအရေး ဖြေရှင်းရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် အားချင်း အရေးယူ လုပ်ဆောင်ရန် တိုက်တွန်းထားချက်ကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမတ် ရှာဟာဘူဒင်က ဘင်္ဂလားဒေ့ရှ် ကြက်ခြေနီအသင်း (၇) ကြိမ်မြောက် မိတ်ဖက်ပြုမှု အစည်းအဝေး၌ ထပ်လောင်းပြောဆိုသည်။ 

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2