KNU နယ်မြေများရှိ အမျိုးသမီးစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ
😢14👍2🔥1

=================
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်းရှိ အမျိုးသမီးစစ်ဘေးရှောင် များအနေဖြင့် လစဉ်ဓမ္မတာကိစ္စအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေကြောင်း ကရင် အမျိုးသမီးအစည်းအရုံး(KWO)မှ သိရသည်။
KNU တပ်မဟာ နယ်မြေခုနစ်ခုရှိသည့်အနက် တပ်မဟာ (၇) ဘားအံခရိုင်မှလွဲ၍ ကျန် ခရိုင်ခြောက်ခုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့၊ လေယာဉ်တွေနဲ့ဗုံးလာကြဲ၊ သေနတ်တွေနဲ့ပစ်ပေါ့နော်။ ရွာတွေမှာ အဲဒီလိုလာလုပ်တဲ့အတွက် အမျိုးသမီးတွေရော ကလေးတွေပါ ရွာမှာလုံလုံခြုံခြုံ မနေရဘူး။ အခုအချိန်ထိ စစ်ဘေးရှောင်နေရတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ဗုံးကြဲ၊ သေနတ် တွေနဲ့ပစ်လို့ အမျိုးသမီးသေဆုံးတာတွေရှိတယ်” ဟု KWO တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက မဇ္ဈိမကို ပြောသည်။
တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် KNU နယ်မြေများတွင် ဒေသခံ ၆၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါအရေအတွက်၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ရှိကာလသည် မိုးတွင်းကာလဖြစ်၍ အမျိုးသမီးစစ်ဘေးရှောင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် မီးဖွားပြီးစမိခင်များအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဆိုသည်။
“အခုချိန်က မိုးလည်းရွာတယ်။ သူတို့က စစ်ဘေးရှောင်ရတဲ့နေရာမှာ နေရတဲ့အတွက် အဆင်မပြေဘူးပေါ့ နော်။ ပြီးတော့ ဓမ္မတာလာတဲ့အချိန်မှာလည်း လုံလောက်တဲ့ပစ္စည်းမရှိဘူး။ အဓိကကတော့ တကိုယ်ရည် သန့်ရှင်းရေးပေါ့။ သူတို့က စစ်ဘေးရှောင်နေရတဲ့အတွက် တကိုယ်ရည်သန့်ရှင်းရေးကို လုံလောက်စွာ မလုပ်ဖြစ်ဘူး။ ပြီးတော့ မိုးတွင်းဆိုတော့ ဝမ်းလျောတာတွေ၊ တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေပါ လော လောဆယ် ကြုံတွေ့နေရတာ” ဟု KWO တွဲဖက်အတွင်းရေးမှူး(၂)က ဆိုသည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကာကွယ်ဆေးတွေရော၊ အားဆေးတွေပါ လုံလောက်မှုမရှိဘူး။ တချို့နေရာတွေက သွားလာရေးအခက်အခဲရှိလို့ ထောက်ပံ့မှုတွေ၊ ကူညီမှုတွေ လုံလောက်မှုမရှိဘူး။ တကယ်လို့ ရရှိခဲ့ရင်လည်း တခါအတွက်ပဲ၊ တပတ်စာအတွက်ပဲ ရရှိတာဖြစ်တဲ့အတွက် ကာလရှည် အတွက်တော့ လုံလောက်မှုမရှိဘူးပေါ့။ ပြီးတော့ မီးဖွားပြီးစအမျိုးသမီးတွေအတွက်ကတော့ ပိုခက်ခဲတာ ပေါ့။ အာဟာရချို့တဲ့မှုတွေပါ ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြေပြင်ရှိ စစ်ဘေးရှောင်အမျိုးသမီးများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိန့်လန့်စွာအသက်ရှင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံက သိရ သည်။
“လေယာဉ်လာတယ်ဆိုရင် လူကအိပ်မပျော်တော့ဘူး။ လက်နက်ကြီးတွေ ပစ်တာတို့ သေနတ်သံတို့ကြား ရင်ကို ရင်တုန်ပြီးလိုက်မေးနေရတာ။ ဘယ်မှာ ဘာဖြစ်လို့လဲ ဆိုတာမျိုးပေါ့။ ပြီးတော့ ကိုယ်က သားသမီး အငယ်လေးတွေနဲ့ဆိုတော့ ပြေးရလွှားရတာ ခက်ခဲတယ်လေ” ဟု KNU တပ်မဟာ (၁) နယ်မြေမှ စစ်ဘေး ရှောင်အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် စစ်ဘေးရှောင်အမျိုးသမီးများသည် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စ များကိုပါ ပူပန်နေရကြောင်း KWO တွဲဖက်အတွင်းရေးမှူး(၂)ကပြောသည်။
KWO အနေဖြင့် အလှူရှင်များနှင့်ချိတ်ဆက်၍ စစ်ဘေးရှောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက် ကြီးရွယ်အိုများ၏ လိုအပ်ချက်များအား ကူညီခြင်း၊ လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီတပ် အပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် Donorsများနှင့် ဆွေးနွေးခြင်း၊ ပြည်သူများထံ အသိပညာ ပေးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း သိရသည်။
ကရင်အမျိုးသမီးအစည်းအရုံး(KWO)သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေခုနစ် ခုနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီး ရွယ်အိုများကို အကာအကွယ်ပေးရေးအတွက် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီးအဖွဲ့အစည်းတခု ဖြစ်သည်။
စာတည်း။ ။စောဖေ
#ကရင်ပြည်နယ်
#စစ်ဘေးဒုက္ခသည်
#အမျိုးသမီး
#ကျန်းမာရေးစောင့်ရှောက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢12👍5🔥1
စက်တင်ဘာလ ( ၂၀ ) ရက်၊ မွန်းတည့် ၁၂နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
-ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ်တွေ စုပေါင်းတောင်းဆိုတဲ့သတင်း
-ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အဆောင်အယောင်နဲ့ ကားတွေ အသိမ်းခံရပြီး စီးကူးဒုဝန်ကြီး စစ်ဆေးခံရတဲ့သတင်း
-မြန်မာစစ်တပ်ကို ဆိုနာစနစ်တင်ပို့ရောင်းချခဲ့တဲ့ ကုမ္ပဏီနဲ့ဝန်ထမ်းနှစ်ဦးကို စင်ကာပူတရားရုံးကဒဏ်ရိုက်တဲ့သတင်း
-လားရှိုးမြို့ CS Hotel အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/2Fda9_MaAdU?si=iMSBVSfqi1pvF4ij
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------

YouTube
စက်တင်ဘာလ ( ၂၀ ) ရက်၊ မွန်းတည့် ၁၂နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:05-ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ်တွေ စုပေါင်းတောင်းဆိုတဲ့သတင်း
03:50-ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အဆောင်အယောင်နဲ့ ကားတွေ အသိမ်းခံရပြီး စီးကူးဒုဝန်ကြီး စစ်ဆေးခံရတဲ့သတင်း
05:35-မြန်မာစစ်တပ်ကို ဆိုနာစနစ်တင်ပို့ရောင်းချခဲ့တဲ့…

👍14😁3
စီးပွားရေးကောင်းတဲ့ အိမ်နီးချင်း ထိုင်း | VOA On Mizzima
==================
ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ကာလ စီးပွားရေးတွေထိခိုက်ခဲ့ကြရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ ပြန်ဦးမော့လာအောင်ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ကမ္ဘာမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ငန်းသစ်တွေ စဘို့အတွက် အကောင်းဆုံး ၁၀ နိုင်ငံစာရင်း ထွက်လာပါတယ်၊ ဒီထဲမှာ မြန်မာ့အိမ်နီးခြင်းထိုင်းနိုင်ငံက ဒုတိယ နေရာမှာ ရှိနေပါတယ်၊ ထိုင်းနိုင်ငံမှာ ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကလာရောက်ပြီး ရင်းနှီးလုပ်ကိုင်သူတွေလည်း များလာတာပါ။ အပြည့်အစုံကို မညိုညိုလွင်က ထိုင်းနိုင်ငံကနေ တင်ပြထားပါတယ်။
https://youtu.be/2ourXUxC3P4?si=rSXMEMOJpRdrr1K_
#VOA
#mizzimatv
-------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ကာလ စီးပွားရေးတွေထိခိုက်ခဲ့ကြရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ ပြန်ဦးမော့လာအောင်ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ကမ္ဘာမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ငန်းသစ်တွေ စဘို့အတွက် အကောင်းဆုံး ၁၀ နိုင်ငံစာရင်း ထွက်လာပါတယ်၊ ဒီထဲမှာ မြန်မာ့အိမ်နီးခြင်းထိုင်းနိုင်ငံက ဒုတိယ နေရာမှာ ရှိနေပါတယ်၊ ထိုင်းနိုင်ငံမှာ ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကလာရောက်ပြီး ရင်းနှီးလုပ်ကိုင်သူတွေလည်း များလာတာပါ။ အပြည့်အစုံကို မညိုညိုလွင်က ထိုင်းနိုင်ငံကနေ တင်ပြထားပါတယ်။
https://youtu.be/2ourXUxC3P4?si=rSXMEMOJpRdrr1K_
#VOA
#mizzimatv
-------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စီးပွားရေးကောင်းတဲ့ အိမ်နီးချင်း ထိုင်း | VOA On Mizzima
ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ကာလ စီးပွားရေးတွေထိခိုက်ခဲ့ကြရပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ ပြန်ဦးမော့လာအောင်ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ကမ္ဘာမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ငန်းသစ်တွေ စဘို့အတွက် အကောင်းဆုံး ၁၀ နိုင်ငံစာရင်း ထွက်လာပါတယ်၊ ဒီထဲမှာ မြန်…
👍8🔥1
တရုတ်လူငယ်တွေ မြို့ပြကိုစွန့်ခွာပြီး ကြွေထည်လုပ်ငန်းတွေဆီဝင်ရောက်လုပ်ကိုင်
==================
https://youtu.be/VX_FSoqutis?si=a-1x7S-lLFKiAASe
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
https://youtu.be/VX_FSoqutis?si=a-1x7S-lLFKiAASe
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
တရုတ်လူငယ်တွေ မြို့ပြကိုစွန့်ခွာပြီး ကြွေထည်လုပ်ငန်းတွေဆီဝင်ရောက်လုပ်ကိုင်
တရုတ်လူငယ်တွေ မြို့ပြကိုစွန့်ခွာပြီး ကြွေထည်လုပ်ငန်းတွေဆီဝင်ရောက်လုပ်ကိုင်
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍8😁1
ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ စုပေါင်းတောင်းဆို
==================
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြင်ပဆရာဝန်နဲ့ ချက်ချင်းဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ် အယောက် ၁၃ဝ ကျော်ကတောင်းဆိုလိုက်ပါတယ်။
မလေးရှားလွှတ်တော်ထဲ အမတ် ၂၂၂ ဦးရှိတဲ့ထဲက အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ဖက်လုံးက လွှတ်တော်အမတ် ၁၃၅ ဦး စုပေါင်းလက်မှတ်ထိုးပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။
အာဆီယံအသိုင်းအဝိုင်းက လွှတ်တော်အမတ်တွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်သင့်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ် အဲရစ်ကလည်း ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်နေပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ခံထားရတဲ့အပေါ် ပူပန်နေတဲ့အကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးနာဝေဒနာ ခံစားနေရပြီး မူးဝေ ပျို့အန်ခဲ့တယ်လို့ အခုစက်တင်ဘာလဆန်းပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့အာဏာဆက်လက်တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည်ကို လှို့ဝှက်နေရာမှာ ထိန်းသိမ်းထားပြီး နိုင်ငံရေးအကျဉ်းသားတွေ ရသင့်တဲ့ အခွင့်အရေးတခုမှ မပေးဘူးလို့ စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ NLD ကကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အကျဉ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ ဆေးကုသမှု မပေးဘူးလို့ NLD ပါတီက ပြောကြားထားပါတယ်။
အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ မကျွေးသလို၊ သင့်တော်တဲ့နေရာမှာလည်း မထားတာကိုထောက်ပြပြီး သူ့အသက်အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေယိုယွင်းနေရုံမက၊ သူ့အသက်ကိုပါ စိုးရိမ်နေစရာဖြစ်နေတဲ့အပေါ် စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ NLD ပါတီက ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ပြည်တွင်း ပြည်ပက တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိကြိုးပမ်းနေတာထက် ပိုပြီး ပြင်းထန်တဲ့တွန်းအားပေးမှုတွေလုပ်ကြပါလို့ NLD ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
https://youtu.be/hUT00vrmbFE?si=2RXbRaiKJqd4u3wd
#PoliticalNews

မလေးရှားလွှတ်တော်ထဲ အမတ် ၂၂၂ ဦးရှိတဲ့ထဲက အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ဖက်လုံးက…

👍21🤮1
ရိုဟင်ဂျာအရေး အားချင်းဖြေရှင်းရန် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
===================
ရိုဟင်ဂျာအရေး ဖြေရှင်းရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် အားချင်း အရေးယူ လုပ်ဆောင်ရန် တိုက်တွန်းထားချက်ကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမတ် ရှာဟာဘူဒင်က ဘင်္ဂလားဒေ့ရှ် ကြက်ခြေနီအသင်း (၇) ကြိမ်မြောက် မိတ်ဖက်ပြုမှု အစည်းအဝေး၌ ထပ်လောင်းပြောဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ရိုဟင်ဂျာအရေး ဖြေရှင်းရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် အားချင်း အရေးယူ လုပ်ဆောင်ရန် တိုက်တွန်းထားချက်ကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမတ် ရှာဟာဘူဒင်က ဘင်္ဂလားဒေ့ရှ် ကြက်ခြေနီအသင်း (၇) ကြိမ်မြောက် မိတ်ဖက်ပြုမှု အစည်းအဝေး၌ ထပ်လောင်းပြောဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
စစ်တပ်၏ အဓမ္မခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဆိုသည့် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ ပြန်လွတ်လာ
===================
လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်အကြာက ဖိလစ်ပိုင်စစ်တပ်၏ အတင်းအဓမ္မခေါ်ဆောင်ခြင်းကို ခံရသည် ဆိုသည့် သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရပြီး ယင်းသည် ၎င်းတို့ ပြန်လွတ်ရေးအတွက် တောင်းဆိုဆော်ဩခဲ့ကြသည့် ထောက်ခံသူများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်စေခဲ့သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်အကြာက ဖိလစ်ပိုင်စစ်တပ်၏ အတင်းအဓမ္မခေါ်ဆောင်ခြင်းကို ခံရသည် ဆိုသည့် သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရပြီး ယင်းသည် ၎င်းတို့ ပြန်လွတ်ရေးအတွက် တောင်းဆိုဆော်ဩခဲ့ကြသည့် ထောက်ခံသူများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်စေခဲ့သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁1
This media is not supported in your browser
VIEW IN TELEGRAM
September - 20 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #reels #shorts

🍌2
မြောက်ကိုရီးယားခေါင်းဆောင် ကျည်ကာ ရထား “လူကြည့်များ ဆိုရှယ်မီဒီယာ” | VOA On Mizzima
======================
https://youtu.be/qQvbS_K4pZQ?si=7iuKY3wiSAbpAqev

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်ဗွီဒီယိုသတင်းတွေ ထဲမှာတော့ ရုရှားနိုင်ငံကိုသွားရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း လက်စွဲတော် ရထားက အထူးစီမံတည်ဆောက်ထားတဲ့ ရထားဖြစ်ပါတယ်။ မော်ရိုကိုက မင်္ဂလာပွဲကြိုည ဆင်နွှဲမှုကြောင့်…
👍8👏1
Force 1
=============
အဓိကဇာတ်ကောင်တွေအနေနဲ့ ရဲအရာရှိ ACP Yash အဖြစ် (John Abraham), မူးယစ်ဆေးရောင်းဝယ်သူ Vishnu အဖြစ် (Vidyut Jammwal) နဲ့ Maya အဖြစ် မင်းသမီး (Genelia D'Souza) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်
အေစီပီရာရှ်ဗာဟန် (John Abraham) က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုမှာ တာဝန်ရှိတဲ့ရဲတစ်ဦး
ရာရှ်မှာ မိသားစုမရှိဘူး ချစ်ရမဲ့သူမရှိဘူး တစ်ကောင်ကြွက်သမား
ဒါကသူ့အလုပ်အတွက် အားနည်းချက်မရှိဘဲ မူးယစ်မှောင်ခိုဂိုဏ်းတွေကို ဖမ်းနိုင်တဲ့အားသာချက်လို့ ယူဆထားတဲ့သူ
ဒါပေမဲ့ လူတိုင်းဟာ အချစ်နဲ့မကင်းနိုင်ဘူးလေ
ချစ်ရမှာကြောက်တဲ့ ရှာရှ်၊ သူ့အချစ်က သူ့အလုပ်အတွက်အားနည်းချက်ဖြစ်လာမှာကြောက်တဲ့ ရှာရှ်ဟာ
ချစ်စရာကောင်းတဲ့ ကောင်မလေးမာယာ (Genelia D'Souza) ရဲ့ ချစ်ရေးဆိုခြင်းခံလိုက်ရတဲ့အချိန်မှာတော့
ဟန်မဆောင်နိုင်တော့ဘဲ ချစ်မိခဲ့ပြီး လက်ထပ်ဖို့ စီစဉ်ခဲ့ကြတယ်
တစ်နေ့မှာတော့ အထူးစစ်ဆင်ရေးတစ်ခုအနေနဲ့ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် Reddy ကို ဖမ်းဆီးရမဲ့အစား သတ်ပစ်ခဲ့တယ်
ဒီလုပ်ရပ်ဟာ အေစီပီရှာရှ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်အရာရှိသုံးယောက်ရဲ့ ဘဝကိုကံဆိုးဖို့စတင်စေခဲ့တယ်
Reddy မှာ သိပ်ကိုရက်စက်လွန်းတဲ့ညီတစ်ယောက်ရှိပြီး သူ့အကိုကို သတ်ပစ်ခဲ့တဲ့ အေစီပီလေးယောက်ကို ပြန်ကလဲ့စားချေဖို့ ကြိုးစားခဲ့ရာမှာတော့………….
ရှာရ်သိပ်ကြောက်တဲ့အချစ်ဟာ သူ့အတွက်တကယ်ဘဲ အားနည်းချက်ဖြစ်စေလား…..
အက်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်ကားပြီးခါနီးချိန်ရောက်လေ ဇာတ်ရှိန်တက်လေဖြစ်နေမှာပါ….
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 20.9.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 21.9.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍3🤮1
ကနေဒါမှာ ဆစ်ခ်ခေါင်းဆောင်လုပ်ကြံခံရမှုနဲ့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အိန္ဒိယငြင်းဆန်
=====================
https://youtu.be/WjWpB9ygey8?si=YDDRcTODB9lQFC7q
=====================
https://youtu.be/WjWpB9ygey8?si=YDDRcTODB9lQFC7q
YouTube
ကနေဒါမှာ ဆစ်ခ်ခေါင်းဆောင်လုပ်ကြံခံရမှုနဲ့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အိန္ဒိယငြင်းဆန်
ကနေဒါမှာ ဆစ်ခ်ခေါင်းဆောင်လုပ်ကြံခံရမှုနဲ့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အိန္ဒိယငြင်းဆန်
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍4👏1
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်ကို ဆိုနာစနစ် ရောင်းချမှုအတွက် စင်ကာပူနိုင်ငံသားနှစ်ဦး ဒဏ်ငွေချမှတ်ခံရ
#PoliticalNews
#reels
#shorts
#MizzimaTV
#PoliticalNews
#reels
#shorts
#MizzimaTV
👍8😁2💩1
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် သံဃာ ၂ ပါး ထိခိုက် ဒဏ်ရာရ
😢6🔥2🤬2
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် သံဃာ ၂ ပါး ထိခိုက် ဒဏ်ရာရ
=================
ကိုရွှေမြိတ်
မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက် နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်ကင်းကျေးရွာ အခြေစိုက် ခမရ (၅၅၇)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဗောဓိကမ်းရွာ ရတနာဗောဓိဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
“ကျောင်းခေါင်မိုးပေါ်ကျပြီး ပေါက်ကွဲတာပါ။ တပါးက မဆိုစလောက်လေးထိတယ်၊ တပါးကတော့ လက် မှာ ခုနစ်ချက်လောက် ချုပ်လိုက်ရတယ်”ဟု ဗောဒိကမ်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရခဲ့သည့် သံဃာနှစ်ပါးမှာ တနင်္သာရီမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရ သည်။
“ကျောင်းမှာတော့ အရင်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော် ၃ ပါး သီတင်းသုံးတယ်လို့ သိရတယ်။ အခုနောက်ပိုင်း စစ်ကောင်စီတပ်က အကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်နေလို့ ဘုန်းကြီးတွေ မနေရဲတော့ဘူး” ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က တနင်္သာရီမြို့နယ်အတွင်းရှိ ဇဝဲကျေးရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းက ဖာနီကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို မော်တုံး(အရှေ့)ရွာအခြေစိုက် အမတ (၃၀၆)က လည်း ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာသို့ လက်နက်ကြီးလေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း ရှိကျေးရွာအချို့တွင် အရပ်သားများထိခိုက်မှုရှိသလို ၎င်းတို့လက်အောက်ခံ ဝန်ထမ်းမိသားစုများပါ ထိ ခိုက်နေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#တနင်္သာရီမြို့နယ်
#ဗောဓိကမ်ကျေးရွာ
#လက်နက်ကြီး

🤬8🔥2👍1😢1