စစ်ကောင်စီက မြေရှားသတ္ထုလုပ်ကွက်များကို စစ်ဆေးမည်ဆို၍ လုပ်ကွက်များအားလုံး ယာယီပိတ်သိမ်း
🔥3😁2

================
အဂမ်
(မဇ္ဈိမ)။ ။ မြေရှားသတ္တုတူးဖော်နေမှုများကို စစ်ကောင်စီက လာရောက်စစ်ဆေးမည်ဆို၍ ထိုလုပ်ငန်းခွင်များအားလုံးကို ယာယီပိတ်သိမ်းထားကြောင်း သတ္တုလုပ်ကွက် လုပ်သားများထံက သိရသည်။
နေပြည်တော်မှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လာရောက်စစ်ဆေးမည်ဆိုသည့် သတင်းကြောင့် စက်တင်ဘာ လဆန်းပိုင်းတွင် သတ္တုလုပ်ကွက်များ စတင်ပိတ်သိမ်းနေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းခွင်အားလုံးပိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
ထိုသတ္တုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ဦးရေ ၅၀၀ ဝန်းကျင်သည် နေရပ်ပြန်သွားပြီဖြစ်ကြောင်း ပန်ဝါဒေသအုပ်ချုပ်ရေးရုံး၏ အချက်အလက်အရ သိရသည်။
အမည်မဖော်လိုသည့် သတ္ထုလုပ်ကွက်လုပ်သားတစ်ဦးက " တရုတ်လောပန်တွေနဲ့ မန်နေဂျာတွေ အကုန်လုံး ပြန်သွားပြီလေ။ အပြီးပြန်သွားတာတော့ မဟုတ်ဘူး။ စစ်ဆေးရေးအဖွဲ့လာမယ်ဆိုလို့ စကားပြောစရာတွေ မရှိစေချင်လို့ ခဏရှောင်တဲ့သဘောပါ။ သူတို့ ပြန်လာဦးမှာပါ။ လုပ်ကွက်မှာ ထည့်ထားတဲ့ သူတို့ရဲ့ ပိုက်ဆံတွေ ပြန်လာယူရဦးမှာလေ" ဟု ပြောသည်။
NDA - K ခေါ် ဦးဇခုန်တန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ရာ ကချင်အထူးဒေသ (၁)နယ်မြေသို့ စစ်ကောင်စီ၏ နေပြည်တော်မှစစ်ဆေးရေးအဖွဲ့များသည် သတ္တုလုပ်ငန်းခွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနှင့် တရုတ်နိုင်ငံသား မှောင်ခိုလုပ်သားများ မည်မျှဝင်ရောက် လုပ်ကိုင်နေသည်ကို စစ်ဆေးရန် လာရောက်မည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ကြောင်း သတ္တုလုပ်ငန်းခွင် လုပ်သားများကဆိုသည်။ ထိုသတင်းနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
ထိုသို့ သတင်းထွက်ပေါ်ခြင်းသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများသည်လည်း လုပ်ငန်းပြန်စမည့်အချိန်ကို ပန်ဝါမြို့တွင် စောင့်ဆိုင်းနေကြကြောင်း သိရသည်။ သို့သော် တည်းခို၊ စားသောက်စရိတ် ကြီးမြင့်၍ နေရပ်ပြန်သွားကြသူများလည်းရှိကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အတည်ပြုထားသည်။
လုပ်သားအချို့မှာ လုပ်ခလစာမရသေးဘဲ လုပ်ငန်းခွင်ပြန်စချိန်တွင် ထိုကျန်ရှိ လစာများ ရရှိရန် မသေချာကြောင်း လုပ်သားတဦးက ပြောသည်။
မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား ဦးရေမှာ ၁၀၀,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်တွင်း သုတေသန အဖွဲ့ တခုဖြစ်သည့် TANKS ၏ စာရင်းအချက်အလက်အရ သိရသည်။
မြေရှားသတ္တု တူးဖော်နေသည့် ဒေသတွင် သဘာဝဂေဟစနစ်ပျက်စီးနေပြီး တောရိုင်းတိရစ္ဆာန်များ စားကျက်မြေ ပြောင်းရွေ့သွားကြောင်း ၊ မြစ်ချောင်းအင်းအိုင်များနှင့် ရေဝေ၊ ရေလဲဒေသများပျက်စီးလာနေသည့် အပြင် သတ္ထုတူးဖော်ရာတွင် သုံးသည့် ဓာတုဆေးဝါးများနှင့် ထိတွေ့မှုကြောင့် အလုပ်သမားများ၏ ကျန်းမာရေးများ ဆိုးရွာလာနေပြီး ကြောင်း သုတေသန စာတမ်းများအရ သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံညွှန်း - မြေရှားသတ္ထုလုပ်ကွက်ပုံ (ဓာတ်ပုံ- CJ)
#Mizzima
#မြေရှားသတ္တုတူးဖော်ရေး
#သဘာဝပတ်ဝန်းကျင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5😁2🔥1
ပြိုင်ဘက် တောင်ကိုရီးယားက ၉ ဂိုးပြတ် အနိုင်ရချိန် မြောက်ကိုရီးယားက နိုင်ပွဲနဲ့အတူ နိုင်ငံတကာ အားကစားပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိ
===================
By PKThawn
မြောက်ကိုရီးယားအသင်းဟာ အင်္ဂါနေ့က အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်မှာ ထိုင်ဝမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိမှုနဲ့အတူ Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံတကာပြိုင်ပွဲကြီးဆီ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ Covid ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ခဲ့ပြီး သူတို့ဟာ ကပ်ရောဂါကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ကို ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
The country was then banned from the 2022 Beijing Winter Olympics for failing to take part in Tokyo.
အဲဒီနောက် မြောက်ကိုရီးယားဟာ တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကနေ ပိတ်ပင်ထုတ်ပယ်ခံခဲ့ပါတယ်။
ဒါပေမယ့် ပြေးခုန်ပစ်၊ ဂျွမ်းဘား၊ ဘတ်စကတ်ဘော၊ ဘောလုံး၊ လက်ဝှေ့နဲ့ အလေးမအားကစားတွေ အပါအဝင် မြောက်ကိုရီးယားကစားသမားတွေဟာ တရုတ်နိုင်ငံရဲ့ ဟန်ကျိုးမြို့မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။
အားကစားပြိုင်ပွဲကို စနေနေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့ပေမယ့်လည်း အင်္ဂါနေ့မှာ အမျိုးသားဘောလုံးပွဲတွေအပါအဝင် အချို့ပွဲစဉ်တွေ ကစားခဲ့ကြပါတယ်။ ထိုင်ဝမ်ကို အနိုင်ရတဲ့ ပွဲမှာ ကင်မ်ကပ်ဂျမ်နဲ့ ရီဂျိုဂတ်တို့က မြောက်ကိုရီးယားအတွက် ပထမပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၈ မှာ ဂျကာတာမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော အားကစားမျိုးစုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။
ပြိုင်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယာအသင်းဟာ ကူဝိတ်ကို ၉-၀ ဂိုးနဲ့ အနိုင်ယူကာ အာရှအားကစားပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ရွှေတံဆိပ်ရရှိဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို စတင်ခဲ့ပါတယ်။
ဂျာမနီမှာ စတုဂတ်အသင်းအတွက် ကစားပေးနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျောင်းဝူးယောင်းက ဟက်ထရစ်သွင်းယူခဲ့တာပါ။
တရုတ်အသင်းက အိန္ဒိယကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ဘောလုံးပြိုင်ပွဲကို စတင်ချိန်မှာ အိမ်ကွင်းမှာ အဖွင့်လှခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးအသင်းတွေကို အသက် ၂၃ နှစ်အောက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် သက်ကြီးကစားသမား ၃ ဦးကို ခွင့်ပြုထားပါတယ်။
(AFP)
Photo: AFP
#AsianGames #NorthKorea #အာရှအားကစားပြိုင်ပွဲ

👍8❤1🤮1
ရိက္ခာအခက်တွေ့နေသည့် လွိုင်ကော်အရှေ့ခြမ်း စစ်ဘေးရှောင်အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် ဆန်အိတ်များလှူဒါန်း
👍9❤3🔥2🥰2

==============
ကိုဇာနည်
(မဇ္စျိမ) ။ ။ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းမှ စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်နေရသော စစ်ဘေးရှောင် အိမ်ထောင်စု ၁,၀၀၀ ကျော် အတွက် ကယားလီဖုလူငယ်အဖွဲ့က ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ရွာပေါင်း ၃၀ မှ အိမ်ထောင်စု ၁၁၈၂ စုအတွက် အရေးပေါ်လိုအပ်နေသောဆန်ကိုသွားရောက် လှူဒါန်းခဲ့ခြင်းဟု ကယားလီဖုလူငယ်အဖွဲ့က ယမန်နေ့နှင့်ယနေ့ စက်တင်ဘာလ ၂၀ရက်တွင် သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှ စစ်ရှောင်စခန်းရှိရာနေရာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာ၌ ရှိပြီး ပုံမှန်အလှူရှင်မရှိသောကြောင့် ဆန်ရိက္ခာ ပိုမိုခက်ခဲနေကြခြင်းဟု သိရသည်။
အဆိုပါ စစ်ရှောင်စခန်းများ၌ လွိုင်ကော်မြို့ အနီးတဝိုက်မှ စစ်ဘေးရှောင်များနှင့် အနီးပတ်ဝန်းကျင်မြို့နယ်အချို့မှ လာရောက် တိမ်းရှောင်သူများအပါအဝင် လူဦးရေ ၅,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသည်ဟု အရပ်ဘက်အဖွဲ့များက အကူအညီတောင်းထားသည်။
လွိုင်ကော်မြို့တွင် လတ်တလော၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။
စာတည်း - အေးချမ်း
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ်
Photo - Kayah Liphu Youth
#mizzima
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့
#စားနပ်ရိက္ခာအခက်အခဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
ကိုဇာနည်
(မဇ္စျိမ) ။ ။ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းမှ စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်နေရသော စစ်ဘေးရှောင် အိမ်ထောင်စု ၁,၀၀၀ ကျော် အတွက် ကယားလီဖုလူငယ်အဖွဲ့က ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ရွာပေါင်း ၃၀ မှ အိမ်ထောင်စု ၁၁၈၂ စုအတွက် အရေးပေါ်လိုအပ်နေသောဆန်ကိုသွားရောက် လှူဒါန်းခဲ့ခြင်းဟု ကယားလီဖုလူငယ်အဖွဲ့က ယမန်နေ့နှင့်ယနေ့ စက်တင်ဘာလ ၂၀ရက်တွင် သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှ စစ်ရှောင်စခန်းရှိရာနေရာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာ၌ ရှိပြီး ပုံမှန်အလှူရှင်မရှိသောကြောင့် ဆန်ရိက္ခာ ပိုမိုခက်ခဲနေကြခြင်းဟု သိရသည်။
အဆိုပါ စစ်ရှောင်စခန်းများ၌ လွိုင်ကော်မြို့ အနီးတဝိုက်မှ စစ်ဘေးရှောင်များနှင့် အနီးပတ်ဝန်းကျင်မြို့နယ်အချို့မှ လာရောက် တိမ်းရှောင်သူများအပါအဝင် လူဦးရေ ၅,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသည်ဟု အရပ်ဘက်အဖွဲ့များက အကူအညီတောင်းထားသည်။
လွိုင်ကော်မြို့တွင် လတ်တလော၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။
စာတည်း - အေးချမ်း
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ်
Photo - Kayah Liphu Youth
#mizzima
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့
#စားနပ်ရိက္ခာအခက်အခဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤6🔥1
ထိုင်းတွင် မူးယစ်ဆေးမှောင်ခိုကူးသူနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ၂ ဦး သေဆုံး
===================
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ခရစ္စတယ် မက်သာဖက်တမင်း တတန် သယ်ဆောင်လာသည့် ကားတစီးကို အာဏာပိုင်များက တားမြစ်စစ်ဆေးစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား၍ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ တဦးနှင့် ရဲတဦးတို့ သေဆုံးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ခရစ္စတယ် မက်သာဖက်တမင်း တတန် သယ်ဆောင်လာသည့် ကားတစီးကို အာဏာပိုင်များက တားမြစ်စစ်ဆေးစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား၍ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ တဦးနှင့် ရဲတဦးတို့ သေဆုံးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🔥1
စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/YrQDvAvV7pg?si=EVU-nW7da3sW5v-Z

YouTube
စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍4🔥2
အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ်အတွက် တရုတ်ထံမှ စစ်ကောင်စီ အကူအညီ တောင်းခံ
===============================
မြန်မာအာဏာသိမ်း စစ်ကောင်စီသည် သန်းခေါင်စာရင်းအတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ် အကောင်အထည်ဖော်နိုင်ရေး တရုတ်ထံမှ အကူအညီ တောင်းခံထားကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂၀ ရက်၌ ဖော်ပြရာ ယင်းသည် အတိုက်အခံများ တိုး၍ ထောက်လှမ်းစောင့်ကြည့်ရေး၌ အသုံးပြုရန်အတွက် ဖြစ်လာလိမ့်မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============================
မြန်မာအာဏာသိမ်း စစ်ကောင်စီသည် သန်းခေါင်စာရင်းအတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ် အကောင်အထည်ဖော်နိုင်ရေး တရုတ်ထံမှ အကူအညီ တောင်းခံထားကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂၀ ရက်၌ ဖော်ပြရာ ယင်းသည် အတိုက်အခံများ တိုး၍ ထောက်လှမ်းစောင့်ကြည့်ရေး၌ အသုံးပြုရန်အတွက် ဖြစ်လာလိမ့်မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍4😁3🤮2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ စက်တင်ဘာ ၂၀၂၃)
=================
အမျိုးသားညီညွတ်ရေး အစိုးရ
မွန်ပြည်နယ်၊ သထုံခရိုင်၊ တပ်ရင်း(၃) နယ်မြေအတွင်းမှာ ရှိသည့် အကြမ်းဖက် စစစ်ကောင်စီ လက်အောက်ခံ BGFနတ်ကြီးစခန်းကို KNLAနှင့် အတူ Federal Wingsဒရုန်းအဖွဲ့က ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Federal Wingsက ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲအစည်း အဝေး (၁၈/၂၀၂၃)ကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ရေး လှုပ်ရှားမှုများ

👍18😁2
စက်တင်ဘာလ (၂၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
- ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ စုပေါင်းတောင်းဆိုတဲ့ သတင်း
- တပ်မ(၄၄)လက်အောက်ခံတပ်မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ KNU ဆီ ပူးပေါင်းတဲ့ သတင်း
-မူဆယ်မှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံများ စားနပ်ရိက္ခာအခက်အခဲရှိနေတဲ့ သတင်း
- စစ်တပ်နဲ့ တရက်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ TNLA ပြော တဲ့သတင်း
- KNU နယ်မြေတွေရှိ အမျိုးသမီးစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတဲ့ သတင်းနဲ့
- ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သမီးဖြစ်သူပြောတဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/2xb3dRt_12k?si=4KC9V5QT4mDA6zjx
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

-…

👍10🤮1
တရုတ်ကာကွယ်ရေးဝန်ကြီး လီဆန်းဖူ စစ်ရေးဆိုင်ရာ အစည်းအဝေးသို့ မတက်ရောက်ဘဲ အများပြည်သူ မြင်ကွင်းမှ ဆက်လက် ကွယ်ပျောက်နေ
========================
တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV မှ ထုတ်လွှင့်ပြသခဲ့သည့် စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် အဓိကစစ်ရေး ဆိုင်ရာ အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးလီဆန်းဖူအား မမြင်တွေ့ရဘဲ လူမြင်ကွင်းမှ သိသိသာသာ ပျောက်ကွယ်နေသည်မှာ တတိယသီတင်းပတ်အတွင်းသို့ ရောက်ရှိနေပြီဖြစ် သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV မှ ထုတ်လွှင့်ပြသခဲ့သည့် စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် အဓိကစစ်ရေး ဆိုင်ရာ အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးလီဆန်းဖူအား မမြင်တွေ့ရဘဲ လူမြင်ကွင်းမှ သိသိသာသာ ပျောက်ကွယ်နေသည်မှာ တတိယသီတင်းပတ်အတွင်းသို့ ရောက်ရှိနေပြီဖြစ် သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1
တရုတ်တွေရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာ | မရွှေမိုး(ကိုရီးယား) “လေးညှို့သံ” − အပိုင်း (၇၁)
=======================
https://youtu.be/0GU-7LXe-K8?si=2a5Hl8bqKZDv6aMa

"တရုတ်မှာပြနေတဲ့ No More Bets ဆိုတဲ့ ရုပ်ရှင်ကိုကြည့်လိုက်ကြပါဦး.
အခုကမ္ဘာမှာ ခေတ်စားနေတဲ့ ရုပ်ရှင်ပေါ့၊ ၂၀၂၃ ဩဂုတ်လဆန်းကမှ ထွက်တာ.
အဲ့ဒီရုပ်ရှင်ကြောင့် အရှေ့တောင်အာရှမှာ "မြန်မာ" ဆိုတာ ဆိုက်ဘာ လိမ်လည်လှည့်ဖြား၊
လူကုန်ကူး၊ မူးယစ်ဆေးဝါးသုံးစွဲ၊ လောင်းကစားလုပ်တဲ့…

👍6🍌1
Donate now and stand with us!
https://bit.ly/2VhJ12U
For more information:
https://donate.mizzima.com/
#supportmizzima
https://bit.ly/2VhJ12U
For more information:
https://donate.mizzima.com/
#supportmizzima
🔥3👍1
စစ်ရှောင်ကလေးငယ် ၂၆,၀၀၀ ပညာသင်စရိတ်အတွက် မြေပြင်အဖွဲ့အစည်း ၂ ခုပူးပေါင်းဆောင်ရွက်
👍9🔥1