Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ရှောင်ကလေးငယ် ၂၆,၀၀၀ ပညာသင်စရိတ်အတွက် မြေပြင်အဖွဲ့အစည်း ၂ ခုပူးပေါင်းဆောင်ရွက်
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ယောဒေသရှိ စစ်ရှောင်ကလေးငယ် ၂၆,၀၀၀ ကျော်အတွက် တနှစ်တာ ပညာသင်စရိတ်ထောက်ပံ့ရန် Save For Yaw နှင့် ANTS-ပုရွက်ဆိတ်များ(ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်း)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

"ဂန့်ဂေါ၊ ထီးလင်း၊ ဆောစတဲ့ ယောဒေသမှာရှိတဲ့ စစ်ဘေးသင့်ကလေးများပညာသင်ကြားရေးအတွက် လိုအပ်တဲ့ စာရေးကိရိယာများ ကူညီထောက်ပံ့နိုင်ဖို့ ဆရာ၊ ဆရာမအင်အားတွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ တနှစ်ပတ်လုံးစာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသုံးစာအုပ်၊ နေရာထိုင်ခင်းစတာတွေ ကူညီထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။' ဟု ANTS - ပုရွက်ဆိတ်များအဖွဲ့မှ မလီလီ က ပြောသည်။

ယောဒေသရှိ စစ်ရှောင်ကလေးများသည် ကြားကာလပုံမှန်အတန်းတင်ပညာရေး(Formal Education) နှင့်ဝေးကွာနေသည်မှာ ကိုဗစ်ကာလ တနှစ်နှင့် အာဏာသိမ်းကာလ နှစ် နှစ် ၊ ပေါင်း သုံးနှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပထမအစီစဥ်တခုအနေဖြင့် ယောဒေသ သုံးမြို့နယ်လုံးက အမှန်တကယ်လိုအပ်နေသည့်ကျောင်းများကို စာအုပ် ၊ဘောပင် ၊ခဲတံ နှင့်သင်ကြားရေးအတွက် လိုအပ်သောအသုံးဆောင်တွေလှူဒါန်းခြင်း ၊ ဒုတိယအစီစဥ်အနေဖြင့် တမြို့နယ်စီ၌ တကျောင်းစီရွေးပြီး အရွေးခံရသည့် စာသင်ကြောင်းကို ဆရာဆရာမအရေတွက် ပြည့်မီအောင်ငှားပေးခြင်း ၊ တနှစ်စာ လည်ပတ်နိုင်အောင်လိုအပ်သည့် အပိုင်းကဏ္ဍများကို သက်ဆိုင်ရာ အဖွဲ့များနှင့်တိုင်ပင်ဆွေးနွေးပြီး ကျောင်းအတွက် လိုအပ်သည်များကို ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

ယောဒေသခံတဦးလည်းဖြစ် Save For Yaw အဖွဲ့၏ တာဝန်ခံလည်းဖြစ်သော ကိုယောက လက်ရှိ ယောဒေသ၏ ပညာရေးအခြေအနေကို ယခုလိုပြောသည်။

"လက်ရှိယောဒေသမှာ မြို့ပေါ်တွေကလွဲရင် ကျေးရွာတွေအားလုံးဟာ NUG ပညာရေးကျောင်းတွေမှာ သင်ကြားနေကြရပါတယ် ၊ NUG ပညာရေးကျောင်းတွေဟာ စဥ်ဆက်မပြတ်ပညာရေးပဲ ပညာသင်ကြားနိုင်တဲ့အခြေအနေဖြစ်ပြီး ဆရာဆရာမလိုအပ်ချက်တွေနှင့် အခြားအခက်အခဲတွေကြောင့် စစ်အာဏာမသိမ်းခင်ကလို သင်ကြားနေတဲ့ ပုံစံလိုတော့ မသင်နိုင်သေးပါဘူး။ COVID ကြောင့်ရော၊ စစ်အာသိမ်းမှုကြောင့်ရော၊ ပညာရေးမလည်ပတ်နိုင်တဲ့ ကျနော်တို့ယောဟာ စစ်ဘေးဒဏ်လည်းခံရ ၊ မီးရှို့လည်း ခံရမှုတွေကြောင့် ဒေသတခုလုံး ဘက်ပေါင်းစုံက ချွတ်ခြုံကျလာတာကြောင့် ပညာရေးအတွက် အထူးစိုးရိမ်ရတဲ့ အခြေနေလို့ ပြောလို့ရပါတယ်ဗျ။" ဟု ပြောသည်။

မကွေးတိုင်းရှိ မြို့နယ် ၂၅ မြို့နယ်၌ ၁၈ မြို့နယ်မှာ စစ်ကောင်စီပညာရေးတွင် အားလုံးနီးပါးလည်ပတ်နေပြီး NUG ပညာရေးလည်ပတ်သော ယောနယ်တွင် ကြားကာလပုံမှန်အတန်းတင်ပညာရေး မလည်ပတ်နိုင်သေးသဖြင့် စစ်‌ေရှာင်ကလေးများ၏ ပညာရေးနှင့် အနာဂတ်တွင် ဒေသအတွက် အများကြီးစိုးရိမ်စရာရှိကြောင်း ကိုယောက ဆက်ပြောသည်။

ယောဒေသရှိ စစ်ရှောင်ကလေးငယ်များအား လက်ရှိအနေအထားတွင် အတန်းသင်ပညာရေးကို ကူညီပေးဖို့လုပ်ဆောင်နေပြီး နောက်ပိုင်းတွင် ကလေးများနှင့် နေရာဒေသနှင့်ကိုက်ညီအသုံးဝင်မည့် သင်တန်းများစီစဥ်ပေးရန် စိတ်ကူးထားကြောင်း သိရသည်။ သို့သော် ယောဒေသသည် အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် အွန်လိုင်းသင်ကြားရေးမလုပ်ဆောင်နိုင်ဘဲ မြေပြင်သင်ကြားရေးသာလုပ်ဆောင်နေရကြောင်း ဆိုသည်။

ယောဒေသရှိ စစ်ရှောင်ကလေးငယ်များ စစ်ကျွန်ပညာရေးအောက် မရောက်ရှိရန် ကျောင်းသားမိဘများနှင့် စာသင်ကလေးများမှ NUG ပညာရေးအား ယုံကြည်မှုရရှိအောင် တည်ဆောက်ရန်လိုအပ်ပြီး စစ်ရှောင်ပညာရေးကို ဝိုင်းဝန်းကူညီပေးကြရန်လိုအပ်ကာ ယခုတွင် Save For Yaw နှင့် ANTS - ပုရွက်ဆိတ်များ(ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်း)မှ ပူးပေါင်းဆောင်ရွက်နေသော " ယောစစ်ရှောင်ပညာရေး အားလုံးဝိုင်းလို့ ကူညီပေး " ကျပ်သိန်း ၅၀၀ တလတာ ရှာ‌ဖွေမှုကမ်ပိန်းတွင်လည်း ပါဝင်ပေးကြရန် တောင်းဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#ANTS
#ယောဒေသ
#စစ်ရှောင်ကလေးငယ်

ပုံအညွှန်း - ယောဒေသရှိစစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနေပုံ

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤5🔥1
စက်တင်ဘာလ (၂၀) ရက်၊ ဗုဒ္ဓဟူးနေ့ ညဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

Money Changer အခု တစ်ရာကျော်ကို ဗဟိုဘဏ်ရုပ်သိမ်းတဲ့သတင်းနဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများသာ ပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင် တယ်ဆိုတဲ့ အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့အီရန်ထောင်က လွတ်လာသူတွေ အမေရိကန်ပြန်ရောက်ပြီဆိုတဲ့ အကြောင်း တွေကို နားဆင်ကြရမှာပါ။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/o7tNP3l-2P8?si=GHdnwvK-HntoT6Xz

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
မက္ကဆီကိုနိုင်ငံရဲ့ မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ | Beyond Panglong Oath Ep-21
=====================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/jfX8cMpo19g?si=9zR0TyK4RE-Gid-V

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1
​​မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ သတ်မှတ်ထားရမည်ဟု NUG ယာယီသမ္မတ ‌ပြော
======================

မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ သတ်မှတ်ထားရမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ ‌ပြောသည်။

" စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူ သင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

စစ်ကိုင်းတိုင်းမှာ နယ်‌မြေဧရိယာကျယ်၀န်းပြီး စစ်အာဏာရှင်ကို အင်အားကောင်းကောင်းဖြင့် တော်လှန်နေသည့် ဒေသဖြစ်သည်ဟု ယာယီသမ္မတက ‌ပြောသည်။

" စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်" ဟု ၎င်းက‌ပြော သည်။

မြန်မာနိုင်ငံ၏ အရှေ့၊ အနောက်၊ တောင်၊ ‌မြောက်ဒေသများတွင် တိုင်းရင်းသလက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍများမှာ ကြီးကြီး မားမား ရယူထားနိုင်‌ကြောင်း၊ KNU အဖွဲ့အစည်းနှင့် တွေ့ဆုံရာ တွင်လည်း အ‌မြော်အမြင်ကြီးကြီးဖြင့် နိုင်ငံတည်ဆောက်ရေး သဘောထားများကို ဆွေးနွေးရမည်ဟု ယာယီသမ္မတက ‌ပြော သည်။

" ‌နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလို နားလည်သဘော ‌ပေါက်ပြီး ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ်တဲ့ လူမျိုးပေါင်းစုံ အုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦး ‌တော်လှန်ရေးအတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာ ကျစ်လစ် ‌ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

ထို့အပြင် နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများ၏ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၁ နှင့် ၂ ကို ဆုံချက်ထားလုပ်ဆောင်ကြရန် တိုက်တွန်း လို‌ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားသည့် အမျိုးသားရေး ဦးတည်ချက် များနှင့် ဖီလာဆန့်ကျင်ဘက် ဖြစ်မ‌နေရန် အထူးသတိပြု ရှောင်ရှား ကြရန်လို‌ကြောင်း ယာယီသမ္မတက သတိပေးသည်။

" အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာ ကနေ ဦးဆောင်ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းပါတယ် " ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍9🥰2🤮1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ စက်တင်ဘာ ၂၀၂၃) 
=======================

စစ်ကောင်စီသည် ဒေါ်လာကို ၎င်းတို့စစ်အုပ်စုသာ ချုပ်ကိုင်ချင်တာကြောင့် နိုင်ငံတွင်းက ဒေါ်လာအရောင်းအဝယ်ကောင်များအားလုံးပိတ်သိမ်းလာနိုင်ဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8😁6👍4
​​ပင်းတယမြို့ စည်ပင်ရုံးအနီး လက်လုပ်မိုင်းတွေ့ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီး
====================

ရောင်နီ
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင််အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ စည်ပင်ရုံးအနီးတွင် လက်လုပ်မိုင်းတွေ့ရှိ၍ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။

ပင်းတယမြို့ ပုန်းတလုတ်ရေကန် အရှေ့ဘက်တွင်တည်ရှိသည့် မြို့နယ်စည်ပင်သာယာရေးရုံးအရှေ့တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လက်လုပ်မိုင်းတလုံး တွေ့ရှိသည့်အတွက် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“ စစ်ကောင်စီတပ်က လက်လုပ်မိုင်းတွေ့လို့ ဖောက်ခွဲဖျက်ဆီးတာ အသံက တော်တော်လေးကျယ်တယ်။ မြို့ထဲမှာလည်း ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ စစ်တပ်ဘက်ကတော့ ကားဘီးပေါက်တယ်ဆိုပြီး မြို့ထဲမှာ ဝါဒလိုက်ဖြန့်နေပါတယ်။” ဟု ပင်းတယမြို့ဒေသခံသတင်းရင်းမြစ်က ပြောသည်။

လက်လုပ်မိုင်းတွေ့ရှိခဲ့သည့် စည်ပင်ရုံးအနီးတွင် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ်အထက်တန်းကျောင်းများ တည်ရှိပြီး စစ်ကောင်စီတပ်၏ ဖောက်ခွဲဖျက်ဆီးမှုတွင် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့သည် ပင်းတယစျေးနေ့ (ဒေသအခေါ် ငါးရက်တစျေး)ဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ပင်းတယမြို့နယ်အတွင်း ပိုမိုလုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ ပင်းတယစျေးအဝင်ပေါက်မှာ အားလုံးစစ်ဆေးပြီးမှ ဝင်ရတယ်။ တချို့ဆို ဓာတ်ပုံရိုက်ခံပြီးမှ စျေးထဲဝင်ရတာတွေရှိတယ်။ ဗုံးတွေ့ပြီးတဲ့နောက် ပင်းတယမြို့ရဲ့ လမ်းဆုံတွေမှာ CCTV တွေ လိုက်တပ်နေတယ်။ အစစ်အဆေးတွေလည်း အရင်ကထက် ပိုကြမ်းတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဆက်ပြောသည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းထားခဲ့သည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - Danu People’s Liberation Front (DPLF) က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများတွင် စည်းရုံးရေးဆင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန် ပြင်ဆင်လာပြီးနောက် ယခုကဲ့သို့ ပင်းတယမြို့နယ်တွင် လက်လုပ်မိုင်းတွေ့ရှိမှု ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မိုင်းထောင်တာကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ မသိရဘူး။ ဒါပေမယ့် အခုတလော ဒီဘက်မှာ လှုပ်ရှားလာတဲ့ ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် (DPLF) က လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ နောက်ပြီး ပင်းတယပြန်ဆက်ရုံးမှာလည်း ဗုံးတွေ့လို့ စစ်ကောင်စီတပ်က ဖြုတ်သိမ်းသွားရတယ်ဆိုတာမျိုးလည်း မြို့ထဲမှာ ပြောနေကြတာရှိတယ်” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။
သို့သော် အဆိုပါ ဖြစ်စဥ်အပေါ် DPLF တပ်ဖွဲ့က သီးခြားသတင်းထုတ်ပြန်မှု မရှိသေးသလို မဇ္စျိမ၏ ဆက်သွယ်မှုကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များတွင် DPLF တပ်ဖွဲ့၏ လှုပ်ရှားမှုများ ရှိလာသည့်အတွက် အင်အားတိုးချကာ လုံခြုံရေးတင်းကျပ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ယင်းအပြင် စက်တင်ဘာလ ၁၈ ရက်နေ့က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) မှ ရဲဘော်များ စည်းရုံးရေးလုပ်ဆောင်ခဲ့သည့် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာကို စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#DPLF
#ဓနုကိုယ်ပိုင််အုပ်ချုပ်ခွင့်ရဒေသ
#ပင်းတယမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥4
​​အကုန်အကျသက်သာသည့် လျှပ်စစ်ကားသစ်များအား ၂၀၂၆ ခုနှစ်၌ မိတ်ဆက်ပေးသွားမည့် တိုယိုတာကုမ္ပဏီ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
​​ပလတ်စတစ်စွန့်ပစ်ပစ္စည်းမှ ပြည့်မြဲဟိုက်ဒရိုဂျင်စွမ်းအင်အား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
​​လက်တွေ့အကောင်အထည်ပေါ်ဖို့ နီးစပ်လာသည့် သားအိမ်တုနည်းပညာ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​၇ နှစ်အတွင်း ကာဘွန်ထုတ်လွှတ်မှုကင်းမဲ့အောင် ပြုလုပ်သွားမည့် Apple ကုမ္ပဏီ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3❤1👍1
​​တောက်ပသော စူပါဆောနစ်ငွေ့ရည်များအား ပန်းထုတ်နေသည့် ကြယ်တစ်စင်းအားတွေ့ရှိ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2
သရက်ချောင်းမှာ ပျူစောထီးခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ
👍14😁2
သရက်ချောင်းမှာ ပျူစောထီးခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်၌ လက်နက်ကိုင် ပျူစောထီးခေါင်ဆောင်ဆိုသူကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ရှင်းလင်းရာ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင်နှင့် သူ၏ဇနီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်ဆောင်ဆိုသူ ဦးတိုးဝင်း၏ နေအိမ်ကို သိမ်းငှက် ပြောက်ကျား ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (သရက်ချောင်း-ပကဖ)ရဲဘော်များက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ယင်း အဖွဲ့ထံမှ သိရသည်။
သိမ်းငှက်ပြောက်ကျား ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “သူက ကျောက်ဆည်ရွာ ပျူစောထီးခေါင်းဆောင် တဦးပါ၊ ဒေသအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ အတူ ဓားပြတိုက်ခြင်း၊ ပြည်သူတွေထံမှ လုယက် ခြိမ်းခြောက်ခြင်း၊ ပြည်သူတွေကို မတရား ဖမ်းဆီးခြင်း၊ ငွေကြေး တောင်းခံခြင်း စတဲ့ ပြုလုပ်မှုတွေကြောင့် သွားရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ဝင်ရောက်စီးနင်းပစ်ခတ်ချိန်တွင် ပျူစောထီး ခေါင်းဆောင် ဦးတိုးဝင်း အပါဝင် ဇနီးဖြစ်သူ ဒေါ်ပပဝင်းလည်း အခင်းဖြစ်ပွားရာနေရာ၌ သေနတ်မှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းထံမှ စစ်ကောင်စီတပ်က ထုတ်ပေးထားသော တရုတ်နိုင်ငံထုတ် M 22 သေနတ် တလက်နှင့် အတူ ကျည်ဘောက် နှစ်ခု၊ ကျည်ဆန် ၈၄ တောင့် ၊ ၃၆ ခွင်းဗုံး နှစ်လုံး၊ စကားပြောစက် တလုံး၊ ဖုန်း သုံးလုံး၊ ဓားမြှောင် ၁၁ ချောင်း၊ စကေပါဓား တချောင်း၊ ပုဆိန်ငယ် တချောင်းနှင့် အတူ ကျည်ကာ အင်္ကျီ တထည်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သရက်ချောင်းမြို့နယ်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏3🥰1😁1
ချန်ပီယံလိဒ် အုပ်စု (A) ပွဲစဉ်ရလဒ်များ
===============

Galatasaray 2 - 2 FC Kobenhavn
Elyounoussi 35' , Goncalves 58'
Boey 86' , Tete 88'

Bayern Munchen 4 - 3 Man United
Sane 28' , Gnabry 32' , Kane 54'(Pen) ' Tel 90+2'
Hojlund 49' , Casemiro 88' , 90+5'


#ChampionLeague
#Footballnews
Photo - Twitter
👍5🔥1😁1