ချန်ပီယံလိဒ် အုပ်စု (D) ပွဲစဉ်ရလဒ်များ
===============
Benfica 0 - 2 Salzburg
Simic 15'(Pen)
Gloukh 51'
Real Sociedad 1 - 1 Inter
Mendez 4'
Martinez 87'
#ChampionLeague
#Footballnews
Photo - Twitter
===============
Benfica 0 - 2 Salzburg
Simic 15'(Pen)
Gloukh 51'
Real Sociedad 1 - 1 Inter
Mendez 4'
Martinez 87'
#ChampionLeague
#Footballnews
Photo - Twitter
👍6🔥1
စစ်ကောင်စီ လူ့အခွင့်အရေးကော်မရှင်ကို အာရှပစိဖိတ်ဖိုရမ်သို့ ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းရေး အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း
====================
အာရှပစိဖိတ်ဖိုရမ် (APF) ၏ ၂၈ ကြိမ်မြောက် တနှစ်တာ အထွေထွေ အစည်းအဝေးနှင့် နှစ်နှစ်တကြိမ် ပြုလုပ်သည့် ကွန်းဖရင့်သို့ စစ်ကောင်စီ ထိန်းချုပ်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဖိတ်ကြားထားမှုကို ပြန်လည် ရုပ်သိမ်းပယ်ဖျက်ရန် မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14🔥1😁1
ဗုဒ္ဓဟူးနေ့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ရလဒ်
===============
အာဆင်နယ် ၄-၀ PSV
ဘိုင်ယန်မြူးနစ် ၄-၃ မန်ချက်စတာယူနိုက်တက်
ဘင်ဖီကာ ဝ-၂ ဆာလ်ဇ်ဘာ့ဂ်
စပို့တင်းဘရာဂါ ၁-၂ နာပိုလီ
ဆိုစီဒက် ၁-၁ အင်တာမီလန်
ဆီဗီလာ ၁-၁ လန်းစ်
ရီးယဲလ်မက်ဒရစ် ၁-၀ ယူနီယံဘာလင်
ဂါလာတာစာရေး ၂-၂ FC ကိုပင်ဟေဂင်
#UCL #ChampionsLeague

👍14😁2
စက်တင်ဘာလ (၂၁) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ကော်မတဥက္ကဋ္ဌ နေရာတွေမှာ ဗိုလ်ချုပ်မြထွန်းဦး တာဝန်ယူလိုက် တဲ့သတင်းနဲ့အတူ ကရင်ပြည်နယ်၊ ဝေါ်လေမြို့အခြေစိုက် တပ်မ (၄၄) လက်အောက်ခံတပ်က စစ်သားနှစ်ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်ခင်ဗျာ။
https://youtu.be/XRIXXdr82ZY?si=V3eoQamHctUFfM8D
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ကော်မတဥက္ကဋ္ဌ နေရာတွေမှာ ဗိုလ်ချုပ်မြထွန်းဦး တာဝန်ယူလိုက် တဲ့သတင်းနဲ့အတူ ကရင်ပြည်နယ်၊ ဝေါ်လေမြို့အခြေစိုက် တပ်မ (၄၄) လက်အောက်ခံတပ်က စစ်သားနှစ်ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်ခင်ဗျာ။
https://youtu.be/XRIXXdr82ZY?si=V3eoQamHctUFfM8D
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၂၁) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ကော်မတဥက္ကဋ္ဌ နေရာတွေမှာ ဗိုလ်ချုပ်မြထွန်းဦး တာဝန်ယူလိုက် တဲ့သတင်းနဲ့အတူ ကရင်ပြည်နယ်၊ ဝေါ်လေမြို့အခြေစိုက် တပ်မ (၄၄) လက်အောက်ခံတပ်က စစ်သားနှစ်ယောက်က…

👍12🔥1😁1
" ပြည်သူလူထုရဲ့ အားကောင်းဆဲဖြစ်တဲ့ စစ်တပ်ထုတ်ကုန် #Boycott "
=====================
အကြမ်းဖက် စစ်ကောင်စီ အာဏာစသိမ်းချိန်ကတည်းက ပြည်သူလူထု အကြားမှာ ရေပန်းစားနေတဲ့ စကားလုံးတွေထဲက တစ်ခုကတော့ ဘွိုင်းကောက်ဆိုတဲ့ စကားဖြစ်ပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ဘွိုင်းကောက်ဆိုတာ အကြမ်းဖက် စစ်တပ် ထုတ်တဲ့ မြန်မာဘီယာ အပါအဝင် စားသောက်ကုန် ပစ္စည်းတွေကို မဝယ်တာ၊ မသုံးစွဲဘဲ သပိတ်မှောက်တာ ဖြစ်ပါတယ်။
အာဏာစသိမ်းကတည်းက ပြည်သူလူထုဟာ တညီတညွတ်တည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်ခဲ့ကြလို့ စစ်တပ်စီးပွားရေးတွေ အထိနာခဲ့ရပါတယ်။
https://www.youtube.com/watch?v=JZ6VIVHaI9U
#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ဘွိုင်းကောက်ဆိုတာ အကြမ်းဖက် စစ်တပ် ထုတ်တဲ့ မြန်မာဘီယာ အပါအဝင် စားသောက်ကုန် ပစ္စည်းတွေကို မဝယ်တာ၊…

👍11🔥1🖕1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၃ | VOA On Mizzima
===================
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ယူကရိန်းအရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထည့်သွင်းပြောကြား၊ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး မနှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးအကြံပေး ရွှန်တာနယ်နဲ့ မေးမြန်းခန်း၊ Pop Culture ခေတ်ရေစီး သတင်းများ၊ အပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/uo1A3Ct4btU?si=0DfbDqTkfqTVePtc
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ယူကရိန်းအရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထည့်သွင်းပြောကြား၊ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး မနှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးအကြံပေး ရွှန်တာနယ်နဲ့ မေးမြန်းခန်း၊ Pop Culture ခေတ်ရေစီး သတင်းများ၊ အပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/uo1A3Ct4btU?si=0DfbDqTkfqTVePtc
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၃ | VOA On Mizzima
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ယူကရိန်းအရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထည့်သွင်းပြောကြား၊ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး မနှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးအကြံပေး…
👍6🔥1😁1
ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို မမေ့လျော့ဘဲ အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသို့ တောင်းဆို
=====================
002
ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို မမေ့လျော့ဘဲ အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသို့ တောင်းဆိုခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည့် ရှောင်တာနယ်လ်က VOA နှင့်အင်တာဗျုးတွင် ထုတ်ဖော် ပြော ကြားလိုက်သည်။
" နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်စု အလေးအနက် တောင်းဆို ထားပါတယ်။ သူစိုးရိမ်တာက ယူကရိန်းအရေးကို ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာအရေးနဲ့ နိုင်ငံတကာဝေးကွာသွားမယ့် အခြေအနေဖြစ်ပါတယ်။ ယူကရိန်းကို ကမ္ဘာက အာရုံစိုက်တာဟာ ကျိုးကြောင်းဆီလျော်ပေမယ့် မြန်မာနိုင်ငံမှာလည်း ပြည်သူတွေဟာ အလားတူ ဒုက္ခရောက်နေတဲ့အခြေအနေကို ကမ္ဘာက မေ့လျော့သွားမှာ ဒေါ်စုအလွန်ပဲ စိုးရိမ်ခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ မိတ်ဆွေဟောင်းတွေကို တတ်နိုင်သလောက် မြန်မာ့အရေး အလေးပေး တစိုက်မတ်မတ်ဆောင်ရွက်ဖို့ ဒေါ်စု တောင်းဆိုထား ပါတယ်" ဟု ရှောင်တာနယ်လ်က ပြောသည်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက ထိပ်ဆုံးဖမ်းဆီးသူများ တွင် တစ်ဦးအပါအ၀င် ဖြစ်သည့် စီးပွားရေးပညာရှင် ရှောင်တာနယ်လ်မှာ အကျဉ်းထောင်တွင် ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး ယခင်နှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်ခဲ့သည်။
အကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ သည့်အချိန်တွင် သူမ၏ စိုးရိမ်ပူပန်မှုများကိုလည်း မျက်မြင်တွေ့ရှိခဲ့ သည်ဟု မစ္စတာရှောင်က ဆိုသည်။
"ကျနော်ကိုယ်တိုင်လည်း နိုင်ငံတကာသတင်းတွေကို သူနဲ့တွေ့တဲ့အချိန်မှာ ပြောပြခဲ့တာတွေရှိပါတယ်။ အဲဒီလို ကမ္ဘာလုံးဆိုင်ရာအဖြစ်အပျက်တွေကို ကျနော် သူနဲ့ ဆွေးနွေးပြောဆိုချိန်မှာ ဒေါ်စုဘက်က စိုးရိမ်မှုတွေ အတော်လေးကြီးမားတာကို ကျနော်မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာ၊ ယူကရိန်းကို ရုရှားကျူးကျော်တာ၊ အဲဒီအချိန်ကာကလ ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေ စတဲ့ ကမ္ဘာ့အလှည့်အပြောင်းတွေပေါ်မှာ ဒေါ်စုဘက်က စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
ပြည်သူများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ကို အားရကျေနပ်ကြောင်း၊ အထူးသဖြင့် လူငယ်များ၏ ဒ်ီမိုကရေစီ စနစ်အပေါ် တန်ဖိုးထားမှု အခြေအနေများကို အားရကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ရှောင်တာနယ်လ်က ဆိုသည်။
" ဒေါ်စုဟာ အပြင်ကအခြေအနေတွေကို ကောင်းကောင်းသိနေပါ တယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေကို သူသိနေခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် ဒီအကြောင်းတွေကို သူနဲ့ တွေ့ဆုံချိန်မှာ ပြောပြတော့ သူ သိပ်ကို ကျေနပ်အားရတာ တွေ့ရပါတယ်။ ကျနော်ကြားသိရသမျှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို ကျနော် သူ့ကို ပြောပြချိန်မှာ သူပြန်ပြောတဲ့စကားကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး။ပြည်သူတဦးချင်းစီအတွက် သူအရမ်းဂုဏ်ယူတယ်လို့ ဒေါ်စုက ပြောခဲ့ပါတယ်။
အထူးသဖြင့် လူငယ်တွေအတွက် သူဂုဏ်ယူမိတယ်လို့ ပြောတယ်။ ဒီမိုကရေစီရဲ့ အရသာကို ဒီလူငယ်တွေက နှစ်အနည်းငယ်လိုက်ပဲ ကြုံတွေ့ခဲ့ရပေမယ့် သူတို့က ဒီစနစ်ကို တန်ဖိုးထား ခုခံကာကွယ်လိုစိတ် အပြည့်ရှိတာကို သူ့တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိတယ်လို့ ဒေါ်စုက ကျနော့်ကို ပြောပါတယ်" ဟု ၎င်းကပြောသည်။
ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုများ ပြင်းထန် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်မှ အခြေအနေ များကို မစ္စတာ ရှောင်တာနယ်လ်က အင်တာဗျုးတွင် ပြောကြား ခဲ့သည်။
" လူမြင်ကွင်း နောက်ကွယ်မှာလူတွေမသိခဲ့တဲ့ ဒေါ်စု ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျနော့် စာအုပ်မှာလည်း ရေးထားပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ အခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်စုကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ ဒါကိုလည်း သူသိပါတယ်။ ဒီလို ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိပေမယ့် နောက်ကွယ်မှာ ဘာတွေလုပ်နေသလဲဆိုတာကို ဒေါ်စုအနေနဲ့ ပြောပြလို့ မရနိုင်ခဲ့ပါဘူး။
ကျနော့်စာအုပ်မှာ ရေးထားတဲ့အထဲက ဥပမာပေးပြောရမယ်ဆိုရင် အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်တပ်အပေါ်မှာ စီးပွားရေးအရ ပစ်မှတ်ထားဖိအားပေးဖို့ ကျနော်ကြိုးစားနေခဲ့တာကို ဒေါ်စုသိနေပါတယ်။ ဒါကြောင့်လည်း အာဏာမသိမ်းခင် မြန်မာပြည်ကို ကျနော်ရောက်နေတဲ့ အကြောင်းအရင်းကလည်း ဘယ်သူတွေဟာ အဓိက ချိုးဖောက်သူတွေဖြစ်သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိနေသလဲဆိုတာတွေကို အတိအကျသိရဖို့ စုံစမ်းဖေါ်ထုတ်ဖို့ ဖြစ်ပါတယ်။

👍24❤14🥰2😁1🤮1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

❤4👍2🔥2
ကုလညီလာခံ ကန်သမ္မတ မိန့်ခွန်း | VOA On Mizzima
==================
စက်တင်ဘာလ ၁၉ ရက်နေ့က အမေရိကန်သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းကို ရုရှားကျုးကျော်မှုဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖေါက်မှုအဖြစ် ဝိုင်းဝန်းရှုတ်ချဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားလို ရာသီဥတုဖေါက်ပြန် ပြောင်းလဲမှု ကိစ္စနဲ့ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အလေးပေး ပြောဆိုသွားပါတယ်။ ဦးသိန်းထိုက်ဦး ကောက်နှုတ်တင်ပြ ထားပါတယ်။
https://youtu.be/q9rT3ujD9Rw?si=ly2PeRXbzsbh-AGl
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
စက်တင်ဘာလ ၁၉ ရက်နေ့က အမေရိကန်သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းကို ရုရှားကျုးကျော်မှုဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖေါက်မှုအဖြစ် ဝိုင်းဝန်းရှုတ်ချဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားလို ရာသီဥတုဖေါက်ပြန် ပြောင်းလဲမှု ကိစ္စနဲ့ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အလေးပေး ပြောဆိုသွားပါတယ်။ ဦးသိန်းထိုက်ဦး ကောက်နှုတ်တင်ပြ ထားပါတယ်။
https://youtu.be/q9rT3ujD9Rw?si=ly2PeRXbzsbh-AGl
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကုလညီလာခံ ကန်သမ္မတ မိန့်ခွန်း | VOA On Mizzima
စက်တင်ဘာလ ၁၉ ရက်နေ့က အမေရိကန်သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းကို ရုရှားကျုးကျော်မှုဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖေါက်မှုအဖြစ် ဝိုင်းဝန်းရှုတ်ချဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားလို ရာသီဥတုဖေါက်ပြန် ပြောင်းလဲမှု…
👍10😁2
ဒေါ်စု စီးပွားရေးအကြံပေး ထောင်အတွေ့အကြုံစာအုပ် | VOA On Mizzima
====================
ရိုဟင်ဂျာ အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ပတ်သက်လို့ အဲဒီအချိန်က ဘယ်လို ရပ်တည်ချက် သဘောထားရှိခဲ့သလဲ။ သူ့ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဩစတေးလျ စီးပွားရေးပညာရှင် Sean Turnell ကို အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီက ဘာကြောင့် အပူတပြင်းဖမ်းဆီးခဲ့သလဲ။ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး မနှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ Sean Turnell ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/YDa4R1IBZWA?si=zDsoBOmsbAjfkVWz
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

ရိုဟင်ဂျာ အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ပတ်သက်လို့ အဲဒီအချိန်က ဘယ်လို ရပ်တည်ချက် သဘောထားရှိခဲ့သလဲ။ သူ့ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဩစတေးလျ စ…
👍18🤮1
စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================
https://youtu.be/B5vV8kwYS_Q?si=9qwKng5J88NetCuQ
==================
https://youtu.be/B5vV8kwYS_Q?si=9qwKng5J88NetCuQ
YouTube
စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

👍9🔥1
ဗီဇာအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ပိုလန်ဆီက ရှင်းလင်းချက်ပေးဖို့ အီးယူတောင်းဆိုထား
====================
https://youtu.be/33TfKmWlPng?si=tjWnRJbLumJmdOOF

#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

မြင်းခြံတွင်စကစတပ်ကနေအိမ် ၁လုံးကိုမီးရှို့ပြီးအသက်၇၀အရွယ်အဘိုး၊အဘွားများအပါအဝင်ဒေသခံများကိုရိုက်နှက်
===================
ဓါတု (မဇ္ဈိမ)။ ။ မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာတွင် စစ်ကောင်စီတပ်က နေအိမ်တလုံးကို မီးရှို့ပြီး အသက် ၇၀ အရွယ် အဘိုး၊အဘွားများအပါအဝင် ရွာရှိ လူအားလုံးကို ရိုက်နှက်သွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် နေ့လယ်တွင် စစ်ကောင်စီတပ်က ဒေသခံ ကိုမျိုးထွန်း၏ နေအိမ်ကို မီးရှို့ကာ ဒေသခံများကို ရိုက်နှက်သွားခြင်းဖြစ်သည်။
အရိုက်ခံရသူများတွင် အဘိုး၊ အဘွား ၁၀ ဦး ဝန်းကျင်ပါဝင်ပြီး စစ်ကောင်စီတပ်သားများက နေအိမ်များသို့ ပြန်လာမနေပါက နေအိမ်များကို ချိပ်ပိတ်ခြင်း၊ မီးတင်ရှို့ခြင်းများ လုပ်ဆောင်မည်ဟု ဒေသခံများကို ဇူလိုင်လကတည်းက ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်သို့ ပြန်မလာသည့် ကိုမျိုးထွန်းအား ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
”အသက် ၇၀ ကျော် အဘိုး၊ အဘွားတွေကိုပါ ရိုက်တာ။ အကြောင်းရင်းက ပြီးခဲ့တဲ့ တလကျော်က မြို့ပေါ် ကလေးတွေ(PDF)နဲ့ အပြန်အလှန်ပစ်ကြတော့ တိုက်ပွဲဖြစ်မယ် ထင်ပြီး ရွာထဲက လူတွေက ဘုန်းကြီးကျောင်းဆီ ရွှေ့ကြတာ။ နောက်ရက်ကျတော့ ပြန်မလာတဲ့ အိမ်တွေ ချိပ်ပိတ်မယ် မီးရှို့မယ်ပြောလို့ အခုပြန်လာကြတဲ့အခါမှာ အိမ်ထဲကသူတွေ အကုန်ထွက်ခဲ့ဆိုပြီး ရိုက်နှက်ကန်ကျောက်တာ။ မိန်းကလေးတွေရဲ့နားတောင်းတွေပါ ဆွဲချွတ်တာ သက်သက်မဲ့ ငြိုးတာပေါ့" ဟု ရွာခံတဦးက မဇ္စျိမကိုပြောသည်။
အိမ်ခြေ ၂၅၀ ရှိသည့် မန်ကျည်းစုရွာသို့ ယမန်နေ့ နေ့လယ် ၂ နာရီတွင် ရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ရိုက်နှက်ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ မြင်းခြံမြို့၊ ဘလဲ့ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် လာရောက်ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကားအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲရန် လာစဥ် မန်ကျည်းစုရွာအနီး ထိပ်တိုက်ဆုံမိကြပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မန်ကျည်းစုရွာခံများက ကြောက်လန့်၍ ရွာအပြင်ရှိ ဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းနေထိုင်နေကြပြီး ယမန်နေ့က နေအိမ်များသို့ ပြန်နေထိုင်စဥ် ထိုသို့ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။
မန်ကျည်းစုကျေးရွာကို ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ သေဆုံးသူများလည်းရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
https://youtube.com/shorts/mUaTtPISS8U?si=qIgOfm0KKcRD93iz
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြင်းခြံ
#ရိုက်နှက်

ဓါတု (မဇ္ဈိမ)။ ။ မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာတွင် စစ်ကောင်စီတပ်က နေအိမ်တလုံးကို မီးရှို့ပြီး အသက် ၇၀ အရွယ် အဘိုး၊အဘွားများအပါအဝင် ရွာရှိ လူအားလုံးကို ရိ...
👍8🤬6🔥2😢1