Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြင်းခြံတွင်စကစတပ်ကနေအိမ် ၁လုံးကိုမီးရှို့ပြီးအသက်၇၀အရွယ်အဘိုး၊အဘွားများအပါအဝင်ဒေသခံများကိုရိုက်နှက်
===================

ဓါတု (မဇ္ဈိမ)။ ။ မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာတွင် စစ်ကောင်စီတပ်က နေအိမ်တလုံးကို မီးရှို့ပြီး အသက် ၇၀ အရွယ် အဘိုး၊အဘွားများအပါအဝင် ရွာရှိ လူအားလုံးကို ရိုက်နှက်သွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် နေ့လယ်တွင် စစ်ကောင်စီတပ်က ဒေသခံ ကိုမျိုးထွန်း၏ နေအိမ်ကို မီးရှို့ကာ ဒေသခံများကို ရိုက်နှက်သွားခြင်းဖြစ်သည်။

အရိုက်ခံရသူများတွင် အဘိုး၊ အဘွား ၁၀ ဦး ဝန်းကျင်ပါဝင်ပြီး စစ်ကောင်စီတပ်သားများက နေအိမ်များသို့ ပြန်လာမနေပါက နေအိမ်များကို ချိပ်ပိတ်ခြင်း၊ မီးတင်ရှို့ခြင်းများ လုပ်ဆောင်မည်ဟု ဒေသခံများကို ဇူလိုင်လကတည်းက ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်သို့ ပြန်မလာသည့် ကိုမျိုးထွန်းအား ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

”အသက် ၇၀ ကျော် အဘိုး၊ အဘွားတွေကိုပါ ရိုက်တာ။ အကြောင်းရင်းက ပြီးခဲ့တဲ့ တလကျော်က မြို့ပေါ် ကလေးတွေ(PDF)နဲ့ အပြန်အလှန်ပစ်ကြတော့ တိုက်ပွဲဖြစ်မယ် ထင်ပြီး ရွာထဲက လူတွေက ဘုန်းကြီးကျောင်းဆီ ရွှေ့ကြတာ။ နောက်ရက်ကျတော့ ပြန်မလာတဲ့ အိမ်တွေ ချိပ်ပိတ်မယ် မီးရှို့မယ်ပြောလို့ အခုပြန်လာကြတဲ့အခါမှာ အိမ်ထဲကသူတွေ အကုန်ထွက်ခဲ့ဆိုပြီး ရိုက်နှက်ကန်ကျောက်တာ။ မိန်းကလေးတွေရဲ့နားတောင်းတွေပါ ဆွဲချွတ်တာ သက်သက်မဲ့ ငြိုးတာပေါ့" ဟု ရွာခံတဦးက မဇ္စျိမကိုပြောသည်။

အိမ်ခြေ ၂၅၀ ရှိသည့် မန်ကျည်းစုရွာသို့ ယမန်နေ့ နေ့လယ် ၂ နာရီတွင် ရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ရိုက်နှက်ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ မြင်းခြံမြို့၊ ဘလဲ့ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် လာရောက်ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကားအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲရန် လာစဥ် မန်ကျည်းစုရွာအနီး ထိပ်တိုက်ဆုံမိကြပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မန်ကျည်းစုရွာခံများက ကြောက်လန့်၍ ရွာအပြင်ရှိ ဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းနေထိုင်နေကြပြီး ယမန်နေ့က နေအိမ်များသို့ ပြန်နေထိုင်စဥ် ထိုသို့ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

မန်ကျည်းစုကျေးရွာကို ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ သေဆုံးသူများလည်းရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

https://youtube.com/shorts/mUaTtPISS8U?si=qIgOfm0KKcRD93iz

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြင်းခြံ
#ရိုက်နှက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🤬6🔥2😢1
အိုလံပစ်ကော်မတီအဖွဲ့ဝင်နေရာအတွက် မီရှဲလ်ယိုး | VOA On Mizzima
=====================

အော်စကာဆုရှင် မလေးရှားမင်းသမီး မီရှဲလ်ယိုးကို နိုင်ငံတကာအိုလံပစ်ကော်မတီ IOC မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခံရပါတယ်။ အမေရိကန်ဖက်ရှင်ဘွားအေကြီး Iris Apfel အိုင်းရစ် အက်ပ်ဖယ်လ် ဩဂုတ်လ ၂၈ ရက်နေ့က အသက် ၁၀၂ နှစ်ပြည့်သွားခဲ့ပါတယ်။ ဒီလို ထင်ပေါ်ကျော်ကြားတဲ့ အနုပညာအသိုင်းအဝိုင်းက သတင်းတွေကို မအေးသန္တာကျော် Pop Culture အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

https://youtu.be/GWbo0mLohVY?si=Xy-gBy-Ti4YBIQVM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮1
NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင် ကွယ်လွန်
================

ဂျူချန်း
(မဇ္ဈိမ)။ ။ အရပ်သားအစိုးရ NLD လက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်(ခ) နာဲသိုက်လောန် သည် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်သာယာဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နိုင်သက်လွင်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ် ရှိပြီဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၎င်းရုပ်အလောင်းကို ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ သယ်ဆောင်ကာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်သွားမည်ဖြစ်ပြီး မွန်နိုင်ရေးအသိုင်းအဝိုင်းတွင် နိုင်သက်လွင်ကွယ်လွန်မှုကြောင့် ဝမ်းနည်းစိတ်မကောင်းမှုဖြစ်ရကြောင်း သိရသည်။

“ကျနော်ကတော့ ဥက္ကဋ္ဌပဲ ခေါ်နေကျ၊ ရန်ကုန်မှာဆုံးတာ။ ဒီနေ့ မော်လမြိုင်ရောက်မယ်။ ကိုယ်နှုတ်အပြုအမူ အပြောအဆို ကြမ်းတဲ့ ကျနော်တို့အပေါ် အမြဲတမ်းအပြစ်မမြင်တတ်တဲ့ ဥက္ကဋ္ဌကြီး ကောင်းရာဘုံဘဝ ရောက်ပါစေ” ဟု နိုင်သက်လွင်နှင့် နီးစပ်သူတဦးက ပြောသည်။

နိုင်သက်လွင်သည် အသက် ၁၈ နှစ်အရွယ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် မွန်ရိုးရာဝတ်စုံ ပြန်လည်ဖော်ထုတ်ရေး ကော်မတီ၌ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF) စတင်တည်ထောင်ချိန်၌ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၀ တွင် အလုပ်အမှုဆောင်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ (MDP) တွင် ဒုဥက္ကဋ္ဌအဖြစ်အလည်းကောင်း၊၂၀၁၄ ခုနှစ်၌ မွန်ပါတီနှစ်ခု ပူးပေါင်းကာ မွန်အမျိုးသားပါတီ(MNP) အဖြစ် အမည်ပြောင်းလဲခဲ့ရာတွင်လည်း ပါတီ ဒုဥက္ကဋ္ဌ(၁) အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် သမ္မတ ဦးထင်ကျော် မှ နိုင်သက်လွင်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အဆိုတင်သွင်းခဲ့ပြီး မွန်အမျိုးသားပါတီမှ အနားယူကာ တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်သက်လွင်သည် ၂၀၁၆ ခုနှစ် မတ်လ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကရင်ပြည်သူ့ပါတီမှ စစ်ကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သူ စောထွန်းအောင်မြင့်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်မှ တာဝန်ပေးခဲ့သည်။

နိုင်သက်လွင်သည် မော်လမြိုင် ဘီလူးကျွန်း (ချောင်းဆုံ) တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပြောင်းရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည့် NLD ပါတီ မှ အနိုင်ရ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ ဖခင်ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း-နိုင်သက်လွင် (ပုံဟောင်း)

#mizzima
#NLD
#MNP
#MNDF
#မွန်နိုင်ငံရေးသမား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😢9🔥2❤1
This media is not supported in your browser
VIEW IN TELEGRAM
ptember - 21 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍5🥰1🍌1
​​ကျနော့်ကြောင့် မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာပါ - အန်ဒရေ အိုနာနာ
==================

By PKThawn
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရီ အိုနာနာက သူ့အနေနဲ့ "အသင်းကို ဆွဲချခဲ့"ကြောင်းနဲ့ သူတို့ဟာ ဘိုင်ယန်မြူးနစ်မှာ “သူ့ကြောင့်” ရလဒ်မကောင်းခဲ့ကြောင်း ပြောပါတယ်။

ဂျာမနီမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိုနာနာရဲ့ အမှားက ဘိုင်ယန်မြူးနစ်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ပေးခဲ့ပါတယ်။ အဲဒီဂိုးကြောင့်ပဲ ဘိုင်ယန်တို့ နောက်တစ်ဂိုး လျင်လျင်မြန်မြန် သွင်းယူသွားခဲ့ပါတယ်။ ယူနိုက်တက်က နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲအပြီးမှာတော့ ၄-၃ ဂိုးရလဒ်နဲ့ ရှုံးခဲ့ပါတယ်။

"ဒါက ဂိုးသမားတစ်ယောက်ရဲ့ဘဝပါပဲ"လို့ အိုနာနာက TNT Sports ကို ပြောခဲ့ပါတယ်။
"ဒါက ခက်ခဲပါတယ်။ ကျနော်တို့ ကောင်းကောင်း စတင်ခဲ့တယ်။ ကျနော် အမှားလုပ်မိပြီးနောက်မှာ ကျနော်တို့ ပွဲကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့ပါတယ်။ အထူးသဖြင့် ကျနော်ဟာ အသင်းကို ဆွဲချခဲ့သူ တစ်ယောက်ဖြစ်လို့ ကျနော်တို့အတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။

"ကျနော်တို့ဟာ ဘောလုံးကိုင်တွယ်ရာမှာ အရမ်းကောင်းခဲ့ပါတယ်၊ သူတို့ဟာ ဘာအခွင့်အရေးတွေကိုမှ မဖန်တီးနိုင်ခဲ့ပါဘူး၊ သူတို့ရဲ့ ပထမဆုံး ဂိုးကန်သွင်းတာကို ကျနော် အမှားလုပ်မိခဲ့တယ်။ ဒါက အဓိက အချက်ဖြစ်ပြီး ဒီအမှားကြောင့် အသင်း ပြိုဆင်းသွားခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့ နိုင်ပွဲမရခဲ့ရင် အဲဒါက ကျနော့်ကြောင့်ပါ။
"ကျနော် ဒီကနေ သင်ယူပြီး သန်မာဖို့ လိုပါတယ်။ ကျနော် သက်သေပြစရာတွေ အများကြီး ရှိပါတယ်။ မန်ချက်စတာမှာ ကျနော်ရဲ့ စတင်မှုက အရမ်း မကောင်းခဲ့သလို ကျနော် လိုချင်သလို မဟုတ်ပါဘူး၊ ဒါက ကျနော်ရဲ့ အဆိုးဆုံး ပွဲတွေထဲက တစ်ပွဲပါ။"

Ref; BBC
Photo: EPA

#ohana #manchesterunited #ChampionsLeague #bayern
👍5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
လျှပ်စစ်ကားတွေအပေါ် စုံစမ်းစစ်ဆေးမှုအတွက် ဥရောပကိုတရုတ်ကန့်ကွက်

#internationalnews #reels #shorts
👍5❤2👏1😁1🤔1
စက်တင်ဘာလ( ၂၁ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==============================

-ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို မ‌မေ့လျော့ဘဲ အကူအညီပေးကြဖို့

-ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို တောင်းဆိုတဲ့သတင်း

-မိတ်ဆွေတွေကို ရန်သူမလုပ်ရေးမူ သတ်မှတ်ထားရမယ်လို့ NUG ယာယီသမ္မတ‌ပြောတဲ့သတင်း

-မြန်မာ့အရေး အခြေအနေပိုဆိုးလာနေကြောင်း ကုလအတွင်းရေးမှုးချုပ်ပြော တဲ့သတင်း

-သရက်ချောင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့ ပစ်သတ်ခံရတဲ့သတင်း

အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/fUrHJ_NpU1o?si=fQQbOQNTmoDETk8o

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
Media is too big
VIEW IN TELEGRAM
ဗီဇာအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ပိုလန်ဆီက ရှင်းလင်းချက်ပေးဖို့ အီးယူတောင်းဆိုထား

#internationalnews #reels #shorts
👍4🍌1
This media is not supported in your browser
VIEW IN TELEGRAM
ရာစုနှစ်အတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုကြောင့် ကက်စပီယံပင်လယ်ကမ်းရိုးတန်းမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်

#internationalnews #reels #shorts
👍3🔥1
ဩစတေးလျနိုင်ငံ မြန်မာများနှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံပွဲ ရန်ပုံငွေ ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ရရှိ
❤20👍1🤮1