Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ခေါင်းဆောင် လူယုံတွေရဲ့ အဂတိအရှုပ်တော်ပုံ
====================

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အထူးယုံကြည်ကိုးစားတဲ့လူယုံတစ်အုပ်ရဲ့အဂတိအရှုပ်တော်ပုံတွေ ဗူးပေါ်သလိုပေါ်ခဲ့ပါတယ်။ ကုန်ဈေးနှုန်းနဲ့နိုင်ငံခြားငွေလဲနှုန်းထိန်းချုပ်ဖို့ဆိုပြီး စီးပွားရေးသမားတချို့ကို ခေါ်ယူ စစ်ဆေးရာကနေညောင်မြစ်တူရင်း ပုတ်သင်ဥပေါ်ဆိုသလို စစ်ခေါင်းဆောင် လူယုံတစ်အုပ်ရဲ့ အဂတိအရှုပ်တော် ပုံတွေပေါ်လာခဲ့တာပါ။ ဒီကိစ္စဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် ရှက်တတ်ရင် လဲသေလောက်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။

https://youtu.be/2C90nvBoMKg?si=_psSM7T-0mona02H

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁5👏2❤1
တွံတေးမြို့နာရီစင်အနီး စစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှု ၁ဦးသေဆုံး ၃ ဦး ဒဏ်ရာရဟုဆို
======================

မောင်ခက်နွေ (မဇ္စျိမ)
ရန်ကုန်တိုင်း၊ တွံတေးမြို့နာရီစင်အနီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းကင်းစခန်းကို ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း PDF Twantay တောကြီးတန်းသွေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ရှစ်ဦးထက်မနည်း ရှိနေသော ကင်းစခန်းကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းဟု PDF Twantay တောကြီးတန်းသွေး၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုက်ခဲက မဇ္ဈိမကို ပြောသည်။
“ပြန်လည်ပစ်ခတ်နိုင်တာမျိုးမရှိခဲ့ဘူးဗျ။ကျနော်တို့ဘက်ကအလျင်အမြန်ပျောက်ကြားဆောင်ရွက်နိုင်ခဲ့တာကြောင့်ပါ" ဟု ရဲဘော်မိုက်ခဲကပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တဦးသေဆုံးကာ သုံးဦးဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး စစ်ကောင်စီက မြို့တွင်း၌ အစစ်အဆေးတင်းကြပ်ထားသည်ဟု တွံတေးမြို့ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့ကလည်း တွံတေးမြို့မရဲစခန်းကို ၄၀မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ချို့ယွင်းမှု့ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု PDF Twantay တောကြီးတန်းသွေးက သတင်းထုတ်ပြန်ထားသည်။

PDF Twantay တောကြီးတန်းသွေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံမဟုတ်သေးသော်လည်း တွံတေးမြို့နယ်ပကဖနှင့် လက်တွဲကာ စစ်အာဏာရှင်ကိုတော်လှန်နေကြောင်း ရဲဘော်မိုက်ခဲက ပြောသည်။လက်ရှိတွင် ပြည်သူများ၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်နေရပြီး စစ်ကောင်စီကို တိုက်ခိုက်နိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ၎င်းက အသိပေးသည်။

စာတည်း - အေးချမ်း

https://youtu.be/FbkG5gV67p0?si=_66QaA6-w5-03L_g

#mizzima
#တွံတေးမြို့
#စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းစခန်း
#တိုက်ခိုက်မှု
#PDF Twantay
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁2❤1
ထိုင်းအနိမ့်ဆုံးလစာတောင် မရနိုင်တဲ့ မြန်မာတွေ| VOA On Mizzima
=====================

ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခ ကို အနည်းဆုံး ၄၀၀ ထိ တိုးပေးဘို့ မကြာသေးခင်ကပဲ အလုပ်သမား၀န်ကြီးက ပြောဆိုလိုက်ပေမဲ့ ဒီလိုတိုးပေးတာက ထိုင်းနိုင်ငံသား အလုပ်သမားတွေအတွက်ပဲ ဖြစ်ပြီး မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေတော့ မပါပါဘူး၊ ဒီအတွက် မြန်မာပြည်သားရွှေ့ပြောင်းအလုပ်သမားတွေကတော့ တူညီတဲ့ အလုပ်တွေလုပ်ကြရတာမို့ တူညီတဲ့ လစာတော့ ရသင့်တယ်လို့ ပြောဆိုကြပါတယ်၊ ဒီအကြောင်းအပြည်အစုံကို မညိုညိုလွင်က တင်ပြထားပါတယ် 

https://youtu.be/MxzJrBg2ecE?si=u-dDBVz_EFP7zRAJ

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😭3❤1🤬1
​​ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာ၀န်ယူ
=========================

မဇ္ဈိမ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူထားသည်ဟု RFA က ‌ဖော်ပြသည်။
အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့က အတည်ပြုပြောကြားခြင်းဟု သတင်းတွင် ဖော်ပြထားသည်။

အဖွဲ့ဝင်နိုင်ငံများက စေလွှတ်သည့် ကုလသမဂ္ဂအမြဲတမ်း သံအမတ်ကြီးရာထူးကို ကုလသမဂ္ဂဆိုင်ရာနိုင်ငံကိုယ်စားလှယ် ခန့်ထားရေး စိစစ်သည့် "ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီ" (Credential Committee) က နှစ်စဉ် ဆုံးဖြတ်အတည်ပြုပေးရခြင်းဖြစ် သည်။

အခုနှစ်အတွက် ပြန်လည်ဖွဲ့စည်းထားသည့် ကော်မတီအသစ်မှာ စက်တင်ဘာ ၅ ရက်နေ့ကတည်းက တစ်ကြိမ်တစ်ခါမှ အစည်းအဝေးထိုင် ဆုံးဖြတ်ခြင်း မရှိသေးသဖြင့် ပြီးခဲ့တဲ့နှစ်က အတည်ပြုထားသည့် နိုင်ငံများ၏ ကိုယ်စားလှယ် များမှာ ဆက်လက်တာ၀န်ယူရခြင်းဟုအထွေထွေညီလာခံဥက္ကဋ္ဌ၏ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က ‌ပြောသည်။

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသည့် Myanmar Accountability Project အဖွဲ့က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သက်တမ်းတိုး လိုက်ခြင်းအ‌ပေါ် ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်သည်။
ဦးကျော်မိုးထွန်းအား မြန်မာသံအမတ်အဖြစ် ဆက်လက်ထားရှိရန် မြန်မာနိုင်ငံတဝှမ်းတွင် နေ့စဉ်ဆန္ဒထုတ်ဖော်ကာ မြန်မာ ပြည်သူများက တောင်းဆိုခဲ့သည်။

နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တွေ့ရစဉ် (ပုံ - AFP)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤6😁1
​​22.9.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ)
India Movie - Janhit Mein Jaari (ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍4🔥1
ရေရှည်တည်တန့်မယ့် အပန်းဖြေရက်များ | VOA On Mizzima
=====================

အားလပ်ရက်၊ အလုပ်ပိတ်ရက်တွေဆိုတာ နေ့စဉ်အလုပ်ကိစ္စတွေကို ဖယ်ထားပြီးတော့ အနားယူ အပန်းဖြေဖို့ အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ် အပန်းဖြေ ခရီး သွားမယ့်နေရာမှာ တောမီးလောင်တာ၊ ရေကြီးတာ၊ ဒါမှ မဟုတ် အပူလှိုင်း အန္တရာယ်တွေ ကျရောက်နေမယ်ဆိုရင် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုကို စဉ်းစားစရာလည်း ဖြစ်လာပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။ 

https://youtu.be/8Q9cRwhQRlw?si=zzbXXXMq7P9mHc6O
 
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤1🔥1
စက်တင်ဘာလ ၂၂ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
===============

https://youtu.be/r0u4K--WHtQ?si=sBvxUWY8Kq-J8CrI

==============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​'ကျနော်တို့တွေ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ' - ၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း မက်ဆီ မသေချာ
================

By PKThawn

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သူဟာ အသက် ၃၉ နှစ်ရှိချိန် ၂၀၂၆ မှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ မသေချာကြောင်း ပြောပါတယ်။

“ကျနော် အဲဒီနေရာကို ရောက်နိုင်ပါ့မလား မသိပါဘူး”လို့ သူက ကြာသပတေးနေ့က YouTube မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ အာဂျင်တီးနား မီဒီယာရဲ့ နာမည်ကြီး ဂေးလ် ဂါရာဒို့စ်ကို ပြောကြားခဲ့ပါတယ်။ "အဲဒီအကြောင်း မစဉ်းစားသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဝေးကြီးလိုသေးလို့ပါ။"

လက်ရှိအချိန်မှာတော့ မက်ဆီက သူဟာ ၂၀၂၄ အမေရိကန်အိမ်ရှင်ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကို အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

“ကိုပါအမေရိကဖလားပြီးမှ ကျနော်တို့တွေ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ကျနော် ဘယ်လိုခံစားရလဲ ဆိုတာပေါ် မူတည်ပါလိမ့်မယ်။ ၃ နှစ် လိုပါသေးတယ်”လို့ သူက ပြောပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကာတာမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရရှိအောင် အာဂျင်တီးနားအသင်ဂကို ဦးဆောင်ခဲ့ပါတယ်။

အင်တာဗျူးမှာ သူဟာ ကာတာမှာ ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြောက်ခဲ့ပြီးနောက် သူ့ရဲ့ အရင်ပြင်သစ်ကလပ် ပဲရစ်စိန့်-ဂျာမိန်းမှာ လုံလောက်တဲ့ "အသိအမှတ်ပြုမှု" မရရှိခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း သူက ထပ်မံပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ကလပ်ကနေ "အသိအမှတ်ပြုခြင်းမခံရ"တဲ့ အာဂျင်တီးနားအသင်းဖော်တွေထဲမှ သူ တစ်ဦးတည်းသာဖြစ်ခဲ့ကြောင်း သူက အခိုင်အမာဆိုခဲ့ပါတယ်။

"ဒါဟာ ကျနော် မျှော်လင့်ထားခဲ့သလိုမဟုတ်ပေမယ့် အကြောင်းပြချက်တခုခုကြောင့် ဖြစ်တတ်ပါတယ်လို့ ကျနော် အမြဲပြောနေကြပါ။"လို့ မက်ဆီက သူ့ရဲ့ ပဲရစ်မှာရှိတဲ့ နှစ်တွေအကြောင်း ပြောဆိုခဲ့ပြီး "အဲဒီမှာ အဆင်မပြေခဲ့ဘူး"လို့ ထပ်ပြီးပြောဆိုသွားပါတယ်။

ဘလွန်းဒီအော် (၇)ကြိမ်ရရှိခဲ့သူဟာ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲမှာ အင်တာမိုင်ယာမီအတွက် ကစားပေးဖို့ ဖလော်ရီဒါကို မပြောင်းရွှေ့ခင် သူဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်ခဲ့ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

(AFP)

Photo: EPA

#messi #worldcup #WorldCup2026 #argentina #မက်ဆီ #ကမ္ဘာ့ဖလား
👍12🔥1
မားကို့စ်အစိုးရဟာ လူမသိသူမသိဖြိုခွင်းမှုတွေေ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်တက်ကြွလှုပ်ရှား သူတွေပြောဆို�
=================

https://youtu.be/yZ1yggQjMyQ?si=qsy8YTrNHsTgfNBr

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
မားကို့စ်အစိုးရဟာ လူမသိသူမသိဖြိုခွင်းမှုတွေေ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်တက်ကြွလှုပ်ရှား သူတွေပြောဆို�
=================

https://youtu.be/yZ1yggQjMyQ?si=qsy8YTrNHsTgfNBr

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤1🔥1

👍6🔥1🤔1
ကိုဗစ်ကာကွယ်ဆေးအသစ် စထိုးပေးနေ | VOA On Mizzima 
=================

ဗြိတိန်နိုင်ငံမှာ ကိုဗစ် ၁၉ မျိုးကွဲအသစ်ထပ်မံတွေ့ရှိရတာကြောင့်စိုးရိမ်မှုတွေရှိတဲ့အတွက်ကိုဗစ်နဲ့ တုပ်ကွေးကာကွယ် ဆေးထိုးတာတွေကို ဒီနှစ်စောစောစီးစီးစတင်လိုက်ပါတယ်။ အထူးသဖြင့်တော့ လူအိုရုံတွေမှာနေထိုင်နေကြသူတွေ အပါအဝင် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစွာစတင်ထိုးပေးနေပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး၊ ကိုဇော်မိုးကျော်က ပြောပြပါမယ်။ 

https://youtu.be/BR7X4JIsuGg?si=7FJTjT5sf90XDxp9

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1

👍5🔥1
နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးချုပ်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ရဲမှူးကြီး ၂ဦးကို စကစက စုံခုံဖွဲ့ စစ်ဆေးနေ
👏5😁3
နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးချုပ်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ရဲမှူးကြီး ၂ဦးကို စကစက စုံခုံဖွဲ့ စစ်ဆေးနေ
👍8👏1😁1
နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးချုပ်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ရဲမှူးကြီး ၂ဦးကို စကစက စုံခုံဖွဲ့ စစ်ဆေးနေ
===================

နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်၊ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်ကို စစ်ကောင်စီက ရာထူးမှ အနားပေးပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွင့်စစ်ဆေးနေကြောင်း နေပြည်‌တော် ရဲတပ်ဖွဲ့အသိုင်းကပြောသည်။

" အဘ ဉာဏ်မြင့်ကျော်နဲ့ အဘ စိန်လွင်ကို စစ်ဆေးနေတယ်။ ထိန်းသိမ်းပြီး စစ်နေတယ်လို့တောင် ကြားတယ်။ အဓိကကတော့ လာဘ်စားတာလည်း သူများ အမြင်ကတ်အောင်စားတာရယ်၊ ရဲတပ်ဖွဲ့ထဲ ကသောင်းကနင်းဖြစ်နေတာကို မထိန်းနိုင်လို့လည်း ဖြစ်တယ်" ဟု စစ်ကိုင်းတိုင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

ရဲမှူးကြီး ဉာဏ်မြင့်ကျော်သည် ယခင်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှုးဖြစ်ပြီး ၂၀၂၂ မေလတွင် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးဖြစ်လာခဲ့သည်။တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့မှူးများကို စစ်ကောင်စီက သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတာဝန် ပူးတွဲခန့်အပ်ထားသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မိကာ ဒေသတွင်း လမ်းတံတားတည်ဆောက်ရေးစီမံကိန်းများတွင် လာဘ်စားမှုများ ပြုလုပ်နေကြသည်ဟု တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိအချို့ကပြောသည်။ 

ရဲမှူးကြီးစိန်လွင်သည် ရဲမှူးကြီး ဉာဏ်မြင့်ကျော်ကဲ့သို့ပင် လာဘ်စားမှုဆိုးဆိုးရွားရွား ပြုလုပ်နေ၍ ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၏ မျက်စိစပါးမွှေးစူးခံရကာ အရေးယူခြင်းခံရခြင်းဟု နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။

ရဲမှူးချုပ် အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးလည်းဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်သည်။ 

၎င်းသည် စစ်ကောင်စီခေါင်းဆောင်ပိုင်း၏ အစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှုနှင့်ပတ်သက်၍ စစ်ဆေးခံနေရခြင်းဟု ဒုတိယရဲမှူးကြီးအဆင့် အငြိမ်းစား ရဲအရာရှိတဦးက ပြောသည်။

၎င်းတို့ သုံးဦး၏နေရာကို ယနေ့ စက်တင်ဘာ ၂၁ရက်အထိ အစားထိုးဝင်ရောက်သူမရှိသေးဘဲ လစ်လပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ယခင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နေရာကို ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်က လွှဲပြောင်းခန့်အပ်ခံရခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြည်ထဲရေးဝန်ကြီးဖြစ်လာပြီးနောက် ရဲတပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ စစ်ဆေးခံနေရခြင်းဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးနေရာမှ ဖယ်ရှားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် တာဝန်ပေးထားသည်။ 

၎င်း၏ မိသားစုစီးပွားရေးလုပ်ငန်းများကိုလည်း စစ်ကောင်စီက စစ်ဆေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁5❤1