Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဖို့တံခါးဖွင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော
======================

https://youtu.be/HtjZXOPhtsM?si=PS4Mv3WDxJ665eV0
👍5🔥1
Media is too big
VIEW IN TELEGRAM
ကုလအထွေထွေညီလာခံစတင်နေချိန် NUG နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သို့ရောက်ရှိနေ

#politicalnews
#reels
#shorts
#MizzimaTV
👍14🤮1
​​ဂန့်ဂေါမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး၊ ကာကွယ်ရေးတပ်က လက်နက်များသိမ်းဆည်းရရှိ
===================

ပါခွီး
(မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ကန့်သက်ရွာအနီးရှိ စစ်စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပြီး သေနတ် ၁၅လက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၈) YNRF – Htilin က စက်တင်ဘာလ ၂၁ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

ကန့်သက်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စခန်းကုန်းကို စက်တင်ဘာ ၁၈ရက် နံနက် ၄နာရီ ၃၀မိနစ်အချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲဒီစခန်းက လမ်းအသွားအလာများစစ်ဆေးတာနဲ့ အနည်းဆုံး ငါးမိုင်ပတ်လည်အတွင်း စစ်ကြောင်းထိုးတာတွေလုပ်လေ့ရှိပါတယ်” ဟု ယောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ကိုဘလှိုင်း က မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲကြာမြင့်ချိန် မိနစ် ၂၀ခန့်အတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ပျူစောထီးနှစ်ဦး ဒဏ်ရာရရှိသွားကာ ကျန်လူများမှာ စခန်းအား စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ပွဲမှ ကာဘိုင် ကိုးလက် ၊ Garena ခြောက်လက် ၊ကာဘိုင်ကျည်ဘောက် ၁၈ ခု ၊ MA ကျည်ဘောက် ခုနစ်ခု ၊ ကာဘိုင်ကျည် ၉၀၀တောင့် ၊ Garena ကျည် ၂၀၀တောင့် ၊ MAကျည် ၁၅၀နှင့် အီနာဂါဗုံးသီး ငါးလုံး သိမ်းဆည်း ရခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင် အမှတ် (၇)(၁၈)(၁၉) တပ်ရင်း ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ရင်း(၂) ၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖ တို့ ပူးပေါင်းခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၁ရက် ယမန်နေ့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နှစ်မိုင်ခန့်အကွာအဝေးရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် (၂၃)ကပစ သို့ ရဟတ်ယာဥ်ဖြင့် အင်းအားဖြည့်တင်းလာပြီး စစ်ကြောင်းထိုးရန်ပြင် ဆင်နေကြောင်း ကိုဘလှိုင်း က ဆက်ပြောသည်။

ကန့်သက်ရွာတွင် လွန်ခဲ့သော တနှစ်ခန့်ကတည်းက ဒေသခံပြည်သူ များ နေရပ် စွန့်ခွာတိမ်းရှောင်ခဲ့ကြပြီး လက်ရှိ ယင်းရွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကို လိုလားထောက်ခံသူများနေထိုင်ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - တိုက်ပွဲအတွင်းသိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ
ဓါတ်ပုံ - ဂန့်ဂေါခရိုင် အမှတ်(၁၈)တပ်ရင်း

#mizzima
#ဂန့်ဂေါမြို့နယ်
#ပျူစောထီး
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤1🔥1
Media is too big
VIEW IN TELEGRAM
မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဖို့တံခါးဖွင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော

#InternationalNews#reels #shorts
👍9😁2
စစ်ကောင်စီရဲ့ ချိုးဖောက်မှုကြောင့် NCA ပျက်ပြယ်တာကို အကျယ်တဝင့် ကြေညာချက်ထုတ်စရာ မလိုဟု KNU ပြော
=====================

တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA) ဟာ စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်ပြယ်သွားပြီဖြစ်တာကြောင့် အကျယ်တဝင့် ကြေညာချက်ထုတ်စရာမလိုဘူးလို့ စက်တင်ဘာ ၂၀ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ပြောကြားလိုက်ပါတယ်။

လက်တွေ့မြေပြင်မှာလည်း KNU တပ်တွေက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်းလည်း အသိပေးပြောကြားထားပါတယ်။
 
KNU ခရိုင်နဲ့ တပ်မဟာ ခုနစ်ခုရှိတဲ့အနက် တပ်မဟာ(၇) ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက စက်တင်ဘာ ၁၄ရက်နေ့မှာ စာတစ်စောင်ထုတ်ပြန်ခဲ့ရာ NCA စာချုပ်ကို KNU မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသေးတာကြောင့် NCAကို အခြေခံပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ယင်းသို့ စာထွက်လာပြီးနောက် ပဒိုစောတောနီးက KNU ဗဟိုရဲ့သဘောထားကို အခုလို ရှင်းလင်းအသိပေးလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဘားအံခရိုင် တပ်မဟာ (၇) ဥက္ကဋ္ဌ  ပဒို စောအောင်မော်ဧ ရဲ့  NCA စာချုပ်အပေါ် အသိပေးဖော်ပြခြင်းကို ၎င်းတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ပြန်လည်ဖော်ပြခဲ့ပြီး NCA (၈) နှစ်ပြည့်အတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။
အခုလို လုပ်ဆောင်ခြင်းဟာ စစ်ကောင်စီအနေနဲ့ ဘက်ပေါင်းစုံမှာ  အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရပြီး ထွက်ပေါက်ရှာမရတာကြောင့် အကြပ်ရိုက်ပြီး ယခုလို လုပ်မိလုပ်ရာ လုပ်ခြင်း ဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ပြောကြားထားပါတယ်။

NCA နှင့်ပတ်သက်ပြီး ဇဝေဇဝါဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း ပဒိုစောတောနီးက ပြည်သူတွေကိုအသိပေးပြောကြားသွားပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို ကျဆုံးရေးအတွက် တစိုက်မတ်မတ် ဆက်လက်လုပ်သွားမယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်လို့ သူကဆိုပါတယ်။

KNU ဟာ စစ်တပ်အာဏာသိမ်းစကတည်းက အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချကာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်များအကြား တိုက်ပွဲဖြစ်ပွားမှု တိုက်ပွဲကြီးငယ် ၁သောင်း ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်စခန်းအများအပြားကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ စစ်ကောင်စီက ချိုးဖောက်မှုကြောင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်း NCA အခန်း(၁)ပါ ပြဋ္ဌာန်းချက်များကို စစ်ကောင်စီတပ်က စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ချိုးဖောက်ခြင်းပြီး၊ စစ်ကောင်စီသည် နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားရန်အတွက် NCA စာချုပ် ဆက်လက် တည်ရှိနေသယောင် လုပ်ဆောင်နေကြောင်း  (၁၇) ကြိမ်မြောက် ကွန်ကရက်အပြီးမှာတုန်းက KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ပြောဆိုခဲ့တာဖြစ်ပါတယ်။
 
NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ  KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့က ဦးစွာလက်မှတ်ရေးထိုး ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ ၂ ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိတာဖြစ်ပါတယ်။
ဒါပေမယ့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်မှာတော့ NCA လက်မှတ်ထိုးထားတဲ့  EAOs(၁၀) ဖွဲ့ထဲမှ KNU၊ CNF နဲ့ ABSDF အဖွဲ့တို့က  စစ်ကောင်စီကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

https://youtu.be/Vwz5-JmIlb0?si=grROfnBtEzs_WBn2

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19❤2🥰2😁1
နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ်ဗီယက်နမ်ကိုဂျပန်အိမ်ရှေ့စံဇနီးမောင်နှံလာရောက်လည်ပတ်
====================

https://youtu.be/FdVp9ZVy9fs?si=ZWoeXqMTp4gAwgJP
👍9❤1🔥1
တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်ပွားခဲ့ပြီးစစ်တပ်ဖွဲ့ဝင်၃၃၀နဲ့တော်လှန်ရေးရဲဘော် ၁၈ ဦးကျကြောင်း NUG ထုတ်ပြန်
==================

စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေပါဝင်တဲ့ အမှတ်(၁) စစ်ဒေသမှာ ဩဂုတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ဒေသ(၁)နယ်မြေတွေမှာ ဩဂုတ်အတွင်း တိုက်ပွဲပေါင်း ၄၃၀ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ ၃၃၀ဦး သေဆုံးကာ ၄၅၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေး ရဲဘော် ၁၈ဦး ကျဆုံးကာ ၅၅ဦးဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
တိုက်ပွဲတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်၊ မိုင်းဆွဲ တိုက်ခိုက်မှု ၁၁၁ ကြိမ်၊ ဒရုန်းနဲ့တိုက်ခိုက်မှု ၆၅ ကြိမ် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိမှုအနေနဲ့ကတော့ လက်နက်မျိုးစုံ ၈ လက်၊ ဒ ရုန်း ၄  စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ လည်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၀ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၂၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲတပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။
ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော် ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

https://youtu.be/yQc4Ggahm9c?si=Gx8voF3wUrDAHEXe

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15😁1
Media is too big
VIEW IN TELEGRAM
နှစ်နိုင်ငံဆက်ဆံရေးနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ်ဗီယက်နမ်ကိုဂျပန်အိမ်ရှေ့စံဇနီးမောင်နှံ လာရောက်လည်ပတ်

#internationalnews #reels #shorts
👍7🤮1
ပြည်သူ့အကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement)
==========================

ပြည်သူ့အကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement) တွေဟာ ပြည်သူတွေရဲ့နေ့စဥ်ဘဝမှာ အလွန်အရေးပါ ပါတယ်။ PSA တွေကနေ ပညာပေးလှုံ့ဆော်ခြင်းကြောင့် ထိခိုက်၊ နစ်နာ၊ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်သလို ကြိုတင်ကာကွယ်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဒီလိုမျိုး ပြည်သူတွေအတွက် အကျိုးကျေးဇူးများစွာရရှိစေတဲ့ PSA တွေကို Mizzima ကနေပြီး ကဏ္ဍစုံလင်အောင် ဖြန့်ဝေပေးလျှက်ရှိပါတယ်။ Mizzima မီဒီယာရဲ့ အားနဲ့ ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်(PSA)တွေကို နယ်ပယ်ကျယ်ကျယ်၊အသံကျယ်ကျယ် ဖြန့်ဝေလိုက်ပါ။

https://youtu.be/ETu44iN9dRI?si=N-Bdg4FWeRDssgeG

#Mizzima
#PublicServiceAnnouncement
#PSA
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🌭2🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ ချိုးဖောက်မှုကြောင့် NCA ပျက်ပြယ်တာကို အကျယ်တဝင့် ကြေညာချက်ထုတ်စရာ မလိုဟု KNU ပြော

#PoliticalNews
#reels
#shorts
#MizzimaTV
👍11❤2🔥1
ဘန်ကောက်တွင် iphone 15 ဝယ်ယူရန် တန်းစီနေသူများထဲ မြန်မာအများဆုံးပါဝင်
======================

ရွှေနွယ် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Central World Apple Store မှာ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့မှာရောင်းချပေးမယ့် iphone 15 ထုတ်ကုန်တွေကို ဝယ်ယူဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြသူတွေထဲ မြန်မာလူမျိုးတွေအများဆုံးပါဝင်တယ်လို့ သွားရောက်တန်းစီစောင့်ဆိုင်းနေသူတွေဆီက သိရပါတယ်။

တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ မြန်မာလူမျိုးတွေဖြစ်ပြီး ကိုယ်တိုင်သုံးစွဲဖို့ဝယ်ယူသူတွေလည်းရှိသလို ပြန်လည်ရောင်းချဖို့ဝယ်ယူသူတွေ လူစားတန်းစီစောင့်ဆိုင်းပေးသူတွေလည်းပါဝင်တယ်လို့ ဝယ်ယူဖို့တန်းစီစောင့်ဆိုင်းနေသူ မြန်မာနိုင်ငံသားတဦးက မဇ္ဈိမကို ပြောပါတယ်။

လာရောက်တန်းစီကြသူတွေကများပြားပြီး Apple Stroe ရဲ့ စီမံခန့်ခွဲမှုလိုအပ်ချက်တချို့ကြောင့် တန်းစီနေကြသူအချို့ဟာ လူတိုးတဲ့ပြဿနာ လူ ပိတဲ့ပြဿနာကို ကြုံတွေ့ကြရကာ စကားအခြေအတင်ပြောဆိုရတာလည်းရှိခဲ့တယ်လို့ တန်းစီစောင့်ဆိုင်းနေသူ မြန်မာနိုင်ငံသားက ပြောပါတယ်။

တန်းစီဝယ်ယူပြီး ပြန်လည်ရောင်းချပါက အမြတ်ငွေများစွာရရှိနိုင်တာကြောင့် ဝယ်ရောင်းလုပ်ဖို့အတွက် တန်းစီနေသူမြန်မာနိုင်ငံသားတွေများပြားနေတာဖြစ်ကြောင်းလည်းသိရပါတယ်။

https://youtu.be/ygq3jw-sU-4?si=WgLCFaZ4jJERgGm8

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁2😱2
Media is too big
VIEW IN TELEGRAM
တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀နဲ့ တော်လှန်ရေးရဲဘော် ၁၈ ဦး ကျဆုံးကြောင်း NUG ထုတ်ပြန်

#PoliticalNews
#reels
#shorts
#MizzimaTV
👍13😁3😢1
This media is not supported in your browser
VIEW IN TELEGRAM
September - 22 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍6🖕1
👍5❤2🔥1
ဝင်ငွေရရှိရန် ရိုးရလက်ရက်ကန်းထည်များ ကရင်နီ စစ်ဘေးရှောင် အမျိုးသမီးများ ရောင်းချ
====================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ဝင်ငွေတဖက်တလမ်းမှ ရရှိစေရန် ကိုယ်တိုင် ရက်လုပ်သည့် ရိုးရာ လက်ရက်ကန်းထည်များကို ရောင်းချသွားမည်ဖြစ်ကြောင်း ကရင်နီ စစ်ရှောင်အမျိုးသမီးများထံက သိရသည်။
၎င်းတို့ကိုယ်တိုင်ရက်လုပ်ထားသည့် လွယ်အိတ်၊ လုံချည်၊ အင်္ကျီ၊ စောင် နှင့် တဘက်ပဝါ များကို ရောင်းချမည်ဖြစ်ပြီး စျေးနှုန်းများမှာ ကျပ် ၁၅,၀၀၀ ဝန်းကျင်မှ ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ရှိမည်ဖြစ်သည်။

ဝယ်ယူအားပေးလိုသူများအနေဖြင့် ဒီမော့ဆို နှင့် ဖရူဆို အနောက်ဘက်ခြမ်းရှိ ဆိုင်များနှင့် WFW ဖေ့ဘွတ်မှတဆင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ထိုသို့ရက်ကန်းခတ်ရောင်းချနိုင်ရန် သြဂုတ်လ ၂၈ ရက်က စတင်သည့် သုံးပတ်ကြာ ရက်ကန်းခတ်သင်တန်းကို Women for women (WFW) က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရွာထဲက တချို့ရွာခံတော့ အရင်ကတည်းက ကိုယ့်ကိုယ်ကိုယ်သုံးဖို့ ရက်ကြတာပဲရှိတယ်ပေါ့နော် ။ ပုံမှန်လည်းသိပ်မရက်ဖြစ်ကြတော့ဘူး ။ လူတွေလည်းသိပ်မဝယ်ကြတော့ ပိုဆိုးတာပေါ့ ။ ရက်ထည်က စက်ရက်ထည်ထက် ဈေးတော့နည်းနည်းပိုတယ် ။

ဒါပေမဲ့ပိုထူပိုကောင်းတယ်ပေါ့နော် ။ အကြာကြီးလည်း သုံးလို့ရတယ်ပေါ့နော် ။ အဲ့ကြောင့် လက်ရက်ထည်တွေပိုမိုအားပေးကြဖို့ ကျွန်မတို့လည်း promote (အားေပး) လုပ်ရမယ်ပေါ့နော် ။ ကိုယ့်ရိုးရာအထည်တွေကို ပိုမိုတန်ဖိုးထားဝယ်ယူအားပေးကြဖို့ရယ် အဓိကရက်ကြတဲ့သူတွေက ရွာခံဘဲဖြစ်ဖြစ် ၊ စစ်ရှောင်ကပဲဖြစ်ဖြစ် အဓိကအမျိုးသမီးတွေဖြစ်တယ်ပေါ့နော် ။ အဲ့တော့အမျိုးသမီးတွေ ဝင်ငွေ တစ်ဖက်တလမ်းရအောင် လုပ်ပေးဖို့လည်း အများကြီးလိုတာပေါ့နော်" ဟု WWF မှ တာဝန်ရှိသူကပြောပါသည်။
သင်တန်းတွင် ရက်ကန်းပစ္စည်း ၁၀ စုံဖြင့် သင်တန်းသူ ၁၀ ဦးခန့်ကို သင်ကြားပေးခဲ့ကြောင်း ၎င်းကဆိုသည်။

သင်တန်းအတွက် လိုအပ်သည့် ချည်များကို လွိုင်ကော်မြို့ကတဆင့် မှာယူရပြီး စျေးနှုန်းမြင့်တက်မှုကြောင့် ချည်တထုံးလျှင် ကျပ် ၃၅၀၀ မှ ကျပ် ၄၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။
သင်တန်းသူများသည် ရက်ကန်းအထည်များကို စတင် ယက်လုပ်နေကြပြီဖြစ်၍ အထည်များစတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အနည်းငယ် စရောင်းနေရပြီဖြစ်၍ ဝင်ငွေစတင်ရရှိနေကြပြီဖြစ်ကြောင်း WWF တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ရက်ကန်းထည်ပေါ်မူတည်၍ အထည်တထည်လျှင် သုံးရက်မှ တပတ်အထိ ကြာမြင့်၍ ရက်ကန်းခတ်သူများ အညောင်းမိခြင်း အနည်းငယ်ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WFW)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#Mizzima
#လက်ရက်ကန်းထည်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍6🔥1