Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဝင်ငွေရရှိရန် ရိုးရလက်ရက်ကန်းထည်များ ကရင်နီ စစ်ဘေးရှောင် အမျိုးသမီးများ ရောင်းချ
====================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ဝင်ငွေတဖက်တလမ်းမှ ရရှိစေရန် ကိုယ်တိုင် ရက်လုပ်သည့် ရိုးရာ လက်ရက်ကန်းထည်များကို ရောင်းချသွားမည်ဖြစ်ကြောင်း ကရင်နီ စစ်ရှောင်အမျိုးသမီးများထံက သိရသည်။
၎င်းတို့ကိုယ်တိုင်ရက်လုပ်ထားသည့် လွယ်အိတ်၊ လုံချည်၊ အင်္ကျီ၊ စောင် နှင့် တဘက်ပဝါ များကို ရောင်းချမည်ဖြစ်ပြီး စျေးနှုန်းများမှာ ကျပ် ၁၅,၀၀၀ ဝန်းကျင်မှ ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ရှိမည်ဖြစ်သည်။

ဝယ်ယူအားပေးလိုသူများအနေဖြင့် ဒီမော့ဆို နှင့် ဖရူဆို အနောက်ဘက်ခြမ်းရှိ ဆိုင်များနှင့် WFW ဖေ့ဘွတ်မှတဆင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ထိုသို့ရက်ကန်းခတ်ရောင်းချနိုင်ရန် သြဂုတ်လ ၂၈ ရက်က စတင်သည့် သုံးပတ်ကြာ ရက်ကန်းခတ်သင်တန်းကို Women for women (WFW) က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရွာထဲက တချို့ရွာခံတော့ အရင်ကတည်းက ကိုယ့်ကိုယ်ကိုယ်သုံးဖို့ ရက်ကြတာပဲရှိတယ်ပေါ့နော် ။ ပုံမှန်လည်းသိပ်မရက်ဖြစ်ကြတော့ဘူး ။ လူတွေလည်းသိပ်မဝယ်ကြတော့ ပိုဆိုးတာပေါ့ ။ ရက်ထည်က စက်ရက်ထည်ထက် ဈေးတော့နည်းနည်းပိုတယ် ။

ဒါပေမဲ့ပိုထူပိုကောင်းတယ်ပေါ့နော် ။ အကြာကြီးလည်း သုံးလို့ရတယ်ပေါ့နော် ။ အဲ့ကြောင့် လက်ရက်ထည်တွေပိုမိုအားပေးကြဖို့ ကျွန်မတို့လည်း promote (အားေပး) လုပ်ရမယ်ပေါ့နော် ။ ကိုယ့်ရိုးရာအထည်တွေကို ပိုမိုတန်ဖိုးထားဝယ်ယူအားပေးကြဖို့ရယ် အဓိကရက်ကြတဲ့သူတွေက ရွာခံဘဲဖြစ်ဖြစ် ၊ စစ်ရှောင်ကပဲဖြစ်ဖြစ် အဓိကအမျိုးသမီးတွေဖြစ်တယ်ပေါ့နော် ။ အဲ့တော့အမျိုးသမီးတွေ ဝင်ငွေ တစ်ဖက်တလမ်းရအောင် လုပ်ပေးဖို့လည်း အများကြီးလိုတာပေါ့နော်" ဟု WWF မှ တာဝန်ရှိသူကပြောပါသည်။
သင်တန်းတွင် ရက်ကန်းပစ္စည်း ၁၀ စုံဖြင့် သင်တန်းသူ ၁၀ ဦးခန့်ကို သင်ကြားပေးခဲ့ကြောင်း ၎င်းကဆိုသည်။

သင်တန်းအတွက် လိုအပ်သည့် ချည်များကို လွိုင်ကော်မြို့ကတဆင့် မှာယူရပြီး စျေးနှုန်းမြင့်တက်မှုကြောင့် ချည်တထုံးလျှင် ကျပ် ၃၅၀၀ မှ ကျပ် ၄၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။
သင်တန်းသူများသည် ရက်ကန်းအထည်များကို စတင် ယက်လုပ်နေကြပြီဖြစ်၍ အထည်များစတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အနည်းငယ် စရောင်းနေရပြီဖြစ်၍ ဝင်ငွေစတင်ရရှိနေကြပြီဖြစ်ကြောင်း WWF တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ရက်ကန်းထည်ပေါ်မူတည်၍ အထည်တထည်လျှင် သုံးရက်မှ တပတ်အထိ ကြာမြင့်၍ ရက်ကန်းခတ်သူများ အညောင်းမိခြင်း အနည်းငယ်ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ရက်ကန်းခတ်နေကြသည့် ကရင်နီစစ်ရှောင်အမျိုးသမီးများ(ဓာတ်ပုံ-WFW)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#Mizzima
#လက်ရက်ကန်းထည်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍6🔥1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယရှိ ကနေဒါသံတမန်တွေကိုလျှော့ချဖို့ ကြိုးပမ်းနေတယ်လို့ နယူးဒေလီအစိုးရပြော

#InternationalNews#reels #shorts
👍6🔥2👏1
စက်တင်ဘာလ( ၂၂ )ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

00:59- ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာ၀န်ယူတဲ့သတင်း

02:10- စစ်ကောင်စီရဲ့ ချိုးဖောက်မှုကြောင့် NCA ပျက်ပြယ်တာကို အကျယ်တဝင့် ကြေညာချက်ထုတ်စရာ မလိုဟု KNU ပြောသတင်း

05:24- နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဗီယက်နမ်ကို ဂျပန်အိမ်ရှေ့စံဇနီးမောင်နှံ လာရောက်လည်ပတ်တဲ့သတင်း

10:51- တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀နဲ့ တော်လှန်ရေးရဲဘော် ၁၈ ဦး ကျဆုံးကြောင်း NUG ထုတ်ပြန် တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/Oe0KVIuQfWk?si=USSvcQ1RzxYZ9FkI

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤2🌭1🍌1
This media is not supported in your browser
VIEW IN TELEGRAM
အာဆတ်ရဲ့တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအဆင့်သစ်တစ်ခုကို ရောက်ရှိစေမှာဖြစ်ကြောင်း ဘေဂျင်းပြော

#InternationalNews#reels #shorts
❤4👍2👎2
​​တန့်ဆည်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံး၊သေနတ် ၁၄ လက်ရဟုဆို
=======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ လဝကရုံးအပါအဝင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် နေရာနှစ်ခုကို ယနေ့ နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၁၄လက် ရရှိကြောင်း တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

တန့်ဆည်မြို့လ၀ကရုံးနှင့်ဒေါင်းမင်းဆီဆိုင်အဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၂ ခွဲ အချိန်တွင် ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ရဲဘော်တွေက ညဦးပိုင်းလောက်ကတည်းက နေရာယူထားတာ။ အဲ့ဒီနှစ် နေရာပေါင်းအင်အား ၃၀ လောက်ရှိတယ်။ လက်နက်က ၁၄ လက် နဲ့ ကျည်တွေ ဆိုင်ကယ်တွေ ရခဲ့တယ်။ လက်နက် ၁၄ လက်ဆိုတော့ ၁၄ ယောက် သေချာပေါက်သေတယ်။ နောက်ထပ်သေဆုံးမှုတွေလည်းရှိတော့ ၂၀ လောက်တော့ ရှိမယ်” တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

နှစ်ဘက် ရင်ဆိုင်တိုက်ပွဲသည် ၂နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး စီးနင်းတိုက်ခိုက်ခဲ့သည့် နှစ်နေရာစလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် G-3 ၊ MA -3၊ MA -1 နှင့် ခြောက်လုံးပြူးသေနတ်များ ပါဝင်ကြောင်း သိရသည်။

ဒေါင်းမင်းဆီဆိုင်နေရာဟောင်းနှင့် လ၀က ရုံးသည် တန့်ဆည်မြို့ မြောက်ဘက်တွင်တည်ရှိပြီးမြို့မ ရဲစခန်းနှင့် တမိုင်ကျော်သာကွာဝေးသည်။တန့်ဆည်မြို့နယ်ပကဖ ၊ ခရိုင်လက်နက်ကြီးတပ်ဖွဲ့ နှင့် ရွှေဘိုခရိုင်အတွင်း ရှိတပ်ရင်းများ ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင် တန့်ဆည်မြို့ပေါ်သို့ အင်အားတိုးချထားပြီး တိုက်ခိုက်ခံရသည့်နေရာများကို ရှင်းလင်းရေးလုပ်နေကြောင်းနှင့် ဒေသခံများအား နေအိမ်ပြင်ပသို့ ထွက်ခွင့်မပေးဘဲ စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်တဦးက ပြောသည်။

စာတည်း - အေးချမ်း

#mizzima
#တန့်ဆည်မြို့
#စစ်ကောင်စီအထိုင်ချစခန်း
#စီးနင်းတိုက်ခိုက်ခဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤2🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ပထမဆုံးအကြိမ် ကရာဘက်ပေါင်းစည်းရေး ဆွေးနွေးပွဲပြီးဆုံး

#InternationalNews#reels #shorts
👍4🔥2
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ရွာပေါင်းစုံသပိတ်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ဦးကျော်မိုးထွန်းအား ထောက်ခံပြပွဲကို ယနေ့စက်တင်ဘာလ ၂၂ရက်တွင်ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" ဆိုသည့် စာတမ်းကိုကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုကြကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည် (၉၁၄) ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

website link >>> https://www.mizzimaburmese.com/article/133584

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဘက်ကမ်းစီးနင်းမှုအတွင်း ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က ပစ်သတ်

#InternationalNews#reels #shorts
👍7🔥1👏1
​​နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်ရန် ကြိုးပမ်းနေသော်လည်း တရုတ်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေ 
========================

နိုင်ငံခြားအရင်းအနှီးကို ဆွဲဆောင်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ၂၀၂၃ခုနှစ် ပထမ ၈ လတွင် တရုတ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြနေသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏3😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနဲ့ပိုလန်တို့ကြား ကောက်နှံတင်ပို့ရေးအငြင်းပွားမှုအပေါ် ဆွေးနွေးပွဲတွေကို လာမယ့်ရက်ပိုင်းအတွင်းကျင်းပဖို့ရှိ

#InternationalNews #reels #shorts #Ukraine #Poland
👍4🔥1😁1
​​စစ်ကိုင်းမြို့က Hello Mobile ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဖမ်းဆီးပြီး အိမ်ကိုပါချိပ်ပိတ်
===============

007

(မဇ္စျိမ)။    ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် ၊စျေးလမ်းရှိ Hello Mobile ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးပြီး ဆိုင်ကိုချိပ်ပိတ်လိုက်ကြောင်း စစ်ကိုင်းဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

“စစ်ကိုင်းမှာ Hello ဖုန်းဆိုင်ဆိုရင် လူတိုင်းသိကြပါတယ်။ အဲဒီက ကိုဝေဖြိုးကို စကစ(စစ်ကောင်စီတပ်ဖွဲ့)က သူ့ဆိုင်ထဲအထိ ၀င်ဖမ်းပြီး၊ ဆိုင်ကိုပါချိပ်ပိတ်လိုက်တယ်။ ကိုဝေဖြိုးက နိုင်ငံရေးဘာအရောင်မှ မရှိပါဘူး။ စစ်လော်ဘီတွေမြှောက်ပေးလို့ ၀င်ဖမ်းသွားတာပါ” ဟု အမည်မဖော်လိုသူ စစ်ကိုင်းမြို့ခံသတင်းရင်းမြစ်တဦးက ပြောသည်။

Hello Mobile ဆိုင်ပိုင်ရှင် အသက် ၃၉ နှစ်အရွယ် ကိုဝေဖြိုးဆိုသူကို ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က ဆိုင်ကိုလာရောက်ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူ့စီးပွားသူလုပ်နေတာပါ။ ပိုက်ဆံချမ်းသာတဲ့ အသိုက်အ၀န်းထဲတော့ ပါတယ်။ အကြောင်းမဲ့၀င်ဖမ်းတာပါ။ ငွေကြေးတောင့်တင်းတဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထားနေပြီလို့ ယူဆတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းမြို့ခံ နိုင်ငံရေးအင်အားစုမှတဦးက မှတ်ချက်ပြုသည်။

လက်ရှိတွင် ကိုဝေဖြိုးအား စစ်ကိုင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး မည်သည့်ပုဒ်မနှင့်မျှ အမှုဖွင့်ထားခြင်းမရှိသေးဘဲ စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။

စစ်ကောင်စီသည် ယမန်နှစ်မေလ ၅ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ နန္ဒ၀န်ရပ်ကွက်ရှိ သုခသစ္စာပုဂ္ဂလိကဆေးရုံပိုင်ရှင် ဒေါက်တာအေးသီတာခိုင်ကို PDF အား ငွေကြေးထောက်ပံ့‌ကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင် မေလ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့ ၊ မင်းလမ်းရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းရှိ ကုဋေမြိုင်စတိုးဆိုင်ပိုင်ရှင် မလှိုင်ဇာဖြူကိုလည်း အလားတူစွပ်စွဲချက်များဖြင့် ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့‌ကြောင်း သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း 
#စစ်ကိုင်းမြို့
#ဖမ်းဆီးမှု
#ချိပ်ပိတ်

ပုံအညွှန်း-ချိပ်ပိတ်ခံရသည့် Hello Mobile ဆိုင်။ (ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6❤3👍3😢2👏1
၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း အသဲရောဂါဖြင့် ကွယ်လွန်
😢10😁4
၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း အသဲရောဂါဖြင့် ကွယ်လွန်
====================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ ခေါ် ကိုဒီငြိမ်းလင်း၏ ဖခင်ဖြစ်သူ ၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း သည် ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းအချိန်က လွတ်မြောက်နယ်မြေတနေရာ၌ အသဲရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိသားစုထံက သိရသည်။

"သူက အသည်းရောဂါနဲ့ဆုံးတာပါ။ ဆေးရုံကဆင်းလာပြီး အိမ်ပြန်ရောက်တော့ ဆုံးတာ။ အိမ်ကိုလွမ်းတဲ့စိတ်တွေလည်းပါတယ်”ဟု မိသားစုဝင်တဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၁၇ ရက်က ဆေးရုံတင်ကုသခဲ့သော်လည်း စက်တင်ဘာလ ၂၁ ရက်တွင် နေအိမ်၌ ဆုံးပါးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသက်ဦး(Thet Oo)၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "ကိုဒီငြိမ်းလင်းဖခင် ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဇော်မင်းဆုံးတယ်လို့ကြားသိရပါတယ်” ဟု ရေးသားထားသည်။

သေဆုံးချိန်တွင် အသက် (၆၃) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့တွင် အသုဘအစီအစဉ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။။ အောင်ကျော်ဖြိုး
#ရန်ကုန်တိုင်း
#နာရေး
#တော်လှန်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😭11😁2