ချင်းပြည်နယ် ညီလာခံကျင်းပနိုင်ရေး အလုပ်အဖွဲ့ ဖွဲ့စည်း
===================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ညီလာခံကျင်းပနိုင်ရေးအတွက် ချင်းအဖွဲ့အစည်းများ ပူးပေါင်းပြီးအစည်းအဝေးပြုလုပ်ကာ အလုပ်အဖွဲ့ Working Committee For Chinland Council Conference ( WCCCC)ကို ဖွဲ့စည်းခဲ့ကြောင်း ယနေ့စက်တင်ဘာလ ၂၂ရက်တွင် ထုတ်ပြန်သည်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော ချင်းအမျိုးသားတပ်ဦး(CNF) ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်နှင့်ဒေသအခြေပြု အဖွဲ့အစည်းများမှ ချင်းပြည်နယ်ကောင်စီအတွက် အကြိုမျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပသော အဆိုပါအစည်းအဝေးကို နယ်စပ်တနေရာတွင် ကိုယ်စားလှယ်စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးမှ တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး ၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးနှင့် ချင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းထူထောင်ရေးတို့အတွက် ညီလာခံတရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းညီလာခံ ဖြစ်မြောက်ရေးအတွက် WCCCC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုညှိနှိုင်းမှုတွေကနေ ချင်းပြည်နယ်ဖွဲ့စည်းပုံပေါ်ပေါက်လာပြီး ဖက်ဒရယ်ယူနစ် အစိုးရတရပ် ပေါ်ပေါက်မယ်၊ ပြီးတော့ ပြည်ထောင်စုအစိုးရနဲ့ လည်း ချိတ်ဆက်ပြီးတော့ တော်လှန်ရေးမှာသော်လည်ကောင်း ကိုယ့်ရဲ့ပြည်နယ်ဒေသမှာ စီမံခန့်ခွဲမှု ထိထိရောက်ရောက် လုပ်ဆောင်သွားဘို့ ရည်ရွယ်ထားပါတယ်” ဟု WCCCC ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ငိုက်တမ်မောင်က မဇ္စျိမကိုပြောသည်။
စစ်အာဏာရှင်ကို နွေဦးတော်လှန်ရေးမတိုင်မီက တော်လှန်ရေးလုပ်လာသော အဖွဲ့အစည်းများနှင့် ပါတီနိုင်ငံရေး လွှတ်တော်ကိုယ်စားလှယ်များ၏ နိုင်ငံရေးတွင် ပုံစံမတူ ပူးပေါင်းမှုခက်ခဲသည့် အင်အားစုများ အတူတကွ အပြန်အလှန်လေးစားမှုနှင့် ပေါင်းစပ်နိုင်ခဲ့ပါက ချင်းပြည်နယ်သည် ကျန်ဒေသများအတွက်လည်း နမူနာကောင်းတခုဖြစ်နိုင်ကြောင်း ဆိုသည်။
သို့သော် ယခုညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အဆင့်ကိုယ်စားပြု အဖွဲ့နှစ်ဖွဲ့ ပါဝင်သေးခြင်းမရှိသော်လည်း ယင်းဒေသအခြေပြု အဖွဲ့အချို့ ပါဝင်လာကာ အားလုံးပါဝင်လာနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာငိုက်တမ်မောင်က ဆက်ပြောသည်။
အစည်းအဝေးမှ တာဝန်ပေးချက်အရ WCCCC သည် တော်လှန်ရေးကာလ ချင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ချင်းပြည်နယ်ကောင်စီ ညီလာခံကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#ညီလာခံ
#WCCCC
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13🔥1
လူသားချင်းစာနာမှုအကူအညီများကို ဟန့်တား၊ နှောင့်ယှက်နေသည့် စစ်ကောင်စီကို ပြင်းထန်စွာ ရှုတ်ချကြောင်း NUG ဆို
👍16👏1🤣1

=====================
001
(မဇ္စျိမ) ။ ။ မြန်မာလူထုအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖျက်ဆီး၊ ဟန့်တား၊ နှောင့်ယှက်နေသည့် စစ်ကောင်စီကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။
NUG ၏ မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီက မြန်မာနိုင်ငံအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်းကူညီမှု အများစုကို ထိန်းချုပ်ကိုင်တွယ်နေပြီး အဆိုပါ အကူအညီများသည် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ မရောက်ရှိဘဲ စစ်ကောင်စီက လိုသလို စီမံခန့်ခွဲနေခြင်း၊ နိုင်ငံတကာ အကူအညီများကို ဟန့်တားနှောင့်ယှက်နေခြင်းတို့ ဆောင်ရွက်နေကြောင်း NUG က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတပုံမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်းလည်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ်- ၂၆၆၉ စသည်တို့ကို လုံးဝ လေးစားလိုက်နာမှုမရှိဘဲ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်တိုက်ကျူးလွန်နေကြောင်း NUG က ဆိုသည်။
အရပ်သားပြည်သူများ နေထိုင်သည့် မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့အိုးအိမ်ပစ္စည်းများကို လုယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ စစ်ကြောင်းများတွင် လူသားဒိုင်းသဖွယ် အသုံးချခြင်း၊ စားနပ်ရိက္ခာ ၊ ဆေးဝါး၊ သတင်းနှင့် ဆက်သွယ်ရေးစသည်တို့ ဖြတ်တောက်ခြင်းတို့မှာ စစ်ကောင်စီ၏ ကျူးလွန်မှုများတွင် အတွေ့ရအများဆုံး ပုံစံများဖြစ်ကြောင်းလည်း ဆိုထားသည်။
ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ချိန်မှ ယခုကာလအထိ စစ်ကောင်စီကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၇၅,၀၀၀ ကျော်၊ သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၄,၅၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃,၉၀၀ ကျော်နှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်အထိ ရှိခဲ့ပြီဖြစ်ကြောင်း NUG က AAPPအပါအဝင် အခြားခိုင်လုံသော သတင်းအရင်းအမြစ်များနှင့် မှတ်တမ်းများကို ကိုးကားပြီး ထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် NUG ၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် အဖွဲ့အစည်းနှင့် တာဝန်ရှိသူ ပုဂ္ဂိုလ်အားလုံးအနေဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတို့ကို လုံးဝပြုကျင့်မည်မဟုတ်ကြောင်း၊ အဆိုပါ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုလည်း အပြင်းအထန် ဆန့်ကျင်ရှုတ်ချကြောင်းလည်း NUG၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူနှင့် လက်တွဲကာ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယခုထက်ပိုမိုထိရောက်၍ လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာ အကူအညီများ၊ ဝန်းရံအားပေး ကူညီမှုများ ပြုလုပ်ပေးကြရန်လည်း NUG က တိုက်တွန်းထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကောင်စီ
#ကူညီကယ်ဆယ်ရေး
#လူသားချင်းစာနာမှု
#NUG
ပုံအညွှန်း-မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ပျက်ဆီးသွားသည့်နေအိမ်များ။(ဓာတ်ပုံ-CJ)

👍30🔥1👏1🤣1
အာဏာသိမ်းပြီးနောက်ပိုင်း အဆိုးဆုံးရာဇဝတ်မှုကြီး ၁၀ ခု
======================
စစ်ကောင်စီကအာဏာသိမ်းပြီးနောက် မြန်မာ့သမိုင်းမှာ အရင်ကမရှိခဲ့ဖူးတဲ့ ရာဇဝတ်မှုကြီးတွေပေါ်ပေါက်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုကြီးတွေအနက် အဆိုးဝါးဆုံးရာဇဝတ်မှုကြီး ၁၀ ခုကို ကိုသိမ်းမြတ်က စုစည်းတင်ပြထားပါတယ်။
ဒီတပတ်သုံးသပ်ချက်အစီအစဉ်မှာကိုသိမ်းမြတ်တင်ပြထားပါတယ်။
https://youtu.be/lFxNamMafNw?si=bDLE5aiLIBN5f0p3
#analysis
#insights
#indepthanalysis
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

👍9😁1
ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော ကလေးများရေးဆွဲထားသည့် ပန်းချီကားပြပွဲ ပြုလုပ်
👍12❤3😢1🤮1
ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော ကလေးများရေးဆွဲထားသည့် ပန်းချီကားပြပွဲ ပြုလုပ်
========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာရသော ကလေးများ ရေးဆွဲထားသည့် ပန်းချီကားပြပွဲအား စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီတွင် Borderline Gallery ၌ ပြုလုပ်ကြောင်း သိရသည်။
"ပန်းချီပြပွဲမှာ ပန်းချီကားပါဝင်ရေးဆွဲထားတဲ့ ကလေးအကုန်လုံးက တော်လှန်ရေးကြောင့် ထွက်ပြေးလာရတဲ့သူတွေဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မတရားတဲ့လုပ်ရပ်တွေကို လူကြီးတွေနည်းတူ ရောက်တဲ့နေရာကနေ မတရားမှုကို လက်မခံဘူး၊ အကြမ်းဖက်တာကို လက်မခံဘူးဆိုတာကို ပြသလိုခြင်း ဖြစ်ပါတယ်။" ဟု ပွဲစီစဥ်သူ ကိုချမ်း က ပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောသည်။
Shinning Stars Children's Art Exhibition တွင် အသက် ခြောက်နှစ်မှ ၁၄ နှစ် အရွယ်ရှိ ကလေးငယ်များ၏ ပန်းချီကားများ ပြသထားကာ တကားလျှင် ဘတ် ၃၀၀ သတ်မှတ် ရောင်းချလျက်ရှိကြောင်း သိရသည်။
ပန်းချီကားရောင်းချရငွေအားလုံးကို ထိုင်းနိုင်ငံ တနေရာရှိ စစ်ဘေးရှောင် စခန်းတခုသို့ လှူဒါန်းမည်ဖြစ်ပြီး ပန်းပျိုးလက်အမည်ရ ကျောင်းတခုသို့လည်း လိုအပ်သည်များကိုပံ့ပိုးကာ ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ကလေးပန်းချီကားပြပွဲတွင် ကလေးငယ် ၁၈ ဦး၏ ပန်းချီကား ၈၀ ကျော် ပါဝင်ကာ စက်တင်ဘာလ ၂၂ ရက်ညမှ ၂၄ ရက်ညအထိ သုံးရက်တာ ပြသမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ArtExhibition
#မဲဆောက်မြို့
#ကလေးပန်းချီ
ဓာတ်ပုံ - ဂန္ဒမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာရသော ကလေးများ ရေးဆွဲထားသည့် ပန်းချီကားပြပွဲအား စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီတွင် Borderline Gallery ၌ ပြုလုပ်ကြောင်း သိရသည်။
"ပန်းချီပြပွဲမှာ ပန်းချီကားပါဝင်ရေးဆွဲထားတဲ့ ကလေးအကုန်လုံးက တော်လှန်ရေးကြောင့် ထွက်ပြေးလာရတဲ့သူတွေဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မတရားတဲ့လုပ်ရပ်တွေကို လူကြီးတွေနည်းတူ ရောက်တဲ့နေရာကနေ မတရားမှုကို လက်မခံဘူး၊ အကြမ်းဖက်တာကို လက်မခံဘူးဆိုတာကို ပြသလိုခြင်း ဖြစ်ပါတယ်။" ဟု ပွဲစီစဥ်သူ ကိုချမ်း က ပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောသည်။
Shinning Stars Children's Art Exhibition တွင် အသက် ခြောက်နှစ်မှ ၁၄ နှစ် အရွယ်ရှိ ကလေးငယ်များ၏ ပန်းချီကားများ ပြသထားကာ တကားလျှင် ဘတ် ၃၀၀ သတ်မှတ် ရောင်းချလျက်ရှိကြောင်း သိရသည်။
ပန်းချီကားရောင်းချရငွေအားလုံးကို ထိုင်းနိုင်ငံ တနေရာရှိ စစ်ဘေးရှောင် စခန်းတခုသို့ လှူဒါန်းမည်ဖြစ်ပြီး ပန်းပျိုးလက်အမည်ရ ကျောင်းတခုသို့လည်း လိုအပ်သည်များကိုပံ့ပိုးကာ ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ကလေးပန်းချီကားပြပွဲတွင် ကလေးငယ် ၁၈ ဦး၏ ပန်းချီကား ၈၀ ကျော် ပါဝင်ကာ စက်တင်ဘာလ ၂၂ ရက်ညမှ ၂၄ ရက်ညအထိ သုံးရက်တာ ပြသမည်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ArtExhibition
#မဲဆောက်မြို့
#ကလေးပန်းချီ
ဓာတ်ပုံ - ဂန္ဒမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤4🤮1
စစ်ကောင်စီတပ်ကို လက်နက်နှင့်လေယာဉ်ဆီတင်သွင်းနေသော ခရိုနီရုံးခန်း ဗုံးသီးပစ်ခံရ
====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းပေးနေသော ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တဦး၏ရုံးခန်းကို အထူးစစ်ဆင်ရေးအနေဖြင့် ဗုံးသီးပစ်တိုက်ခိုက်သတိပေးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့တခုအပြောအရ သိရသည်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ ရုံးခန်းကို ယနေ့ (စက်တင်ဘာ ၂၂ ရက်) ည ၇ နာရီ ၃၃ မိနစ်၌ ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်ဟု "မြို့ပြအထူးစစ်ဆင်ရေး"ဟု အမည်ပေးထားသောအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။
ခရိုနီ ဦးအောင်မိုးမြင့်သည် Dynasty Group of Companies၏ တည်ထောင်သူနှင့် ဒါရိုက်တာတဦးဖြစ်ကာ စစ်လေယာဉ်နှင့်ပတ်သက်သောအရာများ၊ စစ်လက်နက်ပစ္စည်းများ ၊ လေယာဉ်ဆီတို့ကို ပြည်ပမှတင်သွင်းကူညီပေးသူဖြစ်သည်။
ဦးအောင်မိုးမြင့်ကို ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး Justice For Myanmar ၏ "အသက် ၃၀ အထက် မသမာသူများ(Dirty Over 30)" အစီအစဉ်တွင် ဖော်ပြခံရသော သူဌေးကြီး ကိုးဦးတွင်ပါဝင်သည်။
သူသည်မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်များဝယ်ယူရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးရာမှ ဘယ်လာရုစ်အစိုးရအတွက် အကျိုးအမြတ် အမြောက်အများကို ရှာဖွေပေးခဲ့သူလည်းဖြစ်ရာ ဘယ်လာရုစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် ခန့်အပ်ထားကြောင်း Justice For Myanmar က ဖော်ပြဖူးသည်။
စစ်ကောင်စီတပ်ကိုအထောက်အကူပေးနေသော ခရိုနီများ၏ နေအိမ် ၊ ရုံးခန်း ၊ စီးပွားရေး ၊ မိသားစု ဆွေမျိုး မိတ်ဆွေ ဒေတာများကို မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation) လုပ်ဆောင်သူများအနေဖြင့် အချိန် တနှစ်ကြာ စုဆောင်းထားခဲ့ကြောင်း သိရသည်။
သတိပေးမှုနှင့်မရပါက ဆုံးရှုံးမှုများဖြစ်လာမည်ဖြစ်ကြောင်း စစ်ဆင်ရေးဆောင်ရွက်သည့် ပြောက်ကျားအဖွဲ့က ဆိုသည်။

👍37❤5👏3😁2
စက်တင်ဘာလ( ၂၃ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နိုင်ငံဖြတ်ကျော်မှုခင်းဌာနက ရဲမှူးချုပ်အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ရဲမှူးကြီး ၂ဦးကို စစ်ကောင်စီက ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့သတင်းနဲ့အတူ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီ တပ်သား သုံးဦး လက်နက်အပြည့်အစုံနဲ့ CDM ဝင်လာခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆) ကထုတ်ပြန် လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/8dL29xtm05I?si=3aTyvgLEW7P_fTh6
#Morningradio
#Mizzimaradio

YouTube
စက်တင်ဘာလ( ၂၃ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နိုင်ငံဖြတ်ကျော်မှုခင်းဌာနက ရဲမှူးချုပ်အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ရဲမှူးကြီး ၂ဦးကို စစ်ကောင်စီက ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့သတင်းနဲ့အတူ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီ…

👍15🔥1
The Point Men (2023)
============
ဒီဇာတ်ကားလေးကတော့ မင်းသား Hyun Bin ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၇ခုနှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက ခရစ်ယာန်သာသနာပြု ၂၃ဦးဟာ အာဖဂန်နစ္စတန်နိုင်ငံကို သာသနာပြုခရီးအတွက် သွားခဲ့ရာက တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။
တာလီဘန်တွေက ဓါးစာခံတွေကို အသုံးချပြီး ဖမ်းဆီးထားတဲ့ တာလီဘန်အကျဥ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အာဖဂန်အစိုးရနဲ့ အမေရိကန်တို့ဘက်က သဘောမတူညီခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရက သူတို့ရဲ့နိုင်ငံသား ဓါးစာခံတွေကို ပြန်လည်လွတ်မြောက်စေဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့
ကြိုးစားခဲ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အက်ရှင်ခန်း နည်းပေမဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တာကြောင့် စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။
Mizzima+HD Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
ပြသမည့်ရက်။ ။ 23.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
============
ဒီဇာတ်ကားလေးကတော့ မင်းသား Hyun Bin ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၇ခုနှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက ခရစ်ယာန်သာသနာပြု ၂၃ဦးဟာ အာဖဂန်နစ္စတန်နိုင်ငံကို သာသနာပြုခရီးအတွက် သွားခဲ့ရာက တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။
တာလီဘန်တွေက ဓါးစာခံတွေကို အသုံးချပြီး ဖမ်းဆီးထားတဲ့ တာလီဘန်အကျဥ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အာဖဂန်အစိုးရနဲ့ အမေရိကန်တို့ဘက်က သဘောမတူညီခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရက သူတို့ရဲ့နိုင်ငံသား ဓါးစာခံတွေကို ပြန်လည်လွတ်မြောက်စေဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့
ကြိုးစားခဲ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အက်ရှင်ခန်း နည်းပေမဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တာကြောင့် စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။
Mizzima+HD Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
ပြသမည့်ရက်။ ။ 23.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
23.9.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================
Highlight
Cele City (ညနေ- ၄ နာရီခွဲ)
၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ)
Korea Movie -The point men(ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍2🔥2