Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
👉 မင်းသား Hrithik Roshan ကိုယ်တိုင်ကြည့်ဖို့ ညွှန်းတဲ့ ဝဘ်စီးရီး The Freelancer

Full Video Link - https://youtu.be/VkSSJdhOKdc

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
😁2🌭1🖕1
​​ချင်းတွင်းမြစ်အတွင်း ပုပ်ပွပေါ်လာသည့် စစ်ကောင်စီ ရေယာဉ်မှ အလောင်းများ ဆယ်ယူသူမရှိသေး
=====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း ယမန်နေ့ က စတင်၍ ပုပ်ပွပေါ်လာသည့် စစ်ကောင်စီရေယာဉ်မှ အလောင်း ၁၀ လောင်းခန့် ကို ယနေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီအထိ ဆယ်ယူသူမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးနှင့် ဖလပ်ခွံရေယာဉ်များအနက် ဖလပ်ခွံတစီးသည် မောက္ကတော်ရွာအနီး နစ်မြုပ်ခဲ့ရာမှ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အလောင်းများ ပေါ်လာခြင်းဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောကြားသည်။

"မနေ့က အထိ အလောင်း ၁၀ လောင်းတွေ့တာပါ ။ ဒီနေ့တော့ ထပ်မတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုင်းပဲအလောင်းတွေက ပစ်ထားပြီး မျှောနေတာ ၊ ဒီဘက်ကလည်း ဆယ်တာတွေ မလုပ်ကြဘူး" ဟု ယနေ့ ညနေ ၃ နာရီတွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့်အပေါ် ၎င်းတာဝန်ရှိသူက ဖြေကြားသည်။
ဒေသခံများ၏အဆိုအရ စက်တင်ဘာလ ၂၂ ရက်နေ့၌ ချင်းတွင်းမြစ်အတွင်း တွေ့ရှိရသည့်အလောင်းများအနက် အမျိုးသားအလောင်းများ အများဆုံးတွေ့ရပြီး စစ်ဦးထုတ်နှင့် ကြံခိုင်းရေးပါတီ တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသည့် အလောင်းများပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ ရေယာဉ်နစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး ၊ ကုမ္ပဏီဝန်ထမ်း သုံးဦး၊ ပြည်သူခြောက်ဦး စုစုပေါင်း ၁၂ ဦးပျောက်ဆုံးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးနှင့် ဖလပ်ခွံရေယာဉ်များသည် စက်တင်ဘာလ ၂၁ ရက် ညတွင် ကနီမြို့နယ်၌ ညအိပ်ရပ်နားခဲ့ပြီး ချင်းတွင်းမြစ် အောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး Union Liberation Front က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ချင်းတွင်းမြစ်
#ရေယာဥ်နစ်မြုပ်

ပုံအညွှန်း - စစ်ကောင်စီ စစ်ရေယာဉ် တစီးကို ချင်းတွင်းမြစ်တွင်းတွေ့ရစဉ်။ (ဓာတ်ပုံ - ANPTT)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12👍7
KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ
🔥7👍2👏1😁1😢1
KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ
======================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၁) နယ်မြေဖြစ်သည့် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင် ဌာနချုပ်ရုံးအဟာင်း တည်နေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

" မနေ့က ဗုံးကြဲခံရတာက အရင်ရုံးချုပ်နေရာ။ ခရိုင်တခုလုံးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး စစ်ရေးစစ်ရာရုံးတွေ ရှိတယ်။ အဲ့ဒီနေရာကို လာကြဲသွားတာပါ" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင်ရုံးအဟောင်း တည်နေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာတွင် ခရိုင်ဌာနချုပ်ရုံးအပြင် စစ်ရေးသုံးဗျူဟာရုံးပါ ရှိကြောင်း သိရသည်။

" အဲ့ဒီနေရာကတော့ ခရိုင်ရုံးပေါ့နော်၊ ပရစ်ခိုရွာမှာပေါ့။ ခရိုင်ရုံးရှိတယ် ဗျူဟာရုံးရှိတယ် ၊ အရင်ခရိုင်ရုံးအဟောင်းပေါ့။ မနေ့က တကြိမ် ဗုံးလာကြဲတာပေါ့။ ရုံးပျက်စီးထိခိုက်မှုတော့ ဖြစ်သွားတယ်။ လူတွေကတော့ လုံးဝ တယောက်မှ အထိအခိုက်မရှိပါဘူး" ဟု သထုံခရိုင် PDF က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ခရိုင်ဌာနချုပ်ရုံးအဟောင်းနှင့် ဗျူဟာရုံး အဆောက်အအုံ ပျက်စီးမှုများရှိပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တိုတယ်ခီးကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင်ဌာနချုပ်ရုံးနေရာကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ရုံးအဆောက်အအုံနှစ်ခု ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#ဘီးလင်းမြို့နယ်
#ဗုံးကြဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍5😁1😢1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ စက်တင်ဘာ ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကျင်းပနေစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ နယ်မြေဖြစ်သည့် နေပြည်တော်တွင် တိုက်ပွဲဖော်ဆောင်‌ပြီး ၊ စခန်းသိမ်း တိုက်ပွဲများ စတင်ဆင်နွှဲ နေပြီဖြစ်ကြောင်း Iron Tiger Battalion ကျားသံလုံး စစ်ကြောင်း- သံတောင် မြောက်ပိုင်း အထူးဒေသ၏ စစ်ရေး သတင်း နှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးတွေဦးဆောင်သည့် အဖွဲ့နှင့်The Elders ၏ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တို့အကြား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာလူထုအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖျက်ဆီး၊ ဟန့်တား၊ နှောင့်ယှက်နေသည့် စစ်ကောင်စီကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။
👍19😁2🔥1
တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
😢9🔥3😁2
တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
=================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“စစ်ကြောင်းနှစ်ခုလုံးက ရေဦးနယ်မြောက်ဘက်ခြမ်းနဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်း နှစ်မြို့နယ်အနီးကို ရောက်နေတယ်ဗျ ။ညှပ်ပိတ်ထိုးနေတယ်။ ရေဦး-တန့်ဆည်အနီးက ရွာပေါင်း နှစ်ဆယ်လောက်က ပြည်သူပေါင်း တသောင်းကျော်လောက် ထွက်ပြေးနေရတယ်” ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

ကန့်ဘလူမြို့မှလာသည့် စစ်ကြောင်းနှင့် ရေဦးမြို့မှလာသည့် စစ်ကြောင်းတို့က တန့်ဆည်နှင့်ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများရှိရာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်တွင် တန့်ဆည်မြို့ ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် စခန်းနှစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပြုလုပ်ပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့မနက် တန့်ဆည်အရှေ့ခြမ်း ငတန်းရွာဘက်ကနေ တောင်ဘက်ခြမ်းရွာတွေဘက်ကို ထွက်လာတယ် ၊ရေဦးကထွက်လာတဲ့ စစ်ကြောင်းတခုက ဒီနေ့မနက် ကန်ပေါက်ရွာဘက်ကနေ ရေဦးနယ် မြောက်ဘက်ခြမ်း ပုဏ္ဏကားရွာကို ဝင်နေတယ်” ဟု ကိုထူးခန့်ဇော်က ပြောသည်။

တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှ တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ရွှေတံကျေးရွာ အရှေ့ဘက်တွင် စစ်ရှောင်နေသည့် အသက် ၅၀ အရွယ် ပြည်သူတဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ကန်ပေါက်၊ ပန်းကုံး ၊ ဖလံဂုဏ်၊ ဗိုလ်ရုံ ၊ဆပ်သေ ၊အင်တော ၊လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ နှင့် တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိ ရွှေတံကျေးရွာ ၊ခပေါင်းကြိုင် ၊ချောင်းရိုး ၊ဖန်းခါးဇင် ၊စိမ်းစား ၊ဒယ်ရောက်၊ အောင်သာ စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေရခြင်းဖြစ်သည်ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#တန့်ဆည်မြို့နယ်
#ရေဦးမြို့နယ်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥4😁1😢1
Media is too big
VIEW IN TELEGRAM
HIV ပိုးရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀

#postpartumdepression
#BabyBlues
#reels
#shorts
👍4🔥1🌭1
ဘုတလင်မြို့နယ်တွင် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
======================

ကိုခင်မောင် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းစုန်ဆင်းလာသည့် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လေးမြေရွာနှင့် ညောင်သူများရွာအကြားတွင် ရှေ့ထွက်မိုင်း၁၀လုံးနှင့် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Daung New Generation ( KANI P.D.F) ထံက သိရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလက်ရေယာဉ် ၁၁ စီးပါဝင်သော စစ်ရေယာဉ်အုပ်စုသည် ဘုတလင်မြို့နယ်အတွင်းသို့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို နေ့လယ် ၁၂ နာရီခွဲခန့်က ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း Daung New Generation ( Kani PDF) တပ်ဖွဲ့မှ ဗိုလ်မုတ်ဆိတ်က မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ်အုပ်စုမှ ဖလက်ရေယာဥ်တစီး ထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုကြောင့် KANI P.D.F ရဲဘော်တဦးသည် ပုခုံးရှပ်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိသွားကြောင်း ဗိုလ်မုတ်ဆိတ်ထံက သိရသည်။

“ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောနှစ်စီးနဲ့ ကုန်တင်ဖလပ် ၁၁ စီးနဲ့ စုန်ဆင်းလာတဲ့ဟာကို ကြားဖြတ်ပြီးတော့ မိုင်းဆွဲတာ။ မော်တော်ယာဥ်တစီးတော့ မိုင်းဆွဲလိုက်နိုင်တယ်။ အဲ့ဒီနေရာမှာ ကန့်လန့်ကြီး မျှောသွားသေးတယ်။ ရေမြုပ်မိုင်း နှစ်လုံးဆင်ထားပေမယ့် မကွဲခဲ့ပါ။ ကနီမြို့နယ်ကနေ စုန်ဆင်းလာတာပါ။ အခုတော့ အလုံမင်းထောင့် ဆိပ်ကမ်းမှာရောက်နေတယ် ” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့ထွက်မိုင်း ၁၀လုံးနှင့် လက်နက် ငယ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၇ မမ အမြောက်များ၊ ၄၀ မမ ဗုံးပစ်လောင်ချာ များ၊ စက်လက်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Daung New Generation ( KANI P.D.F)နှင့် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဥ်အုပ်စုကြောင့် ဘုတလင်မြို့နယ်၊ မြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများဖြစ်သော ရွှေစာရေး၊ ဝန်ပို၊ လေးမြေ၊ ညောင်သူများ၊ ညောင်ကုန်း၊ အင်းတော၊ထန်းတော၊ ကွမ်းခြံ၊ စလွန်း၊ နုန်းတန်းရွာ တို့မှ ဒေသခံများ တိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်ရေယာဉ်တန်းသည် ဟုမ္မလင်းမြို့မှစုန်ဆင်းလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ညက မင်းကင်း မြို့နယ်၊ မောက္ကတော်ကျေးရွာအနီးတွင် ညအိပ်ရပ်နားခဲ့ပြီး ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ပြန်လည် ထွက်ခွာစဉ် ရေယာဉ်တစီးတိမ်းမှောက်ခဲ့သည်ဟု သိရသည်။

ထိုရေယာဉ်များ၌ ကျောက်စိမ်းများ သယ် ဆောင်လာပြီး မန္တလေးမြို့အထိသယ်ဆောင်မည်ဟု သတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

https://youtu.be/MKTn9QZ-FFw?si=mrIFDnSAZeXjA8Fz

စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဘုတလင်မြို့နယ်
#စစ်ရေယာဉ်တန်း

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16😁3
ဝက်သားပိန္နဲသီးထောင်းနှင့် မျှစ်သုပ် | Chef Eve's Easy Thai Cooking Show | Ep - 30
=======================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့

ဝက်သားပိန္နဲသီးထောင်းနှင့် မျှစ်သုပ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/fPNs9I1vwgo?si=Nv6A-sv7od_IulDO

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1
မြင်းမူတွင် ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၂ ဦးနှင့် ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ
😢16❤2👎1👏1