ပရီးမီးယားလိဂ်ပွဲစဉ် (၆)နောက်ကျပွဲစဉ် ရလဒ်များ
=======================
Brentfort 1 - 3 Everton
Doucoure 6'
Jensen 28'
Tarkowski 67'
Calvert-Lewin 71
Burnley 0 - 1 Man United
Fernandes 45+1'
#PremierLeague
#Footballnews
Photo - Twitter
=======================
Brentfort 1 - 3 Everton
Doucoure 6'
Jensen 28'
Tarkowski 67'
Calvert-Lewin 71
Burnley 0 - 1 Man United
Fernandes 45+1'
#PremierLeague
#Footballnews
Photo - Twitter
👍4🔥1
စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==============
ပြည်ပလုပ်သားတွေရဲ့ လစာမဟုတ်တဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေနဲ့ အခွန်ပေးဆောင်ရမယ့်သတင်း
မြင်းမူမှာ ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၂ ဦးနဲ့ ပြည်သူ ၃ ဦး သတ်ဖြတ်ခံရတဲ့သတင်း
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း နိုင်ငံတကာနဲ့ စီးပွားရေဂသတင်းတွေနဲ့အတူ “သံစဉ့်အိမ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။
https://youtu.be/sb8hpc9Lsik?si=XkOFMhlokuBS7SOl
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ပြည်ပလုပ်သားတွေရဲ့ လစာမဟုတ်တဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေနဲ့ အခွန်ပေးဆောင်ရမယ့်သတင်း
မြင်းမူမှာ ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၂ ဦးနဲ့ ပြည်သူ ၃ ဦး သတ်ဖြတ်ခံရတဲ့သတင်း
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း နိုင်ငံတကာနဲ့ စီးပွားရေဂသတင်းတွေနဲ့အတူ…

👍10🔥1
စက်တင်ဘာ ၂၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/UO6VVSI-poA?si=EXbrA-Dq946XekL5
#thisweek
#ရန်ကုန်ခေတ်သစ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/UO6VVSI-poA?si=EXbrA-Dq946XekL5
#thisweek
#ရန်ကုန်ခေတ်သစ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာ ၂၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး…

👍13🤯2🤮1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
========================
-နယူးဒေလီမှာ ကျင်းပတဲ့ G20 ညီလာခံမှာ ဆက်ဆံရေးပိုမိုခိုင်မြဲလာတဲ့ ကမ္ဘာ့ခေါင်းဆောင်များ
-နီပေါနိုင်ငံမှာ ပွဲတော်ရာသီအတွက် အိန္ဒိယလက်မှုပညာရှင်များက ဟိန္ဒူနတ်ဘုရားရုပ်တုများ ဖန်တီး
-ဒဲရေကန် သန့်ရှင်းမှုမှသည် ဒေသခံများအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်
အခွင့်အလမ်းများကို ရရှိစေ
-တာလီဘန်တို့အာဏာပြန်လည်ရရှိခဲ့ပြီးနောက် အမျိုးသမီးများနဲမိန်းကလေးငယ်များရဲ့
အလုပ်နဲ့ ကျောင်းများတက်ရောက်ခွင့်ကို ပိတ်ပင်တားဆီးခဲ့
-အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/u_VmEka-14M?si=Jf6WO4wrciup_WL1
#southasiatoday
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

အခွင့်အလမ်းများကို…

👍9❤1🤮1
24.9.2023 (Sunday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=====================
Highlight
ကျန်းမာသုတ လူမှုဘဝ (ညနေ- ၅ နာရီ)
၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ)
India Movie - Monica, O my darling ( ည - ၈ နာရီ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍6🤮1
Monica, O My Darling
================
ဇာတ်လမ်းဇာတ်အိမ် ကြီးကြီးနဲ့ လျှို့ဝှက်ချက်တွေများတဲ့ သဲထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ကြိုက်တတ်သူတွေအတွက် အိန္ဒိယ မင်းသား Rajkummar Rao ရဲ့နောက်ထပ် ဇာတ်လမ်းသစ် တစ်ခုပါ..
ဇာတ်လမ်းအကျဥ်းကတော့ Unicorn အမည်ရ နည်းပညာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေကြတဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အမျိုးသားတချို့ဟာ အဲ့ဒီကုမ္ပဏီက မော်နီကာဆိုတဲ့ မိန်းမချောတစ်ယောက်နဲ့ ပတ်သက်မိကြရာက ကုမ္ပဏီမှာ ထူးဆန်းတဲ့ လူသတ်မှုတွေတစ်ခုပြီး တစ်ခု ဖြစ်လာခဲ့ပါတယ်..
အဲ့ဒီထဲကမှ ဂျေးရန့်ဆိုတဲ့ လူငယ်ဒါရိုက်တာ အသစ်တစ်ဦးဟာ ဓါးခုတ်ရာ လက်ဝင်လျှိုမိသလို အသတ်ခံရသူတိုင်းက သူနဲ့နီးစပ်ခဲ့သူတွေပဲ ဖြစ်နေခဲ့တာကြောင့် လူသတ်သမားအဖြစ် အထင်ခံရပါတော့တယ်..
လူသတ်ကားဆိုပေမဲ့ ထိတ်လန့်ခြောက်ခြားစရာမျိုး မဟုတ်ဘဲ ဟာသလေးနှောပြီး တင်ဆက်ထားတာကြောင့် အမြင်တစ်မျိုး ဆန်းစေပါတယ်..
ကြည့်ရှုသူ ပရိသတ်အတွက်လည်း လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို စဥ်းစားမှန်းဆရင်း စိတ်ဝင်စားစွာ ကြည့်ရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်..
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 24.9.2023
အချိန်။ ။မနက် ၈နာရီ
ပြန်လည်ပြသမည့်ရက်။ ။25.9.2023
အချိန်။ ။နေ့လည် ၂နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ဇာတ်လမ်းဇာတ်အိမ် ကြီးကြီးနဲ့ လျှို့ဝှက်ချက်တွေများတဲ့ သဲထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ကြိုက်တတ်သူတွေအတွက် အိန္ဒိယ မင်းသား Rajkummar Rao ရဲ့နောက်ထပ် ဇာတ်လမ်းသစ် တစ်ခုပါ..
ဇာတ်လမ်းအကျဥ်းကတော့ Unicorn အမည်ရ နည်းပညာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေကြတဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အမျိုးသားတချို့ဟာ အဲ့ဒီကုမ္ပဏီက မော်နီကာဆိုတဲ့ မိန်းမချောတစ်ယောက်နဲ့ ပတ်သက်မိကြရာက ကုမ္ပဏီမှာ ထူးဆန်းတဲ့ လူသတ်မှုတွေတစ်ခုပြီး တစ်ခု ဖြစ်လာခဲ့ပါတယ်..
အဲ့ဒီထဲကမှ ဂျေးရန့်ဆိုတဲ့ လူငယ်ဒါရိုက်တာ အသစ်တစ်ဦးဟာ ဓါးခုတ်ရာ လက်ဝင်လျှိုမိသလို အသတ်ခံရသူတိုင်းက သူနဲ့နီးစပ်ခဲ့သူတွေပဲ ဖြစ်နေခဲ့တာကြောင့် လူသတ်သမားအဖြစ် အထင်ခံရပါတော့တယ်..
လူသတ်ကားဆိုပေမဲ့ ထိတ်လန့်ခြောက်ခြားစရာမျိုး မဟုတ်ဘဲ ဟာသလေးနှောပြီး တင်ဆက်ထားတာကြောင့် အမြင်တစ်မျိုး ဆန်းစေပါတယ်..
ကြည့်ရှုသူ ပရိသတ်အတွက်လည်း လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို စဥ်းစားမှန်းဆရင်း စိတ်ဝင်စားစွာ ကြည့်ရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်..
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 24.9.2023
အချိန်။ ။မနက် ၈နာရီ
ပြန်လည်ပြသမည့်ရက်။ ။25.9.2023
အချိန်။ ။နေ့လည် ၂နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍9🤮1
လောင်းလုံးတွင် ရွှေဝါရောင် တော်လှန်ရေး (၁၆ ) နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းရုံးရေး လှုံဆော်မှု ပြုလုပ်
===================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်ကျေးရွာ တရွာရှိ စျေးတစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရွှေဝါရောင် တော်လှန်ရေး (၁၆) နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းရုံးရေး လှုံဆော်မှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်၍ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး ကော်မတီ (ASECC) အဖွဲ့ဝင် အင်အားစုက ထုတ်ဝေသော ရွှေဝါရောင်တော်လှန်ရေး ( ၁၆ ) နှစ်ပြည့် အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပုံအညွှန်း-လူထုစည်းရုံးလှုံဆော့မှု ပြုလုပ်နေစဉ်(ဓာတ်ပုံ-ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံမြို့နယ်
#ရွှေဝါရောင် တော်လှန်ရေး
Website Link - https://www.mizzimaburmese.com/article/133644

👍18❤3🔥1😁1
ဘာကြောင့်၊ဘယ်လို မြန်မာမှာ ဒီမိုကရေစီ ကျရှုံးရသလဲ
========================
မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခနဲ့ ဒီမိုကရေစီ အတွေ့အကြုံကို နောက်ဆုံး ဆုံးရှုံးရတာနဲ့ ပတ်သက်ရင် ရှည်ကြာတဲ့ သမိုင်းကြောင်းကနေတဆင့် အကဲဖြတ်ရပါလိမ့်မယ်။ ဒါပေမဲ့ သင်ခန်းစာတခုကိုတော့ အမေရိကန် အခြေစိုက် ပညာရှင် Amitav Acharya က သူ့ရဲ့ Tragic Nation Burma: Why and How Democracy Failed ဆိုတဲ့ စာအုပ်မှာ ထောက်ပြထားပါတယ်။ သူ့ရဲ့ စာအုပ်မှာ Thought Warriors (အတွေးသစ်၊ အမြင်သစ်၊ မူအသစ် ရှိထားသူများလို့ ယခုစာအုပ်မှာ ဆိုလို) လို့ သူဆိုထားတဲ့ သူတွေရဲ့ အသံတွေကို ဖော်ပြထားပါတယ်။ ဒီ Thought Warriors ဆိုတာဟာ ကျောင်းသား ကျောင်းသူတွေ အများစု ဖြစ်တဲ့ ဗမာလူငယ်တွေနဲ့ နိုင်ငံမှာ အာဏာသိမ်းတဲ့နောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေပဲ ဖြစ်ပါတယ်။ “ဗမာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ Thought Warriors တွေပေါ်မှာ မှီတည်နေပါတယ်၊ လက်နက်ကိုင် တော်လှန်သူတွေနဲ့ ဝါရင့် နိုင်ငံရေးသမားတွေထက် ပိုလို့ သူတို့တွေဆီမှာ မှီတည်နေကောင်း မှီတည်နေနိုင်ပါတယ်”လို့ Acharya က ဆိုပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခနဲ့ ဒီမိုကရေစီ အတွေ့အကြုံကို နောက်ဆုံး ဆုံးရှုံးရတာနဲ့ ပတ်သက်ရင် ရှည်ကြာတဲ့ သမိုင်းကြောင်းကနေတဆင့် အကဲဖြတ်ရပါလိမ့်မယ်။ ဒါပေမဲ့ သင်ခန်းစာတခုကိုတော့ အမေရိကန် အခြေစိုက် ပညာရှင် Amitav Acharya က သူ့ရဲ့ Tragic Nation Burma: Why and How Democracy Failed ဆိုတဲ့ စာအုပ်မှာ ထောက်ပြထားပါတယ်။ သူ့ရဲ့ စာအုပ်မှာ Thought Warriors (အတွေးသစ်၊ အမြင်သစ်၊ မူအသစ် ရှိထားသူများလို့ ယခုစာအုပ်မှာ ဆိုလို) လို့ သူဆိုထားတဲ့ သူတွေရဲ့ အသံတွေကို ဖော်ပြထားပါတယ်။ ဒီ Thought Warriors ဆိုတာဟာ ကျောင်းသား ကျောင်းသူတွေ အများစု ဖြစ်တဲ့ ဗမာလူငယ်တွေနဲ့ နိုင်ငံမှာ အာဏာသိမ်းတဲ့နောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေပဲ ဖြစ်ပါတယ်။ “ဗမာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ Thought Warriors တွေပေါ်မှာ မှီတည်နေပါတယ်၊ လက်နက်ကိုင် တော်လှန်သူတွေနဲ့ ဝါရင့် နိုင်ငံရေးသမားတွေထက် ပိုလို့ သူတို့တွေဆီမှာ မှီတည်နေကောင်း မှီတည်နေနိုင်ပါတယ်”လို့ Acharya က ဆိုပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2
ချောက် မြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
===================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(C.G.F) အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
လက်ပစ်ဗုံးသည် စခန်းအတွင်းမှ ဘန်ကာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများရှိနိုင်ကြောင်း C.G.F အဖွဲ့တာဝန်ရှိသူက ဆိုသည်။
“လက်ပစ်ဗုံး တလုံးပစ်သွင်းခဲ့တာ။ ကျနော်တို့ကိုမြင်တော့ သူတို့ကလိုက်ပစ်တယ်။ ကျနော်တို့လည်း သုံး ချက်ပြန်ပစ်ခဲ့ပြီး ဆုတ်ခွာခဲ့ပါတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပါဘူး” ဟု ၎င်းကပြော သည်။
ချောက်မြို့ရဲစခန်းတွင် ရဲနှင့်စစ်သား အင်အား ၃၀ ခန့်ရှိပြိး ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း၊ လူငယ်များ ကို ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိကြောင်း C.G.F မှ တာဝန်ရှိသူက ဆိုသည်။
“ ကာကွယ်ရေးအဖွဲ့တွေနဲ့အဆက်အသွယ်မရှိဘဲ ဆက်သွယ်တယ်ဆိုပြီးဖမ်း၊ စစ်လို့ဘာမှမဟုတ်တော့ ငွေတောင်းပြီး ပြန်လွတ်တာတွေလုပ်တယ်”ဟု ပြောကြားသည်။
ယင်းအပြင် မြို့မရဲစခန်းရှိ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူပေးသည့်လစာကိုယူပြီး ပြည်သူ ကိုကာကွယ်ရမည့်အစား စစ်အာဏာရှင်အလိုကျဆောင်ရွက်နေခြင်းများရပ်တန့်ပြီး ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းရန် C.G.F အဖွဲ့ တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။
“ပြည်သူနဲ့မပူးပေါင်းသူမှန်သမျှကို ရတဲ့နည်းလမ်းနဲ့သုတ်သင်သွားမှာဖြစ်တဲ့အတွက် အမြန်ဆုံး ပြည်သူနဲ့ ပူးပေါင်းကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခုတိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F)၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မကွေး ခရိုင် အမှတ်(၂)ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ပုံအညွှန်း - ချောက်မြို့ မရဲစခန်း
စာတည်း။ ။စောဖေ
#မကွေးတိုင်း
#ချောက်မြို့
#မြို့မရဲစခန်း
#Chauk_Guerrilla_Force(C.G.F)

👍14😁2❤1
တေးသံရှင် လင်းလင်း ရိုက်ကူးသည့် The Way ရုပ်ရှင် တိုကျိုတွင် လူပေါင်း ၁၅၀၀ နီးပါး ကြည့်ရှု
👍20😁1🤮1

===========================
ကီရာ
(မဇ္ဈိမ)။ ။ တေးသံရှင်လင်းလင်း ရိုက်ကူးထားသည့် The Way ရုပ်ရှင်ကို စက်တင်ဘာ ၂၃ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြသခဲ့ပြီး လက်မှတ်အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကာ လာရောက်သည့် ပရိသတ်မှာ ရုပ်ရှင်ရုံအပြည့် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သည့် တာဝန်ရှိသူက ပြောသည်။
“အစ်မတို့ အဲ့ဒီကားကို ပထမဆုံးအကြိမ် စကြည့်တဲ့အချိန်မှာ သရုပ်ဆောင်တွေရဲ့ အမူအရာ အသံတွေကြောင့် ကြက်သီးတွေတောင် ထပါတယ်။ တချို့အခန်းတွေဆိုရင် မျက်ရည်တောင်ဝဲတယ် ။ မထရီဇာ က အစတုန်းကပြောတယ် ဒီကားကိုလေးလေးပင်ပင် မခံစားစေချင်ဘူး ။ ပေါ့ပေါ့ပါးပါးလေးပဲလို့ သူပြောခဲ့ပေမယ့် အစ်မတို့ရင်ထဲမှာတော့ တကယ်ကို နင့်နင့်နဲနဲ ခံစားရတယ်။ အရမ်းကိုအောင်မြင်တဲ့ပွဲပါ။ ငွေကြေးအရပဲ မဟုတ်ဘူး စိတ်ဓာတ်ရေးရာပိုင်းပါ အောင်မြင်တယ်”ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူများအနက်မှ တာဝန်ရှိသူတဦးက ပြောသည်။
ထို့အပြင် အဆိုပါ ရုပ်ရှင်ပြပွဲ၌ တေးသံရှင် ဒါရိုက်တာလင်းလင်းနှင့် သရုပ်ဆောင် ချစ်သုဝေ လက်မှတ်ရေးထိုးထားသော USB Stick များနှင့် အိတ်များကို လေလံဆွဲခဲ့ရာမှ မြန်မာကျပ်ငွေ သိန်း၂၆၀ ကျော်နှင့် ပွဲအတွင်း သီးသန့်အလှူငွေ သိန်း ၁၃၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။
ယခု ရုပ်ရှင်ပွဲမှ ရရှိလာသော ငွေကြေးအကျိုးအမြတ်များအားလုံးကို The Way အဖွဲ့အစည်းကိုပေးအပ်သွားမည်ဖြစ်ပြီး ထိုအဖွဲ့အစည်းမှတဆင့် မြေပြင်ရှိလိုအပ်နေသော နေရာများသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ဆက်လက်၍ ဂျပန်နိုင်ငံ၏ အခြားမြို့ကြီး ခြောက်မြို့ဖြစ်သည့် ခန်းဆိုင်ဒေသ ( အိုဆာကာ၊ ကျိုတို၊ ကိုဘေး)၊ရှိဇုအိုကာ ၊ ကျူးရှုး နာကစု၊ ကျူးရှုး ဆာဂ၊ နာဂိုရာ၊ အိုခီနာဝါနှင့် ဟိုကိုင်းဒိုးတို့တွင်လည်း စက်တင်ဘာ၂၄ရက်မှ အောက်တိုဘာ ၁၅ရက်အထိ အပတ်စဉ်အလိုက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
The Way ရုပ်ရှင်နှင့် ပတ်သက်၍ သရုပ်ဆောင်အောင်မြင့်မြတ်က
“သီချင်းတွေ အရမ်းမိုက်တယ်။ တကားလုံးကို ပြောရရင် သီချင်းတွေကပဲ ကျွန်တော်တို့ကို ခေါ်သွားတာပေါ့ ။ ကြိုးစားမှုအပိုင်းကတော့ ကျွန်တော်တို့မှာ Limit ဖြစ်တဲ့အပိုင်းတွေချည်းပဲ မီးတို့ ကင်မရာတို့ လူအင်အားကော Limit ဖြစ်တာကို ကျွန်တော်တို့ ရအောင်ရိုက်ထားတာပေါ့။ ကျွန်တော်တို့အတွက် အားလုံးအတွက်ကော အမှတ်တရဖြစ်မယ့်ကားပါ”ဟု ၎င်း၏ ခံစားချက်ကို ထုတ်ဖော်ပြောထားသည်။
ထို့အပြင် သရုပ်ဆောင်မြတ်နိုးအေးကလည်း ကိုယ်တိုင်သီချင်းဆိုပြီး ရုပ်ရှင်ရိုက်ကူးမှုသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ကြောင်း ပြောထားသည်ကို The Way Official Page ၌ ဖော်ပြထားသည်။
“ကိုယ့်ဘာသာသီချင်းဆိုပြီးတော့ သရုပ်ဆောင်ရမယ်ဆိုတာ တခါမှ မထင်ထားဘူး အရမ်းစိန်ခေါ်မှုဖြစ်တယ် ။ ကင်မရာတွေနဲ့ရိုက်တာ မဟုတ်ဘဲနဲ့ ဖုန်းလေးတစ်လုံး နှစ်လုံးလောက်လေးနဲ့ အဆင်ပြေအောင် ရိုက်ကြတာပေါ့နော်။ ပစ္စည်းတွေကလည်းမစုံဘူး တကယ့်ရှုတင် ဆက်တင်လိုမျိုး ရိုက်တာလည်း မဟုတ်ဘဲ တစ်ခါတလေကျရင် သရုပ်ဆောင်နေရာကနေ အကူပြန်လုပ်ပေးပြီး ရိုက်ခဲ့ကြရတယ်။အဲ့လောက် လူအင်အားလည်း နည်းနည်း ပစ္စည်းအင်အားလည်း နည်းနည်းနဲ့ ဒီလောက်ထိ အချိန်အတွင်းမှာ ရလဒ်ကောင်းကောင်းလေး ရလိုက်တာကို အရမ်းကို မယုံနိုင်ဘူးဖြစ်တယ်”ဟု ၎င်းက ပြောသည်။
The Way ရုပ်ရှင်သည် Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဂီတရုပ်ရှင်ဆု၊ ပထမ အကြိမ် ရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံးသီချင်းဆုများ ရရှိခဲ့သည်။ အဆိုပါရုပ်ရှင်သည် မိုဘိုင်းဖုန်းဖြင့် ဖန်တီးရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် အောင်မြင့်မြတ် ၊ ချစ်သုဝေ ၊မြတ်နိုးအေးတို့အပါအဝင် တော်လှန်ပြည်သူများဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း The Way ထုတ်ပြန်ချက်မှတဆင့် သိရသည်။
လက်ရှိတွင် The Way ရုပ်ရှင်ကို နော်ဝေးနိုင်ငံ ၊ ဩစတေးလျနိုင်ငံ နှင့် အမေရိကန်နိုင်ငံ စသည့် နိုင်ငံများတွင် ပြသခဲ့ပြီး ဖြစ်ပြီး ကျန်သည့် နေရာများတွင် ဆက်လက်ပြသသွားရန် ရှိနေသေးကြောင်း The Way ထုတ်ပြန်ချက်မှတဆင့် သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တိုကျို
#The Way

👍23❤3😁1🤮1
စက်တင်ဘာလ (၂၃) ရက်၊ စနေနေ့ညဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ညမှာတော့ ..................
စစ်ကောင်စီတပ်ကို လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းပေးနေတဲ့ ခရိုနီရုံးခန်း ဗုံးသီးပစ်ခံရတဲ့သတင်းနဲ့အတူ
NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နဲ့ ဆက်တိုက်တွေ့ဆုံနေတဲ့သတင်း၊ နောက်ဆုံးရပြည်တွင်းသတင်းတွေ၊
တစ်ပတ်အတွင်း နိုင်ငံတကာသတင်း၊ စီးပွားရေး သတင်းတွေ၊ မဇ္ဈိမက စုံစမ်းဖော်ထုတ်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ အကြောင်း၊
သတင်းသုံးသပ်ချက်နဲ့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်၊ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ် တို့ကို ထုတ်လွှင့်တင်ဆက်သွားမှာပါ။
https://youtu.be/WF4xJWzJUQY?si=y1aSMZYQFjYvkxKA
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
====================
ဒီကနေ့ညမှာတော့ ..................
စစ်ကောင်စီတပ်ကို လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းပေးနေတဲ့ ခရိုနီရုံးခန်း ဗုံးသီးပစ်ခံရတဲ့သတင်းနဲ့အတူ
NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နဲ့ ဆက်တိုက်တွေ့ဆုံနေတဲ့သတင်း၊ နောက်ဆုံးရပြည်တွင်းသတင်းတွေ၊
တစ်ပတ်အတွင်း နိုင်ငံတကာသတင်း၊ စီးပွားရေး သတင်းတွေ၊ မဇ္ဈိမက စုံစမ်းဖော်ထုတ်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ အကြောင်း၊
သတင်းသုံးသပ်ချက်နဲ့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်၊ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ် တို့ကို ထုတ်လွှင့်တင်ဆက်သွားမှာပါ။
https://youtu.be/WF4xJWzJUQY?si=y1aSMZYQFjYvkxKA
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၂၃) ရက်၊ စနေနေ့ညဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ ..................
စစ်ကောင်စီတပ်ကို လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းပေးနေတဲ့ ခရိုနီရုံးခန်း ဗုံးသီးပစ်ခံရတဲ့သတင်းနဲ့အတူ
NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နဲ့ ဆက်တိုက်တွေ့ဆုံနေတဲ့သတင်း၊ နောက်ဆုံးရပြ…

👍13🔥1😁1
မြန်မာဒုက္ခသည်များကို စောင့်ရှောက်ကြည့်ရှုရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေဟု ထိုင်းဝန်ကြီးချုပ် ပြော
=========================
ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေး၏ အရေးကြီးမှုကို အလေးပေး ထုတ်ဖော်ထားသလို နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များကို စောင့်ရှောက်ကြည့်ရှုရန် အတတ်နိုင်ဆုံး လုပ်ဆောင်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အလေးပေး ပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေး၏ အရေးကြီးမှုကို အလေးပေး ထုတ်ဖော်ထားသလို နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များကို စောင့်ရှောက်ကြည့်ရှုရန် အတတ်နိုင်ဆုံး လုပ်ဆောင်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အလေးပေး ပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1
ခလယ်တံခွန်တိုင်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wingsပူးပေါင်းအဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
===================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ဒေသတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။
တပ်မဟာ(၆)KNLA ဦးဆောင်မှုဖြင့် နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းကာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တပတ်တာအတွင်း ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
"ကျွန်တော်တို့ ဒရုန်းတစင်း ပျက်ကျခဲ့ပါတယ်။ ဒီဒရုန်းတွေက တကယ်တမ်းပြောရရင် လနဲ့ချီနေပြီ တရက်မှ မနားရဘူး နေ့ရောညရော ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကွီလုံတိုင် ၊ ခလယ်တံခွန်တိုင် တောက်လျှောက် စစ်ရေးလုပ်ရတယ်။ စစ်ကောင်စီက ဒီတခေါက်လာတဲ့အခါမှာ ဒရုန်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေ လုပ်လာတယ်" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် ဒရုန်းစစ်ဆင်ရေးတွင် Cloud Wings ဒရုန်းတပ်ဖွဲ့၏ ဒရုန်းတစင်း ပျက်ကျခဲ့ပြီး အဆိုပါဒရုန်းအား စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူသွားသည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ဒရုန်းစစ်ဆင်ရေးများတွင် ၈၁ မမနှင့် ၆၀ မမ အမျိုးအစား ဗုံးသီးများ အသုံးပြုတိုက်ခိုက်ခဲ့ရာ တပတ်အတွင်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဆိုသည်။
"ညဘက်မစ်ရှင်တွေမှာဆို သူတို့အနေနဲ့ ခက်တယ်။ ပြီးတော့ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့အချိန်မျိုးဆိုရင်လည်း သူတို့အနေနဲ့ ခက်တယ်။ ကျွန်တော်တို့ ဒရုန်းတစီးပျက်ကျသွားတဲ့အချိန်က အားလုံးရပ်နေပြီး ဒရုန်းမစ်ရှင် သီးသန့်လုပ်နေတဲ့အချိန်၊ ပြီးတော့ လင်းလင်းထင်းထင်းရှိတဲ့အချိန်ပေါ့ " ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။
စက်တင်ဘာလ ၁၄ ရက်မှစ၍ ခလယ်တံခွန်တိုင် ဒေသဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်း စစ်ကြောင်းက ဝင်ရောက်လာပြီးနောက်ပိုင်း တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ခလယ်တံခွန်တိုင်ဒေသ၌ အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် လူသူမရှိသည့် ဒေသခံများ၏ နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သည့် ငွေကြေးများနှင့် ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်နေပြီး စစ်ရှောင်ရာမှ နေအိမ်သို့ပြန်လာသည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်းများလည်း ရှိနေသည်ဟု ဆိုသည်။
"လက်ရှိ ခလယ်တံခွန်တိုင်ဘက်မှာတော့ စစ်ရေးအခြေအနေက ငြိမ်နေတယ်။ အဓိက သူတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ခလယ်တံခွန်တိုင် ရဲစခန်းမှာ တပ်ရှိတယ်၊ ရှေ့က မီးသတ်ရုံးမှာ တပ်ရှိတယ် အဲ့ဒါတွေကို သူတို့ လာလဲတာ တပ်အချိန်းအပြောင်းလာလုပ်တယ်။ လက်နက်၊ ခဲယမ်း၊ စစ်ကူ လာပို့တာဖြစ်တယ်။ လောလောဆယ်တော့ တပ်လဲပြီးပေမယ့် သူတို့ပြန်မထွက်သေးဘူး" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ ၁၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ဒရုန်းစစ်ဆင်ရေး
ပုံအညွှန်း- Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းများ စစ်ဆင်ရေးပြုလုပ်နေစဉ် (ဓါတ်ပုံ- Cloud Wings ဒရုန်းတပ်ဖွဲ့)

👍20🔥1😁1