HIV ပိုးရှိတဲ့အမျိုးသမီးကကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀ Episode - 34
===============
HIV ပိုးရှိသူတွေဟာ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် သွေးထဲမှာ HIV ပိုးကို ရှာမတွေ့တော့တဲ့အထိဆေးပညာတွေက တိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရိမ်လွန်တဲ့ အခြေအနေတွေလည်းရှိနေသေးတာကြောင့် HIV ပိုးရှိတဲ့ အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ ရနိုင်လား။ မိခင်ကနေ ကလေးငယ်ကို HIV ပိုးကူးစက်နိုင်လား။
ကျန်းမာရေးနဲ့အညီနေထိုင် စားသောက်မယ်ဆိုရင်ကော ကူးနိုင်ခြေ နည်းလားဆိုတာတွေနဲ့ ပတ်သက်ပြီးဒေါက်တာ ဖြိုးသီဟက ဘယ်လို ဆွေးနွေးပေးထားလဲဆိုတာ ကြည့်ရှုလိုက်ရအောင်။
https://youtu.be/vb5Dlmv4r3I?si=1Pc_J2I7Wclzu2Ed
#ဒေါက်တာဖြိုးသီဟ
#Mizzima
#ကျန်းမာသုတလူမှုဘဝ
#HIV
#HIVandPregnancy
ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/vb5Dlmv4r3I
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
HIV ပိုးရှိတဲ့အမျိုးသမီးကကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀ Episode - 34
HIV ပိုးရှိသူတွေဟာ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် သွေးထဲမှာ HIV ပိုးကို ရှာမတွေ့တော့တဲ့အထိဆေးပညာတွေက တိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရိမ်လွန်တဲ့ အခြေအနေတွေလည်းရှိနေသေးတာကြောင့် HIV ပိုးရှိတဲ့ အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ ရနိုင်လား။ မိခင်ကနေ ကလေးငယ်ကို…
❤4🔥2👍1
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီး
================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်းအတွင်း မြိတ်၊ ထားဝယ်နှင့် ကော့သောင်းခရိုင်မှ အရပ်သား ဦးရေ ၉၀ ဝန်းကျင် သည် ယခု စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံထားရကြောင်း သက်ဆိုင်ရာ ခရိုင်များရှိ သတင်းရင်းမြစ်များထံက သိရသည်။
မြိတ်ခရိုင်ထဲမှ မြိတ်၊ ပုလော၊ ပလမြို့ မှ ၁၀ ဦးကျော်၊ ကော့သောင်းခရိုင်မှ ခမောက်ကြီးမြို့နယ်မှ ၃၀ ဦး ကျော် ၊ ထားဝယ်ခရိုင်အတွင်းရှိ အရှေ့တောဒေသ၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှ အရပ်သား ဦးရေ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထားဝယ်ခရိုင်မှ အဖမ်းခံခဲ့ရသည့် အရပ်သား ၄၀ ကျော်အနက် ပြန်လွှတ်လာသူများနှင့် အသတ်ခံလိုက်ရသူများရှိ၍ လက်ရှိ ဖမ်းခံထားရဆဲ အရေအတွက်ကို အတည်မပြုကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြော သည်။
ထားဝယ်ခရိုင်တွင် စက်တင်ဘာလ ၂၂ ရက်က စတင်ပြီး ပရဟိတ အဖွဲ့ဝင် အမျိုးသား သုံးဦးအပါအဝင် အရပ်သားများအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန NUG၏ သရက်ချောင်းမြို့နယ် တာဝန်ခံ လုံခြုံရေး အရ အမည်မဖော်လိုသော အမျိုးသမီး က“ဒီရက်ပိုင်း အတွင်း အရပ်သားတွေ ဖမ်းဆီးခံနေရတာကတော့ စစ်တပ်က စစ်ကြောင်းထိုးချိန်နဲ့ အတူ လူသားဒိုင်း အဖြစ် ဖမ်းဆီးခံရတာ ရှိသလို နှစ်ဖက် ပစ်ခတ်မှုတွေကြောင့် စစ်တပ်က ရပ်ရွာထဲ ဝင်ရောက် စစ်ဆေးချိန်တွေမှာ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။
ထို့ပြင် ပုလောမြို့နယ် ၊ ပလမြို့ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်တို့တွင် နေထိုင်သော ဒေသခံ ၁၀ ဦးဝန်းကျင်ကို ၎င်းတို့၏ နေအိမ်များတွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများနှင့် မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံ ဆိုသူများထံက သိရ သည်။
“ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ အခုချိန် အထိ အရပ်သားတွေကို ဘာကြောင့် ဖမ်းဆီးသွားလည်း ဆိုတာ သေချာ မသိရသေးပါဘူး။ အခု သူတို့ကို ပလ ရဲစခန်းမှာ ဖမ်းချုပ်ထားတယ် ဆိုပြီ နောက်ဆုံး သိရတယ်”လို့ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက မဇ္ဈိမကို ပြောဆိုထား သည်။
ကော့သောင်းမြို့နယ်ထဲရှိ မလိဝမ်းနဲ့ ခမောက်ကြီး ကျေးရွာတွေမှ အရပ်သား ၃၀ ဦးကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရှောင်ပြည်သူများထံက သိရသည်။
“တိုက်ပွဲ ဖြစ်တော့ ချက်ချင်း ထွက်ပြေးတာပေါ့ ။ အဲ့လို ထွက်ပြေးတဲ့ အချိန်မှာ စစ်တပ်က ဒေသခံတွေ တားဆီး စစ်ဆေးတာ လုပ်တယ်။ အဓိကက ဖုန်းတွေကို လုပြီး စစ်ဆေးတာတွေ ပြုလုပ်တော့ အချို့က ကြောက်ပြီး ထွက်မပြေးရဲ့လို့ ပိတ်မိတာ ရှိတော့ ဖမ်းဆီခံလိုက်ရတာမျိုး ဖြစ်တယ်”လို့ ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ရှောင် အမျိုးသား တဦးက ဆို သည်။
မြေပြင်တွင် အရပ်သား ဖမ်းဆီးခံရမှုသည် ဦးရေ ၁၀၀ ထက်ပိုများနိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ် ပကဖအဖွဲ့များက ပြောဆိုထားပြီး ဖမ်းဆီး သတ်ဖြတ်ခံရမှုများလည်း ရှိနေကြောင်း သိရ ဆို သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#မြိတ်ခရိုင်
#ကော့သောင်းခရိုင်
#ထားဝယ်ခရိုင်
(ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကို ဖြတ်ကူးကာ ရနောင်းခရိုင် ကာဘူရီမြို့နယ် ကီလိုသုံးဆယ်ကျေးရွာသို့ စစ်ရှောင်များပုံ)
ပုံအညွှန်း- တနင်္သာရီတိုင်းအတွင်း မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပေးပို့)
---------------------

🤬7👍4🔥3
စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==============
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ကြည့်ရှုဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြောတဲ့သတင်း
အိန္ဒိယ-မြန်မာနယ်စပ်မှာ လွတ်လပ်စွာ သွားလာမှုစနစ် ဖျက်သိမ်းဖို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရကို တိုက်တွန်းတဲ့အကြောင်း
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေ
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ “Cele City" အစီအစဉ်
“နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်နဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/RG3gXVfnFX8?si=tSnJRbq0v85nGRT-
#Mizzimaradio
#Eveningradio

အိန္ဒိယ-မြန်မာနယ်စပ်မှာ လွတ်လပ်စွာ သွားလာမှုစနစ် ဖျက်သိမ်းဖို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရကို…

🤮4👍1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ စက်တင်ဘာ ၂၀၂၃)
===================
အမျိုးသားညီညွတ်ရေး အစိုးရ
မွန်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့တို့ ၃ရက်တာ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း အမျိူးသားညီညွတ် ရေးအ စိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းအမှတ်(၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁) နယ်မြေနှင့် စစ်ကိုင်းဒေသ အချို့၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က ၎င်းတို့၏ တာဝေး စစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းမှု အခြေအနေကို ပြည်သူလူထုထံ ယနေ့ အသိပေးလိုက်သည်

👍11🔥1😁1
Media is too big
VIEW IN TELEGRAM
HIV ပိုးရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀
#postpartumdepression
#BabyBlues
#reels
#shorts
#postpartumdepression
#BabyBlues
#reels
#shorts
👍4🔥1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်
❤7🔥3😁1

========================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းက "ပုခက်လွှဲသော လက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" ခေါင်းစဉ်ဖြင့် နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ပြီး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ အဖွဲ့ဝင် အင်အားစု တခုဖြစ်သော နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ နှင်းဆီရောင် အမျိုးသမီးတွေအနေနဲ့ ဆိုရှယ်ဒီမိုကရက်တန်ဖိုးတွေကို အလေးထားပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုတွေမှာ မဆုတ်မနစ် ဦးဆောင်ပါဝင်သွားကြမှာ ဖြစ်တယ်”ဟု နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU) အဖွဲ့ဝင်တဦးက ပြောသည်။
ယင်းလှုပ်ရှားမှုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုများ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သည့် အနေဖြင့် "ပုခက်လွှဲသောလက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" စာသားပါဘန်နာကို ကိုင်ဆွဲပြီး ဒေသခံ အမျိုးသမီးများနှင့် လူငယ်အများအပြား၏ ပူးပေါင်းပါဝင်မှုဖြင့် ချီတက်ခဲ့ကြသည်ဟု ဦးဆောင် ပါဝင်သော အမျိုးသမီးအဖွဲ့များက ဆိုသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းက "ပုခက်လွှဲသော လက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" ခေါင်းစဉ်ဖြင့် နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ပြီး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ အဖွဲ့ဝင် အင်အားစု တခုဖြစ်သော နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ နှင်းဆီရောင် အမျိုးသမီးတွေအနေနဲ့ ဆိုရှယ်ဒီမိုကရက်တန်ဖိုးတွေကို အလေးထားပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုတွေမှာ မဆုတ်မနစ် ဦးဆောင်ပါဝင်သွားကြမှာ ဖြစ်တယ်”ဟု နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU) အဖွဲ့ဝင်တဦးက ပြောသည်။
ယင်းလှုပ်ရှားမှုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုများ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သည့် အနေဖြင့် "ပုခက်လွှဲသောလက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" စာသားပါဘန်နာကို ကိုင်ဆွဲပြီး ဒေသခံ အမျိုးသမီးများနှင့် လူငယ်အများအပြား၏ ပူးပေါင်းပါဝင်မှုဖြင့် ချီတက်ခဲ့ကြသည်ဟု ဦးဆောင် ပါဝင်သော အမျိုးသမီးအဖွဲ့များက ဆိုသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11🔥1😁1
ဝေါမြို့နယ်တွင် ငါးထောင်ပြန်လာသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်က ငါး ထောင်ပြီးပြန်လာသည့် ဒေသခံတဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ် သွားကြောင်း သိရသည်။
“ညာခြေချင်းဝတ်က ပြတ်သွားတာ။ နောက်ပြီး ဘယ်ဘက်ပေါင်အောက်ဘက်နဲ့ ခြေသလုံးကြွက်သား၊ ညာဘက်လက်မှာ မိုင်းစထိမှန်ဒဏ်ရာတွေရသွားတယ်။ အခုတော့ ပဲခူးဆေးရုံမှာ ဆေးကုနေပါတယ်” ဟု ဝေါမြို့ခံတဦးက ပြောသည်။
အသက် ၄၈ နှစ်အရွယ် ဦးလှထွန်းသည် ငါးပိုက်တားပြီးပြန်လာစဉ် လက်ပန်ရွာအနီး၌ မိုင်းနင်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဝေါမြို့နယ်အတွင်းဝင်စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံများ အသုံး ပြုသည့်လမ်းအချို့တွင် မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
“PDF တွေဝင်လာနိုင်မယ်ထင်တဲ့ လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတာပါ။ လမ်းကြိုလမ်းကြားတွေ ပါ။ မိန်းလမ်း(အဓိကလမ်းမကြီးများ) တွေတော့ သူတို့မထောင်ဘူး” ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါမိုင်းနင်းမိသည့်ဖြစ်ရပ်မဖြစ်ပွားမီ နှစ်ရက်ခန့်ကလည်း လက်ပန်ရွာတွင် မိုင်းနင်းမိ၍ နွားတကောင် သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက်နေ့က လက်ပန်ကျေးရွာကောင်စီရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်ပန်ရွာအနီးတဝိုက်တွင် နင်းမိုင်း များထောင်ထားပြီး ရွာသူရွာသားများကိုလည်း အသွားအလာ ကန့်သတ်ထားသည်ဟု ဆိုသည်။
“အဓိကတော့ စစ်တောင်းမြစ်ဝှမ်းဘေးကရွာတွေပေါ့ အဲ့ဒီရွာတွေမှာ သူတို့မိုင်းထောင်တယ်။ စစ်တောင်း မြစ်ကမ်းနားက တံငါတဲတွေ၊ လူနေတဲတွေမှာလည်း မနေခိုင်းဘူး" ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ထို့ပြင် စက်တင်ဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် လက်ပန်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာ အချို့မှ ဒေသခံများ ကြောက်လန့်၍ ဝေါမြို့ပေါ်နှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြ သည်ကိုလည်း သုံးရက်အတွင်း နေရပ်ပြန်လာရန်နှင့် ပြန်မလာပါက ပိုင်ဆိုင်မှုများအား ပိတ်သိမ်းမည်ဟု စစ်ကောင်စီတပ်ဖွဲ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။
လက်ပန်ကျေးရွာသည် စစ်တောင်းမြစ်ဝှမ်းဘေးတွင်တည်ရှိနေသည့် ကျေးရွာဖြစ်သည်။ ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းနှင့်ထိစပ်လျက်ရှိသည့် ဝေါ၊ ရေတာရှည်၊ ဖြူး၊ မုန်းနှင့် ကျောက် ကြီးမြို့နယ်တို့တွင် ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ကြား စစ်ရေးတင်းမာလျက်ရှိကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ဝေါမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်း

👍7👎2🔥2😁1