Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်
❤7🔥3😁1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်
========================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းက "ပုခက်လွှဲသော လက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" ခေါင်းစဉ်ဖြင့် နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ပြီး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ အဖွဲ့ဝင် အင်အားစု တခုဖြစ်သော နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU)က ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ နှင်းဆီရောင် အမျိုးသမီးတွေအနေနဲ့ ဆိုရှယ်ဒီမိုကရက်တန်ဖိုးတွေကို အလေးထားပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုတွေမှာ မဆုတ်မနစ် ဦးဆောင်ပါဝင်သွားကြမှာ ဖြစ်တယ်”ဟု နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (RWU) အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းလှုပ်ရှားမှုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုများ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သည့် အနေဖြင့် "ပုခက်လွှဲ‌သောလက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်" စာသားပါဘန်နာကို ကိုင်ဆွဲပြီး ဒေသခံ အမျိုးသမီးများနှင့် လူငယ်အများအပြား၏ ပူးပေါင်းပါဝင်မှုဖြင့် ချီတက်ခဲ့ကြသည်ဟု ဦးဆောင် ပါဝင်သော အမျိုးသမီးအဖွဲ့များက ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11🔥1😁1
​​ဝေါမြို့နယ်တွင် ငါးထောင်ပြန်လာသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်က ငါး ထောင်ပြီးပြန်လာသည့် ဒေသခံတဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ် သွားကြောင်း သိရသည်။

“ညာခြေချင်းဝတ်က ပြတ်သွားတာ။ နောက်ပြီး ဘယ်ဘက်ပေါင်အောက်ဘက်နဲ့ ခြေသလုံးကြွက်သား၊ ညာဘက်လက်မှာ မိုင်းစထိမှန်ဒဏ်ရာတွေရသွားတယ်။ အခုတော့ ပဲခူးဆေးရုံမှာ ဆေးကုနေပါတယ်” ဟု ဝေါမြို့ခံတဦးက ပြောသည်။

အသက် ၄၈ နှစ်အရွယ် ဦးလှထွန်းသည် ငါးပိုက်တားပြီးပြန်လာစဉ် လက်ပန်ရွာအနီး၌ မိုင်းနင်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဝေါမြို့နယ်အတွင်းဝင်စစ်‌ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံများ အသုံး ပြုသည့်လမ်းအချို့တွင် မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“PDF တွေဝင်လာနိုင်မယ်ထင်တဲ့ လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတာပါ။ လမ်းကြိုလမ်းကြားတွေ ပါ။ မိန်းလမ်း(အဓိကလမ်းမကြီးများ) တွေတော့ သူတို့မထောင်ဘူး” ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါမိုင်းနင်းမိသည့်ဖြစ်ရပ်မဖြစ်ပွားမီ နှစ်ရက်ခန့်ကလည်း လက်ပန်ရွာတွင် မိုင်းနင်းမိ၍ နွားတကောင် သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက်နေ့က လက်ပန်ကျေးရွာကောင်စီရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်ပန်ရွာအနီးတဝိုက်တွင် နင်းမိုင်း များထောင်ထားပြီး ရွာသူရွာသားများကိုလည်း အသွားအလာ ကန့်သတ်ထားသည်ဟု ဆိုသည်။

“အဓိကတော့ စစ်တောင်းမြစ်ဝှမ်းဘေးကရွာတွေပေါ့ အဲ့ဒီရွာတွေမှာ သူတို့မိုင်းထောင်တယ်။ စစ်တောင်း မြစ်ကမ်းနားက တံငါတဲတွေ၊ လူနေတဲတွေမှာလည်း မနေခိုင်းဘူး" ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ထို့ပြင် စက်တင်ဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် လက်ပန်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာ အချို့မှ ဒေသခံများ ကြောက်လန့်၍ ဝေါမြို့ပေါ်နှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြ သည်ကိုလည်း သုံးရက်အတွင်း နေရပ်ပြန်လာရန်နှင့် ပြန်မလာပါက ပိုင်ဆိုင်မှုများအား ပိတ်သိမ်းမည်ဟု စစ်ကောင်စီတပ်ဖွဲ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

လက်ပန်ကျေးရွာသည် စစ်တောင်းမြစ်ဝှမ်းဘေးတွင်တည်ရှိနေသည့် ကျေးရွာဖြစ်သည်။ ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းနှင့်ထိစပ်လျက်ရှိသည့် ဝေါ၊ ရေတာရှည်၊ ဖြူး၊ မုန်းနှင့် ကျောက် ကြီးမြို့နယ်တို့တွင် ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ကြား စစ်ရေးတင်းမာလျက်ရှိကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#ဝေါမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👎2🔥2😁1
မြင်းမူတွင် လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ခွဲကို ကာကွယ်ရေးတပ်ဖွဲ့ စုံစမ်း
😁4👍2
မြင်းမူတွင် လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ခွဲကို ကာကွယ်ရေးတပ်ဖွဲ့ စုံစမ်း
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅ဦးနှင့် ပြည်သူတဦး စုစုပေါင်း ၂၆ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မြောင်မြို့သို့ ဝင်သွားသည့် စစ်ကောင်စီတပ်၏ တပ်ရင်း၊ တပ်ခွဲ နံပါတ်ကို စုံစမ်းနေကြောင်း မြင်းမူလင်းယုန်နက် အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ နောက်လည်း ဒီလိုအဖြစ်အပျက်မျိုးတွေကို ဘယ်အဖွဲ့အစည်း ဘယ်ရဲဘော်တွေကိုမှ ထပ်ပြီးမဖြစ်စေချင်တော့ဘူး။ ထပ်ပြီးတော့လည်း အဆုံးအရှုံး မခံနိုင်တော့တာ အမှန်ဗျ ။ စစ်ကောင်စီရဲ့ ကျူးလွန်ထားတဲ့ရာဇဝတ်မှုကိုတော့ ကျွန်တော်တို့အနေနဲ့က ဘယ်တပ်မ ၊ ဘယ်တပ်ရင်းဆိုတာကိုစုံစမ်းဖော်ထုတ်ပြီး အဆင့်ဆင့် တင်ပြအရေးယူသွားဖို့လည်း ကြိုးပမ်းနေပါတယ်“ ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၃ရက်နေ့ ည ၈ နာရီခန့်တွင် ဂွေးပင် တောရွာမှ အင်အား ၃၀ကျော်ပါသော စစ်ကောင်စီတပ်သည် မြောင်မြို့သွားသည့် လမ်း ကြော့မင်းနှင့် ခြေတော်ရာရွာအကြား ထို ၂၆ ဦးအား စောင့်ကြိုဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မြင်းမူးမြို့နယ် ပြည်သူ့ကာကွယ်ယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံကဆိုသည်။
“ ကျွန်တော်တို့ အညာဘက်မှာ လက်နက်မပြည့်စုံမှုတွေအများကြီးပဲဗျ။ အဲ့ဒီအတွက် အသက်ပေးလိုက်ရတဲ့ရဲဘော်တွေလည်းအများကြီးရှိတယ်။

ပြည်သူလူထုအထောက်အပံ့ အစိုးရအထောက်အပံ့နဲ့ ပြည်ပအထောက်အပံ့တွေလိုအပ်ပါတယ်။ အခုကလည်း လက်လုပ်တွေနဲ့ပဲ တော်လှန်ရေးကိုဖော်ဆောင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့
ထ်ိရောက်တာချင်း စစ်ကောင်စီနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် လက်နက်ချင်းယှဥ်ရတဲ့အခါမျိုးဆိုရင် အရမ်းကို လိုအပ်နေပါတယ်” မြင်းမူလင်းယုန်နက် အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဂွေးပင်တောရွာ အခြေစိုက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ဒေသခံများကို ကယ်ထုတ်ပေးပြီး ခြေတော်ရာဘက်သို့ ရှောင်တိမ်းရန်ထွက်ခွာစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။

“ထော်လာဂျီနဲ့ လမ်းကို ကန့်လန့်ရပ်ပြီးပိတ်ဖမ်းတာ ၊ ဦးခေါင်းနဲ့ ရင်ဘတ်တွေကို ပစ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေမှာ လက်လုပ်လေးတွေပဲ ပါသွားတော့ လက်လုပ်ဆိုတော့ဗျာ ဗြုန်းစားကြီးပြန်ပစ်လို့အဆင်မပြေဖြစ်ခဲ့တာ” ဟု ၎င်းက မဇ္စျိမ ကိုပြောသည်။

သတ်ဖြတ်ခံရသူများမှာ မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော် ၁၈ဦး ၊ မြောင်မြို့နယ်အခြေစိုက်စစ်ကိုင်းခရိုင်တပ်ရင်း(၅) (MRA) မှ ရဲဘော်ငါးဦး ၊ စစ်ကိုင်းခရိုင်အမှတ်(၆) တပ်ရင်းမှ ရဲဘော်နှစ်ဦးနှင့် ပြည်သူတဦး ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းက ရဲဘော်များနှင့်ပြည်သူကို နေရာတွင်ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များမီးရှို့ခံခဲ့ရပြီဂ လက်လုပ်သေနတ် ရှစ်လက်နှင့်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ ရကြောင်းသိရသည်။

“ရဲဘော်တွေကျဆုံးရတဲ့ အပေါ်မှာ နှမြောတယ်ဗျာ။ ရဲဘော်အားလုံးကို အလေးနီပြုပါတယ် ။ သူတို့ ဆက်ပြီး မထမ်းဆောင်နိုင်တော့တဲ့ တော်လှန်ရေးခရီးကို အဆုံးထိတိုင် လျှောက်လှမ်းပြီး ရဲဘော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ကျဆုံးခဲ့သူများကို စက်တင်ဘာ ၂၄ရက်နေ့မွန်းလွဲပိုင်းတွင် မိသားစုဝင်များ ၊ ဒေသခံများနှင့် ရဲဘော်များမှ သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - မီးရှို့ခံရသည့် ယာဥ်များ
(ဓါတ်ပုံ - ပေးပို့)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😢20😁2❤1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (8)
========================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/uwsSwXvm_0Q?si=LonaGoMgJEFVO9Qj

#commonground
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2
Media is too big
VIEW IN TELEGRAM
လက်နက်ပုံအဟောင်းတွေနဲ့ KIA ဆီကနေ သိမ်းဆည်းရမိတယ်ဆိုတဲ့ သတင်းမှားတွေ ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/photo?fbid=641334091474186&set=a.585999837007612

#Misinformation_Buster #Fake_News #Shorts #Reels #KIA #KNU #ပုံဟောင်း #Mizzima
👍5🔥1😁1
​​PDF တပ်ဖွဲ့ဝင် အမျိုးသမီးများ အဆိပ်သောက်သေဆုံးဟု ပုံဖျက်တိုက်ခိုက်သည့် သတင်းအမှား
======================

ZZ
(မဇ္ဈိမ)။ ။ PDFတပ်ဖွဲ့များအတွင်း အဓမ္မပြုကျင့်မှုများဖြစ်နေပြီး PDF ရဲမေများ အဆိပ်သောက်သေဆုံးမှု များဖြစ်ပေါ်နေသည်ဟုဆိုကာ ပုံများဖြင့်ဖြန့်ဝေနေသည်။ အဆိုပါပုံများသည် ပုံဟောင်းများဖြစ်ပြီး အဆိပ် သောက်သေဆုံးခြင်း မဟုတ်ပေ။

“Ba Nyunt”တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် “ပဒပ်အဖွဲများအတွင်း အနိုင်ကျင့် မုဒိမ်းမှုများ ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိပြီး တစ်ချိုသောပဒပ်မများ ကိုယ့်ကိုကိုယ် အဆိပ်သောက် သေ ဆုံးမှုများရှိနေကြောင်း ပဒပ်အတွင်းသတင်းအရသိရ” ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ ပုံ ၃ ပုံဖြင့် ဖြန့်ဝေထားသည်။

ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရု(ပ်)ခုနစ်ခုတွင် ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၅,၀၀၀ ထိရှိနေပြီဖြစ် သည်။ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် ၎င်းတို့ ဖြန့်ဝေထားသည့်ပုံများကိုစစ်ဆေးခဲ့ရာ ထိုပုံများ မှာ အဆိပ်သောက် သေဆုံးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးများမဟုတ်ကြောင်း တွေ့ ရသည်။

ပထမဆုံးပုံဖြစ်သည့် ဦးထုပ်ဆောင်း၊ လွယ်အိတ်လွယ်ကာရိုက်ထားသည့်ပုံသည် PDF အမျိုးသမီးတပ်ဖွဲ့ ဝင်တဦးဖြစ်သည့် နော်ဖူး(ခ)ဖူးပွင့်ဖြူဖြစ်သည်။ ၎င်းပုံနှင့်ထပ်တူကျသည့်ပုံအား မတွေ့ရသော်လည်း CDM ရဲမေတဦးဖြစ်သည့် ရည်မြတ်မွန်နိုင် အကောင့်မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် တင်ထားသည့် ပုံတပုံနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ရာ ဦးထုပ်၊ လွယ်အိတ်၊ လက်၌ပတ်ထားသည့်ကြိုး၊ လက်မောင်းမှ တက်တူး များမှာ တပုံစံတည်းဖြစ်နေသည်ကို တွေ့ရသည်။
လင့်- https://shorturl.at/sF247 , https://shorturl.at/frtv7

နော်ဖူးမှာ ၂၀၂၂ ဧပြီလတွင် မြဝတီ၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုအချိန်က ၎င်းနှင့်အတူ ဖေ့စ်ဘုတ်ဆယ်လီတဦးလည်းဖြစ် လက်နက်ကိုင်တော်လှန်ဖို့ရွေးချယ်ခဲ့သည့် ကိုစိုးဝင်းနိုင်လည်း ဖမ်းဆီး ခံခဲ့ရသည်။
လင့် - https://shorturl.at/yzAT5

ဒုတိယပုံဖြစ်သည့် လေ့ကျင့်ရေးယူနီဖောင်းဝတ်ထားပြီး မျက်နှာကိုအမဲရောင်ခြယ်ထားသည့် အမျိုးသမီး သုံးဦး၏ပုံမှာလည်း Myanmar ဆိုသည့်ဖေ့စ်ဘုတ်ပေ့ချ်မှ ၂၀၂၂ ခုနှစ် ဧပြီလက ဖြန့်ဝေခဲ့သည့်ပို့စ်မှပုံ ဖြစ်သည်။

“Tiktok မှာ effect ပိနေတဲ့ပုံတွေထက်...သူတို့လေးတွေက ပိုပီးတန်ဖိုးရှိပါတယ်...”ဟု ရေးသားဖြန့်ဝေ ထားသည့်ပို့စ်တွင် ထိုအမျိုးသမီးသုံးဦးပုံလည်းပါဝင်ခဲ့သည်။ ထိုပုံကို ဖြန့်ဝေသူ များပြားခဲ့သော်လည်း ပုံ၏ မူလဇစ်မြစ်ကိုမူ မတွေ့ရပေ။
လင့် - https://shorturl.at/doDJ0

တတိယပုံဖြစ်သည့် ဓာတ်ပုံများချိတ်ထားသည့်ပုံသည် “Logistic Bee - ထောက်ပို့ပျား” ပေ့ချ်မှ ယခုနှစ် ဖေဖော်ဝါရီလက ဖြန့်ဝေထားသည့်ပို့စ်မှ ပုံဖြစ်သည်။ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့ ၂၀၂၃ နှစ်စက တော်လှန်ရင်း ကျဆုံးခဲ့ရပုံကိုဖော်ပြထားသည့် ပို့စ်မှဖြစ်သည်။
လင့် - https://shorturl.at/stwCH

ထို့ကြောင့် PDF တပ်ဖွဲ့များတွင် အဓမ္မပြုကျင့်ခံရ၍ အမျိုးသမီးအချို့ အဆိပ်သောက်သေသည်ဆိုသော သတင်းမှပုံများသည် ပုံအဟောင်းများနှင့် တိုက်ပွဲတွင်ကျဆုံးခဲ့သောပုံများကို အသုံးပြုကာ PDF အဖွဲ့ဝင် အမျိုးသမီးများအား ပုံဖျက်တိုက်ခိုက်ကာ သတင်းအမှားဖြန့်ဝေထားခြင်း ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#PDF
#old_photos
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁7👎1
Media is too big
VIEW IN TELEGRAM
ဖေ့ဘုတ်ပေချ်တစ်ခုကနေ တခြား ပေ့ချ်တွေကို မန်းရှင်း ခေါ်ပြီး လုံခြုံရေးကြောင့်လိုဆိုပြီး အကောင့်ဟက်ဖို့အတွက် ကြိုးပမ်းနေတာ ရှိ‌ေနေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://web.facebook.com/MizzimaDaily/posts/pfbid01MYD4UDQYNSVc5LyQoi9zjdi9UkXbbBTYp6A3nevV6FPQnXKncx3RPDxzzvrNKsNl

#Misinformation_Buster #Fake_News #Shorts #Reels #Mizzima #facebook #hack #page #login
🔥2👍1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍5🤮1
Media is too big
VIEW IN TELEGRAM
ရွှေတုံးပုံတွေကို နောက်ခံထားပြီး ရိုက်ထားတဲ့ပုံနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ရွှေတွေကို တွေ့ရှိခဲ့တာလို့ သတင်းတု ပျံ့နှံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.mizzimaburmese.com/article/133591?fbclid=IwAR2Wulj_zyVWczZyOq-i76h3qsUf_-AqiElOmBG72_AmY3HBiV-wq1AkJM8

#Misinformation_Buster #Fake_News #Shorts #Reels #Mizzima #ဒုတိယကမ္ဘာစစ် #ရွှေ #American
👍7❤1😁1
​​ဖယ်ခုံတွင် CDM ဝင်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးအတွက် NUG က ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်
===================

001
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် CDM ဝင်လာသည့် စစ်ကောင်စီတပ်သား သုံးဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ဆုကြေးငွေ ကျပ် ၁၁၄ သိန်း ချီးမြှင့်ခဲ့ကြောင်း ဖယ်ခုံ PDFတပ်ရင်း (၁၀၀၆) က စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန် သည်။

အဆိုပါ စစ်ကောင်စီတပ်သား သုံးဦးမှာ ယခု စက်တင်ဘာလအတွင်း လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဘက်ပြောင်းခိုလှုံလာသူများဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် မရှိသေးကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆) ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။

ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)ထံသို့ စစ်ကောင်စီ တပ်သားတဦး CDM ဝင်ရောက်မှုလည်း ရှိခဲ့သည်။

NUG အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ဥပဒေအကာအကွယ်များနှင့်အညီ လုံခြုံရေး အာမခံချက် ပေးအပ်လျက်ရှိပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ထူထောင်ရာတွင်လည်း တာဝန်ထမ်းဆောင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ အစောပိုင်းက ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်‌မြောက် အစီရင်ခံစာတွင် ထုတ်ပြန်ပြောဆိုထားသည်။

ထို့ပြင် အာဏာသိမ်းကာလအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့်စိစစ်ပြီး စစ်ကောင်စီတပ်သား ၃,၀၀၀ ကျော်နှင့် ရဲတပ်သား ၁၀,၀၀၀ ကျော်ရှိကာ လက်နက်နှင့်တကွ ပြည်သူ့ဘက် ရပ်တည်လာ သူများအတွက် ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ထားပြီးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#ဖယ်ခုံမြို့နယ်
#NUG
#CDM

ပုံအညွှန်း-စစ်ကောင်စီတပ်သား ယူဆောင်လာသည့် လက်နက်အား တွေ့ရစဥ်(ဓာတ်ပုံ-Pekhon PDF - 2 ၊ B 1006 )

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2😁1
Media is too big
VIEW IN TELEGRAM
ပုံဟောင်းတွေကို သုံးပြီး PDF ရဲမေ တွေကို တိုက်ခိုက်ထားတဲ့ သတင်းတု ပျံ့နှံ့နေပါတယ်။

#Misinformation_Buster #Fake_News #Shorts #Reels #Mizzima #PDF #ရဲမေ

သတင်းအပြည့်အစုံဖတ်ရန်-https://www.facebook.com/MizzimaDaily/posts/pfbid0aMfVUdTJ5B5h5unVkfWCputBD6pK2YC21jZ3y76BqX35XBPKi4JgAobET2MSCWP6l
https://www.mizzimaburmese.com/article/133668
😁3👍2
ယာဉ်မတော်တဆဖြစ်ပြီးနောက် မန်ယူရဲ့ မားကပ် ရက်ရှ်ဖို့ဒ် ဒဏ်ရာမရခဲ့
🔥2
ယာဉ်မတော်တဆဖြစ်ပြီးနောက် မန်ယူရဲ့ မားကပ် ရက်ရှ်ဖို့ဒ် ဒဏ်ရာမရခဲ့
================

By PKThawn

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်ဟာ စနေနေ့ညက ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် သူဟာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အဖြူရောင် Rolls Royce ကားနဲ့ ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားအပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာပါ။

အဲရစ် တန်ဟက်ဂ်ရဲ့ အသင်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကားတွေနဲ့ လေ့ကျင့်ရေးစခန်းကနေ မထွက်ခွာခင် ဘန်လေအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် အသင်းနည်းပြထံ ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ဓာတ်ပုံတွေ အွန်လိုင်းတွင် ထွက်ပေါ်လာပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်တို့အနိုင်ရတဲ့ Turf Moor မှာ မိနစ် ၉၀ ပြည့်ကစားခဲ့ပြီး သူတို့ဟာ ၄ ပွဲမှာ ကလပ်ရဲ့ ပထမဆုံးနိုင်ပွဲဖြစ်ရခဲ့တာဖြစ်ပါတယ်။

Photos: EPA/Twitter

#rashford #manchesterunited #ရက်ရှ်ဖို့ဒ်
👍8🔥1