Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​All the best : Fun Begins
====================

ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကိုမှကြိုက်သူများအတွက် ရိုက်ကူးထားတဲ့ကားလေးပေါ့


ဗီရာ ကပူးဆိုတဲ့အမျိုးသားတစ်ယောက် သူရဲ့ရော့ခ်အဖွဲ့နှင့်အတူ အောင်မြင်မှုရရှိရန်ကြိုးစားနေသူဖြစ်ပြီး လက်ရှိအချိန်မှာ ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့သူဆိုလည်းမမှားပါဘူး ...
သူရဲ့တစ်ခုတည်းသောလစာမှာ သူ့ရဲ့အကိုဖြစ်သူဆီမှရတဲ့မုန့်ဖိုးပဲရှိပါတယ်


ဗီရာမှာ ဖရင်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်.. ဖရင်ကတော့အိမ်ထောင်သည်အမျိုးသားပေါ့..
အကြောင်းအမျိုးမျိုးကြောင့် ဖရင်နဲ့ဗီရာ ငွေတွေချေးခဲ့ပြီး ပြန်မဆပ်နိုင်ဖြစ်ရပါတော့တယ် ...သူတို့သူငယ်ချင်းနှစ်ယောက်ဘယ်လိုအလွှဲလေးတွေလုပ်ပြီး ဒီပြသာနာကြီးကိုဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးနော်


Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 25.9.2023
အချိန်။ ။မနက် ၈နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 26.9.2023
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍2🔥1
This media is not supported in your browser
VIEW IN TELEGRAM
အာရှရဲ့အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကြေညာ

#InternationalNews #reels #shorts #China
😁5👍3❤1
ကမ္ဘာတလွှားခရီးသွား “လန်ဒန်မြေအောက်ဘူတာ အရက်ဘား” | VOA On Mizzima
========================

လန်ဒန်မြို့တော်မှာ ဒုတိယကမ္ဘာစစ်တွင်းတုန်းက ဗုံးခိုကျင်းတွေအဖြစ် သုံးခဲ့ရတဲ့ မြေအောက်ရထား ဘူတာရုံတွေအတိုင်း ပြင်ဆင်ထားတဲ့ အရက်ဘားတခုဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေသွားကြည့်ရမှာပါ၊ ၁၉၄၀ လောက်တုန်းက လန်ဒန်မြေအောက်ရထားဘူတာတွေရဲ့ အပြင်အဆင်တွေကို လေ့လာရမှာဖြစ်ပါတယ်။

https://youtu.be/kIua84gf5_E?si=NV2ABS22r_kFRzxV

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ပထမဆုံးအာဆီယံစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

#InternationalNews #reels #shorts #Asian #Indonesia
❤6👍2
အင်္ဂလိပ်စာ လေ့လာမယ် “What is it?” | VOA On Mizzima
====================

ဗွီအိုအေရဲ့ အင်္ဂလိပ်စာလေ့လာမယ်အစီအစဉ်မှာ “What is it?” ဆိုတဲ့ ဒီအရာဝတ္ထုက ဘာလဲဆိုရင် ဘယ်လို ဖြေကြားနိုင်တယ်ဆိုတာ ရှင်းပြထားပါတယ်။ ဗွီအိုအေက ထုတ်လွှင့်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို “ဗွီအိုအေအင်္ဂလိပ်စာ” စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

https://youtu.be/Z8XMxTP6lIc?si=-vOAVTPTpGWlCMRK

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤‍🔥1🤮1
စက်တင်ဘာလ (၂၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် 
==================

−အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်း ပြောကြားသွားတဲ့သတင်း

− အိန္ဒိယ-မြန်မာ နယ်စပ်တလျောက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် စနစ်ကို ဖျက်သိမ်းဖို့နဲ့ နယ်စပ် ခြံစည်းရိုးခတ်တာကို အပြီးသတ်လုပ်ဆောင်ဖို့အတွက် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းတဲ့အကြောင်း

−ရွှေဘိုခရိုင်က စစ်ရှောင်‌တွေရဲ့ စာသင်ကျောင်းတွေမှာ သင်ထောက်ကူ ပစ္စည်းလိုအပ်နေတဲ့အကြောင်းနဲ့

− ပထမဆုံးအာဆီယံစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/cWpyxvrsdlQ?si=H2cSw0Erm0u1UIJ0

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1🍌1
ပါကစ္စတန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ်ဇန်နဝါရီမှာကျင်းပမည်
================

https://youtu.be/9RxBCkmTz1E?si=Ui0lW8LflaQrgTDC

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားခဲ့
================

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကိစ္စကို ကုလသမဂ္ဂစင်မြင့်ထက်မှာ ထုတ်ဖော်ပြောဆိုတာ ၃ နိုင်ငံသာ ရှိခဲ့ပါတယ်။
မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ခေါင်းဆောင်တွေက မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို သူတို့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့တာပါ။

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒေသတွင်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သတ်လို့ တစ်လုံးမှ ထုတ်ပြောခဲ့တာမရှိပါဘူး။

ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ၊ ဒေသတွင်းမှာ အရေးတကြီးဖြေရှင်းဖို့ လိုနေတဲ့ကိစ္စ၊ ကမ္ဘာ့စီးပွားရေး၊ ကပ်ရောဂါဘေး၊ ရာသီဥတုအပြောင်းအလဲနဲ့ စစ်ပွဲကြောင့် ဒုက္ခသုက္ခခံစားနေရသူတွေရဲ့ အရေးကိစ္စစတာတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ အဖွင့်မှာ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က လတ်တလော ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ကိစ္စရပ်တွေထဲ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုတွေဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေကို အရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အင်ဒိုနီးရှားနိုင်ငံက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တိုက်တွန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပြီးဆုံးပေမဲ့ အလှည့်ကျတာဝန်ယူမယ့် လာအို၊ နောက်အလှည့်ကျ မလေးရှားနိုင်ငံတို့နဲ့ပူးပေါင်းပြီး မြန်မာ့အရေး ၃ နိုင်ငံ ပူးတွဲဖြေရှင်းရေးယန္တရားကို ဆက်ပြီး အကောင်အထည်ဖော်မယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောထားပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စင်မြင့်ထက်မှာ အခုလိုပြောခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ကတော့ မြန်မာ့ အကျပ်အတည်းဟာ ဒေသတွင်းမှာ အခုနှစ်ပိုင်းတွေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတယ်လို့ ထောက်ပြပြောဆိုပါတယ်။
မြန်မာစစ်ကောင်စီကို မပြတ်ဖိအားပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလမသဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာလူမျိုးတွေအတွက် ထိုက်တန်တဲ့ မြန်မာလူမျိုးတွေလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးတွေ၊ တိုးတက်ရေးတွေဟာ ရိုက်ချိုးဖျက်ဆီးခံနေရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ 

အာဆီယံအဖွဲ့ထဲ ဝင်ဖို့လုပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ ကတော့ မြန်မာ့အရေးကို ပြင်းပြင်းထန်ထန်ပြောကြားသွားခဲ့ပါတယ်။
မြန်မာစစ်တပ်ကမြေလှန်မီးရှို့တဲ့ စနစ်ကိုကျင့်သုံးနေပြီး စစ်ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အကူအညီကို မျှော်နေပြီး အဲဒီလိုဖြစ်မလာတဲ့အတွက် နိုင်ငံတကာဟာ သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရပါတယ် လို့ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ်ကုလသမဂ္ဂမှာမိန့်ခွန်းပြောတဲ့ အာဆီယံခေါင်းဆောင်တွေထဲမှာ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်သစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ဟွန်မာနက်တို့ကတော့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရတာ ဖြစ်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံဝန်ကြီးချုပ်သစ်ဟာ ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိစ္စထည့်မပြောခဲ့ပေမဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ ညီလာခံပြင်ပမှာပြောကြားခဲ့ပါတယ်။

https://youtu.be/3QwsE-yL0vk?si=pYn6Yz-rB3a6p_c-

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁4
The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး
===============

ကမ္ဘာ့ ခေါင်းဆောင်ဟောင်း‌တွေနဲ့ စုဖွဲ့ထားတဲ့ The Elders ရဲ့ ဥက္ကဋ္ဌ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သမ္မတဟောင်းအချို့နဲ့ အမျိုးသားညီညွတ်အစိုးရ NUG ရဲ့ ဝန်ကြီးတွေ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန် နယူးယောက်မြို့သို့ ရောက်ရှိနေတဲ့ နိုင်ငံဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ The Elders (ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)ဥက္ကဌ ၊ အိုင်ယာလန်သမ္မတဟောင်းလည်းဖြစ်သူ H.E Ms Mary Robison နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ မွန်ဂိုးလီးယား သမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr Elbegdor Tsakhia၊ ကိုလံဘီယာ သမ္မတဟောင်းဖြစ်သူ Mr Juan Manuel Santos တို့နဲ့ စက်တင်ဘာ ၂၂ တွေ့ဆုံခဲ့ကြောင်း NUG က ပြောကြားထားတာဖြစ်ပါတယ်။

NUG ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန တို့က ဒုတိယဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ကြတာလို့ ပြောပါတယ်။
အလားတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး H.E Gabrielius Landsbergis နဲ့လည်း နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာပြည်အတွင်း စစ်တပ် အုပ်စိုးတဲ့ နိုင်ငံရေးစနစ်ကို ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေးဟာ ဒေသတွင်းတည်ငြိမ်မှုနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးအတွက်အရေးကြီးကြောင်း ဆွေးနွေးပြောကြားကြတယ်လို့သိရပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီအစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီနေရာမှာ မြန်မာကိုယ်စားပြု ရရှိဖို့ စစ်ကောင်စီရော NUG ဘက်ကပါ ကြိုးစားနေကြချိန် အခုလို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ NUG က တွေ့ဆုံလာတာဖြစ်ပါတယ်။
နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ ထိထိရောက်ရောက် ဆက်လက် ဖိအားပေး လုပ်ဆောင်ဖို့ အထွေထွေညီလာခံကျင်းပနေချိန်မှာ NUG ကကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့လည်း စက်တင်ဘာလ ၂၀ ရက်၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်ရေးကိစ္စတွေကို ဆွေနွေးခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ 
အခုနှစ် ဧပြီလတုန်းက The Elders ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုတိယဥက္ကဋ္ဌ လည်း ဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ကြိုတင်ကြေညာထားတာမျိုးမရှိဘဲ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

https://youtu.be/UsrDEuRvrlQ?si=meIDCbCnotttwh-m

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍6😁1🤮1
​​ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက် 
===============

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ)ရုံးကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်တို့ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ ကနဦး စုံစမ်းသိရသည်။

စစ်ကောင်စီ၏ စရဖရုံးနဲ့ ဆိုင်းတောင်ရပ်ကွက် (၁) က ရဲစခန်းကို KIAနဲ့ KPDF တို့က နှစ်ဖွဲ့ခွဲပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စရဖရုံးကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီတပ်ဘက်က စစ်ကူမလာနိုင်စေရန် ထိန်းထားသည့်သဘော ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမကို အတည်ပြုသည်။

"ဟုတ်တယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး၊ ကျနော် ခုနောက်ဆုံးကြားရတာ တပြိုင်ထဲ နှစ်နေရာကို ဝင်စီးခဲ့တယ်လို့လည်း ကြားနေတယ်၊ ကျနော်တို့ကြားတာ အဓိက စရဖရုံးကို ပစ်တာ၊ ရဲစခန်းကိုတော့ ဟိုဘက်သွားမကူနိုင်အောင် ထိန်းထားတဲ့သဘော ဝင်ပစ်တာလို့ ကြားတယ်၊ စစ်တပ်က တော်တော်ထိတယ်လို့ သိရတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံးကိုတော့ မသိရသေးဘဲ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ထိ ဖားကန့်မြို့တွင် ပစ်ခတ်သံများ ဆက်ကြားနေရဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီ၏ ပန်းတင်ရဲကင်းစခန်းကို KPDF တွေကနေ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများလည်း ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်

#ဖားကန့်
#ဆိုင်းတောင်
#စရဖ
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏6❤4😁2
စက်တင်ဘာလ (၂၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===============

- The Elders ကမ္ဘာ့ခေါင်းဆောင်အဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေးတဲ့ သတင်း 

- ဖယ်ခုံမှာ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို NUG က ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်တဲ့ သတင်း 

- ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းနဲ့
 
- ပါကစ္စတန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ်ဇန်နဝါရီမှာကျင်းပမယ့် သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/yfAoWPCsoPU?si=kbM26Ff5to-zZZ3u

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ်ဇန်နဝါရီမှာကျင်းပမည်

#InternationalNews #reels #shorts
👍5🔥1
​​အညာလမ်းမများပေါ် ဓားပြတွေ သောင်းကြမ်းနေသည်
===================

ပြည်စုံငြိမ်းချမ်း
ကလေးမြို့တွင် လုံခြုံရေးအကြောင်းပြကာ လမ်ပေါ်တွင်စစ်ဆေးရေးဂိတ်ဖွင့်ပြီး ခရီးသွားများထံ ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ၏ ဝိုင်းဝန်းရိုက်နက်မှုကြောင့် ချင်းတိုင်းရင်းသူ အမျိုးသမီး တဦး ယခုလ ၅ ရက်နေ့က သေဆုံးသွားခဲ့သည်။ စစ်သားများက အမျိုးသမီး၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း နှင့် ပိုက်ဆံအိတ်တို့ကို လုယူကာ လူကို ဖမ်းဆီး၊ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သော်လည်း အိမ်ရောက်ပြီးနောက် တပတ်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

"သူ(သေဆုံးသူ)က သူငယ်ချင်းနဲ့ ရွာကနေကလေးမြို့ကို နှစ်ယောက်သွားကြတာ။ ဘာအကြောင်းမှ မယ်မယ်ရရမရှိဘဲ ပါးတွေနားတွေ အသားကုန်ရိုက်တယ်။ နားထဲက သွေးတွေထွက်တယ်။ အိမ်ရောက် ပြီးနောက်ရက် မနက်စာ စားနေရင်း သတိမေ့သွားတော့ ဆေးရုံတင်ဖို့လုပ်ပေမယ့် မရတော့ဘူး" ဟု ကလေးမြို့ သပိတ်ကော်မတီဝင်တဦးက ပြောသည်။

ခုခံတော်လှန်စစ်အားကောင်းသည့် အညာဒေသတွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်သည့် လမ်း များ၌ ဂိတ်များအခိုင်အမာတည်ဆောက်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ခရီးသွားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံစံမျိုးစုံဖြင့် ထင်တိုင်းကြဲ ကျူးလွန်နေသည်။ သို့သော် အဆိုပါ သတင်းများသည် ဆိုရှယ်မီဒီယာပေါ်တွင်လည်းကောင်း၊ သတင်းဌာနများတွင်လည်းကောင်း အတွေ့ရ နည်းလာပြီး အများစုမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်ကများနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်လပိုင်းကလည်း ခရီးသည်တင်လိုင်းကားငယ်တစီးပေါ်တွင် လိုက်ပါလာသည့် အသက် ၅၀ ဝန်းကျင် အမျိုးသားတဦး ရွှေဘိုအဝင်ဂိတ်အရောက် ကားပေါ်မှ လမ်းဆင်းမလျှောက်သည့် အကြောင်း ပြချက်ဖြင့် ကားပေါ်မှာပင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။ ကျန်းမာရေးမကောင်းသည့် ယင်း အမျိုးသားမှာ လမ်းကောင်းကောင်းမလျှောက်နိုင်သည့်အတွက် ကားဆရာကိုယ်တိုင် ကားပေါ်မှာပင် ထိုင်နေဖို့ ပြောထားခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီလက်ပါးစေတပ်သားက အခြေအနေကို မမေး မမြန်းဘဲ ပြည်သူ့အသက်တချောင်းခြွေဖို့ သေနတ်ခလုတ်ကို လွယ်လွယ်လေး ဖြုတ်ချခဲ့သည်။
👍11😁4😢2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်မှာ ဂေါက်သီးစက်ရုံမီးလောင်မှုကြောင့် လူ ၆ ဦးသေဆုံး

#InternationalNews #reels #shorts
😢6❤1
မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အလေးထား လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
=====================

ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး အကောင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာထဝီဆင်က ပြောကြားလာပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အထွေထွေညီလာခံကို တက်ရောက်ဖို့ရောက်နေတဲ့ မစ္စတာ ဆရက်သာ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးရဲ့ အရေးကြီးပုံကို နားလည်တဲ့အတွက် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင် (Srettha Thavisin) က ပြောလိုက်တာဖြစ်ပါတယ်။
ဒုက္ခသည်တွေကို ကူညီရေးမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နေရာအနှံ့မှာ ပဋိပက္ခတွေ မြင့်တက်နေတာကြောင့် ငြိမ်းချမ်းရေး ဟာလည်း ထိရှလွယ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာတယ်လို့ ဖြေကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်ကလည်း သူ့စိုးရိမ်ချက်ကို ပြောပြထားတာကြောင့် ဒုက္ခသည်တွေအရေး အလေးထားဆောင်ရွက်ရေး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကားကို ထိုင်းနိုင်ငံဘက်က အလေးထားမယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်တွင်းက ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်မြို့နဲ့ ကီလိုမီတာ ၂၀ နီးပါးအကွာကို စစ်ရှောင်လာတဲ့ ဒုက္ခသည်တစ်သောင်းနီးပါးအထိ ရှိနေပြီး ထိုင်းကြက်ခြေနီအပါအဝင် ဒေသန္တရအစိုးရအဆင့်အဖွဲ့အစည်းတွေက ဒီဒုက္ခသည်တွေအရေး အကူအညီတွေ ပေးထားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသား နှစ်သောင်းကျော် ထွက်ပြေးခိုလှုံနေတယ်လို့ Amnesty International အဖွဲ့ရဲ့ ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသားအရေအတွက် များပြားလာနေတာဖြစ်ပါတယ်။

ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သော Chulapong Yukate က မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သက်ရောက် မှုကို တွေ့ကြုံနေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအပြင် ဆေးဝါး၊ အစားအစားများကို ကူညီထောက်ပံ့ပေးနိုင်ဖို့ နိုင်ငံ တကာအဖွဲ့စည်းနဲ့ ပူးပေါင်းရန် ထိုင်းအစိုးရကို တိုက်တွန်းထားကြောင်း သိရပါတယ်။

https://youtu.be/s9u4unmPmZk?si=VCcap7wxqu6e5EHc

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1