The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး
===============
ကမ္ဘာ့ ခေါင်းဆောင်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ The Elders ရဲ့ ဥက္ကဋ္ဌ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သမ္မတဟောင်းအချို့နဲ့ အမျိုးသားညီညွတ်အစိုးရ NUG ရဲ့ ဝန်ကြီးတွေ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန် နယူးယောက်မြို့သို့ ရောက်ရှိနေတဲ့ နိုင်ငံဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ The Elders (ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)ဥက္ကဌ ၊ အိုင်ယာလန်သမ္မတဟောင်းလည်းဖြစ်သူ H.E Ms Mary Robison နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ မွန်ဂိုးလီးယား သမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr Elbegdor Tsakhia၊ ကိုလံဘီယာ သမ္မတဟောင်းဖြစ်သူ Mr Juan Manuel Santos တို့နဲ့ စက်တင်ဘာ ၂၂ တွေ့ဆုံခဲ့ကြောင်း NUG က ပြောကြားထားတာဖြစ်ပါတယ်။
NUG ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန တို့က ဒုတိယဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ကြတာလို့ ပြောပါတယ်။
အလားတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး H.E Gabrielius Landsbergis နဲ့လည်း နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာပြည်အတွင်း စစ်တပ် အုပ်စိုးတဲ့ နိုင်ငံရေးစနစ်ကို ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေးဟာ ဒေသတွင်းတည်ငြိမ်မှုနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးအတွက်အရေးကြီးကြောင်း ဆွေးနွေးပြောကြားကြတယ်လို့သိရပါတယ်။
လာမယ့် နိုဝင်ဘာလမှာ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီအစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီနေရာမှာ မြန်မာကိုယ်စားပြု ရရှိဖို့ စစ်ကောင်စီရော NUG ဘက်ကပါ ကြိုးစားနေကြချိန် အခုလို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ NUG က တွေ့ဆုံလာတာဖြစ်ပါတယ်။
နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ ထိထိရောက်ရောက် ဆက်လက် ဖိအားပေး လုပ်ဆောင်ဖို့ အထွေထွေညီလာခံကျင်းပနေချိန်မှာ NUG ကကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့လည်း စက်တင်ဘာလ ၂၀ ရက်၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်ရေးကိစ္စတွေကို ဆွေနွေးခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အခုနှစ် ဧပြီလတုန်းက The Elders ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုတိယဥက္ကဋ္ဌ လည်း ဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ကြိုတင်ကြေညာထားတာမျိုးမရှိဘဲ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။
https://youtu.be/UsrDEuRvrlQ?si=meIDCbCnotttwh-m
#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး
ကမ္ဘာ့ ခေါင်းဆောင်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ The Elders ရဲ့ ဥက္ကဋ္ဌ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သမ္မတဟောင်းအချို့နဲ့ အမျိုးသားညီညွတ်အစိုးရ NUG ရဲ့ ဝန်ကြီးတွေ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း…
❤10👍6😁1🤮1
ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
===============
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ)ရုံးကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်တို့ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ ကနဦး စုံစမ်းသိရသည်။
စစ်ကောင်စီ၏ စရဖရုံးနဲ့ ဆိုင်းတောင်ရပ်ကွက် (၁) က ရဲစခန်းကို KIAနဲ့ KPDF တို့က နှစ်ဖွဲ့ခွဲပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စရဖရုံးကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီတပ်ဘက်က စစ်ကူမလာနိုင်စေရန် ထိန်းထားသည့်သဘော ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမကို အတည်ပြုသည်။
"ဟုတ်တယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး၊ ကျနော် ခုနောက်ဆုံးကြားရတာ တပြိုင်ထဲ နှစ်နေရာကို ဝင်စီးခဲ့တယ်လို့လည်း ကြားနေတယ်၊ ကျနော်တို့ကြားတာ အဓိက စရဖရုံးကို ပစ်တာ၊ ရဲစခန်းကိုတော့ ဟိုဘက်သွားမကူနိုင်အောင် ထိန်းထားတဲ့သဘော ဝင်ပစ်တာလို့ ကြားတယ်၊ စစ်တပ်က တော်တော်ထိတယ်လို့ သိရတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။
တိုက်ခိုက်မှုအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံးကိုတော့ မသိရသေးဘဲ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ထိ ဖားကန့်မြို့တွင် ပစ်ခတ်သံများ ဆက်ကြားနေရဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီ၏ ပန်းတင်ရဲကင်းစခန်းကို KPDF တွေကနေ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများလည်း ရှိခဲ့သည်။
စာတည်း။ ။ နောင်နောင်
#ဖားကန့်
#ဆိုင်းတောင်
#စရဖ
#mizzima
------------------------

👍9👏6❤4😁2
စက်တင်ဘာလ (၂၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===============
- The Elders ကမ္ဘာ့ခေါင်းဆောင်အဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေးတဲ့ သတင်း
- ဖယ်ခုံမှာ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို NUG က ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်တဲ့ သတင်း
- ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းနဲ့
- ပါကစ္စတန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ်ဇန်နဝါရီမှာကျင်းပမယ့် သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/yfAoWPCsoPU?si=kbM26Ff5to-zZZ3u
#2pmnews
#Mizzimanewshour
#mizzimatv

01:00 - The Elders ကမ္ဘာ့ခေါင်းဆောင်အဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေးတဲ့ သတင်း
03:42 - ဖယ်ခုံမှာ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို NUG က ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်တဲ့ သတင်း
04:59 - ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ်…

👍15😁1🍌1
Ta’ang fighters battle junta troops in Myanmar’s Shan state
=====================
https://youtu.be/cnQeLAknr5k?si=WIWvSiu2i_iFmZHE

Fighters from the Ta’ang National Liberation Army battle junta troops and pro-military militias in Myanmar’s northern Shan state.
The TNLA is one of around a dozen ethnic rebel groups in Myanmar's borderlands that have long fought the military over autonomy…

👍3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ်ဇန်နဝါရီမှာကျင်းပမည်
#InternationalNews #reels #shorts
#InternationalNews #reels #shorts
👍5🔥1
အညာလမ်းမများပေါ် ဓားပြတွေ သောင်းကြမ်းနေသည်
===================
ပြည်စုံငြိမ်းချမ်း
ကလေးမြို့တွင် လုံခြုံရေးအကြောင်းပြကာ လမ်ပေါ်တွင်စစ်ဆေးရေးဂိတ်ဖွင့်ပြီး ခရီးသွားများထံ ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ၏ ဝိုင်းဝန်းရိုက်နက်မှုကြောင့် ချင်းတိုင်းရင်းသူ အမျိုးသမီး တဦး ယခုလ ၅ ရက်နေ့က သေဆုံးသွားခဲ့သည်။ စစ်သားများက အမျိုးသမီး၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း နှင့် ပိုက်ဆံအိတ်တို့ကို လုယူကာ လူကို ဖမ်းဆီး၊ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သော်လည်း အိမ်ရောက်ပြီးနောက် တပတ်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။
"သူ(သေဆုံးသူ)က သူငယ်ချင်းနဲ့ ရွာကနေကလေးမြို့ကို နှစ်ယောက်သွားကြတာ။ ဘာအကြောင်းမှ မယ်မယ်ရရမရှိဘဲ ပါးတွေနားတွေ အသားကုန်ရိုက်တယ်။ နားထဲက သွေးတွေထွက်တယ်။ အိမ်ရောက် ပြီးနောက်ရက် မနက်စာ စားနေရင်း သတိမေ့သွားတော့ ဆေးရုံတင်ဖို့လုပ်ပေမယ့် မရတော့ဘူး" ဟု ကလေးမြို့ သပိတ်ကော်မတီဝင်တဦးက ပြောသည်။
ခုခံတော်လှန်စစ်အားကောင်းသည့် အညာဒေသတွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်သည့် လမ်း များ၌ ဂိတ်များအခိုင်အမာတည်ဆောက်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ခရီးသွားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံစံမျိုးစုံဖြင့် ထင်တိုင်းကြဲ ကျူးလွန်နေသည်။ သို့သော် အဆိုပါ သတင်းများသည် ဆိုရှယ်မီဒီယာပေါ်တွင်လည်းကောင်း၊ သတင်းဌာနများတွင်လည်းကောင်း အတွေ့ရ နည်းလာပြီး အများစုမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်ကများနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်လပိုင်းကလည်း ခရီးသည်တင်လိုင်းကားငယ်တစီးပေါ်တွင် လိုက်ပါလာသည့် အသက် ၅၀ ဝန်းကျင် အမျိုးသားတဦး ရွှေဘိုအဝင်ဂိတ်အရောက် ကားပေါ်မှ လမ်းဆင်းမလျှောက်သည့် အကြောင်း ပြချက်ဖြင့် ကားပေါ်မှာပင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။ ကျန်းမာရေးမကောင်းသည့် ယင်း အမျိုးသားမှာ လမ်းကောင်းကောင်းမလျှောက်နိုင်သည့်အတွက် ကားဆရာကိုယ်တိုင် ကားပေါ်မှာပင် ထိုင်နေဖို့ ပြောထားခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီလက်ပါးစေတပ်သားက အခြေအနေကို မမေး မမြန်းဘဲ ပြည်သူ့အသက်တချောင်းခြွေဖို့ သေနတ်ခလုတ်ကို လွယ်လွယ်လေး ဖြုတ်ချခဲ့သည်။

👍11😁4😢2
မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အလေးထား လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
=====================
ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး အကောင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာထဝီဆင်က ပြောကြားလာပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အထွေထွေညီလာခံကို တက်ရောက်ဖို့ရောက်နေတဲ့ မစ္စတာ ဆရက်သာ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးရဲ့ အရေးကြီးပုံကို နားလည်တဲ့အတွက် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင် (Srettha Thavisin) က ပြောလိုက်တာဖြစ်ပါတယ်။
ဒုက္ခသည်တွေကို ကူညီရေးမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နေရာအနှံ့မှာ ပဋိပက္ခတွေ မြင့်တက်နေတာကြောင့် ငြိမ်းချမ်းရေး ဟာလည်း ထိရှလွယ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာတယ်လို့ ဖြေကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်ကလည်း သူ့စိုးရိမ်ချက်ကို ပြောပြထားတာကြောင့် ဒုက္ခသည်တွေအရေး အလေးထားဆောင်ရွက်ရေး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကားကို ထိုင်းနိုင်ငံဘက်က အလေးထားမယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ မြန်မာပြည်တွင်းက ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်မြို့နဲ့ ကီလိုမီတာ ၂၀ နီးပါးအကွာကို စစ်ရှောင်လာတဲ့ ဒုက္ခသည်တစ်သောင်းနီးပါးအထိ ရှိနေပြီး ထိုင်းကြက်ခြေနီအပါအဝင် ဒေသန္တရအစိုးရအဆင့်အဖွဲ့အစည်းတွေက ဒီဒုက္ခသည်တွေအရေး အကူအညီတွေ ပေးထားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသား နှစ်သောင်းကျော် ထွက်ပြေးခိုလှုံနေတယ်လို့ Amnesty International အဖွဲ့ရဲ့ ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသားအရေအတွက် များပြားလာနေတာဖြစ်ပါတယ်။
ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သော Chulapong Yukate က မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သက်ရောက် မှုကို တွေ့ကြုံနေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအပြင် ဆေးဝါး၊ အစားအစားများကို ကူညီထောက်ပံ့ပေးနိုင်ဖို့ နိုင်ငံ တကာအဖွဲ့စည်းနဲ့ ပူးပေါင်းရန် ထိုင်းအစိုးရကို တိုက်တွန်းထားကြောင်း သိရပါတယ်။
https://youtu.be/s9u4unmPmZk?si=VCcap7wxqu6e5EHc

👍4🔥1
Media is too big
VIEW IN TELEGRAM
အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားခဲ့
#PoliticalNews
#reels
#shorts
#MizzimaTV
#PoliticalNews
#reels
#shorts
#MizzimaTV
👍12😁2
မြန်မာရာဇဝတ်ဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ပေးနေသူတွေကို ထိုင်းရဲဖမ်းဆီး|Business Round Up(25.9.2023)
===================
- ပြည်ပရောက် မြန်မာလုပ်သားတွေကို ဝင်ငွေခွန်ကောက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ
- ရိုဟင်ဂျာတွေကို နေရပ် ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်တယ်လို့ဆို
- မြန်မာရာဇဝတ်ဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ပေးနေသူတွေကို ထိုင်းရဲဖမ်းဆီး
- ထိုင်းတွင် Tesla, Google, Microsoft တို့ ဒေါ်လာ ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ရှိကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပြော
https://www.youtube.com/watch?v=Jhuv4afCx4k
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

- မြန်မာရာဇဝတ်ဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ပေးနေသူတွေကို ထိုင်းရဲဖမ်းဆီး…

🔥3❤2👍2👏1
ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန် ပစ်ခတ်ခံရ၍ သေဆုံး
======================
ဂျူချန်း
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာတွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း (ခ)နာဲဆာန် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။
“သေနတ်နဲ့ ချောင်းပစ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ကလဲဆိုတာကိုတော့ ကျနော်တို့ တိတိကျကျတော့ မသိ ရဘူး။ နိုင်ချမ်းနဲ့ သူ့တပည့်တယောက်နဲ့ကတစီး၊ နောက်နှစ်ယောက်က ဆိုင်ကယ်တစီး။ သုံးယောက် ကတော့ ပြန်လွတ်လာတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘော်တဦးက ပြန်ပြောပြကြောင်း မဟာမိတ်တပ်ဖွဲ့မှရဲဘော်က ပြောသည်။
အလယ်စခန်းကျေးရွာမှ မရော့ချိုင်းရွာသစ်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ရုပ်အလောင်းကို မွန်ပြည်သစ်ပါတီမှတာဝန်ရှိသူများက သယ်ဆောင်သွားပြီး ၎င်းနှင့်အတူ AK 47 အမျိုး အစား သေနတ်တလက်နှင့် ပစ္စတိုတလက်ကိုလည်း သိမ်းဆည်းသွားသည်ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
“အလောင်းကို ပြန်မပေးဘူး။ ကျနော်တို့သွားတောင်းတာ သူတို့ပြောတော့ ဗဟိုကို တင်ပြရဦးမယ်နဲ့ အချိန်ဆွဲနေတာ။ နောက်တော့ ရွာသားတွေကို သင်္ဂြိုဟ်ခိုင်းလိုက်တယ်” ဟု ရာမညတပ်ဖွဲ့မှ ရဲဘော် နိုင်ကရက်မွန် (ခ) နာဲကြက်မန်က မဇ္ဈိမကိုပြောသည်။
ဗဟိုအမိန့်မကျသဖြင့် ရုပ်အလောင်းကို ပြန်ပေး၍မရကြောင်းပြောကာ ရွာသားများအား ရွာသစ်သင်္ချိုင်း တွင် သင်္ဂြိုလ်ခိုင်းလိုက်ကြောင်း ၎င်းက ပြောသည်။
မဇ္ဈိမအနေဖြင့် အကြောင်းရင်းသိရှိနိုင်ရန် မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်မှုဆောင် တာဝန်ရှိသူထံ ဆက် သွယ်ရာ ဆယ်သွယ်၍မရပေ။
နိုင်ချမ်းပစ်ခတ်ခံလိုက်ရသည့် အလယ်စခန်းကျေးရွာအနီးတဝိုက်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွန် ပြည်သစ်ပါတီ(MNSP)အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) များ လှုပ်ရှားသည့်နေရာဖြစ်သည်ဟုလည်း သိရသည်။
မည်သည့်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုနှစ် ဇူလိုင်လကုန်ပိုင်းက ရေဖြူမြို့နယ် အလယ်စခန်းနှင့် သဲချောင်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့်ကာကွယ်ရေးတပ်ဖွဲ့တို့ ခြောက်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ရာ KNLA ၊ PDF များနှင့်အတူ နိုင်ချမ်း ဦး ဆောင်သည့် ရာမညတပ်ဖွဲ့မှရဲဘော်များလည်းပါဝင်ခဲ့ကြောင်း မဟာမိတ်အဖွဲ့မှ ရဲဘော်တဦးကပြော သည်။
အသက် ၅၃ နှစ်အရွယ် နိုင်ချမ်း(ခ)နာဲဆာန် သည် ရိုးသားပွင့်လင်းသူတဦးဖြစ်ပြီး အကူအညီပေးတတ် သူတဦးဖြစ်သည်ဟု မဟာမိတ်အဖွဲ့မှ ရဲဘော်က ဆိုသည်။
“ကျနော်တို့ ဒီဘက်ခြမ်းကိုဝင်လာတဲ့အချိန်မှာ သူ့ဆီက အကူအညီအများကြီးရခဲ့ဖူးတယ်။ အတူတူလည်း တွဲတိုက်ခဲ့ဖူးတယ်။ သူက ပွင့်ပွင့်လင်းလင်းပဲ။ စကားပြောနည်းနည်းကြမ်းပေမယ့် စိတ်ရင်းကောင်းတယ်” ဟု နိုင်ချမ်းနှင့်နီးစပ်သည့် မဟာမိတ်အဖွဲ့မှ ရဲဘော်တဦးက ပြောသည်။
နိုင်ချမ်းသည် မွန်ပြည်သစ်ပါတီဝင်ဟောင်းတဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ကို လက်မခံသဖြင့် မွန်အမျိုးသားများအားကိုယ်စားပြုနိုင်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် ရာမညတပ်ဖွဲ့ကို တည်ထောင်ခဲ့သည်။
လက်ရှိတွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်းမရှိတော့သော်လည်း ရာမညတပ်ဖွဲ့သည် မွန်အမျိုးသား များ အလုံးစုံလွတ်မြောက်ရေးရရှိသည်အထိ အခက်အခဲများကြားမှ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရဲဘော် နိုင်ကရက်မွန်က ပြောသည်။
“ကျနော်တို့ရည်ရွယ်ချက်ကိုက လူမျိုးလွတ်မြောက်ရေးအတွက် ထောင်ထားတာ။ တယောက်ပဲကျန်ရင် တောင် လက်နက်မချဘူး” ဟု ၎င်းက ပြောသည်။
နိုင်ချမ်းဦးဆောင်ခဲ့သည့် ရာမညတပ်ဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်မြောက်ပိုင်းတွင် အဓိက စစ်ရေးလှုပ်ရှားလေ့ရှိပြီး ကျေးရွာအတွင်း မူးယစ်ဆေးဝါးများကို ဖမ်းဆီးခြင်းနှင့် ဒဏ်ငွေဆောင် စေခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#ပစ်ခတ်မှု
ပုံအညွှန်း_ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်း (လူမှုကွန်ရက်)

😢12👍3😁2
Media is too big
VIEW IN TELEGRAM
The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး
#PoliticalNews
#reels
#shorts
#MizzimaTV
#PoliticalNews
#reels
#shorts
#MizzimaTV
👍5❤4😁1🤮1
ရခိုင်တွင် အေအေနှင့် စစ်ကောင်စီတပ်အကြား ပဋိပက္ခကြောင့် လူ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရဟု UNHCR ပြော
==========================
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား ပဋိပက္ခနှင့် ဆက်နွယ်သည့် နေရပ်စွန့်ခွာရမှုဆိုင်ရာ ကိန်းဂဏန်းများကို UNHCR က ထုတ်ပြန်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား ပဋိပက္ခနှင့် ဆက်နွယ်သည့် နေရပ်စွန့်ခွာရမှုဆိုင်ရာ ကိန်းဂဏန်းများကို UNHCR က ထုတ်ပြန်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍2😢2
Media is too big
VIEW IN TELEGRAM
မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အလေးထား လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
#PoliticalNews
#reels
#shorts
#MizzimaTV
#PoliticalNews
#reels
#shorts
#MizzimaTV
👍3🤮3
စက်တင်ဘာလ (၂၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================
01:00 − မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး တဲ့သတင်း
03:10 − ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန် ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
05:43 − ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းနဲ့
09:41 − အာရှရဲ့အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကြေညာလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/2WQeETd4D_o?si=LHhtztRuzrkjnCKp
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=========================
01:00 − မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး တဲ့သတင်း
03:10 − ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန် ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
05:43 − ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းနဲ့
09:41 − အာရှရဲ့အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကြေညာလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/2WQeETd4D_o?si=LHhtztRuzrkjnCKp
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၂၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 − မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး တဲ့သတင်း
03:10 − ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန် ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
05:43 − ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့…

👍5😁2
Media is too big
VIEW IN TELEGRAM
နာဂိုနို-ကရာဘက်သူပုန်တွေဆီက သိမ်းဆည်းရမိတဲ့လက်နက်တွေကို အဇာဘိုင်ဂျန်ပြသ
#InternationalNews #reels #shorts
#InternationalNews #reels #shorts
👍5🔥1🤮1
မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး
=========================
ကချင်လေး
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့ရှိ အမှတ်(၅၀၃)လေတပ်ဌာနချုပ်ကို KIA နှင့် ပြည်သူ့ကာကွယ် ရေး(KPDF)ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်းက ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာမှာ F-7 အမျိုးအစား တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သတင်းရင်းမြစ်နှင့် KIA ရှေ့တန်းသတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။
စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးမြို့ (ဒေသအခေါ် နမ့်ပေါင်လေတပ်စခန်း) အထွက်ရှိ မြစ်ကြီးနားလေတပ်စခန်းကို KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၁၀၇ မမရှော့တိုက်ဒုံးထိမှန်ခြင်းကြောင့် စစ်တပ်လေတပ်စခန်းအတွင်းရှိ ဆီဖြည့်နေသော တရုတ်နိုင်ငံ ထုတ် F-7 အမျိုးအစား ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နှစ်စီး မီးလောင်ပျက်စီးသွားကြောင်းး KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောသည်။
“နမ့်ပေါင်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးလေးလုံးနဲ့ပစ်ခတ်ခဲ့တာပါ၊ ပစ်မှတ်တွေ လွဲချော်တာမျိုး မရှိဘဲ ဒုံးလေးလုံးစလုံး လေတပ်စခန်းထဲပဲကျတယ်၊ ဒုံးထိမှန်လို့ F-7 အမျိုးအစား ဂျက်ဖိုက်တာနှစ်စီး မီးလောင်ပျက်စီးသွားတယ်။ အဲ့ဒီ ဂျက်ဖိုက်တာတွေကို ဆီဖြည့်နေချိန်ဖြစ်သွားတာလို့ သိရတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က မြစ်ကြီးနားလေတပ်စခန်းကို ပစ်ခတ်ရန် အချိန်ယူလေ့လာကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းရှိ လေကြောင်းဆက်သွယ်ရေးရုံး အဆောက် အဦးလည်း ဒုံးထိမှန်ခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုသည်။
မြစ်ကြီးနာမြို့ အမှတ်(၅၀၃) လေတပ်ဌာနချုပ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစုံ တရာထုတ်ပြန်ထားသည်ကို မတွေ့ရသေးဘဲ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ထိခိုက်သေဆုံးမှုကို မဇ္ဈိမကဆက် လက်စုံစမ်းနေဆဲ ဖြစ်သည်။
၂၀၁၁ ခုနှစ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနနှင့် မှတ်တမ်းဌာန၏ ပြုစုချက်အရ စစ်ကောင်စီတပ်တွင် လေတပ်စခန်းဌာနချုပ် ၁၈ ခုရှိပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် လေကြောင်းအတတ် သင်လေတပ်စခန်း၊ မြေပြင်အတတ်သင်လေတပ်စခန်း၊ လေယာဉ်ထုတ်လုပ် ပြုပြင်ရေးဌာနချုပ်များ ပါဝင်သည်။
အဓိက လေတပ်စခန်းဌာနချုပ်များမှာ မှော်ဘီ၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ တောင်ငူ၊ နမ့်စန်၊ မိတ္ထီလာ၊ မြိတ်၊ ပုသိမ်၊ တံတားဦး၊ မကွေးတို့ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်(ဧလာ)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းနှင့် ရခိုင်ပြည်နယ် အမ်းမြို့တို့တွင်လည်း လေတပ်စခန်းများ တိုးချဲ့ဖွင့်လှစ်ထားသည်။
၁၀၇ မမ ရှော့တိုက်ဒုံးများကို တိုင်းရင်းသားလက်နက်ကိုင်များက ကိုးကန့်စစ်ပွဲတွင် စတင်သုံးခဲ့ခြင်းဖြစ် ပြီး ၂၀၁၉ ခုနှစ်ကဖြစ်ပွားသည့် ပြင်ဦးလွင်မြို့အခြေစိုက် တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းကို ပစ်ခတ်ရာတွင် ယင်းရှော့တိုက်ဒုံးများကို သုံးခဲ့သည်။
ယခင်က ရှော့တိုက်ဒုံးများကို သဲအိတ်များပေါ်တင်ကာ ပစ်ခတ်ကြသော်လည်း ယခုနောက်ပိုင်း ဒုံးပစ်စင် ဖြင့် ပစ်မှတ်ကိုပိုမိုသေချာအောင်ပစ်ခတ်နိုင်သည့်အနေအထားရှိလာသည်ကိုတွေ့ရကြောင်း စစ်ရေးအကဲ ခတ်များက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မြစ်ကြီးနား
#လေတပ်
#ရှော့တိုက်ဒုံး
#Mizzima
ပုံညွှန်း - ရှော့တိုက်ဒုံးကိုတွေ့ရစဉ် (ဓာတ်ပုံ- ပုံဟောင်း)

👍16😁2