Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အလေးထား လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

#PoliticalNews
#reels
#shorts
#MizzimaTV
👍3🤮3
စက်တင်ဘာလ (၂၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================

01:00 − မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး တဲ့သတင်း

03:10 − ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန် ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း

05:43 − ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းနဲ့

09:41 − အာရှရဲ့အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကြေညာလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2WQeETd4D_o?si=LHhtztRuzrkjnCKp

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍5😁2
Media is too big
VIEW IN TELEGRAM
နာဂိုနို-ကရာဘက်သူပုန်တွေဆီက သိမ်းဆည်းရမိတဲ့လက်နက်တွေကို အဇာဘိုင်ဂျန်ပြသ

#InternationalNews #reels #shorts
👍5🔥1🤮1
​​မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး
=========================

ကချင်လေး
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့ရှိ အမှတ်(၅၀၃)လေတပ်ဌာနချုပ်ကို KIA နှင့် ပြည်သူ့ကာကွယ် ရေး(KPDF)ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်းက ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာမှာ F-7 အမျိုးအစား တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သတင်းရင်းမြစ်နှင့် KIA ရှေ့တန်းသတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။
စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးမြို့ (ဒေသအခေါ် နမ့်ပေါင်လေတပ်စခန်း) အထွက်ရှိ မြစ်ကြီးနားလေတပ်စခန်းကို KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၁၀၇ မမရှော့တိုက်ဒုံးထိမှန်ခြင်းကြောင့် စစ်တပ်လေတပ်စခန်းအတွင်းရှိ ဆီဖြည့်နေသော တရုတ်နိုင်ငံ ထုတ် F-7 အမျိုးအစား ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နှစ်စီး မီးလောင်ပျက်စီးသွားကြောင်းး KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောသည်။

“နမ့်ပေါင်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးလေးလုံးနဲ့ပစ်ခတ်ခဲ့တာပါ၊ ပစ်မှတ်တွေ လွဲချော်တာမျိုး မရှိဘဲ ဒုံးလေးလုံးစလုံး လေတပ်စခန်းထဲပဲကျတယ်၊ ဒုံးထိမှန်လို့ F-7 အမျိုးအစား ဂျက်ဖိုက်တာနှစ်စီး မီးလောင်ပျက်စီးသွားတယ်။ အဲ့ဒီ ဂျက်ဖိုက်တာတွေကို ဆီဖြည့်နေချိန်ဖြစ်သွားတာလို့ သိရတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က မြစ်ကြီးနားလေတပ်စခန်းကို ပစ်ခတ်ရန် အချိန်ယူလေ့လာကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းရှိ လေကြောင်းဆက်သွယ်ရေးရုံး အဆောက် အဦးလည်း ဒုံးထိမှန်ခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုသည်။

မြစ်ကြီးနာမြို့ အမှတ်(၅၀၃) လေတပ်ဌာနချုပ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစုံ တရာထုတ်ပြန်ထားသည်ကို မတွေ့ရသေးဘဲ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ထိခိုက်သေဆုံးမှုကို မဇ္ဈိမကဆက် လက်စုံစမ်းနေဆဲ ဖြစ်သည်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနနှင့် မှတ်တမ်းဌာန၏ ပြုစုချက်အရ စစ်ကောင်စီတပ်တွင် လေတပ်စခန်းဌာနချုပ် ၁၈ ခုရှိပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် လေကြောင်းအတတ် သင်လေတပ်စခန်း၊ မြေပြင်အတတ်သင်လေတပ်စခန်း၊ လေယာဉ်ထုတ်လုပ် ပြုပြင်ရေးဌာနချုပ်များ ပါဝင်သည်။

အဓိက လေတပ်စခန်းဌာနချုပ်များမှာ မှော်ဘီ၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ တောင်ငူ၊ နမ့်စန်၊ မိတ္ထီလာ၊ မြိတ်၊ ပုသိမ်၊ တံတားဦး၊ မကွေးတို့ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်(ဧလာ)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းနှင့် ရခိုင်ပြည်နယ် အမ်းမြို့တို့တွင်လည်း လေတပ်စခန်းများ တိုးချဲ့ဖွင့်လှစ်ထားသည်။

၁၀၇ မမ ရှော့တိုက်ဒုံးများကို တိုင်းရင်းသားလက်နက်ကိုင်များက ကိုးကန့်စစ်ပွဲတွင် စတင်သုံးခဲ့ခြင်းဖြစ် ပြီး ၂၀၁၉ ခုနှစ်ကဖြစ်ပွားသည့် ပြင်ဦးလွင်မြို့အခြေစိုက် တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းကို ပစ်ခတ်ရာတွင် ယင်းရှော့တိုက်ဒုံးများကို သုံးခဲ့သည်။

ယခင်က ရှော့တိုက်ဒုံးများကို သဲအိတ်များပေါ်တင်ကာ ပစ်ခတ်ကြသော်လည်း ယခုနောက်ပိုင်း ဒုံးပစ်စင် ဖြင့် ပစ်မှတ်ကိုပိုမိုသေချာအောင်ပစ်ခတ်နိုင်သည့်အနေအထားရှိလာသည်ကိုတွေ့ရကြောင်း စစ်ရေးအကဲ ခတ်များက ပြောသည်။

စာတည်း။ ‌။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မြစ်ကြီးနား
#လေတပ်
#ရှော့တိုက်ဒုံး
#Mizzima

ပုံညွှန်း - ရှော့တိုက်ဒုံးကိုတွေ့ရစဉ် (ဓာတ်ပုံ- ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁2
This media is not supported in your browser
VIEW IN TELEGRAM
Sep - 25 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍3🍌1🖕1
​​ထိပ်သီးကုမ္ပဏီများ ဒေါ်လာဘီလီယံချီ လာရောက်ရင်းနှီးမြှုပ်နှံမည်ဟု ထိုင်းဝန်ကြီးချုပ် မျှော်လင့်
=======================

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ နာမည်ကျော်ကုမ္ပဏီကြီးများဖြစ်ကြသည့် Tesla ၊ Google နှင့် Microsoft တို့ထံမှ အနည်းဆုံး ဒေါ်လာ ၅ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2
​​အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံလွှင့်ထူခြင်းကို OCA ကာကွယ်
===================

By PKThawn
တားမြစ်ဆေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တားမြစ်ပိတ်ပင်ထားပေမယ့်လည်း အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံကို လွှင့်ထူပြသခွင့်ပြုဖို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို အာရှအိုလံပစ်ကောင်စီရဲ့ အကြီးအကဲ ရာဂျာ ရမ်ဒီဆင်းက ခုခံကာကွယ်ခဲ့ပါတယ်။
ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအေဂျင်စီ (WADA)က နိုင်ငံရဲ့ အမျိုးသား တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအဖွဲ့အစည်းဟာ ၂၀၂၁ မှာ “လိုက်နာမှု မရှိ” ကြောင်း ကြေညာခဲ့ပြီး သူတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အတူ ချမှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အိုလံပစ်နဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေကလွဲလို့ ဘယ်ဒေသတွင်းမဆို၊ တိုက်ကြီး ဒါမဟုတ် ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ သူတို့အလံကို လွှင့်တင်ခွင့်မရှိခြင်းတို့ ပါဝင်ခဲ့ပါတယ်။
ဒီကြားထဲမှာပဲ မြောက်ကိုရီးယားအလံကို သူတို့ရဲ့ အားကစားသမားကိုယ်စားလှယ်အဖွဲ့မှ အာရှအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် စနေနေ့က ဟန်ဂျိုး အိုလံပစ်အားကစားကွင်းဆီ သယ်ဆောင်ခဲ့တာပါ။

“ကျနော်တို့ဟာ သူတို့ (WADA) နဲ့ ဆွေးနွေးနေပြီး မြောက်ကိုရီးယားက သူတို့ဆီ စာရေးသားပေးပို့ပြီး သူတို့ရဲ့ ရပ်တည်ချက်ကိုလည်း ရှင်းပြထားပါတယ်”လို့ OCA ယာယီဥက္ကဋ္ဌ ဆင်းက ပြောပါတယ်။
“ကျနော်တို့ဘက်ကနေလည်း ရှင်းပြနေပါတယ်။

“လက်ရှိမှာ မြောက်ကိုရီးယားအလံဟာ လွှင့်တင်ထားပြီး၊ အနာဂတ်မှာ ဘာပြောဆိုလာမလဲဆိုတာကို ကျနော်တွေ စောင့်ကြည့်သွားမှာပါ။”

"အားလုံး ပါဝင်သင့်ပြီး ပါဝင်ဖို့ အခွင့်အရေးရှိပါတယ်။ ကပ်ရောဂါကနေ ဖြစ်ပေါ်လာခဲ့တဲ့ သတ်မှတ်ကိစ္စရပ်တွေရှိတယ်ဆိုရင် ဒါကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်"လို့ ဆင်းက ထည့်ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ Covid ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ချလိုက်ပြီးချိန်မှာပဲ WADA ဟာ အာရှနိုင်ငံကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ကပ်ရောဂါကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်မှာ မပါဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက် တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကနေ မြောက်ကိုရီးယားကို နိုင်ငံတကာ အိုလံပစ်ကော်မတီက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားဟာ သူတို့ရဲ့ တင်းကျပ်တဲ့ အစီအမံတွေကို လျှော့ပေါ့ပေးဖို့ မကြာသေးခင်က ဖြည်းဖြည်းချင်း ပြန်လည်စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး ဟန်ကျိုးဆီ ကစားသမား အင်အား ၂၀၀ နီးပါးစေလွှတ်ကာ ကမ္ဘာလုံးဆိုင်ရာ အားကစားနယ်ပယ်မှာ သူတို့ရဲ့ နှစ်ပေါင်းများစွာ အထီးကျန်မှုကို အဆုံးသတ်နေပါတယ်။

(AFP)

#NorthKorea #AsianGames #AsianGamesHangzhou #OlympicCouncilAsia
😁4👍3❤‍🔥1
Media is too big
VIEW IN TELEGRAM
ဆီရီးယားကို မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တရုတ်ကြေညာ

#InternationalNews #reels #shorts
🔥3👍1
​​အာရှအားကစားပြိုင်ပွဲမှာ အားကစားသမား ၂၀၀ အထိ တားမြစ်ဆေးသုံးစွဲမှုရှိမရှိ ဆေးစစ်ခဲ့
=======================

By PKThawn
အာရှအားကစားပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၅၀ မှ ၂၀၀ အကြား တားမြစ်ဆေးသုံးစွဲမှုရှိမရှိအတွက် ဆေးစစ်ထားပြီးဖြစ်ပြီး အခုအချိန်အထိ ဆေးကျတဲ့အဖြေကိုတော့ မသိရှိသေးကြောင်း အာရှအိုလံပစ်ကောင်စီက တနင်္လာနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဟန်ဂျိုးမြို့မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲ ဒုတိယနေ့မှာတော့ တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး သတင်းစာရှင်းလင်းပွဲမှာ OCA က ပြိုင်ပွဲမှာ တားမြစ်ဆေး စစ်ဆေးမှုဟာ "အရှိန်မြင့် လုပ်ဆောင်နေခဲ့ပါတယ်"လို့ ပြောပါတယ်။

OCA တားမြစ်ဆေး တိုက်ဖျက်ရေးကော်မတီရဲ့ အကြံပေးပုဂ္ဂိုလ် Mani Jegathesan က "မူးယစ်ဆေးဝါး လိမ်လည်မှုတွေ အမြစ်ပြတ်လုပ်ဆောင်သွားမှာ"ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အခုအချိန်အထိ အားကစားသမား ၂၀၀ အထိကို ဆေးစစ်ပြီးပြီဖြစ်လို့ သူက ပြောပြီး ဒါပေမယ့် ဆေးကျတဲ့ အဖြေထွက်ဖို့ ရက်အတော်ကြာနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီအားကစားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲတဲ့ အားကစားသမားတိုင်းက အချိန်မရွေး ခေါ်ယူဆေးစစ်ခံရနိုင်တယ်ဆိုတာကို သူတို့ နားလည်ရပါမယ်"လို့ Jegathesan က သတိပေးခဲ့ပါတယ်။
"ကျနော်တို့ဟာ သန့်ရှင်းတဲ့ ပြိုင်ပွဲတစ်ပွဲကို သေချာအောင်လုပ်ဖို့ ဒါက အကောင်းဆုံးခြေလှမ်းပါပဲ။"

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၂,၀၀၀ ခန့်ရှိပြီး အိုလံပစ်ပြိုင်ပွဲထက် ပြိုင်ပွဲဝင်များပြားနေတာဖြစ်ပါတယ်။ သူတို့တွေအားလုံးကို ဆေးစစ်ဖို့ မဖြစ်နိုင်ကြောင်း Jegathesan က ဝန်ခံခဲ့ပါတယ်။

အဲဒီအစား ကမ္ဘာ့ သို့မဟုတ် အာရှစံချိန်တွေကို ချိုးဖျက်ခဲ့သူတွေကို ခေါ်ယူစစ်ဆေးခြင်းအပါအဝင် သူတို့ဟာ ဦးစားပေးမှာဖြစ်ပါတယ်။

(AFP)
Photo: EPA

#AsianGames #Doping #အာရှအားကစားပြိုင်ပွဲ
🔥3
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့

#InternationalNews #reels #shorts
👍5🔥1
မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို
👍5🔥2😁2
မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်တောင်ဘက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသကာကွယ်ရေးစခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အင်အား၂၀၀ခန့်ပါသည့် စစ်ကြောင်းက နဂါးတွင်း ၊ ကျွန်းသစ်၊ ဆူးလေကုန်းနှင့် ထန်းလေးပင်ရွာတို့ကို ယမန်နေ့ စက်တင်ဘာလ ၂၄ရက် နံနက် ၆နာရီမှ စ၍ စစ်ကြောင်းထိုးလာခြင်းဟု သိရသည်။
" ရဲဘော်တွေတော့အကုန်လွတ်တယ်။ စခန်းနှစ်ခုကို မီးရှို့သွားတာတော့ရှိတယ်ဗျ" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသကာကွယ်ရေးစခန်းအပြင် ဆိုင်ကယ်နှစ်စီးကို မီးရှို့သွားပြီး ဘေးပတ်ဝန်းကျင်ရှိဈေးဆိုင်အချို့ကို ဖောက်ထွင်းသွားကြောင်းမုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ကျပ် သိန်း၄၀ခန့်ရှိနိုင်သည်ဟု ဆိုသည်။

" သူတို့ဖြတ်သန်းလာတဲ့တောလမ်းကြောင်းမှာ တွေ့လို့ လုပ်တယ်လို့ မြင်ပါတယ်။ အတိအကျနဲ့ ဝင်တာတော့ မဟုတ်လောက်ဘူး" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သည်။ မကြာမီသတင်းထုတ်ပြန်မည်ဟု သိရသည်။

စာတည်း - အေးချမ်း

#mizzima
#မုံရွာမြိုနယ်
#စစ်ကောင်စီစစ်ကြောင်းထိုး
#ပြည်သူ့ကာကွယ်ရေးစခန်း
#မီးရှို့ဖျက်ဆီး

ပုံအညွှန်း - စစ်ကောင်စီတပ်က မီးရှို့ခဲ့မှုကြောင့် အပျက်စီးများမြင်တွေ့ရစဥ် (ဓါတ်ပုံ - ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍3😁1
This media is not supported in your browser
VIEW IN TELEGRAM
အာရှအားကစားပြိုင်ပွဲအတွက် အိန္ဒိယအားကစားသမားတွေရဲ့ဗီဇာပြဿနာအပေါ် တရုတ်တုံ့ပြန်

#InternationalNews #reels #shorts
😁4👍1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်
======================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို ယနေ့ စက်တင်ဘာ လ ၂၅ ရက်တွင် ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" စာတမ်းကိုကိုင်ဆောင်ကာ ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြကြောင်း သိရသည်။

“ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ်ဆက်လက်ထားရှိမယ့်အကြောင်းကြားရတာ ဝမ်းသာ ရပါတယ်။ သံအမတ်ကနေတဆင့် မြန်မာပြည်သူပြည်သားတွေ မတရား မီးရှို့ဖျက်ဆီး သတ်ဖြတ်ခံနေရ တဲ့အပေါ်ကိုလည်း ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ ကုလကိုတောင်းဆိုချင်ပါတယ်”ဟု ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မဇ္စျိမကို ပြောသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်(၉၁၇)ရက် မြောက်နေ့အဖြစ် ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
❤16😁1🤮1