အာရှအားကစားပြိုင်ပွဲမှာ အားကစားသမား ၂၀၀ အထိ တားမြစ်ဆေးသုံးစွဲမှုရှိမရှိ ဆေးစစ်ခဲ့
=======================
By PKThawn
အာရှအားကစားပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၅၀ မှ ၂၀၀ အကြား တားမြစ်ဆေးသုံးစွဲမှုရှိမရှိအတွက် ဆေးစစ်ထားပြီးဖြစ်ပြီး အခုအချိန်အထိ ဆေးကျတဲ့အဖြေကိုတော့ မသိရှိသေးကြောင်း အာရှအိုလံပစ်ကောင်စီက တနင်္လာနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံ၊ ဟန်ဂျိုးမြို့မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲ ဒုတိယနေ့မှာတော့ တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး သတင်းစာရှင်းလင်းပွဲမှာ OCA က ပြိုင်ပွဲမှာ တားမြစ်ဆေး စစ်ဆေးမှုဟာ "အရှိန်မြင့် လုပ်ဆောင်နေခဲ့ပါတယ်"လို့ ပြောပါတယ်။
OCA တားမြစ်ဆေး တိုက်ဖျက်ရေးကော်မတီရဲ့ အကြံပေးပုဂ္ဂိုလ် Mani Jegathesan က "မူးယစ်ဆေးဝါး လိမ်လည်မှုတွေ အမြစ်ပြတ်လုပ်ဆောင်သွားမှာ"ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အခုအချိန်အထိ အားကစားသမား ၂၀၀ အထိကို ဆေးစစ်ပြီးပြီဖြစ်လို့ သူက ပြောပြီး ဒါပေမယ့် ဆေးကျတဲ့ အဖြေထွက်ဖို့ ရက်အတော်ကြာနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
"ဒီအားကစားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲတဲ့ အားကစားသမားတိုင်းက အချိန်မရွေး ခေါ်ယူဆေးစစ်ခံရနိုင်တယ်ဆိုတာကို သူတို့ နားလည်ရပါမယ်"လို့ Jegathesan က သတိပေးခဲ့ပါတယ်။
"ကျနော်တို့ဟာ သန့်ရှင်းတဲ့ ပြိုင်ပွဲတစ်ပွဲကို သေချာအောင်လုပ်ဖို့ ဒါက အကောင်းဆုံးခြေလှမ်းပါပဲ။"
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၂,၀၀၀ ခန့်ရှိပြီး အိုလံပစ်ပြိုင်ပွဲထက် ပြိုင်ပွဲဝင်များပြားနေတာဖြစ်ပါတယ်။ သူတို့တွေအားလုံးကို ဆေးစစ်ဖို့ မဖြစ်နိုင်ကြောင်း Jegathesan က ဝန်ခံခဲ့ပါတယ်။
အဲဒီအစား ကမ္ဘာ့ သို့မဟုတ် အာရှစံချိန်တွေကို ချိုးဖျက်ခဲ့သူတွေကို ခေါ်ယူစစ်ဆေးခြင်းအပါအဝင် သူတို့ဟာ ဦးစားပေးမှာဖြစ်ပါတယ်။
(AFP)
Photo: EPA
#AsianGames #Doping #အာရှအားကစားပြိုင်ပွဲ

🔥3
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့
#InternationalNews #reels #shorts
#InternationalNews #reels #shorts
👍5🔥1
မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို
👍5🔥2😁2

==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်တောင်ဘက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသကာကွယ်ရေးစခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အင်အား၂၀၀ခန့်ပါသည့် စစ်ကြောင်းက နဂါးတွင်း ၊ ကျွန်းသစ်၊ ဆူးလေကုန်းနှင့် ထန်းလေးပင်ရွာတို့ကို ယမန်နေ့ စက်တင်ဘာလ ၂၄ရက် နံနက် ၆နာရီမှ စ၍ စစ်ကြောင်းထိုးလာခြင်းဟု သိရသည်။
" ရဲဘော်တွေတော့အကုန်လွတ်တယ်။ စခန်းနှစ်ခုကို မီးရှို့သွားတာတော့ရှိတယ်ဗျ" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဒေသကာကွယ်ရေးစခန်းအပြင် ဆိုင်ကယ်နှစ်စီးကို မီးရှို့သွားပြီး ဘေးပတ်ဝန်းကျင်ရှိဈေးဆိုင်အချို့ကို ဖောက်ထွင်းသွားကြောင်းမုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ကျပ် သိန်း၄၀ခန့်ရှိနိုင်သည်ဟု ဆိုသည်။
" သူတို့ဖြတ်သန်းလာတဲ့တောလမ်းကြောင်းမှာ တွေ့လို့ လုပ်တယ်လို့ မြင်ပါတယ်။ အတိအကျနဲ့ ဝင်တာတော့ မဟုတ်လောက်ဘူး" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သည်။ မကြာမီသတင်းထုတ်ပြန်မည်ဟု သိရသည်။
စာတည်း - အေးချမ်း
#mizzima
#မုံရွာမြိုနယ်
#စစ်ကောင်စီစစ်ကြောင်းထိုး
#ပြည်သူ့ကာကွယ်ရေးစခန်း
#မီးရှို့ဖျက်ဆီး
ပုံအညွှန်း - စစ်ကောင်စီတပ်က မီးရှို့ခဲ့မှုကြောင့် အပျက်စီးများမြင်တွေ့ရစဥ် (ဓါတ်ပုံ - ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥4👍3😁1
This media is not supported in your browser
VIEW IN TELEGRAM
အာရှအားကစားပြိုင်ပွဲအတွက် အိန္ဒိယအားကစားသမားတွေရဲ့ဗီဇာပြဿနာအပေါ် တရုတ်တုံ့ပြန်
#InternationalNews #reels #shorts
#InternationalNews #reels #shorts
😁4👍1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်
======================
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို ယနေ့ စက်တင်ဘာ လ ၂၅ ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" စာတမ်းကိုကိုင်ဆောင်ကာ ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြကြောင်း သိရသည်။
“ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ်ဆက်လက်ထားရှိမယ့်အကြောင်းကြားရတာ ဝမ်းသာ ရပါတယ်။ သံအမတ်ကနေတဆင့် မြန်မာပြည်သူပြည်သားတွေ မတရား မီးရှို့ဖျက်ဆီး သတ်ဖြတ်ခံနေရ တဲ့အပေါ်ကိုလည်း ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ ကုလကိုတောင်းဆိုချင်ပါတယ်”ဟု ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မဇ္စျိမကို ပြောသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်(၉၁၇)ရက် မြောက်နေ့အဖြစ် ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

❤16😁1🤮1
ကော့သောင်းမြို့နယ်မှ မြန်မာစစ်ဘေးရှောင် ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်များ နေရပ်ပြန်ပို့
🤬9❤2👍2🔥2👏1
ကော့သောင်းမြို့နယ်မှ မြန်မာစစ်ဘေးရှောင် ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်များ နေရပ်ပြန်ပို့
=========================
ကိုရွှေမြိတ်
မဇ္ဈိမ။ ။ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံနေသည့် ကော့သောင်းမြို့နယ်အတွင်းမှ မြန်မာစစ်ဘေးရှောင် များကို စက်တင်ဘာလ ၂၃ ရက်နေ့က ထိုင်းအာဏာပိုင်များမှ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။
မြန်မာစစ်ရှောင်ဦးရေ ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်းများက ရနောင်းဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
“ဟိုဘက်မှာ နည်းနည်းပြန်ငြိမ်သွားလို့ဆိုပြီး ပြန်ခိုင်းတာမျိုးပါ။ ထိုင်းဘက်မှာ သုံးရက်၊ သုံးညလောက် နေပြီးပြန်သွားတော့ သူတို့မှာ စားနပ်ရိက္ခာအတွက် နည်းနည်းအခက်အခဲ ရှိနေတယ်လို့ သိရပါတယ်”ဟု ရနောင်းအခြေစိုက် စစ်ရှောင်အရေးကူညီပေးနေသူ ဦးအောင်နိုင်က ပြောသည်။
ကော့သောင်းမြို့နယ် မလိဝမ်း၊ ခမောက်ကြီးနှင့် ချောင်းဝကျေးရွာတို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ယင်းကျေးရွာများမှ စစ်ဘေးရှောင် ၃၁၈ ဦးသည် ပါချန် မြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီပေးနေသူများထံ မှ သိရသည်။
စစ်ရှောင်များသည် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကာဘူရီမြို့နယ်အတွင်းရှိ ကျေးရွာများဆီသို့ ထွက်ပြေး ခိုလှုံ ကြခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ရှောင်တွေ အခု ထိုင်းဘက်မှာမရှိတော့ဘူး အားလုံးနီးပါး ပြန်သွားတာ။ စစ်ကောင်စီတပ်ကလည်း ပြန်ဆုတ်သွားတယ်လို့ သိရတယ်”ဟု စစ်ရှောင်များအားကူညီပေးနေသူတဦးက ပြောသည်။
ကော့သောင်းမြို့နယ် ခမောက်ကြီးဒေသတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံကြသည့်ဖြစ်ရပ် ရှိခဲ့ဖူးသည်ဟု စစ်ရှောင်များအား ကူညီသူများက ဆိုသည်။
ကော့သောင်းမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်အထိုင်ချထားသည့်နေရာမှ ပစ် ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းထိုး ရာ ကျေးရွာများမှ ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#စစ်ဘေးရှောင်

🤬13👍5🔥1👏1