Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
'အရမ်းကို ပျော်တာပဲ!'လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ စကိတ်ဘုတ်ကစားသမား
🔥3👍2
'အရမ်းကို ပျော်တာပဲ!'လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ စကိတ်ဘုတ်ကစားသမား
=====================

By PKThawn
မာဇယ် ပဲရစ်အလီဂါဒိုဟာ မူလတန်းကျောင်းတက်အရွယ်လောက်ဖြစ်လင့်ကစား သူမလေးဟာ တနင်္လာနေ့က အာရှအားကစားပြိုင်ပွဲရဲ့ စကိတ်ဘုတ်ကစားနည်းကို အသက် ကိုးနှစ်အရွယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဟန်ကျိုးမြို့ရှိ အားကစားပြိုင်ပွဲမှာ အသက်အငယ်ဆုံး အားကစားသမားလို့ ယူဆရတဲ့ အလီဂါဒိုဟာ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု "women's" park final အတွက် ဝင်ခွင့်ရခဲ့ပြီး ဖိုင်နယ်မှာ (၈)ယောက်ထဲမှ (၇) ယောက်မြောက် နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ အသက် ၁၅ နှစ်အရွယ် ဝါရင့် ပြိုင်ဘက် ဟီနာနို ကူဆာကီက ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

မတ်လက အသက် ကိုးနှစ်ပြည့်ခဲ့ပြီး ကယ်လီဖိုးနီးယားကနေ လာတယ်လို့ သတင်းထွက်နေတဲ့ အလီဂါဒိုက သူမဟာ အစ်ကိုဝမ်းကွဲရဲ့ အိမ်မှာရှိနေခဲ့စဉ်က အကိုဖြစ်သူ စကိတ်စီးနေတာကို သူမမြင်ခဲ့ရချိန်ကစလို့ သူမဟာ စကိတ်ဘုတ်ကစားနည်းကို စိတ်ဝင်စားလာခဲ့ကြောင်း ပြောပါတယ်။

"နောက်တော့ သမီး ဒါကို ကြိုက်မိခဲ့ပြီး 'သမီး ဒါကို စမ်းကြည့်လို့ရမလား၊ ကြိုးစားကြည့်လို့ရမလား'"လို့ သူမက ပြောပါတယ်။ "ပြီးတော့ ဘုတ်ပြားပေါ်တက်စီးခဲ့ပြီး ဒါကို သဘောကျသွားခဲ့တာပါပဲ။"
အလီဂါဒိုက နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့ သူမရဲ့ခံစားချက်ကို ပြောပြရာမှာ "အာရှအားကစားပြိုင်ပွဲမှာ စကိတ်စီးပြိုင်ရတော့မှာမို့လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ ဒါကို လုပ်ခဲ့လိုက်တာပါပဲ။ ဒီတော့ ဒါက အရမ်းပျော်စရာ ကောင်းတယ်'။"လို့ ပြောပါတယ်။

အစ်ကိုဖြစ်သူက အခုထိ စကိတ်စီးနေသေးလားလို့ မေးတော့ သူမက "နိုး မလုပ်တော့ပါဘူး၊ သူက စကိတ်စီးတာကို ကြိုက်ခဲ့လို့ပါ။ 'အိုးဒမ်း၊ အခုချိန်မှာ သူထက် သမီးက ပိုတော်နေပြီလေ' ဒီတော့ သူ နားသွားခဲ့တာပေါ့"လို့ ပြန်ဖြေပါတယ်။

ဖိုင်နယ်မှာ အလီဂါဒိုဟာ အောက်ဆုံးအဆင့်ကို ရှောင်ရှားခဲ့ပြီး ထိုင်ဝမ်မှ အသက် ၁၁ နှစ်အရွယ် လင်း-ရီဖန်က အောက်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

(AFP)

#AsianGames #skateboarding #MazelParisAlegado
👍5🔥1👏1
​​အငြင်းပွားမှု ဖြစ်နေသော တောင်တရုတ်ပင်လယ်တွင် အတားအဆီးများ တပ်ဆင် သော တရုတ်ကို ဖိလစ်ပိုင်က ရှုတ်ချ  
======================

“ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများ ကမ်းရိုးတန်းအတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးရန် တရုတ်ကမ်းခြေစောင့်တပ် က တောင်တရုတ်ပင်လယ် ၏ ဘဂျို ဒီ မာစင်လော့ခ် အရှေ့တောင်ဘက်ခြမ်းတွင် ရေပေါ်အတားအဆီးတစ်ခု တပ်ဆင်ခြင်းသည် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို တားမြစ်ပိတ်ပင်ခြင်းဖြစ်၍ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် နှင့် ငါးလုပ်ငန်းနှင့် ရေအရင်းအမြစ်ဗျူရိုတို့က ပြင်းထန်စွာ ရှုတ်ချ” ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ယခုမှ CDM ဝင်ပါက ဒဏ်ငွေ ၅ သိန်းပေးဆောင်ရမည်ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်
=======================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ဌာနအသီးသီးမှ Non CDM ဝန်ထမ်းများ ယခုမှ ပြည်သူ နှင်အတူပူးပေါင်းပြီး CDM ဝင်မည်ဆိုလျင် ဒဏ်ငွေ ကျပ် ၅၀၀,၀၀၀ ပေးဆောင်မှသာ လက်ခံတော့မည် ဖြစ်ကြောင်း တီးတိန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက် သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော Non CDM အများစုသည် CDM ဝန်ထမ်းများ ၏နေရာ၌ ဝင်ရောက်တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီ အမြန်ဆုံးနုတ်ထွက်ကြရန်နှင့် ယခုမှ CDM ဝင် လာမည့်သူများကို အလင်းဝင်လာသူများအဖြစ် ဒဏ်ငွေပေးဆောင်မှလက်ခံမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် Non CDM များအနေဖြင့် တော်လှန်ရေးအင်အားစုများအား အနှောက်အယှက်ပေးခြင်းများကို ရပ်တန်းကရပ်ကြရန် အသိပေးထားသည်။

“မြို့ပေါ်မှာဆန္ဒပြတုန်းက ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီး အော်ခဲ့သူတွေက ရုံးမတက်ဘဲ ရုန်းထွက်ခဲ့တဲ့သူ တွေရဲ့နေရာမှာဝင်ပြီးလုပ်နေကြတာ။ အဲဒါကြောင့် အခုသူတို့တွေ အလုပ်ကထွက်မယ်ဆိုရင် ကျနော်တို့ CDM အနေနဲ့လက်ခံမှာမဟုတ်ဘူး။ အဲဒီလို သူများနေရာမှာဝင်လုပ်ခဲ့တဲ့အတွက် ဒဏ်ငွေဆောင်ရမယ် ဆိုရင်တော့ လက်ခံမယ်” ဟု တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဆရာ Jebez က မဇ္စျိမကို ပြောသည်။

NUG အစိုးရကလည်း ယခု CDM ဝင်မည့်သူများမှာ ယခင်က CDM ဝင်ခဲ့သူများနှင့် တန်းတူမဖြစ်နိုင်ဟု ပြောဆိုထားသည်။
စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များအနေဖြင့် လက်နက်ဖြင့်အလင်းဝင်ပါ ကျပ်သိန်း ၅၀ အထက် ခံစားရမည်ဖြစ်ကြောင်းနှင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

စစ်အာဏာသိမ်ပြီးနောက် တီးတိန်မြို့နယ်ရှိ ဝန်ထမ်းဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် CDM ဝင်ရောက်ခဲ့ကြပြီး လတ်တလော စာရင်းပြုစုထားခြင်းမရှိသော်လည်း ၆၀ ရာခိုင်နှုန်းခန့်မှာ CDM များအဖြစ် ရှိနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ချင်းပြည်နယ်
#တီးတိန်မြို့နယ်
#ပြည်သူအုပ်ချုပ်ရေးအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1
ရဲစခန်းသို့ လက်နက်ခဲယမ်းလာပို့သည့် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်
=====================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ ရဲကင်းစခန်းသို့ လက်နက်ခဲယမ်း ဖြည့်တင်း ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Hyper UAV Force အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“လမ်းတောက်လျှောက်မှာလည်း တိုက်ခိုက်ခဲ့တယ်၊ စခန်းထဲ သူတို့ဝင်သွားတဲ့အချိန်၊ ပြန်ထွက်တဲ့ အချိန် ၊ နောက်ဆုံး ကားတွေနဲ့ ပြန်ထွက်သွားတဲ့အချိန်အထိ လိုက်တိုက်ခဲ့တာ၊ ဗုံးသီးမျိုးစုံ ၂၇ လုံး အထိ အသုံးပြု တိုက်ခိုက်ခဲ့တယ်” ဟု Hyper UAV Force အဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ခင်ရန်းကျေးရွာမှ ထွက်ခွာလာပြီး ရေသာကျေးရွာ၊ ရွှေဘိုကျေးရွာများကို ဝင်ရောက်ပြီးနောက် ရွှေဘိုရွာတွင် ညအိပ်ကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရွှေဘိုကျေးရွာမှနွားလှည်းများကို အဓမ္မယူဆောင်၍ လက်နက်ကြီး ကျည်များ တင်ဆောင်ကာ တောင်ခင်ရန်းကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု Hyper UAV Force က ယနေ့စက်တင်ဘာလ ၂၅ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းစစ်ကြောင်းသည် တောင်ခင်ရန်းကျေးရွာသို့ ရောက်ရှိချိန်တွင် တောင်ခင်ရန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တောင်ခင်ရန်းကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားကြောင်း Hyper UAV Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ပုံမှန်ဆိုရင်တော့ တောင်ခင်ရန်းစခန်းထဲကကောင်တွေက စခန်းထဲကအပြင်ကို သိပ်မထွက်ရဲဘူး။ ဘေး ပတ်ပတ်လည်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းထားတာ။ အခုက စစ်ကြောင်းအားကိုးနဲ့ နေအိမ်တွေ ကိုဝင်မွှေပြီး အိမ်ရှစ်လုံးကို မီးရှို့သွားတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်‌ကြောင်းသည် တောင်ခင်ရန်းကျေးရွာရှိ နေအိမ်များကိုမီးရှို့ပြီးနောက် ယင်းနေ့ (စက်တင်ဘာလ ၂၃ ရက်)တွင်ပင် ကားလေးစီးဖြင့် မြောက်ခင်ရန်းကျေးရွာသို့ ပြန်လည်ထွက်ခွာသွား ကြောင်း Hyper UAV Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ သင်တောကျေးရွာအနီးတွင် အထိုင်ချ တပ်စွဲရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့သည်ဟု Hyper UAV Force အဖွဲ့ က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/m-xA4J7k1Hc?si=JfzVBKwlhZYV8Nzo

#မကွေးတိုင်း
#ဂန့်ဂေါမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤1🔥1😁1
ရေဦးနှင့် ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်
🔥1
ရေဦးနှင့် ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်
=======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကျေးရွာများသို့ ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေနေထိုင်တဲ့ ရွာတွေဘက်ကို အကြောင်းမဲ့သက်သက် စစ်ကြောင်း ထိုးလာတာပါ” ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော် က ပြောသည်။

အင်အား ၁၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြ ရခြင်းဖြစ်သည်ဟု ဆိုသည်။

ရေဦးမြို့နယ်တောင်ဘက်ခြမ်းရှိ မူးသာကုန်း၊ ရွာသာလေး၊ ကုက္ကိုစု၊ ပြည်တော်၊ မုတ်စီ၊ ပိဋကတ်ကျ၊ ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်း စသည့် ကျေးရွာများ နှင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ညောင်လှ ၊ သရက်တော၊ မူးခတွင်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် ရွှေဘိုနှင့် ခင်ဦးမြို့နယ်တို့ကို တလနီးပါးကြာ လှည့်လည်စစ်ကြောင်းထိုးနေ သည့် စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ ညပိုင်းက ရေဦးနယ်သို့ဝင်ရောက်လာကာ ယနေ့နံနက်ပိုင်းမှ စတင်၍ ရေဦးနယ် နှင့် ဒီပဲယင်းနယ် အစပ်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် သောင်းနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြ ရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ရေဦးမြို့နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း-ရေဦးနယ်တောင်ဘက်ခြမ်းမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1🤬1
​​မြိုင်တွင် တိုက်ပွဲအတွင်း ပြည်သူကို ကယ်ထုတ်နေသည့် PDF ရဲဘော်လက်နက်ကြီးထိမှန်ကျဆုံးဟုဆို
==================

KMN
(မဇ္ဈိမ) ။ ။ မကွေးတိုင်း ၊ မြိုင်မြို့နယ်၊အိုရင်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်စဉ် ဒေသခံပြည်သူများကိုကာကွယ်ရင်း PDF ရဲဘော်တဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း Myaing Intelligence Group (MIG)မှ တာဝန်ရှိသူက ပြောသည်။
ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်ပျူရွာမှ စစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ အိုရင်းရွာနှင့်ရွာသစ်ရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဟု သိရသည်။

ဘေးလွတ်ရာထွက်ပြေးနေသည့် ပြည်သူများကို ကယ်ထုတ်နေသော ဒေသကာကွယ်ရေး ရဲဘော်တဦးနှင့် ပြည်သူတဦးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟု Myaing Intelligence Group (MIG) အဖွဲ့ဝင်ကိုမိုးမှောင်က ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့လည် ၂ နာရီ ဝန်းကျင်တွင်မဇ္ဈိမကို ပြောသည်။
"သေဆုံးရဲဘော်ကတော့ ဒေသခံ ပကဖအဖွဲ့ကပဲ။သေဆုံးတဲ့ပြည်သူကတော့အမျိုးသားလို့သိရပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မြေပြင်အခြေအနေမတည်ငြိမ်သေးလို့ မသိရသေးဘူး" ဟု
၎င်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် အိုရင်းရွာနှင့်ရွာသစ်ရွာကို ဝင်ရောက်စီနင်းပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အိုရင်းရွာအရှေ့ဘက်ရှိ စိုတွင်းရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့သည်ဟု သိရသည်။ ထို့နောက် ယနေ့နံနက်တွင် အိုရင်းရွာနှင့်ရွာသစ်ရွာဘက်သို့ ပြန်လည်ဝင်ရောက်ကာ ထပ်မံ စစ်ကြောင်းထိုးနေကြောင်းသိရသည်။ အပြန်အလှန်ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီဘက်မှထိခိုက်မှုကို မသိရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အိုရင်းရွာနှင့်ရွာသစ်ရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ညနေအထိ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စာတည်း - အေးချမ်း

#mizzima
#မြိုင်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#MIG

ပုံအညွှန်း - မြိုင်မြို့နယ် အိုရင်းရွာနှင့်ရွာသစ်ရွာ မြေပုံ။
(Photo - mygtroopnews)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍5👎1🔥1
စက်တင်ဘာလ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
============================

-အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားတဲ့သတင်း

-ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်း

-မြစ်ကြီးနားက လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့သတင်း

-တိုက်ပွဲကြောင့် အိမ်နီးချင်း ထိုင်းဘက် ထွက်ပြေးလာတဲ့ မြန်မာ စစ်ရှောင်တွေ နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း

-ပြည်ပရောက် မြန်မာလုပ်သားတွေကို ဝင်ငွေခွန်ကောက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြတဲ့သတင်းနဲ့
ဆီရီးယားကို မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တရုတ်ကြေညာတဲ့ သတင်းတွေအပါအဝင် အရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/NrvhDKMdaFA?si=AhbYl72UgjrgDjJt

#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🍌3
​​Silenced
=============

သက်ငယ်မုဒိမ်း ရာဇဝတ်မှုဆိုတာဒီမိုကရေစီထွန်းကားပါတယ်ဆိုတဲ့နိုင်ငံကြီးတွေမှာတောင် မကြာခဏ ပေါ်ပေါက်တတ်တဲ့ပြစ်မှုတွေပါ....

တောင်ကိုရီးယားနိုင်ငံမှာလည်း ဒီလိုရာဇဝတ်မှုတွေရှိပေမယ့် အစောပိုင်းမှာတုန်းက ပြစ်ဒဏ်တွေဟာ အတော်လေးပေါ့လျော့ခဲ့တာပါ....

ဒါပေမဲ့ အခုဇာတ်ကားထွက်လာခဲ့တဲ့နောက် တောင်ကိုရီးယားမှာ သက်ငယ်မုဒိမ်းမှုအတွက်ကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ဖို့ဥပဒေပြင်ဆင်ပြဌာန်းတဲ့အထိဖြစ်ခဲ့ပါတယ်..

မူဂျင်းဆိုတဲ့ နယ်မြို့လေးတစ်မြို့က ဆွံ့အနားမကြားကျောင်းတစ်ခုမှာကျောင်းအုပ်နဲ့ကျောင်းဆရာတချို့ဟ ကလေးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ လုပ်နေတယ်ဆိုတာကို အဲဒီကိုပြောင်းလာတဲ့ ဆရာတစ်ယောက်က ဖော်ထုတ်နိုင်ခဲ့ပါတယ်....

ရက်စက်ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးတွေအပေါ် ဒီလိုအနိုင်ကျင့်စော်ကားမှုတွေရှိခဲ့ပေမယ့်ကျူးလွန်သူတွေရဲ့အာဏာပါဝါနဲ့ ခြစားနေတဲ့တရားစီရင်ရေးမဏ္ဍိုင်တွေကြောင့် ကလေးငယ်တွေအတွက် တရားမျှတမှုကို ယူဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး..

ဒါပေမဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဒီဇာတ်ကားကြောင့် နောင်အခါမှာ ဥပဒေပြင်ဆင်ပြဌာန်းမှုတွေလုပ်နိုင်ခဲ့လို့ နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဖြစ်စဉ်တွေမှာ မီဒီယာတွေရဲ့အရေးပါမှုကိုမြင်နိုင်ပါတယ်…

အများကလေးစားရတဲ့သူဖြစ်ပါစေ၊ဘာသာရေးခေါင်းဆောင်ဖြစ်ပါစေ၊မကောင်းမှုဒုစရိုက်ကိုကျူးလွန်နိုင်တယ်၊အထူးသဖြင့် သက်ငယ်မုဒိမ်းမှုတွေမှာထင်မှတ်မထားတဲ့လူတွေက ရက်စက်တဲ့ တရားခံတွေဖြစ်နေနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းပါ..

တရားကိုနတ်စောင့်တယ်ဆိုတဲ့ဇာတ်သိမ်းမျိုးမဟုတ်ပေမယ့်လူလို့မခေါ်နိုင်တဲ့မိစ္ဆာတွေကြောင့်အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာရကြရတဲ့သက်ငယ်မုဒိမ်းသားကောင်တွေကိုဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲဆိုတာ တွေးဆမိစေမယ့် ဇာတ်ကားတစ်ကားပါပဲ..

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ…

Mizzima+ Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 25.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
အင်းစိန်ထောင်အတွင်း နိုင်ကျဉ်း လူငယ် ၁ ဦး သေဆုံး
😢11👍1🔥1