Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
NCA (၈)နှစ်ပြည့် ကျင်းပဖို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ဆွေးနွေးမှုရှိ
==================

မိုးသောက် (မဇ္ဈိမ)။ ။နေပြည်တော်မှာ အကြီးအကျယ် ကျင်းပဖို့ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးတဲ့ (၈)နှစ်ပြည့်အထိမ်းအမှတ်ကျင်းပဖို့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ စစ်ကောင်စီအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတာ ရှိပါတယ်။

NCA (၈)နှစ်ပြည့် အခမ်းအနားကျင်းပဖို့ဆွေးနွေးမှုတွေမှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့က ခေါင်း ဆောင်တွေနဲ့ အသိသက်သေအဖြစ်ပါဝင်ခဲ့တဲ့နိုင်ငံတွေကိုပါ ဖိတ်ကြားဖို့ ဆွေးနွေးကြတာမျိုးရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)က ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

NCAစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရ၊ စစ်တပ်၊ လွှတ်တော်တို့ လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေက အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ကသာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေတာပါ။ ကျန်သုံးဖွဲ့ဖြစ်တဲ့ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး(ABSDF)တို့ကတော့ NCA ဟာ ပျက် ပြယ်သွားပြီလို့ ပြောဆိုထားပြီး နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

https://youtu.be/K9ysCceuGKE?si=OBSsFYY-PA9s6q2X

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤮7🖕2🔥1
​​ထောင်ဝင်စာပို့ခွင့် ကန့်သတ်ထား၍ အကျဉ်းသားများ စားရေးသောက်ရေး အခက်အခဲဖြစ်နေ
==========================

001
(မဇ္စျိမ)။ ။ စစ်ကောင်စီက အကျဉ်းထောင်များတွင် ထောင်ဝင်စာပါဆယ်ပို့ခွင့်ပမာဏ ကန့်သတ်ထားသည့်အတွက် အကျဉ်းသားများ စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လက အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအနားပေးခံရပြီး ၎င်း၏ နေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမျိုးဆွေဆိုသူကို အစားထိုးခန့်အပ်ပြီးနောက်ပိုင်း အကျဉ်းထောင်များတွင် ဖိနှိပ်မှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း PPNတာဝန်ရှိသူ ဦးသိုက်ထွန်းဦးကပြောသည်။

“အရင်တုန်းကဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မိသားစုကပို့တဲ့ထောင်ဝင်စာကို လက်ခံပေးတယ်။ ထောင်ကလည်း သူတို့ရဲ့ စရိတ်လည်း သက်သာတယ်။ သူတို့လည်း အမြဲတမ်းကြီး မကျွေးနိုင်တာဖြစ်တဲ့အတွက် လက်ခံခဲ့တယ်။ အခုကျတော့ လူပြောင်းပြီးနောက်ပိုင်းမှာမှ ဖိနှိပ်မှုတရပ်အနေနဲ့ အကျဉ်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရရော၊ အပြင်က မိသားစုရော တိုက်ရိုက်ထိခိုက်တာပေါ့”ဟု ဦးသိုက်ထွန်းဦးက ပြောသည်။

လက်ရှိတွင် အင်းစိန်ထောင်၊ အိုးဘိုထောင်၊ သာယာဝတီထောင်၊ မုံရွာ​ထောင်နှင့် ဒိုက်ဦးထောင်အပါအဝင် အကျဉ်းထောင် ၂၄ ခုတွင် ထောင်ဝင်စာပို့ခွင့် ကန့်သတ်ခံနေရသည်ဟု PPNက ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကျန်ရှိနေ‌သေးသော ထောင်ဝင်စာကန့်သတ်ခံနေရသည့် အကျဉ်းထောင်များ၏စာရင်းကိုလည်း ဆက်လက်စုံစမ်းနေဆဲဟုဆိုသည်။

" ထောင်က ကျွေးသည့် အစားအသောက်မှာ တပတ်(နေ့/ည ဆယ့်လေးနှပ်စာ)အတွက် အသားဟင်းလေးတုံးသာ ရရှိပါသည်။ထိုဟင်းလေးတုံးမှာ နှစ်ရက်စာအတွက်သာ စားဖို့လုံလောက်သဖြင့် ကျန်ရှိနေသော နေ့ရက်များစားသောက်နိုင်ရန်အတွက် မိသားစုများထံမှပေးပို့လာသည့် ထောင်ဝင်စာများအပေါ်မီခိုစားသောက်နေထိုင်ကြရပါသည်"ဟု PPN က အသိပေးထားသည်။

ထောင်ဝင်စာပို့ခွင့်ကို ၁၅ ရက်တကြိမ်သာ အကျဥ်း​ထောင်ဘက်က ခွင့်ပြုထားပြီး ကော်ဖီမစ်ခုနှစ်ထုပ်၊ ဟင်းသုံးမျိုး(ခေါက်ဆွဲထုတ်ပေးမည်ဆိုပါက ဟင်းနှစ်မျိုး)နှင့် မုန့်နှစ်ထုပ်သာ ခွင့်ပြုပေးထားသဖြင့် စားသောက်ရန် မလောက်ငှ​သော​ကြောင့် အခက်အခဲဖြစ်ရကြောင်း အကျဉ်းသားမိသားစုဝင်တဦးကပြောသည်။

“ဆေးကပို့လို့တော့ရတယ်။ ကြာတယ်။ အခုက ဟင်းတွေက မလောက်တော့ ဘယ်လိုလုပ်နေလဲဆိုတော့ သူတို့အထဲမှာ ဟင်းလစာပေးစား လုပ်နေတယ်။ ဟင်းတွေကို လစာနဲ့ပေးစားတာပေါ့လေ။ သူတို့ထောင်ဝန်ထမ်းတွေပဲချက်တာလေ။ အပြင်ကပို့တာကျတော့ ကန့်သတ်လိုက်တော့ သုံးမျိုးတည်းဆိုတော့ မလောက်ဘူးလေ။ သူတို့အထဲမှာဈေးရောင်းနေတယ်။ ဟင်းလစာပေးစားတော့ အန်တီတို့ဘက်ကျတော့ အဆင်မပြေဘူးလေ”ဟု ဆိုသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီက အကျဉ်းသားများနှင့် မိသားစုဝင်များကို စိတ်ပိုင်းဆိုင်ရာအရ ဒုက္ခပေးနေခြင်းဖြစ်ကြောင်း PPN က မှတ်ချက်ပြုထားသည်။ထို့ပြင် ပြီးခဲ့သည့် တပတ်ခန့်မှစပြီး ဒိုက်ဦး၊ မကွေးနှင့်သာယာဝတီထောင်အပါအဝင် အကျဉ်းထောင်ငါးခုခန့်တွင် နိုင်ငံရေးအကျဉ်းသားများ၏ အသုံးအဆောင်ပစ္စည်းများကို ကန့်သတ်လိုက်ပြီး ထောင်တွင်းထားရှိခွင့်မပေး​တော့သည့်အတွက် အိမ်သို့ပြန်ပို့နေရကြောင်း PPNက ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မတရားဖမ်းဆီးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ကောင်စီက ကျူးလွန်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၂၄,၈၃၆ ဦးရှိပြီး ၁၉,၂၆၄ ဦးသည် ထိန်းသိမ်းခံထားရကာ ၇,၃၆၈ ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#အကျဉ်းထောင်
#ပါဆယ်ပို့ခွင့်ကန့်သတ်
#PPN
#AAPP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍3❤2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ စက်တင်ဘာ ၂၀၂၃) 
=======================

အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲများ၏ ဒရုန်းကြောက်၍ တရုတ်ကိုသွားရောက် အကူအညီ တောင်းနေရသည်အထိဖြစ်နေပြီး တပ်တွင်းဒဏ်ရရသူ များပြားလွန်၍ စိတ်ဓာတ် စစ်ဆင်ရေးအနေဖြင့် ခိုင်းကောင်းအောင် အပန်းဖြေခရီးပို့ပေးကာ ဝါဒဖြန့်နေရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
​​ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဖယ်ရှားခံရ
================

001
(မဇ္စျိမ) ။ ။ လာဘ်စားမှုများဖြင့် စစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ပြီး အဖွဲ့ကိုလည်း အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် အဆိုပါ ရာထူးမှလည်း ဖယ်ရှားခံရပြီး ၎င်း၏နေရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစားထိုးဝင်ရောက်လာသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၈ ဦးရှိသည့် စစ်ကောင်စီတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ နှစ်ဦး ဖယ်ရှားခံ လိုက်ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က စစ်ကောင်စီအဖွဲ့ဝင် အသစ်များအဖြစ် ခန့်အပ်ခံရသည်ကို တွေ့ရသည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်” ဟု စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

အလားတူ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်ကိုလည်း တာဝန်က အနားပေးလိုက်ပြီး လစ်လပ်သွားသည့် စီးပွား၊ ကူးသန်း ပြည်ထောင်စုဝန်ကြီးနေရာတွင် ဦးထွန်းအုံက တာဝန်ယူမည်ဖြစ်ကာ ဒုတိယဝန်ကြီးအဖြစ် ဦးမင်းမင်းက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ယခုရာထူးအရွှေ့အပြောင်း စာရင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကို ထုတ်ပယ်ခြင်း၊ အစားထိုးခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတဦး ခန့်အပ်ခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်
စာတည်း။ ။ နောင်နောင်

#စိုးထွဋ်
#Mizzima
#မိုးမြင့်ထွန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁20👍10👏2❤1
​​အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ရပ်တည်မှု
=================

ဟန်ဂျိုးမှာ အာရှအားကစားပြိုင်ပွဲ ကျင်းပပြီး နှစ်ရက်အကြာ တနင်္လာနေ့ရဲ့ ဆုတံဆိပ် ရပ်တည်မှု ဇယား

အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် ၄၅ နိုင်ငံမှ အားကစားသမား ၁၂,၀၀၀ ကျော်ဟာ တရုတ်နိုင်ငံ၊ ဟန်ဂျိုးမှာ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြမှာဖြစ်ပါတယ်။

စုစုပေါင်း ပြိုင်ပွဲ ၄၈၁ ခုကို ယှဉ်ပြိုင်မှာပါ။

Ref; olympics.com
#AsianGames
👍8🔥2❤1
​​26.9.2023 ( Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================

✅Highlight ✅

👉အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ) 

👉 ၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ) 

👉India Movie - Evaru ( ည- ၈ နာရီ)

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍3🔥1
စက်တင်ဘာလ (၂၆) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး အကောင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာထဝီဆင်က ပြောကြားလိုက်သတင်းနဲ့အတူ စက်တင်ဘာ ၂၅ ရက် မနက် အစောပိုင်း ၄ နာရီကျော်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက် မှာရှိတဲ့ စစ်ကောင်စီ ရုံး တစ်ခု ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်ခင်ဗျာ။ 

https://youtu.be/zWMoSgscb0E?si=0uZsI0G1uuGT6UkJ

#Mizzimaradio 
#Morningradio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ | VOA On Mizzima
=======================

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နဲ့တွေ့ဆုံမေးမြန်းခန်း၊ ထိုင်းရောက် ဒုက္ခသည်ယာယီခိုလှုံခွင့် စစ်ဆေးမယ့် အစီအစဉ်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/7jChDQl_P9U?si=EPj0luDgqhjFjyT0

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😁2
ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နဲ့ တွေ့ဆုံမေးမြန်းခန်း | VOA On Mizzima
========================

လက်ရှိ ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကနေမြန်မာ့အရေး ဆုံးဖြတ်ချက်ချတဲ့အခါ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖေါက်မှု ကျုးလွန်သူတွေအပေါ်အရေးယူနိုင်တဲ့အထိ ပိုမိုအားကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်ဖို့ ကြိုးပမ်းနေတယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိသန့်စင်က နယူးယောက်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

https://youtu.be/nqucjebhLWQ?si=9EOvHQOs7--XbiAa

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁3
ထိုင်းရောက် ဒုက္ခသည်ယာယီခိုလှုံခွင့် စစ်ဆေးမယ့် အစီအစဉ် | VOA On Mizzima
======================

ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေ ယာယီခိုလှုံခွင့် လျှောက်ထားဖို့အတွက် နောက်ခံသမိုင်းကြောင်းတွေကို စစ်ဆေးမယ့် အစီအစဉ် ဒီလကုန်လောက်မှာ စတင်ဖို့ ထိုင်းအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။ ခိုလှုံခွင့် ငြင်းပယ်ခံရသူတွေကို ချက်ခြင်းဆိုသလို နေရပ်ရင်း ပြန်ပို့တာတွေ လုပ်လာနိုင်တဲ့အတွက် ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အာမခံဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေပါတယ်။ စစ်ဆေးမေးမြန်းတာတွေမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ အညီလုပ်ဖို့လိုပြီး ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုကို အာမခံဖို့နဲ့ ဒုက္ခသည်တွေ အပေါ် မတရား အနိုင်ကျင့်တာ မျိုးတွေ မဖြစ်အောင် ကာကွယ်ပေးဖို့ ထောက်ပြပြောဆိုနေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မဆုမွန် တင်ဆက်ထားပါတယ်။

https://youtu.be/I3l6UlaRfgE?si=Lycxs3JhdCkarO8c

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
အက်ကြောင်းလိုက်လာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ
===================

အကြမ်းဖက် စစ်ကောင်စီဟာ အာဏာသိမ်း ကာလ ၃ နှစ်အတွင်း ဝင်လာချိန်မှာ ဖယိုဖရဲ ပရမ်းပတာနဲ့ တိုင်းပြည်အပေါ် အုပ်ချုပ်လို့ မရတဲ့အပြင် သူ့ရဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေအကြားမှာလည်း အက်ကြောင်း လိုက်လာနေပြီဆိုတာ သေချာသလောက် ဖြစ်နေပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ လူမှုဘဝ စီးပွားရေး ကောင်းမွန်တိုးတက်အောင် လုပ်နိုင်ဖို့ဝေးလို့ ၃ နှစ်အတွင်းမှာ မြန်မာ့စီးပွားရေးကို ဦးစောက်ဂျွန်းပြန်ထိုးကျအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အောက်ခြေက စစ်သားတွေကို ထိုးကျွေးပြီး စစ်တိုက်ခိုင်းနေလို့ စစ်ကောင်စီ တပ်သားတွေ တစ်နေ့ တစ်နေ့ အသေအပျောက်များနေတာ သတင်းတွေအရ၊ အချက်အလက်တွေအရ တွေ့မြင်နေကြရမှာပါ။

https://youtu.be/xChnVfC1_9s?si=8nci3BdgIj8xQmwZ

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2
​​ဂျပန်နိုင်ငံတွင် မြန်မာပြည်တွင်းတိုင်းရင်းသားများအားရည်ရွယ်၍ ဖယ်ဒရယ်ပွဲတော် ကျင်းပမည်
===================

ကီရာ
(မဇ္ဈိမ)။ ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားဒေသများအတွက် ရည်ရွယ်၍ နွေဦးတော်လှန်ရေးမှသည် ဖယ်ဒရယ်အောင်ပွဲဆီသို့ ခေါင်းစဉ်ဖြင့် ဖက်ဒရယ်ပွဲတော်ကို စက်တင်ဘာ ၃၀ရက် နေ့လယ် ၂နာရီမှ ည ၇နာရီအထိနှင့် အောက်တိုဘာ ၁ရက် မနက် ၁၁နာရီမှ ည ၇နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖယ်ဒရယ်ပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ “ဗမာအပါအဝင် တိုင်းရင်းသားများအချင်းချင်းနှင့် ဂျပန်လူမျိုးများအကြား နားလည်မှုတိုးပွားပြီး ယဉ်ကျေးမှု ဖလှယ်နိုင်စေရန်၊ ဂျပန်မီဒီယာများမှာ မေ့ပျောက်ခံဖြစ်နေသည့် မြန်မာ့အရေးများ ပြန်လည်တင်ပြစေနိုင်ရန်၊ ရရှိလာသော အကျိုးအမြတ်များကို နွေဦးတော်လှန်ရေးမှာ ပါဝင်နေသော စစ်တပ်၏ ဖိနှိပ်ခြင်းခံနေရသည့် တိုင်းရင်းသားဒေသများဆီ လှူဒါန်းရန်ဖြစ်ပါတယ်”ဟု ဖက်ဒရယ်ပွဲတော် ကျင်းပရေးကော်မတီဝင်တဦးက ပြောသည်။

ထို့အပြင် ဖယ်ဒရယ်ပွဲတော်တွင် တေးဂီတများ၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယဉ်မှု၊ ရိုးရာအဆိုအကများ၊ ခေတ်ပေါ် သီချင်းများနှင့်အတူ တိုင်းရင်းသားရိုးရာ အစားအသောက်ဈေးဆိုင်ခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဓာတ်ပုံပြခန်းများ စသဖြင့် ပါဝင်ထည့်သွင်းပြသသွားမည်ဖြစ်ပြီး ဝင်ကြေးအနေဖြင့် လက်မှတ် တစောင်ကို ဂျပန်ယန်း ၁,၀၀၀ သတ်မှတ်ထားကြောင်း ဖက်ဒရယ်ပွဲတော် ကျင်းပရေးကော်မတီဝင်တဦးက ဆက်ပြောပြသည်။

ယခုကျင်းပသည့် ဖယ်ဒရယ်ပွဲတော်သည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ပွဲတော်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ကာ အဆိုပါ ပထမအကြိမ်ပွဲတော်တွင် လက်မှတ်ရောင်းရငွေများ ၊အလှူငွေများ ၊ အစားအသောက် အသုံးအဆောင် ရောင်းရငွေများ စုစုပေါင်း ဂျပန်ယန်း ၃,၁၉၅,၃၈၀ ရရှိပြီး ယင်းအချိန် ယန်းပေါက်‌ဈေးအရ မြန်မာငွေကျပ် သိန်း ၆၄၀ ဝန်းကျင် ရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖယ်ဒရယ်ပွဲတော်
#တိုကျိုမြို့
#တိုင်းရင်းသားဒေသ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
ထိပ်တန်းဆစ်ခ်ခွဲထွက်ရေးသမားရဲ့ ပိုင်ဆိုင်မှုတွေကို အိန္ဒိယအစိုးရသိမ်းဆည်း

#internationalnews
#reels
#shorts
🔥2👍1😱1
စက်တင်ဘာလ (၂၆)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:00 - ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဖယ်ရှားခံရတဲ့ သတင်း

02:17 - NCA (၈)နှစ်ပြည့် ကျင်းပဖို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ဆွေးနွေးမှုရှိတဲ့ သတင်း

06:08 - ထောင်ဝင်စာပို့ခွင့် ကန့်သတ်ထားတာတဲ့ အကျဉ်းသားတွေ စားရေးသောက်ရေး အခက်အခဲဖြစ်နေတဲ့ သတင်းနဲ့

09:09 - အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/WLA_rM802TM?si=BIpQpmhVnU-TNVPI

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍2❤1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းနိုင်ငံက တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြု

#internationalnews
#reels
#shorts
❤5