Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဂျပန်နိုင်ငံတွင် မြန်မာပြည်တွင်းတိုင်းရင်းသားများအားရည်ရွယ်၍ ဖယ်ဒရယ်ပွဲတော် ကျင်းပမည်
===================

ကီရာ
(မဇ္ဈိမ)။ ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားဒေသများအတွက် ရည်ရွယ်၍ နွေဦးတော်လှန်ရေးမှသည် ဖယ်ဒရယ်အောင်ပွဲဆီသို့ ခေါင်းစဉ်ဖြင့် ဖက်ဒရယ်ပွဲတော်ကို စက်တင်ဘာ ၃၀ရက် နေ့လယ် ၂နာရီမှ ည ၇နာရီအထိနှင့် အောက်တိုဘာ ၁ရက် မနက် ၁၁နာရီမှ ည ၇နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖယ်ဒရယ်ပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ “ဗမာအပါအဝင် တိုင်းရင်းသားများအချင်းချင်းနှင့် ဂျပန်လူမျိုးများအကြား နားလည်မှုတိုးပွားပြီး ယဉ်ကျေးမှု ဖလှယ်နိုင်စေရန်၊ ဂျပန်မီဒီယာများမှာ မေ့ပျောက်ခံဖြစ်နေသည့် မြန်မာ့အရေးများ ပြန်လည်တင်ပြစေနိုင်ရန်၊ ရရှိလာသော အကျိုးအမြတ်များကို နွေဦးတော်လှန်ရေးမှာ ပါဝင်နေသော စစ်တပ်၏ ဖိနှိပ်ခြင်းခံနေရသည့် တိုင်းရင်းသားဒေသများဆီ လှူဒါန်းရန်ဖြစ်ပါတယ်”ဟု ဖက်ဒရယ်ပွဲတော် ကျင်းပရေးကော်မတီဝင်တဦးက ပြောသည်။

ထို့အပြင် ဖယ်ဒရယ်ပွဲတော်တွင် တေးဂီတများ၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယဉ်မှု၊ ရိုးရာအဆိုအကများ၊ ခေတ်ပေါ် သီချင်းများနှင့်အတူ တိုင်းရင်းသားရိုးရာ အစားအသောက်ဈေးဆိုင်ခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဓာတ်ပုံပြခန်းများ စသဖြင့် ပါဝင်ထည့်သွင်းပြသသွားမည်ဖြစ်ပြီး ဝင်ကြေးအနေဖြင့် လက်မှတ် တစောင်ကို ဂျပန်ယန်း ၁,၀၀၀ သတ်မှတ်ထားကြောင်း ဖက်ဒရယ်ပွဲတော် ကျင်းပရေးကော်မတီဝင်တဦးက ဆက်ပြောပြသည်။

ယခုကျင်းပသည့် ဖယ်ဒရယ်ပွဲတော်သည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ပွဲတော်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ကာ အဆိုပါ ပထမအကြိမ်ပွဲတော်တွင် လက်မှတ်ရောင်းရငွေများ ၊အလှူငွေများ ၊ အစားအသောက် အသုံးအဆောင် ရောင်းရငွေများ စုစုပေါင်း ဂျပန်ယန်း ၃,၁၉၅,၃၈၀ ရရှိပြီး ယင်းအချိန် ယန်းပေါက်‌ဈေးအရ မြန်မာငွေကျပ် သိန်း ၆၄၀ ဝန်းကျင် ရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖယ်ဒရယ်ပွဲတော်
#တိုကျိုမြို့
#တိုင်းရင်းသားဒေသ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
ထိပ်တန်းဆစ်ခ်ခွဲထွက်ရေးသမားရဲ့ ပိုင်ဆိုင်မှုတွေကို အိန္ဒိယအစိုးရသိမ်းဆည်း

#internationalnews
#reels
#shorts
🔥2👍1😱1
စက်တင်ဘာလ (၂၆)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:00 - ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဖယ်ရှားခံရတဲ့ သတင်း

02:17 - NCA (၈)နှစ်ပြည့် ကျင်းပဖို့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ဆွေးနွေးမှုရှိတဲ့ သတင်း

06:08 - ထောင်ဝင်စာပို့ခွင့် ကန့်သတ်ထားတာတဲ့ အကျဉ်းသားတွေ စားရေးသောက်ရေး အခက်အခဲဖြစ်နေတဲ့ သတင်းနဲ့

09:09 - အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/WLA_rM802TM?si=BIpQpmhVnU-TNVPI

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍2❤1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းနိုင်ငံက တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြု

#internationalnews
#reels
#shorts
❤5
This media is not supported in your browser
VIEW IN TELEGRAM
အီးယူကုန်သွယ်ရေးအကြီးအကဲက တရုတ်နိုင်ငံရဲ့အနာဂါတ်စီးပွားရေးလုပ်ငန်းတွေကို မေးခွန်းထုတ်ဖို့ သတိပေး

#internationalnews
#reels
#shorts
👍6😁1
၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်း၏ နာရေးအခမ်းအနား မဲဆောက်တွင်ပြုလုပ်
===================

ဂန္ဒမာ(မဇ္ဈိမ)။ ။၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်းရဲ့ နာရေးအခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့က ဘုန်တော်ကြီးကျောင်းတခုမှာ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်အချိန်မှာ မီးင်္သဂြိုဟ်မှုပြီးစီးသွားပါတယ်။

ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ(ခေါ်)ကိုဒီငြိမ်းလင်းက ဖခင်ဖြစ်သူရဲ့နောက်ဆုံးခရီးကို လူကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိဘဲ အွန်လိုင်းကတဆင့် ကန်တော့ပြီးတက်ရောက်လာသူတွေကို ကျေးဇူးတင်စကားဆိုသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ဇော်မင်းဟာ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်က အသဲရောဂါနဲ့ ကွယ်လွန်သွားတာပါ။

ရိုက်ကူး ၊ တင်ဆက် - ဂန္ဒမာ
တည်းဖြတ် - ဆုလေး

https://youtu.be/HOBS0nk2w14?si=47wK7bPiE6Cwgjom


-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအလံလွှင့်တင်ခွင့်ပြုခြင်းအတွက် OCA က ကာကွယ်ပြောဆို

#internationalnews
#reels
#shorts
👍3❤1
မုံရွာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ဗုံးပစ်တိုက်ခိုက်ခံရ
====================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊မုံရွာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ဗုံးနှစ်လုံးဖြင့် ပစ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

မုံရွာမြို့ ၊အလယ်ရပ်ကွက် ၊အမှတ်(၁) အထက်တန်းကျောင်းအနီး စစ်ဆေးရေးဂိတ်ရှိ အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၂၄ရက် ညနေ ၄နာရီ ၄၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

“ကျနော်တို့ ပေ၁၀၀ အကွာလောက်ကနေ ပစ်ခဲ့တာပါ။ ပထမတလုံးမှာ ရဲတယောက်သေပြီး နောက်တလုံးက မပေါက်လို့ သေနတ်နဲ့ ပစ်တဲ့ အခါမှာ ကျန်တဲ့သူတွေ ဒဏ်ရာရကုန်ကျတာ” ဟု ဗိုလ်လင်းယုန်က မဇ္စျိမကိုပြောသည်။

ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဂိတ်အတွင်းရှိ ရဲနှင့် ပျူစောထီးဆိုသူများက ပြန်လည်ပစ်ခတ်ပြီး အိမ်စီးကားများဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါဂိတ်သည် လမ်းသွားလမ်းလာများကို ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးနေသည့် ဂိတ်ဟု ဒေသကာကွယ်ရေးရဲဘော်အချ်ို့ကပြောသည်။

တိုက်ခိုက်မှုကို Golden Eagle Force – Monywa နှင့်အတူ ၅/ဘခက် (မုံရွာ UG ပြောက်ကျားတပ်ဖွဲ့ )နှင့် Ka Naung Min Thar Gyi (Monywa) တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဟု သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၂ရက်နေ့ကလည်း မုံရွာမြို့ အဝင် နတ်လူထိပ္ပန်ရပ်ကွက်ရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို Golden Eagle Force – Monywa က လက်ပစ်ဗုံးဖြင့် ပစ်တိုက်ခိုက်ရာ နှစ်ဦးထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း

https://youtu.be/kDLrSPwgVG0?si=Y1rQ0jAv_ZmWE4nv

#mizzima
#မုံရွာမြို့
#စစ်ဆေးရေးဂိတ်
#ဗုံးပစ်တိုက်ခိုက်

Golden Eagle Force – Monywa က ထုတ်ပြန်ထားသည် တိုက်ခိုက်မှုရုပ်သံမှတ်တမ်း


-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥1
စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၁၈ ရက်မြောက် ရွာပေါင်းစုံချီတက်
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းသည် ရက်ပေါင်း ၉၁၈ ရက်အဖြစ် စက်တင်ဘာလ ၂၆ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice” ဆိုသည့် စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ သပိတ်စစ်ကြောင်းသည် ကျဆုံးသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2🔥1
ဒရုန်းသုံးတိုက်ခိုက်မှုတွေကိုထိန်းချုပ်ဖို့ တရုတ်ကို စစ်ကောင်စီအကူအညီတောင်းဆို
=====================

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ ဒရုန်းနဲ့တိုက် ခိုက်မှုတွေကို အကြီးအကျယ်ခံနေရတဲ့ စစ်ကောင်စီက ဒရုန်းတွေကို ပိုမို ထိန်း ချုပ်ရေး ဆောင်ရွက်ဖို့ တရုတ်မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ညီ လာခံမှာ သွားရောက် တောင်းဆိုခဲ့တယ်လို့ သိရပါ တယ်။

ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေတိုးလာနေပြီး ဒါဟာအနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ညီလာခံမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကို အကြမ်းဖက်အဖွဲ့တွေလို့ သုံးနှုန်းပြီး ဒရုန်းလိုလက်နက်တွေ ဒီလိုအကြမ်းဖက်ဆောင်ရွက်သူတွေဆီ မရောက်အောင် ဒေသတွင်းဖြစ်စေ၊ နှစ်နိုင်ငံဖြစ်စေ ပူးပေါင်းကာကွယ်ရမယ်လို့ ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေဘက်မှာ ဒရုန်းနည်းပညာအသုံးပြုမှု အားသာလာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ စစ်ကောင်စီဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

မြန်မာ နိုင်ငံနေရာ အနှံ့အပြား စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ PDF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ Drone အသုံးပြုတိုက်ခိုက်မှုတွေရှိနေပြီး Drone နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာနေတယ်လို့ လတ်တလောပြည်တွင်း သတင်းတွေ အရသိရှိရပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့အခြေအနေတောင် ရောက်နေပြီလို့ ဒရုန်းတပ်ဖွဲ့ဝင်တွေကလည်း ပြောပါတယ်။

အခုစက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်မှာ ဖြစ်ခဲ့တဲ့ PDF နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေရှိတဲ့ အကြောင်း ဒေသခံတွေက ပြောကြပါတယ်။

စက်တင်ဘာ ၁၉ ရက်ကနေ ၂၀ ရက်အထိ နှစ်ရက်တာကျင်းပတဲ့ ဒီညီလာခံကို တရုတ်နိုင်ငံက ဦးစီးကျင်းပတာဖြစ်ပြီး စစ်ကောင်စီနဲ့ နယ်စပ်လုံခြုံရေးကိစ္စမကြာခဏ တွေ့ဆုံဆွေးနွေးနေတဲ့ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

ဗြိတိန်၊ ရုရှားလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော် တက်ရောက်တဲ့ ညီလာခံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) အကြီးအကဲတွေလည်း ပါဝင်ပါတယ်။

ညီလာခံကို စစ်ကောင်စီဝန်ကြီးတချို့ တက်ရောက်ခဲ့ပြီး၊ တရုတ်အစိုးရလုပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြောင်း၊ ပြည်တွင်းရေးကိစ္စရပ်တွေမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း ထောက်ခံကြောင်း ပြောဆိုခဲ့ကြပါတယ်။

ရွေးကောက်ခံ အစိုးရဆီကနေ မတရား အာဏာလုယူထားတဲ့ စစ်ကောင်စီကို အာဆီယံ အပါအဝင် ကမ္ဘာ့ နိုင်ငံတွေ ရဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး တွေမှာ မဖိတ်ကြား ကြသော်လည်း တရုတ်နိုင်ငံ နဲ့ ရုရှား နိုင်ငံမှာကျင်းပတဲ့ ညီလာခံတွေ ကို တော့ စစ်ကောင်စီကို တရားဝင်တက်ရောက်ခွင့်ပြုလာတာကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။

https://youtu.be/cm23evxPgl4?si=0mgjxEwGT6MiEFaf

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9😁4🤮2❤1🔥1
မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆို
=======================

မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့ပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်းက နိုင်ငံရေး၊ လူသားချင်းစာနာမှုအရေး၊ စီးပွားရေးအကျပ်အတည်းတွေကို အလွန်အမင်းစိုးရိမ်သလို တရားမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရေး၊ စာနာမှုအကူအညီတွေ အဟန့်အတားမရှိရောက်နိုင်ရေးနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုကနေ အကျပ်အတည်းကို ဖြေရှင်းဖို့ လည်း ဝန်ကြီးတွေက တောင်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ ရောက်နေကြတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

Quad အဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသ သာယာဝပြောရေး ထောက်ပံ့ဖို့ ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ သံတမန်ကွန်ရက်ဖြစ်ပြီး အဲဒီအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံဆွေးနွေးအပြီး အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေး ထည့်သွင်းဆွေးနွေးတောင်းဆိုခဲ့ကြတာပါ။

ဆွေးနွေးအပြီး ထုတ်ပြန်တဲ့ အချက် ၁၄ ချက်ပါ ပူးတွဲ ကြေညာချက်မှာ - ယူကရိန်း-ရုရှား ပဋိပက္ခ၊ မြောက်ကိုရီးအရေးတို့အပြင် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်း ဖော်ပြထားတာပါ။

မြန်မာမှာဖြစ်နေတဲ့လက်ရှိ အခြေအနေကြောင့် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်သက်ရောက်မှုရှိနေတာကိုလည်း ဝန်ကြီးတွေက စိုးရိမ်ကြောင်း ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်တွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေး အထောက်အပံ့ဖြစ်စေမယ့် လက်တွေ့ကျတဲ့နည်းလမ်းကို အတူတကွရှာဖွေနိုင်ဖို့ကိုလည်း အားပေးသွားမယ်လို့ ဝန်ကြီးတွေက ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။

အလားတူ တောင်းဆိုချက်တွေကို အခုနှစ်အစောပိုင်း မတ်လအတွင်းမှာ ကျင်းပခဲ့တဲ့ Quad ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုအပြီးမှာလည်း ထုတ်ပြန်ခဲ့သလို အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အဖြေတစ်ခုကို ဦးဆောင်ရှာဖွေနေတဲ့ အာဆီယံအဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ဆက်လက်အား ပေးထောက်ခံကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ကိုလည်း ပြီးခဲ့တဲ့နှစ် မေလ ၂၄ ရက်ကနေ့က Quad ရဲ့ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

https://youtu.be/M6rcBj5-UZ8?si=jOMKC4r2RbYx6dW7

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥2❤1😁1