Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
Sep - 26 [ 4 Pm ] Mizzima News Hour

Mizzima Headline News

#4pmnews
#mizzimanewshour
#reels
#shorts
👍5😁1🍌1
​​ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ခန့်စစ်ရှောင်ရ
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ ခန့် စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ နေရပ် စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

“စစ်သားတွေက ရွာကိုမရောက်ခင် ပစ်ခတ်ပြီးဝင်လာကြတော့ ညကြီး အချိန်မတော် ထွက်ပြေးလာကြရ တာ။ မိုးတွေကလည်းရွာဆိုတော့ နေရေးထိုင်ရေး အတော်ခက်ခဲတယ်။ တချို့ရွာတွေမှာ အဖွဲ့အစည်းတွေ က ကျွေးမွေးစောင့်ရှောက်ပေးနေတာတွေ ရှိပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ရှောင် တဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ညပိုင်းက ရွာသစ်ကျေးရွာသို့ ရောက်ရှိကာ အတင်းအဓမ္မ ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံတဦးကလည်း ပြောသည်။
“ စစ်ကြောင်းရွာသစ်ကိုဝင်လာတော့ တော်တော်များများ သတင်းမရလိုက်သလိုဖြစ်သွားတယ်။

ဖုန်းလိုင်း တွေကလည်း ဆက်မရ ပြုမရဖြစ်နေတော့ ရွာနားကပ်လာမှ သိရတာ။ တချို့လည်း လူလွတ်ပြေးကြရ တာ၊ ပစ္စည်းတွေ ဘာမှမသယ်နိုင်ကြဘူး။ စစ်ရှောင်တော်တော်များများ စစ်ကြောင်းနဲ့တွေ့ပြီး နားက နားကပ်ပါ မချန် သေနတ်နဲ့ထောက်ပြီး အကုန်ချွတ်ယူသွားကြတယ်။

ကာလပေါက်စျေးနဲ့ဆို စုစုပေါင်း သိန်း ၅၀၀ ကျော်ဖိုးလောက် ပါသွားတယ်” ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ပုလဲမြို့နယ်ရှိ ရွာသစ်၊ လှော်ကား၊ ပန်းရွာ၊ တနယ်၊ ညောင်ကုန်း စသည့်ကျေးရွာများမှ လူဦးရေ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရခြင်းဖြစ်သည်။ ယမန်နေ့က အသက် ၇၀ အရွယ် အမျိုးသားတဦး စစ်ရှောင်ရင်း အချိန်မီဆေးကုသမှုမရခဲ့သည့်အတွက် သေဆုံးခဲ့ ကြောင်းလည်း သိရသည်။

စစ်ကြောင်းသည် ယနေ့တွင် ညောင်ကုန်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6🤬3👍1😁1
ရန်ကုန်မှာ တစ်ခါပြတ်ရင် ၄ နာရီနဲ့ တစ်ရက် မီး ၂ ကြိမ် ပြတ်တော့မယ် | Business Roundup (26.9.2023)
=================

- မြန်မာစစ်တပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့နိုင်ရေး ကုလဆိုင်ရာဗြိတိန်၊ ကနေဒါသံအမတ်ကြီးနှင့် NUG တို့ ဆွေးနွေး

- လုံခြုံမှုမရှိတဲ့ ရန်ကုန် အပါအဝင် ဒေသ ၁၄ ခုကို ခရီးသွားလည်ပတ်သင်တဲ့ နေရာအဖြစ် စစ်ကောင်စီထုတ်ပြန်

- ရန်ကုန်မှာ တစ်ခါပြတ်ရင် ၄ နာရီနဲ့ တစ်ရက် မီး ၂ ကြိမ် ပြတ်တော့မယ်

- မြန်မာ-တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများ Passport ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့်ရတော့မည်

https://youtu.be/JzSkh7xq0K4?si=lD8I5_vV2cKGuqZs

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍3
​​အယ်လ်-ဟီလာရဲ့ 'အဝတ်လဲခန်းအတွင်း ပြင်းထန်တဲ့ အငြင်းပွားမှု'ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေမာနဲ့ပတ်သက်လို့ ယူနိုက်တက်တို့ မှန်ကန်ကြောင်း သက်သေပြခဲ့
====================

By PKThawn
အယ်လ်-ဟီလာမှာ 'အဝတ်လဲခန်းအတွင်း ပြင်းထန်တဲ့ အငြင်းပွားမှု'ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ နေမာကို မခေါ်ယူခဲ့တာ မှန်ကန်ကြောင်း သက်သေပြလိုက်ပြီဖြစ်ပါတယ်။

နေမာဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီကနေ ယူနိုက်တက်ဆီ စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့သတင်းတွေနဲ့အတူ ချိတ်ဆက်မှုရှိခဲ့တာပါ။

ဒါပေမယ့် ပရီးမီးယားလိဂ်ကလပ်ဟာ ဘရာဇီးလ်သားကို ကလပ်မှာ ကာလရှည်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒမရှိခဲ့ပါဘူး။

စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်အရ သရဲနီတို့ဟာ သူ့ရဲ့မြင့်မားတဲ့ လစာငွေတောင်းဆိုမှုတွေကြောင့် စူပါစတားတိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် နောက်ဆုံးမှာတော့ အပြိုင်လိုက်ကြရာကနေ နောက်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။

နေမာဟာ ဘာစီလိုနာကနေ သူ့ရဲ့ မီဂါ ပြောင်းရွှေ့မှုကြီးဖြစ်လာပြီးနောက် ပြင်သစ်မှာ မြင့်မားတဲ့ တစ်နှစ်လုပ်ခ ပေါင် ၂၆ သန်း ရရှိခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ ကစားသမားကို သဘောကျပေမယ့်လည်း နေမာရဲ့ ထောင်ချောက်ထဲ သက်ဆင်းဖို့ သတိထားနေခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင် ဘန်ဇီမာနဲ့ ရီယာ့ဒ် မာရက်ဇ်တို့အပါအဝင် များပြားတဲ့ ကစားသမားတွေရဲ့ ခြေရာနင်းပြီးနောက် သူဟာ ဆော်ဒီအာရေးဗီးယားအတွက် ဥရောပကနေ ထွက်ခွာခဲ့စဉ် အယ်လ်-ဟီလာအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
သူဟာ ပေါင် ၇၇.၆ သန်းတန် ပြောင်းရွှေ့ကြေးနဲ့ ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ခဲ့တာပါ။

ဒါပေမယ့်လည်း ကလပ်ရဲ့ AFC ချန်ပီယံလိဂ်ပွဲစဉ်မှာ Navbahor အသင်းနဲ့ ၁-၁ ဂိုးနဲ့ သရေကျပြီးနောက် နေမာနဲ့ မန်နေဂျာ ဂျော့ချ် ဂျီးဆပ်တို့ကြား အပြန်အလှန်စကားများခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုနဲ့အတူ အယ်လ်-ဟီလာမှာ မငြိမ်မသက်ဖြစ်ပုံရပါတယ်။

ဂျီးဆပ်က နေမာရဲ့ နိမ့်ကျတဲ့ စွမ်းဆောင်ရည်နဲ့ ကွင်းတွင်း ဆိုးရွားတဲ့ စိတ်သဘောထားအတွက် သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပြီးနောက် နေမာက ဂျီးဆပ်ကို ကလပ်ကနေ ထုတ်ပယ်စေလိုကြောင်း Mundo Deportivo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကလပ်ဒါရိုက်တာတွေဟာ ဂျီးဆပ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံခဲ့ပြီး မကြာခင်ကာလအတွင်း အယ်လ်-ဟီလာရဲ့ စွမ်းဆောင်ရည်ရလဒ် မကောင်းမွန်ပါက နည်းပြရဲ့ စာချုပ်ကို ဖျက်သိမ်းနိုင်ခြေရှိကြောင်း သူ့ကို သတိပေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

နေမာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့သတင်းဖော်ချက်အရ တန်ဟက်ဂ်က သူ့ကို မန်ချက်စတာယူနိုက်တက်အတွက် မခေါ်ဖြစ်တာက မှန်ကန်ကြောင်း ပြသနေပုံရပါတယ်။

Ref; Sportbible

#neymar #AlHilal #manchesterunited #နေမာ #အယ်လ်ဟီလာ #မန်ယူ
👍9🔥1
စက်တင်ဘာလ ၂၆ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
=======================

https://youtu.be/KqS_73Y5HCU?si=FOfcsn9DFwZhBTzS

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
ထိုင်းအစိုးရသစ်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး တိုးတက်မှု | Exclusive Interview
======================

ထိုင်းနိုင်ငံမှာ အစိုးရသစ်တက်လာတဲ့နောက် မြန်မာလုပ်သားများအတွက် ဘယ်လိုအပြောင်းအလဲတွေရှိလာပါမှာလဲ။ ရွှေ့ပြောင်းလုပ်သားမိသားစုဝင်များ၏ ကလေးငယ်များ ပညာဆက်သင်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသော ထိုင်းနိုင်ငံသို့ Mixed migration ဖြစ်ပေါ်လာပြီး သက်ရောက်မှုများကို ထိုင်းနိုင်ငံ ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က မဇ္ဈိမ၏ Exclusive Interview တွင် ဆွေးနွေးထားသည်။

https://youtu.be/YXZY9n04XjI?si=0l-im0Pe_c4YNFBQ

#Mizzima Exclusive Interview
#ရွှေ့ပြောင်းလုပ်သား
# ဦးထူးချစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
ဇီးဖြူကုန်းပျူရွာမှ ပျူစောထီး အမျိုးသမီး ၃ ဦးနှင့် ၎င်းတို့၏ကလေးငယ် ၅ ဦး ပြည်သူနှင့်ပူးပေါင်း
👍5👏1
ဇီးဖြူကုန်းပျူရွာမှ ပျူစောထီး အမျိုးသမီး ၃ ဦးနှင့် ၎င်းတို့၏ကလေးငယ် ၅ ဦး ပြည်သူနှင့်ပူးပေါင်း
===================

လွှမ်းမိုး
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် မြောက်ခြမ်းရှိ ၊ ဇီးဖြူကုန်း ပျူကျေးရွာမှ ပျူစောထီး(ပြည်သူ့စစ်) အမျိုးသမီး သုံးဦးနှင့် ၎င်းတို့၏ကလေးငယ် ငါးဦးတို့သည် စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၁၉)ဖြင့် ချိတ်ဆက်၍ ပြည်သူနှင့် ပူးပေါင်းလာကြောင်း ၎င်းတပ်ရင်းထံမှ သိရသည်။

“ ပြည်သူ့စစ်အဖွဲ့ဝင် ရှစ်ဦးက ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတာတော့ ကြာပါပြီ။ အခုတော့ အခွင့်သင့်တာနဲ့ ပြည်သူနှင့် ပူးပေါင်းလာကြာတာ ဖြစ်ပါတယ်။ သူတို့ လုံလုံခြုံခြုံ ရှိတဲ့အပြင် ပြည်သူတွေကလည်း ကြိုဆိုကြပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉) တပ်ရင်းမှူးက ဆိုသည်။

အဆိုပါ ပျူကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီး ၈၀ ခန့်ကို စစ်သားနှင့်ရဲ ၂၀ ခန့်ကာ အမိန့်ပေး ခိုင်းစေနေပြီး ၊ ထွက်မပြေးဖို့ နေ့စဉ် အကြောက်တရားတွေ ရိုက်သွင်းနေကြောင်း ထွက်ပြေးလာသည့် ပြည်သူ့စစ်အဖွဲ့ ဝင်များက ပြောသည်။

“ နံနက်တိုင်း တန်းစီတဲ့အချိန်မှာ စစ်သားတွေက ပျူစောထီးတွေကို ထွက်မပြေးဖို့ နေ့တိုင်းပြောကြတယ်။ မင်းတို့ ထွက်ပြေးရင်လည်း ကာကွယ်ရေး အဖွဲ့တွေက သူတို့သိချင်တာတွေ မေးမြန်းပြီးရင် သတ်ပစ်ကြမှာဆိုတာမျိုးတွေ အမြဲတန်းပြောတယ်” ဟု ပြည်သူနှင့်ပူပေါင်းလာသည့် ပြည်သူ့စစ် အဖွဲ့ဝင် အမျိုးသမီးများက ပြောသည်။

အဆိုပါ ပျူစောထီးကျေးရွာများရှိ ပြည်သူ့စစ်အဖွဲ့ဝင်များတွင် ကျန်းမာ ရေးနှင့် စားဝတ်နေရေး အလွန်ခက်ခဲနေပြီး ထွက်ပြေးချင်သူများစွာရှိနေကြောင်း တပ်ရင်းမှူးကိုပုလဲက တဆင့်ပြောသည်။
“ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ရိက္ခာဖြတ်တောက်ခြင်းခံနေရတဲ့ ပျူကျေးရွာတွေဟာ စားဝတ်နေရေးဒဏ်ကို တော်တော်လေးခံနေရတာ ဖြစ်တယ်ဗျ။ စစ်သားနဲ့ ရတဲ့ အမျိုးသမီးတွေဆိုလည်း ဆေးရုံဆေးခန်းတွေ မသွားရဲတာနဲ့ ကိုယ်ဝန်ဖျက်ချရတဲ့ အမျိုးသမီးတွေ ရှိနေတာ ဖြစ်ပါတယ်။ ပြည်သူ့ စစ်ထဲကို မတရား ဝင်ခိုင်းပြီး ယောက်ကျားသား ရှိတဲ့သူတွေကတော့ ယောက်ကျားတွေ ကင်းစောင့်ရတယ် ၊ ယောက်ကျားမရှိတဲ့ အမျိုးသမီးတွေကြ ကိုယ်တိုင်ကင်းစောင့်ရတယ်။ ကင်းတညစောင့်မှ ဆန်တဗူးပဲ ရတယ် ။ကျန်းမာရေး မကောင်းလို့ ကင်းမစောင့်ရတဲ့ည ငတ်တော့တာပဲ” ဟု ၎င်းက ဆိုသည်။

ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ဒေသခံပြည်သူများက ဝိုင်းဝန်းကြိုဆိုခဲ့ပြီး ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ကို လုံခြုံသည့်နေရာတွင် ထားရှိထားကြောင်းသိရသည်။

ထိုကဲ့သို့ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများအား ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ဖို့ တပ်ရင်းမှူး ကိုပုလဲ က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပြည်သူ့စစ်
#ပုလဲမြို့နယ်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👏3😁3
​​ရပ်စောက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးတိုက်ပွဲဖြစ်၊ ရပ်စောက်-ပင်းတယလမ်းသွားလာခွင့် စစ်ကောင်စီကန့်သတ်
====================

ရောင်နီ
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ရာ ရင်ဆိုင်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) တာဝန်ရှိသူက ပြောသည်။

ရပ်စောက်မြို့နယ် အလည်ချောင်ကျေးရွာ၊ ဘုရားကိုးဆူကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မ(၅၅)နှင့် တပ်မ(၆၆)တို့၏ စခန်းကို စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲအချိန်တွင် သွားရောက်တိုက်ခိုက်ခြင်းဟု သိရသည်။

" တိုက်ပွဲပြင်းထန်တယ်။ စစ်ကောင်စီဘက်က သုံးဦးသေဆုံးတာအတည်ပြုနိုင်ပါတယ်။ ပြည်သူတွေလည်း စစ်ရေးသတိပိုရှိဖို့ တိုက်တွန်းလိုပါတယ်" ဟု DPLF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အလည်ချောင်ကျေးရွာသည် စစ်ကောင်စီတပ် အင်အားအများအပြားတပ်စွဲထားသည့် ရပ်စောက်မြို့နှင့် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသည်။ အဆိုပါ ကျေးရွာကို DPLF တပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့တွင် စည်းရုံးရေးဆင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က တပ်မနှစ်ခုအသုံးပြုပြီး အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားခြင်းဟု DPLF က ဆိုသည်။

စက်တင်ဘာလ ၂၃ရက်က တ်ိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်၀န်းကျင် ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း DPLF က သတင်းထုတ်ပြန်ထားသည်။ ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အလည်ချောင်ကျေးရွာအတွင်း ၀င်ရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။ ထို့အပြင် ရပ်စောက်-ကောင်းဘို့-ပင်းတယလမ်းကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ကြောင်း သိရသည်။
“ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ဒီဘက်တဝိုက်မှာ ကင်းလှည့်တာတွေ ရှိတယ်။ အစစ်ဆေးတွေလည်း ပိုကြမ်းလာတယ်" ဟု ဒေသခံတဦးကပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front (DPLF) ကို ဒေသခံတက်ကြွလှုပ်ရှားသူများက၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ လိုအပ်သောစစ်ပညာများကို တိုင်းရင်းသားဒေသများတွင် သင်ယူခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီအားတိုက်ခိုက်တော့မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကြေညာခဲ့သည်။ ယခုအခါ စစ်ကောင်စီတပ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။

“ လက်ရှိအခြေအနေထက်ပိုပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အများကြီး လိုအပ်နေပါသေးတယ်။ ဓနုဒေသအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရှိတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ အထူးသတိပေးချင်တယ်” ဟု DPLF တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

စာတည်း - အေးချမ်း

#mizzima
#ရပ်စောက်မြို့နယ်
#စစ်ကောင်စီတပ်စခန်း
#တိုက်ခိုက်
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး

ပုံအညွှန်း - ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ တပ်ဖွဲ့ဝင်ရဲဘော်များ။ (ပုံ - DPLF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥4❤3
​​ပါရာဆဲလ်ကျွန်း၌ တရုတ်၏ ရေယာဉ်မှတ်ပုံတင်စခန်းများ ထားရှိခြင်းကို ဗီယက်နမ် ကန့်ကွက် 
=====================

ပါရာဆဲလ်ကျွန်း၌ အလိုအလျောက် ရေယာဉ်မှတ်ပုံတင်စခန်း နှစ်ခု တရုတ်က ထားရှိခြင်းသည် အရှေ့တောင်အာရှ ဗီယက်နမ်၏ အချုပ်အခြာကို ချိုးဖောက်ရာ ရောက်သည်ဆိုလျက် ဗီယက်နမ်နိုင်ငံက ကန့်ကွက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
CDM ဝန်ထမ်းနှင့် ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဖမ်းဆီးသတ်ဖြတ်
🤬14😁2
CDM ဝန်ထမ်းနှင့် ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဖမ်းဆီးသတ်ဖြတ်
=========================

ဓာတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် စိုက်ပျိုးရေးဌာနမှ CDM ဝန်ထမ်းနှင့် ၎င်း၏ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၅ ဦးခန့်နှင့် ပျူစောထီးဆိုသူများက ၎င်းတို့နေအိမ်အုတ်နံရံကိုကျော်တက် ကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို အိမ်မှာမသေရုံတမယ်ရိုက်ပြီး ဖမ်းသွားတာ။ နောက်နေ့မနက်ကျ စျေးသည်လေးတွေက အလောင်းတွေ့လို့သွားကြည့်တော့ သားဖြစ်တဲ့သူက ကတုံးနဲ့မို့သာသိတာ မျက်နှာတွေက ပုံဖော်လို့မရ အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ။ မသေခင်ညှဉ်းပန်းနှိပ်စက်ပြီး သေနတ်နဲ့ပစ်သတ်ထားတဲ့ပုံစံပဲ။ ဦးလှဖေတို့သားအဖကရိုးရိုးပြည်သူတွေ၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှလဲ မချိတ်ဆက်ဘူး အကြောင်း မဲ့ပစ်သတ်ခံရတာ” ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

စက်တင်ဘာလ ၂၄ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် ပေါက်စိမ်းလမ်းခွဲအရှေ့ဘက်ဇရပ်တွင် ဖခင်ဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဦးလှဖေနှင့် စိုက်ပျိုးရေးဌာနမှ CDM ဝန်ထမ်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုသိန်းဆွေဦး(ခ)ကတုံးတို့၏ ရုပ်အလောင်းများကို ပြန်တွေ့ရခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

၎င်းတို့သားအဖနှစ်ဦးအား ရိုက်နှက်နေချိန်တွင် နေအိမ်ရှိမိသားစုဝင်အမျိူးသမီးများ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် စျေးရောင်းစျေးဝယ်အတွက်စုဆောင်းထားသည့်ငွေကြေးများ စုစုပေါင်း ပစ္စည်း နှင့်ငွေတန်ဘိုး သိန်း ၁၀၀ ဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက ယူဆောင် သွားသည်ဟု ဆိုသည်။

မြင်ခြံမြို့နယ်တွင် ပြီးခဲ့သော စက်တင်ဘာလ ၁၉ ရက်နေ့က ရွှေဘုံသာရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင် ဆိုသူ နဘူးအိုင်လမ်းခွအနီးတွင် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဦးလှဖေနှင့် ကိုသိန်းဆွေဦး(ခ)ကတုံးတို့အား စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ကာကွယ်ရေးတပ်ဖွဲ့များနှင့်အချိတ်အဆက်ရှိသည်ဟု သံသယဖြင့် စွပ်စွဲ ပစ်သတ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ကယူဆနေကြသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#CDM
#သေမှုသေခင်း

ပုံ-ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် အမျိုးသမီးကို ဒေသခံများမှ စားစရာများထောက်ပံ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍6😁2🔥1
စက်တင်ဘာလ (၂၆) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================

− မြန်မာစစ်တပ်အပေါ် လက်နက်တင်သွင်းမှု၊ လေယာဉ်ဆီတင်သွင်းမှုတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကုလဆိုင်ရာ ဗြိတိန်နဲ့ကနေဒါနိုင်ငံ သံအမတ်ကြီးတွေနဲ့ NUGတို့ ဆွေးနွေးကြတဲ့သတင်း

− လိုင်လင်းပီမြို့မှာ တိုက်ပွဲဖြစ်ပွါးနေတဲ့အတွက် မြို့အတွင်းမဝင်ဖို့ MDF သတိပေးတဲ့သတင်း

- လုံခြုံမှုမရှိတဲ့ ရန်ကုန် အပါအဝင် ဒေသ ၁၄ ခုကို ခရီးသွားလည်ပတ်သင်တဲ့ နေရာအဖြစ် စစ်ကောင်စီထုတ်ပြန်တဲ့အကြောင်း
- ရန်ကုန်မှာ တစ်ခါပြတ်ရင် ၄ နာရီနဲ့ တစ်ရက် မီး ၂ ကြိမ် ပြတ်တော့မယ့် သတင်း

− မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်နဲ့ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုပေးသွားမယ်လို့ စစ်ကောင်စီပြောတဲ့အကြောင်းနဲ့

− ဗီဇာလွတ်ခရီးသွားလာမှုအစီအစဉ်ကိုစတင်လိုက်တဲ့ ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွားတွေကို VIP အဆင့်ကြိုဆိုလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/G6XRpzSD4d8?si=Kf7grnuZ5C947TrK

#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
“မြင်းမူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘယ်လိုကျဆုံးခဲ့ရတာလဲ”
=====================

မိုးသောက်
(မဇ္ဈိမ)။ ။၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၄ ဦးနဲ့ ပြည်သူတဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့၊ မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်း ခရိုင်တပ်ရင်း(၅) နဲ့တပ်ရင်း(၆)တို့က ရဲဘော်တွေပါဝင်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၄၀ အရွယ်အထိရှိတဲ့ အမျိုးသား ၂၅ ဦးကို စစ်ကောင်စီက ဘယ်လို သတ်ဖြတ်ခဲ့တာ ပါလဲ။

တည်းဖြတ်/တင်ဆက်- မိုးသောက်

https://youtu.be/6OcxcmkpucY?si=-8tv7GZ-TI2IkNEi

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1😢1
​​စစ်ကောင်စီ အကျိုးအတွက် အထောက်အပံ့ပြုသည့် ရုရှားခရီးသွားများနှင့် တိုက်လေယာဉ်များ
=====================

ရုရှား ခရီးသွားများ၊ ဘဏ်ကတ်များ၊ တိုက်လေယာဉ်များ၊ သတင်းမှားဖြန့်မှု၊ ဝါဒဖြန့်ချိမှု နှင့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့က မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ အကျိုးအတွက် အထောက်အကူပြုသည့် အရာများဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတွင် “အရာအားလုံး ပုံမှန်ဖြစ်နေသည်” ဆိုသည့် ပုံသဏ္ဌာန်ကို ဖော်ဆောင်ရန် ကြိုးပမ်းလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤬2🖕2❤1