Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စင်္ကာပူတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလို ဗုံးကို ဖောက်ခွဲဖျက်ဆီး
=====================

စင်္ကာပူနိုင်ငံ Bukit Timah အရပ်တွင် တွေ့ရှိသော ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလိုဂရမ် အလေးချိန်ရှိ ဗုံးတလုံးကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထိုမတိုင်မီ မနက်ပိုင်းက အနီးအနားတွင် နေထိုင်သူ ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့နိုင်ရေး ကုလဆိုင်ရာဗြိတိန်၊ ကနေဒါသံအမတ်ကြီးနှင့် NUG တို့ ဆွေးနွေး

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍16🤣2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ စက်တင်ဘာ ၂၀၂၃) 
=======================

အာဏာသိမ်းအကြမ်းဖက် စစ်တပ်သည် ၎င်းတို့အတွင်း အဝေမတည့် စားခွက်လုပြီးနောက် အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။သို့သော် ညံ့ဖျင်း၍ မနာလိုစိတ်ကြီးသူ ခေါင်းသူကြီးများ ဦးဆောင်မှုကြောင့် မည်သို့မျှအောင်မြင်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1👏1
Media is too big
VIEW IN TELEGRAM
လုံခြုံမှုမရှိတဲ့ ရန်ကုန် အပါအဝင် ဒေသ ၁၄ ခုကို ခရီးသွားလည်ပတ်သင်တဲ့ နေရာအဖြစ် စစ်ကောင်စီထုတ်ပြန်

#reels
#shorts
#BusinessRoundUp
#MizzimaTV
😁11🤮1
​​တရုတ်အနောက်တောင်ပိုင်းတွင် ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် ၁၆ ဦး ထက်မနည်း သေဆုံး  
======================

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက်က ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် လူ ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာ တစ်ခါပြတ်ရင် ၄ နာရီနဲ့ တစ်ရက် မီး ၂ ကြိမ် ပြတ်တော့မယ်

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍6🔥1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ-တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများ Passport ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့်ရတော့မည်

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍8🔥1
​​စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦး အစားထိုးပြောင်းရွှေ့ခံရသည့်ဝန်ကြီးဌာန ၃ ခုအထိရှိလာ
========================

001
(မဇ္စျိမ) ။ ။ယခင် NLD အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာသည့် ဦးအောင်နိုင်ဦးအနေဖြင့် လက်ရှိတွင် အစားထိုးပြောင်းရွှေ့ခံရသည့် ဝန်ကြီးဌာန သုံးခုအထိ ရှိလာသည်။

ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာပွင့်ဆန်းနေရာသို့ အစားထိုးဝင်ရောက်ခဲ့ရပြီး တနှစ်ကျော်အကြာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)သို့ ထပ်မံပြောင်းရွှေ့ခံလိုက်ရ ခြင်းဖြစ်သည်။

စစ်ဘက်တွင် မူလတာဝန်ပြန်ပေးခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံလိုက်ရပြီး ၎င်း၏ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ဝန်ကြီးနေရာတွင်လည်း ဦးအောင်နိုင်ဦးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်ညပိုင်းတွင် ကြေညာ ခဲ့သည်။

လာဘ်စားမှုများကြောင့် စစ်ဆေးခံနေရသူများဖြစ်သည့် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာလည်း အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးညွန့်အောင်ကိုလည်း စစ်ကောင်စီက ရာထူးမှ အနားပေးခဲ့သည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုတိယဝန်ကြီးနေရာများတွင် အစားထိုးခန့်အပ်မှုများ ထပ်မံပြုလုပ်ထားပြီးဖြစ်ကာ ဦးအောင်နိုင်ဦး၏နေရာတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံအား ခန့်အပ်ထားကြောင်း သိရသည်။

စစ်တပ်အရာရှိဟောင်း တဦးဖြစ်သည့် ဦးအောင်နိုင်ဦးသည် ဦးသိန်းစိန်လက်ထက်နှင့် NLD အစိုးရလက် ထက်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် စသည့်တာဝန်များကိုလည်းထမ်းဆောင်ခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုန် သွယ်ရေးလုပ်ငန်းများအတွက် အဓိကအရေးပါသည့် ဝန်ကြီးဌာနများဖြစ်သော်လည်း အစိုးရအဖွဲ့ရုံးဝန် ကြီးဌာန(၁)မှာမူ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အခွန်အယူခံဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနသာဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ဝန်ကြီးအဖြစ် ခန့်အပ်ယူခဲ့သူအချို့ကို စစ်ကောင်စီကရာထူးမှ ထုတ်ပယ်ခဲ့မှု များရှိပြီး ဦးအောင်နိုင်ဦးမှာမူ ထိုသို့ရာထူးမှ ထုတ်ပယ်ခံရခြင်းမရှိသော်လည်း ဝန်ကြီးအဖြစ် သုံးကြိမ်တိုင် နေရာပြောင်းရွှေ့ခံရခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကောင်စီ
#အစားထိုးပြောင်းရွှေ့
#အစိုးရအဖွဲ့

ဓာတ်ပုံ- ဦးအောင်နိုင်ဦး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👍5🤮2
Media is too big
VIEW IN TELEGRAM
Sep - 26 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4🍌1🖕1
ရက်ပေါင်း ၈၀၀ မြောက် သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
👍12❤1🔥1😁1
ရက်ပေါင်း ၈၀၀ မြောက် သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသပိတ်ဆင်နွှဲနေသည်မှာ ရက်ပေါင်း ၈၀၀ ပြည့်မြောက်ပြီဖြစ်ပြီး ယနေ့အချိန်ထိ ဆက်လက်တော်လှန်နေဆဲဖြစ်သည်။

သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းချိန်မှစ၍ လမ်းပေါ်ထွက်ကာ ဆန္ဒပြသပိတ်၊ ရေပေါ်သပိတ်၊ အလှူရှင်ပြုသပိတ်၊ တော်လှန်အလှူပြုသပိတ် စသဖြင့်ပုံစံအမျိုးမျိုးဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားများပြုလုပ်ကာ စစ်အာဏာရှင်ကိုတော်လှန်ကြသည်မှာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရက်ပေါင်း ၈၀၀ ပြည့်မြောက်ပြီဖြစ်သည်။

“စိန်ခေါ်မှုကတော့ ဒေသတွင်း ပတ်ဝန်းကျင် စကစ စခန်းချရာ နေရာတွေနဲ့ အနီးကပ်တည်ရှိနေတယ်။ လူထုအချို့ရဲ့ စိုးရိမ်ပူပန်မှုတွေကြားက လူငယ်တွေဟာ သူတို့အနာဂတ်အတွက် အာဏာရှင်ကို တွန်းလှန် တိုက်ပွဲဝင်နေကြတယ်။ အခက်အခဲကတော့ တော်လှန်ရေးကာလကြာမြင့်လာတော့ လူထုဟာ တော်လှန် ချင်စိတ်ရှိပေမယ့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စာဝတ်နေရေးအတွက် ရုန်း ကန်နေကြရတယ်။ အဲဒီအတွက် လူထုအဆင်ပြေမယ့်အချိန်၊ သပိတ်ကိုပူးပေါင်းနိုင်မယ့်အချိန် နေပူပူ မိုးရွာရွာ သူတို့(လူထု)နဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုဆန့်ကျင်နေဆဲဖြစ်ပါတယ်” ဟု သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်ဦးဆောင်သူတစ်ဦးက မဇ္စျိမအားပြောသည်။

မြန်မာနိုင်ငံတစ်ခုလုံး ဖက်ဒရယ်ပန်းများပွင့်လန်းပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ပြီး တရားမျှတမှုရရှိစေရန်၊ တန်းတူအခွင့်အရေး(ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့်) အားလုံး တူညီစေရန် ၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရန်အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်သူဟု သပိတ်ခေါင်းဆောင် က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအား အလိုမရှိကြောင်း လူထုသပိတ်ဆန့်ကျင်ဆန္ဒပြပွဲများကို ရက်ပေါင်း ၈၀၀ တိုင်အောင် နေ့ရက်မပြတ်ဆင်နွှဲခဲ့ကြသည့် သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း၏ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်မှုများအား လေးလေးနက်နက် လေစားဂုဏ်ပြုပါကြောင်း လူငယ့်အားမာန်သပိတ် စစ်ကြောင်းမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားကြောင်း သိရသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲရေးဌာနနှင့် ဒေါက်တာ တေဇဆန်းတို့ကလည်း သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ် ကြောင်း၏ ရက်ပေါင်း ၈၀၀ ပြည့်ရက်မြောက်နေ့အား ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း

ဓာတ်ပုံ။ ။ သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍2🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
ဗီဇာလွတ်ခရီးသွားလာမှုအစီအစဉ်ကိုစတင်လိုက်တဲ့ ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွားတွေကို VIP အဆင့်ကြိုဆို

#internationalnews
#reels
#shorts
👍6🔥1
​​Night in Paradise
=================

Night in paradise ကတော့ 2020 မှာထွက်ရှိထားတဲ့ Crime, Drama အမျိုးအစားရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

အသက်ရှင်ရတာကို စိတ်ကုန်နေတဲ့ လူမိုက်ဂိုဏ်းသား ပတ်တယ်ဂိုဟာဂျယ်ဂျူးကျွန်းကို အကြောင်းတစ်ခုကြောင့်ရောက်ရာက သေနေ့ကိုစောင့်နေတဲ့ကောင်မလေး ဂျယ်ယွန်းနဲ့တွေ့ပြီး နှစ်ယောက်သားဘယ်လိုအဆုံးသတ်မလဲဆိုတာကို အက်ရှင်များများနဲ့ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။

သွေးထွက်သံယိုတွေများတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်တော်ပါဘူး။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 26.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
ချေပပြောဆိုမှုတွေက လူမျိုးတုံးသတ်ဖြတ်မှုအတွက် လှုံ့ဆော်မှုတွေဖြစ်နိုင်ကြောင်း ကုလသမဂ္ဂသတိပေး

#internationalnews
#reels
#shorts
👍13🔥1
KNU တပ်မဟာ(၃)တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ
🔥4👍3😁1😢1